08/07/2026
မြန်မာနိုင်ငံမှာ ရေသန့်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ရဲ့ ထောက်ခံချက်မဖြစ်မနေလိုအပ်ပါတယ်။
💧 ရေသန့် FDA ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။
မြန်မာနိုင်ငံမှာ သောက်ရေသန့် (သန့်စင်ပြီးသား သောက်ရေ/တွင်းထွက်သောက်ရေ) တွေကို ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စနစ်တကျ စစ်ဆေးပြီး ထောက်ခံချက် ထုတ်ပေးတာ ဖြစ်ပါတယ်။
✅ ရေသန့်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေအနေနဲ့ ဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့နဲ့ Customerတွေရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ "တရားဝင်လိုင်စင်" ဖြစ်ပါတယ်။
✅ ရေသန့် FDA ရရှိထားမှသာ Customer တွေရဲ့ယုံကြည်မှုကိုရရှိစေတဲ့အပြင် စျေးကွက်ထဲမှာလည်းရေရှည်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။
✅ ဒါ့အပြင်ရေသန့် FDA ထောက်ခံချက်ရရှိမှသာ ရေသန့်ဖြန့်ဖြူးရောင်းချခွင့်ကို တရားဝင်ရရှိမှာဖြစ်ပါတယ်။
ရေသန့် FDA ထောက်ခံချက်ရဖို့ ဘာတွေ စစ်ဆေးလဲ❓
FDA က ထောက်ခံချက် (အသိအမှတ်ပြုလက်မှတ်) မထုတ်ပေးခင်မှာ အဓိက အပိုင်း (၃) ပိုင်းကို သေချာ စိစစ်ပါတယ်။
၁။ အဏုဇီဝပိုးမွှား ကင်းစင်မှု (Microbiological Quality)
ရေထဲမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ E. coli၊ Coliform စတဲ့ ရောဂါပိုးမွှားတွေ လုံးဝ (လုံးဝ) မပါဝင်ရပါဘူး။
၂။ ဓာတုဗေဒဆိုင်ရာ စံချိန်စံညွှန်း (Chemical Quality)
ရေရဲ့ အချဉ်အငန်ဓာတ် (pH), သံဓာတ်, ခဲဓာတ်, အာဆင်းနစ် (အဆိပ်သင့်ဒြပ်စင်) နဲ့ တခြား သတ္တုဓာတ်တွေဟာ သတ်မှတ်ထားတဲ့ ဘေးကင်းစံနှုန်း (Standard Limit) အတွင်းမှာပဲ ရှိရပါမယ်။
၃။ ထုတ်လုပ်မှု ပတ်ဝန်းကျင်နှင့် စက်ရုံစံနှုန်း (GMP - Good Manufacturing Practice)
ရေအရင်းအမြစ် စနစ်တကျရှိမှု
ရေသန့်စင်စနစ် (Filtration, Ozonation, UV System) ကောင်းမွန်မှု၊ ဘူးခွံ၊ အဖုံး သန့်စင်မှုနဲ့ ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိမရှိစစ်ဆေးပါတယ်။
💧ရေသန့် FDA ထောက်ခံချက် ရရှိဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။
👉 စက်ရုံအဆောက်အအုံနှင့် စက်ပစ္စည်း ပြင်ဆင်ခြင်း: သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ အရင်တည်ဆောက်ရပါမယ်။
👉 နမူနာရေ စစ်ဆေးခြင်း (Water Testing): ထုတ်လုပ်မယ့် ရေသန့်နမူနာကို FDA ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရပါတယ်။
👉 ကွင်းဆင်းစစ်ဆေးခြင်း (Inspection): FDA တာဝန်ရှိသူများက စက်ရုံအရောက် လာရောက်စစ်ဆေးပါတယ်။
👉ထောက်ခံချက်ထုတ်ပေးခြင်း: သတ်မှတ်ချက်အားလုံး ကိုက်ညီပါက ရေသန့်ထောက်ခံချက်နံပါတ် (ဥပမာ- ထစခ-###x/xx) ကို ထုတ်ပေးပြီး ဘူးခွံအညွှန်း (Label) ပေါ်မှာ တရားဝင် ရိုက်နှိပ်ရောင်းချခွင့် ရရှိမှာ ဖြစ်ပါတယ်။
မှတ်ချက်: FDA ထောက်ခံချက် သက်တမ်းဟာ ပုံမှန်အားဖြင့် (၂) နှစ် ဖြစ်ပြီး သက်တမ်းမကုန်ဆုံးမီ ကြိုတင်သက်တမ်းတိုးရပါတယ်။
🤝 မိတ်ဆွေတို့က ရေသန့်လုပ်ငန်းလုပ်ကိုင်နေပြီး FDA လျှောက်ဖို့အချိန်မပေးနိုင်ဘူး စာရွက်စာတမ်းပြင်ဆင်ဖို့လိုအပ်ချက်တွေမသိဘူးဆိုရင် ကျွန်မတို့ Future FDA & Business Service ကနေတာဝန်ယူဆောင်ရွက်ပေးပါတယ်။
✔️ FDA လျှောက်ထားဖို့အတွက်လိုအပ်တဲ့ စာရွက်စာတမ်းများပြင်ပေးခြင်း
✔️ တိကျမြန်ဆန်စွာဆောင်ရွက်ပေးခြင်း
✔️ FDA လက်မှတ်လျှောက်ထားသည်မှစ၍ လက်မှတ်ရသည်အထိအစအဆုံးတာဝန်ယူဆောင်ရွက်ပေးခြင်း စတဲ့ဝန်ဆောင်မှုများကို
🤝 တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့စိတ်ကျေနပ်မှုရအောင် အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
🤝 ဝန်ဆောင်မှုအကောင်းဆုံးဖြစ်ဖို့သာ ဦးစားပေးဆောင်ရွက်တာကြောင့် လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမရှိစေဖို့ကိုတော့အထူးပင်အာမခံပါတယ်ရှင်။
Contact For More Detail
Phone/Viber : 09969164308/09777499835
Email : [email protected]
Address : No (15), Lat Kauk Pin Street, 1 Ward, Kamayut, Yangon.