Pyin Oo Lwin 76 Survey Training Centre

Pyin Oo Lwin 76 Survey Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyin Oo Lwin 76 Survey Training Centre, Business service, Myanmar suvery, Yangon.

23/04/2020

-115-
လူတိုင်းနားလည်နိုင်သော မြေတိုင်းပညာ၏ အခြေခံသဘောတရားများ (အပိုင်း၁)

Basically Introduction To Theory Of Survey

ဘယ်အဆောက်အဦးမှ မြေကြီးနဲ့ကင်းကွာလို့ မရပါဘူး Civil Engineering ဘာသာရပ်တွေထဲမှာ suvey ကိုမြေတိုင်းတဲ့ဘာသာရပ်အဖြစ်လူသိများပါတယ် တကယ်တော့ Survey ဆိုတာက ကိုယ်မသိသေးတဲ့အရာတစ်ခုကို သိအောင်လုပ်တာ

ဒါကြောင့်မြေတိုင်းတာနဲ့ပတ်သတ်လာရင် survey ဆိုတာ ကိုယ်မသိသေးတဲ့အတိုင်းတာတွေကို သိအောင်လုပ်တာ ဒီလိုပြန်လို့ရပါတယ် Suvery ဟာ အင်ယာဘာသာရပ်တွေထဲမှာ အခက်ဆုံးပါ suvery ကျွမ်းကျင်ဖို့ဆိုရင် ကိုယ့်ရဲ့သချင်္ာအဆင့်တန်းက သချင်္ာပညာရှင်နီးပါးရှိရပါမယ် ကြယ်တွေရဲ့တည်နေရာ ကမ္ဘာမြေကြီးလည်ပတ်ပုံ လတ္တီကျူး လောင်ဂျီကျူးအစရှိတာတွေကိုသိဖို့ Astronomy ကိုလည်းကျွမ်းကျင်ရပါမယ် ဒီနေရာမှာလူအများစုမသိလို့မှားကြတာက

Astronomy = နက္ခတဗေဒ = survey အတွက်သုံးတယ် (Astrology မဟုတ်)

နောက်ပြီးနောက်တစ်ချက်အရေးကြီးတာက နောက်ဆုံးပေါ်တဲ့နည်းပညာတွေ instrument တွေ စတဲ့အရာအားလုံးနဲ့လည်း up-to-date ဖြစ်နေရပါမယ် နည်းပညာတိုးတက်လာတာနဲ့အမျှ လူကြောင့်ဖြစ်တဲ့ Error တွေနည်းလာပေမဲ့ အဓိကသိသင့်တဲ့ principle လေးတွေကိုတော့ သိထားသင့်ပါတယ် civil အင်ယာတစ်ယောက်အနေနဲ့ survey ဟာမဖြစ်မနေကျွမ်းကျင်ရမဲ့ထဲမှာတော့မပါဘူး ဒါပေမဲ့ အခြေခံသဘောတရားလေးတွေတော့ background knowledge ရှိထားသင့်ပါတယ် ဒီနေရာမှာကျတော့ post ရဲ့ခေါင်းစဉ်ကို လူတိုင်းနားလည်နိုင်တယ်လို့ပြောရတာက ကျွန်တော်ကိုယ်တိုင်က survey ကို အခြေခံအဆင့်လောက်ဘဲနားလည်ထားလို့ပါ

ကျောင်းတွေမှာ survey ကို ပထမနှစ်နဲ့တတိယနှစ် စုစုပေါင်း ၂ နှစ်သင်ရပါတယ် ပထမနှစ်မှာက Survey အမည်နဲ့ပါ တတိယနှစ်ကျတော့ Astronomy ကျွန်တော်အပိုင်း ၅ ပိုင်းခွဲတင်ပါမယ် အားလုံးပြီးရေးပြီးရင်တော့ ကျောင်းမှာသင်ခဲ့သမျှကုန်ပါပြီ
ဒီတိုင်းသမရိုးကျရေးနေရင် ဆွဲဆောင်မှုရှိမှာမဟုတ်လို့ မေးခွန်းအဖြေ ပုံစုံလေးနဲ့ ရေးပါမယ်....................

Survey ကဘာတွေလည်း ? ?

အခြေခံအားဖြင့် survey မှာအပိုင်းနှစ်ပိုင်းရှိတယ် ...... ကမ္ဘာမြေကြီးကို ပြင်ညီတစ်ခုအဖြစ်ယူဆပြီးတိုင်းတဲ့ Plane Survey နဲ့ ကမ္ဘာမြေကြီးက ခုံးနေတယ်လို့ ယူဆပြီး အခုံးအတိုင်းတိုင်းတဲ့ Geodesic survey ၊ အခုက Plane Survey ကိုဦးစားပေးရေးသွားပါမယ် Area ကသေးနေရင် Plane Survey အဖြစ်ယူဆပြီးတိုင်းလို့ရတယ် ၊ Area အရမ်းကြီးရင်တော့ geodesic အဖြစ်နဲ့ဘဲတိုင်းရတယ် plane အဖြစ်နဲ့ယူဆပြီးတိုင်းလို့မရတော့ပါဘူး

ဒီနေရာမှာလူအများဆုံးမှားပြီးမသိကြတာက
Geology - Earth မြေကြီးကိုလေ့လာတာ
Geography - ပုံစံကိုလေ့လာတာ
Geometry - မြေတိုင်းဘာသာရပ် Egypt ကနေလာတယ်...................................

Geometry ဆိုတာဘာလည်း ? ?
Geometry ဟာ Geo(မြေကြီး) Measure(တိုင်းတာခြင်း) ဆိုတဲ့ ခေါမ (Greek) စာလုံး ဂျီသြမီတာ ကနေဆင်းသက်လာခြင်းဖြစ်ပါတယ် ရှေးခေတ်လူသားများက လက်တွေ့ဘဝတွေမှာ အကွာအဝေးများတိုင်းတာရန် အဆောက်အအုံပုံစံများ ရေးဆွဲရန်စသဖြင့် အသုံးဝင်တဲ့ ဥပဒေများကို ဖော်ထုတ်ခဲ့ပါတယ် အဲ့ဒီဥပဒေက လက်ရှိ ဂျီသြေမေတြီပညာရဲ့ အခြေခံအစိတ်အပိုင်းများဖြစ်ပါတယ် ဒီအကြောင်းကို ပဥ္စမတန်း သချင်္ာအတွဲ ၂ မှာရေးထားပါတယ်.................................

survey ဘယ်လိုတိုင်းမှာလည်း ဘာတွေတိုင်းမှာလည်း ? ?
Survey တိုင်းတဲ့နေရာမှာ အဆင့် ၂ဆင့်ရှိတယ်

ပထမက - ကွင်းဆင်းပြီးတိုင်းတာပုံဆွဲ ( Field Work to Office Work )

ဒုတိယက - ရလာတဲ့ပုံကို မြေပြင်မှာပြန်ဆွဲတာ (Office Work to Field Work )

Survey ကိုပုံစံနှစ်မျိုးနဲ့ ခွဲခြားသတ်မှတ်ကြပါတယ် ပထမအသုံးပြုမှုအပေါ်မှာမူတည်ပြီးခွဲတယ်

ဥပမာ - Reconaisance sruvey ( အကြိုကင်းထောက်တဲ့အခါမှာသုံးတယ် )

Route Survey ( လမ်းကြောင်းတိုင်းတာတဲ့အခါမှာသုံးတယ် )

City Survey ( မြို့ကြီးရဲ့ service )

Land Survey ( မြိ့ပြင် လယ်ကွင်းယာကွင်းတွေကို တိုင်းတာခြင်း )

Topographic Survey ( Topography-- topographic map လမ်းဖောက်တဲ့နေရာမှာသုံးတာ )

Photogrammetry Survey ( ကောင်းကင်ကနေ လေယဉ်ပျံပြီး ဓါတ်ပုံရိုက် မြေတိုင်းတာ)

နောက်တစ်မျိုးက ကိုယ်သုံးတဲ့ ပစ္စည်း instruments ပေါ်မည်တည်ပြီးခွဲကြတာ

ဥပမာ Theodolite နဲ့တိုင်းရင် Theodolite survey
Chain နဲ့ တိုင်းရင် Chain survey GPS ဆိုရင် GPS Survey .... အစရှိသဖြင့်ပါ

နောက်မေးခွန်းတစ်ခုက ဘာတွေတိုင်းမှာလည်းဆိုတဲ့နေရာမှာ suvey ကိုဘယ်လိုဘဲတိုင်းတိုင်း ဘာနဲ့ဘဲတိုင်းတိုင်း တိုင်းတာမှုနှစ်မျိုးအမြဲတန်းလုပ်ပါတယ်

Distance တိုင်းတာခြင်း - - Distance မှာ horizontal distance ရှိတယ် Vertical Distance ရှိတယ် vertical distance တိုင်းတာကို Levelling လုပ်တယ်လို့ခေါ်ပါတယ်

Angle တိုင်းတာခြင်း - Angle မှာလည်း Horizontal တိုင်းတာရှိတယ် vertical တိုင်းတာရှိတယ် horizontal ဆိုရင် Left and right ရှိပြီး Vertical မှာဆိုရင်တော့ အပေါ်တက်တာနဲ့ အောက်ကိုဆင်းတဲ့ Grade ... ဆိုပြီးရှိပါတယ်..............................................................
ကျတော့အဓိကထားရေးချင်တာက ဒီအပိုင်းပါ . . . ဒါကို Survey ရဲ့ အသက်လို့တောင်ပြောလို့ရပါတယ်

" Suvey ရဲ့ Basic Principle ၄ ခုကဘာတွေလည်း "

1.Interserction - မြေပြင်မှာရှိတဲ့အမှတ်သားတွေကိုရှာတာ အမှတ်တစ်ခုရဲ့တည်နေရာကိုပြောဖို့ဆိုရင် အမှတ်နှစ်ခုရဲ့ အမှတ်သားနဲ့ ညွန်းဖို့လိုပါတယ် အဲ့လိုညွန်းနိုင်ဖို့ဆိုရင် point တစ်ခုဟာ အနည်းဆုံး မရွေ့လျားနိင်တဲ့ အမှတ်နှစ်ခုလိုပါတယ် ဒါဟာ plane မှာပါ Space မှာဆိုရင် သုံးခုထက်ပိုရပါမယ် ဒါနဲ့တစ်ဆက်ထည်းပြောချင်တာက Resection ဆိုတဲ့ ဝေါ်ဟာရပါ Resection ဆိုတာက ကိုယ်တိုင်းတာမှန်မမှန်ဆိုတာကို အဲ့အမှတ်ရဲ့ တည်နေရာကို တခြားအမှတ်တစ်ခုရဲ့တည်နေရာကို ကြည့်ပြီးမှဆုံးဖြတ်တယ် ဥပမာ ကိုယ်ရွေးထားတဲ့တည်နေရာဟာ ရန်ကုန်မြို့ကြီးရဲ့ တည်နေရာဟုတ်မဟုတ်စစ်ချင်ရင် မန်းလေးမြို့ရဲ့တည်နေရာကိုကြည့်ပြီးမှ ဆုံးဖြတ်တယ် ဥပမာ မန်းလေးမြို့ကနေဘယ်လောက်ဝေးလည်း
နောက်ဥပမာတစ်ခုက အဆောက်ဦးရဲ့ Ground Floor ဆိုတာ သူ့အပေါ်မှာ ရှိနေတဲ့အထပ်တွေကို ကြည့်ပြီးမှပြောရတာပါ လူတစ်ယောက်အရပ် ၆ပေမြင့်တယ်ဆိုတာ သူ့ခြေဖဝါးကနေ ခေါင်းထိပ်ထိ အမှတ်ကိုကြည့်ပြီးမှဆုံးဖြတ်တယ်

2.Triangulation - အမှတ် ၂ ခုဆုံးတဲ့အမှတ် ။ ဒါကို ရေလည်ခေါင်မှာ pile ရိုက်တဲ့အခါတွေမှာသုံးပါတယ် ဥပမာ ကိုယ်က ရေထဲမှာ pile ရိုက်ရမဲ့အမှတ်ကို ရှာချင်ရင် Chain ကိုင်ပြီး ရေကူးသွားလို့မရပါဘူး တတြိဂံရဲ့ နိယာမအတိုင်း ကုန်းပေါ် point 2 point ကနေ Line နှစ်ကြောင်း လှန်းပစ်လိုက်ပါတယ် နှစ်ခု cross ဖြစ်တာက ကိုယ်လိုချင်တဲ့ အမှတ်ပါ

3.Offect - Line တစ်ကြောင်းရဲ့ ဒေါင့်မှတ်ကျ အကွာအဝေး ဒါကို လမ်းအကွေ့တွေ super elevation လုပ်တဲ့နေရာတွေမှာသုံးပါတယ်

4.Transverse - (Measure Length and direction of a survey Line, such as bearing,distance) Transverse မှာနှစ်မျိုးရှိပါတယ် open transverse & close transverse .. suvery line တွေရဲ့ direction ကို ပုံစံနှစ်မျိုးနဲ့သတ်မှတ်ကြပါတယ်

ပထမပုံစံက တစ်လိုင်းနဲ့တစ်လိုင်းကြည့်ပြီးမှ ဆုံးဖြတ်တယ် ဥပမာ ကိုယ်ခြံခပ်မဲ့ ဧရိယာဟာ Regular shape လေးထောင့်မဟုတ်တော့ဘူးဆိုရင် တစ်လိုင်းနဲ့တစ်လိုင်းမှီခိုပြီး ဒေါင့်တွေတိုင်းသွားတာပါ A Line က B Line နဲ့ ဒေါင့်ဘယ်လောက်ကနေဆက်သွားတယ် C က B ရဲ့ ဒေါင့်ဘယ်လောက်ကနေဆက်သွားတယ် စသဖြင့် consecutive lines တွေကြားကဒေါင့်တွေနဲ့ ဖော်ပြပါတယ်

ဒုတိယပုံစံက Refrence direction ဒါမှမဟုတ်ရင် meridian တစ်ခုကိုမူတည်ပြီးညွှန်းတယ် ( ဒါကို bearing တွေနဲ့ ဖော်ပြကြပါတယ် )
.........................

Bearing ဆိုတာဘာတွေလည်း ? ? ?

Bearing အကြောင်းလည်း နဲနဲလောက်ထပ်ရေးချင်ပါတယ် bearing တွေကို အရပ်မျက်နှာတွေမှာမူတည်ပြီးဆွဲကြတယ် ။ အများအားဖြင့် မြောက်အရပ်ပေါ်မှာ မူတည်ပြီးသတ်မှတ်ကြပါတယ် မြောက်အရပ်ကလည်း နှစ်မျိုးထပ်ရှိပြန်ပါတယ်
True North - စကြာဝဋာရဲ့ မြောက်အရပ်စွန်းစွန်းကိုညွှန်ပြတာ (ဓူဝံကြယ်)
Magnetic North - ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းကိုညွန်ပြတာ

True North ကိုတိုင်းရင် True bearing . . . True Medridiam လို့ခေါ်
Magnetic North ကိုတိုင်းရင် Magnetic Meridiam .... Magnetic bearing

Megnetic North ကိုသိရင် true north ကိုသအောင်လုပ်လို့ရသလိုပဲ သူတို့နှစ်ခုက အပြန်အလှန်ဆက်သွယ်ချက်ရှိပါတယ် true north ကနေ magnetic bearing ကိုနုတ်တာကို magnetic declination လို့ခေါ်ပါတယ်

ကွင်းဆင်းရင် အများစုက true north ကိုမသုံးပါဘူး Magnetic bearing ကိုဘဲသုံးကြပါတယ် အကြောင်းရင်းက အချိန်ကြာလို့ပါ ခုဏကပြောခဲ့သလို true north ကိုသိချင်ရင် star shooting လုပ်ရပါတယ်

ဒါပေမဲ့လုပ်ငန်းလိုအပ်ချက်ကတော့ true bearing ကိုပိုလိုတယ် အထူးသဖြင့် လမ်းဖောက်ရင် တိကျမှု ပိုလိုချင်ရင် true bearing ကိုပိုသုံးကြပါတယ် true bearing ကိုရဖို့ က star shooting လုပ်ရ အဲ့လိုလုပ်ဖို့က Astronomy ကိုသိရမယ်

------------------------------------------

Meridian က ၄ မျိုးထပ်ရှိပြန်ပါတယ် ဒါကိုကျွန်တော်နောက်အပိုင်းမှ ဆက်ရေးပါမယ်

အားလုံးကိုကျေးဇူးပါ
Aung Hla Min Naing

22/04/2020
04/03/2020
09/11/2019

-196-
မြန်မာမှာလဲ နောက်ဆိုု LiDAR စက်တွေ နဲ့ မြေပုုံတွေ တိုုင်းတော့မယ် ဆိုုတော့ အခြေခံ Processing work flow လေး ပြောပြချင်ပါတယ်။

LiDAR ဆိုုတဲ့ နေရာမှာ အသုုံးချ အများဆုုံးက Terrestrial နဲ့ Airborne လိုု့ ပြောလိုု့ရပါမယ်၊ Terrestrial ကတော့ Tripod ပေါ်မှာ တင် ပြီး Scan ဖတ်မယ်ပေါ့၊ Airborne ကတော့ လေယာဉ်မှာ ချိတ်ပါမယ်၊ Drone တွေမှာ လဲ ချိတ်နေပါပြီ။

တကယ် Industrial တွေမှာတော့ အောက်ပါ အဆင့်တွေနဲ့ တွက်ပါတယ် (ကိုုယ်သုုံးတဲ့ LiDAR စက်ပေါ်မူတည်ပါတယ်) အခုုကတော့ Optech Instrument ကိုု အခြေခံပြောပြပါ့မယ်၊

1. Base GPS ကိုုတော့ GAMIT လိုု GPS software တွေနဲ့ တွက်ပြီး အကောင်းဆုုံး Known ရအောင်တွက်ပါတယ်၊

2. Base GPS နဲ့ လေယာဉ်မှာ တပ်ဆင်ထားတဲ့ GPS ပြန်တွက်တဲ့ ဆော့ဝဲ POSPAC MMS ပါ ဘာပြန်ရလဲ ဆိုုတော့ Trajectories တွေပြန်ရပါတယ်၊

3. ကိုုယ်တိုုင်းမယ့် မြေပြင် ကိုုလဲ PPK GPS survey တိုုင်းထားရပါတယ်၊ ရလာတဲ့ GPS ဒေတာကိုု Trimble business centre လိုု ဆော့ဝဲနဲ့ Control point line တွေ ရအောင်တွက်ပါတယ်၊

4. RAW မှ LAS ကိုုပြောင်းတဲ့အခါ အသုုံးပြုဆော့ဝဲ - LiDAR Mapping Suite (LMS က self-calibration လုုပ်ပေးပါတယ် မလုုပ်ဖြစ်ခဲ့ရင်တော့ Terra match နဲ့ Strip adjustment လုုပ်ရပါမယ်)၊

5. နောက်တဆင့်က Terra Match ပေါ့ LiDAR ကရလာတဲ့ ဒေတာတွေက တခုုနဲ့ တခုု မထပ်နေပါဘူး အနည်းနဲ့ အများကွာနေနိုုင်ပါတယ် အဲ့ဒီလုုိကွာနေရင် Terra match ဆိုုတဲ့ ဆော့ဝဲကိုုသုုံးပြီး ပြန်ညှိရပါတယ်၊ အဲ့ဒီလုုိညှိတဲ့ အခါမှာ အဆင့် (၁, ၂) က GPS Processing က မှန်ဖိုု့လိုုပါတယ် ကွာလတီကောင်းမှ အဆင်ပြေစေမှာပါ၊

6. Terra Scan ဆိုုတဲ့ ဆော့ဝဲပါ နောက်တဆင့်က သူကတော့ ကိုုတိုုင်းလာတဲ့ ဒေတာ LAS ဖိုုင်ထဲက Point တခုု ချင်းစီကိုု ဒါကတော့ အပင် ဒါကတော့ မြေပြင် ဒါကတော့ အိမ် စသည်ဖြင့် Classification လုုပ်ပေးနိုုင်ပါတယ်၊

7. ရလာတဲ့ LAS data၊ cleaning လုုပ်ပြီးသားကိုု ArcGIS က LAS Dataset ထဲ ထည့်ပြီး ကိုုလိုုချင် တဲ့ Raster data တွေ ပြောင်းပေးပါတယ်၊
Terra modeller တို့ Terra Photo တိုု့ကိုုလဲ အသုုံးပြုပါတယ်၊

တွက်ရတာ လွယ်လားလိုု့ မေးရင်တော့ မလွယ်ပါဘူး software တွေကကောင်းတယ် ဆိုုပင်မဲ့ အရမ်း လက်ဝင်ပါတယ် ဥပမာ Coordinate မှားတွက်မိတာကိုု Zone နှစ်ခုုကိုု ခွပြီး တိုုင်းထားတာတိုု့ တွက်ရခက်ပါတယ်၊ Classification လုုပ်တဲ့ အပိုုင်းမှာလဲ အသေးစိပ်ပြန်စစ်နိုုင်မှ Noise သက်သာမှာပါ၊

Lastools တိုု့ Globalmapper တိုု့မှာလဲ classification လုုပ်နိုုင်ပါတယ်၊ တကယ့် LiDAR company တွေကတော့ Terrasolid ကိုုပဲ သုုံးနေကြပါတယ်၊ Global mapper မှာကတော့ Strip Adjustment လုုပ်မပေးနိုုင်ပါဘူး၊ Lastools ကလဲ ကောင်းပါတယ် free သုုံးလိုု့ရပါတယ် ဒေတာ အများကြီး ဆိုုရင်တော့ ပုုံမှာ အမှားတွေ ကန့်လန့်ဖြတ် လိုုင်းတွေ ထည့်ပေးလိုုက်ပါတယ်၊

Photo Source - Internet
PnP Scan

SURVEYOR MEAN #Photo  # crd
22/02/2019

SURVEYOR MEAN #
Photo # crd

19/12/2018

RS, GIS, GPS နဲ့ ပတ်သက်တဲ့ စုဆောင်းထားတဲ့ ဖိုင်လေးတွေပါ။
စိတ်ဝင်စားသူများအတွက် လေ့လာနိုင်အောင်လို့ ရှယ်ပေးလိုက်ပါတယ်။
ဖိုင်ပေါင်း ၆၀ ကျော်မယ်ထင်ပါတယ်။
လွတ်လပ်စွာ view, download, share လုပ်နိုင်ပါတယ်။

မူရင်း ပိုင်ရှင်များကိုလည်း Credit ပေးပါတယ်။

Principle of GIS Book (177 MB):
https://drive.google.com/file/d/0B4okI5BGvFilOGVWbnN3c2JwQjQ/view?usp=sharing

The ESRI Guide to GIS Analysis Book (67.2 MB):
https://drive.google.com/file/d/0B4okI5BGvFilYmZvSTZ2U2tGd0U/view?usp=sharing

GIS Collection (90.8 MB):
https://drive.google.com/file/d/0B4okI5BGvFilVURNSXZ0YzN2dm8/view?usp=sharing

RS Collections (27.8 MB):
https://drive.google.com/file/d/0B4okI5BGvFilOWgxazBOcDFYLWc/view?usp=sharing

GPS Collections (15.8 MB):
https://drive.google.com/file/d/0B4okI5BGvFilQVJDZWZFVjRPZ0E/view?usp=sharing

Web word processing, presentations and spreadsheets

18/12/2018

ယခု Page သည်​ ​မြေတိုင်းသင်​တန်းအပတ်​စဉ်​ (၇၆) မှသင်​တန်းသားများဖွင့်​ထား​သော page တစ်​ခုဖြစ်​ပါသည်​။ သင်​တန်းသားညီကို​များ၏ အလုပ်​ကိုင်​ဗဟုသုတများ Sharing လုပ်​နိင်​ရန်​နှင့်​အလွယ်​တကူဆက်​သွယ်​နိင်​ရန်​ တစ်​​ယောက်​နှင့်​တစ်​​ယောက်​အကူညီ​တောင်းခံနိင်​ရန်​ ရည်​ရွယ်​ဖွင့်​လှစ်​ထားခြင်းဖြစ်​ပါသည်​။
{ Page Admin }

Address

Myanmar Suvery
Yangon

Telephone

09785199700

Website

Alerts

Be the first to know and let us send you an email when Pyin Oo Lwin 76 Survey Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share