DKY အာမခံကားမောင်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • DKY အာမခံကားမောင်းသင်တန်း

DKY အာမခံကားမောင်းသင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DKY အာမခံကားမောင်းသင်တန်း, Business service, No. 288, Banyadala Road, Tarmwe Township, Yangon.

ယဉ်မရပ်ရအမှတ်အသား
13/06/2018

ယဉ်မရပ်ရအမှတ်အသား

03/05/2018

ယာဉ်မောင်းလိုင်စင် မောင်းဖြေဖြေမယ့်သူတွေအတွက်ပါ

ယာဉ်မောင်းလိုင်စင်မောင်းဖြေ Parking ထိုးမယ့်သူများ
ပွဲစားအပ်ရင်လည်း ကိုယ်တိုင်အောင်မှ အောင်ပါတယ် ။ ဒါကြောင့် ကိုယ်တိုင်ကျင့်သွားလို့ရအောင် နမူနာဖိုင်တွေတင်ပေးတာပါ ။

အရင် လိုင်စင်ပါကင်မောင်းဖြေရင် Back (R =Reverse Gear ) တချက်ပဲပေးပါတယ် ။ R တချက်ထိုးပြီးတာနဲ့ ဘယ်ဂီယာမှချိန်းမရတော့ပါ ။

အခု R တချက် D = Drive တချက် R နောက်တချက် စုစုပေါင်း သုံးချက်ထိုးလို့ရပါတယ် ။ အရင်ထက် အခွင့်အရေးအများကြီးရှိပါတယ် ။

ထိုးရမယ့် Parking အနေအထားက 65 angle အစောင်းပါ ။ ၁ မိနစ်ခွဲ အချိန်ရပါမယ် ။

နမူနာကြည့်ပြီး အိမ်မှာကျင့်ပြီးသွားထိုးရင်အောင်ဖို့လွယ်ပါတယ် ။ ပွဲစားအပ်ရင် ပွဲစားက ပါကင်ထိုးနည်းပဲသင်ပေးတာပါ ။ ကိုယ်တိုင်သွားထိုးလို့အောင်မှ အောင်ပါမယ် ။ ကိုယ်ကျရင်ကျပါတယ် ။ နောက်နေ့ပြန်ဖြေရပါမယ် ။ ပွဲစားက အောင်မပေးနိုင်ပါ ။

မကျင့်ဘဲဖြေတဲ့သူတွေ အထာမသိရင် ၁၀၀ မှာ ၇၀ လောက်ကျပါတယ် ။

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးကြိုးစားကျင့်ပြီး သွားဖြေပါ ။ နောက်တချက်က ကိုယ်တိုင်ပါကင်အထိုးကျင့်ထားရင် တကယ်ကားမောင်းတဲ့အခါ လမ်းမှာ ပါကင်ထိုးရတာအဆင်ပြေမှာပါ ။ တပွဲတိုးမဟုတ်ဘဲ တကယ်တတ်အောင်လေ့ကျင့်ထားကြပါ ။

မှတ်ချက် နံပါတ် အနက်နဲ့ ကိုယ်ပိုင်ကားရှိရင် ကိုယ့်ကားနဲ့ကိုယ်ဖြေရပါတယ် ။ မရှိရင် ကညနက အဌားကားနဲ့ဖြေရပါမယ် ။ အောင်မြင်ကြပါစေ ။


စေတနာဖြင့်
ATP

23/04/2018
23/04/2018

Neutral Gear N နှင့် မောင်း(ဖရီးရိုက်)ရင် ဆီစား သက်သာ နိုင်မလား?

ကားမောင်းနေစဉ် အတွင်း ဆီစား သက်သာဖို့အတွက် ဂီယာကို N မှာထားကာ မောင်းနှင် တတ်ကြပါတယ်။ ( ရိုးရိုးဂီယာ လို)

ယခုလို အပြုအမူမျိုးကို အထူးသဖြင့် Taxi ကားများမှာ မြင်တွေ့ရနိုင်ပါတယ်။ N ဂီယာကို Auto ကားတွေမှာ တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ကားပျက်တဲ့အချိန်နှင့် ကားကိုဆွဲလာရတဲ့ အချိန်မျိုးမှာ
အသုံးပြုဖို့ တပ်ဆင် ထားတာဖြစ်ပါတယ်။ကားမောင်းနေရင်း ဆီစားသက်သာစေဖို့ အတွက် တပ်ဆင်ထားတာ မဟုတ်ပါဘူး။

ယခုလို ပြုလုပ်လိုက်လို့လည်း သင့်ကား
ဆီစားနှုန်း သက်သာ လာမှာ မဟုတ်ပါဘူး။

အခြား တိုင်းပြည်တွေမှာ ကုန်းဆင်းကို N ဂီယာထိုးပြီး ဆင်းလာတာမျိုးကို မပြုလုပ်ရဘူး ဆိုတဲ့ တားမြစ်ချက်တွေ ရှိပါတယ်။
အင်ဂျင်လည်ပတ်နေတာဖြစ်လို့ ဆီစားနှုန်း ကလည်း ထင်သလို သက်သာမှာ မဟုတ်ပါဘူး။
• N မှာထားပြီး အင်ဂျင်စက်သတ်လိုက်မယ်
ဆိုရင်တော့ ပိုအန္တရာယ် များပါတယ်။

☑ ကားတွေရဲ့ဘရိတ်စနစ်က အင်ဂျင်လည်ပတ်နေတဲ့ အချိန်မှာပဲ ကောင်းမွန်စွာအလုပ် လုပ်တာ ဖြစ်နေလို့ပါ။

အထူးသဖြင့် N မှာထားပြီး ဘရိတ်အုပ်ခြင်းက ဘရိတ်ကို သာမန်အချိန်ထက် ပိုမို အသုံးပြုရ သောကြောင့် ရေရှည်မှာ ဘရိတ်စနစ်ကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ကားမောင်းနေစဉ် အတွင်း ဂီယာကို N မှာထား၍ မမောင်းနှင်သင့်ပါဘူး ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

#
P P A

23/04/2018

ကားမောင်းသင်တန်းလေးဖွင့်ပါမယ် ။ မိန်းကလေး သီးသန့်သင်ချင်သူများကိုလည်း သီးသန့်စီစဉ်ပေးပါမယ်။ စာတွေ့ လက်တွေ့ သေချာသင်မှာပါ။ ဆိုက်ကိုနဲ့ ရေးဖြေ မကျအောင် မေးခွန်း 5 စုံနဲ့ အသေချာလေး လေ့ကျငိ့ပေးပါမယ်။ ပိုကောင်းအောင် စီစဉ်နေတုန်းလေးမို့ public မချသေးတာပါ။ စိတ်ဝင်စားတဲ့သူများ ကိုလဲ ဘယ်လို ပုံစံသင်ချင်တယ်ဆိုတာကိုပါ အကြံပေးနိုင်အာင် အကြံပေးစာတွေလဲ လက်ခံပေးသွားမှာပါ။ အားလုံးရှေ့ လာခဲ့မယ်နော်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုကြမဲ့သူများတွက်ပါ။ယာဉ်မောင်းလိုင်စင်သွားရောက်ဖြေဖို့လိုအပ်ချက်တွေကိုအသေးစိတ်ရှင်းပြထားပေးပါတယ်။...
10/04/2018

ယာဉ်မောင်းလိုင်စင် ဖြေဆိုကြမဲ့သူများတွက်ပါ။

ယာဉ်မောင်းလိုင်စင်သွားရောက်ဖြေဖို့လိုအပ်ချက်တွေကိုအသေးစိတ်ရှင်းပြထားပေးပါတယ်။အလုပ်တဖက် ကျောင်းတဖက် ကားကပိတ်နေပူဖုန်ထူကြား နှစ်ခါပြန်မဖြစ်ရအောင် ဒီစာလေးကိုဖတ်ပြီး အောင်မြင်နိုင်ကြပါစေ #

၁။ ရေးဖြေ ဖြေဆိုရန် online booking www.rtad.gov.mm မှာ စာရင်းပေးသွင်းပြီးရက်ချိန်းယူရမှာဖြစ်ပါတယ်။

၂။ ရက်ချိန်းပေးတဲ့နေ့ မှာ မိမိဖြေရမဲ့အချိန်ထက် မြင်သာလိုင်စင်ရုံး လေးထပ်အဆောင်အစိမ်းဆီကို တစ်နာရီလောက်စောရောက်နေဖို့လိုပါတယ်။

၃။ ဘာတွေယူသွားရမလဲဆိုရင် online booking ကပြန်ကျလာတဲ့စာကို print ထုတ်ပါ(သို့) ရက်ချိန်းပြန်ကျတဲ့ ဖုန်းထဲမှအထောက်ထားကို ပြပါ၊ သက်တမ်းရှိသင်မောင်းလိုင်စင်မူရင်း၊ သင်တန်းဆင်းလက်မှတ်မူရင်း မိတ္တူ၊ မှတ်ပုံတင်မူရင်း မိတ္တူ ၊ ခဲတံ တစ်ချောင်းပါယူသွားပါ။

၎။ ဘာစာတွေကျက်မှတ်ထားရမလဲဆိုရင် ကညန ကတရားဝင်ပေးထားတဲ့ ယာဉ်မောင်းရေးဖြေ စာအုပ်ကိုသာ အသေချာလေ့လာဖတ်ရူထားပါ ဘလိုဖြစ်ဖြစ်ဖြေနိုင်ပါတယ် ဆိုက်ကိုစစ်ဆေးမူအတွက်ကတော့ ကျက်ထားဖို့မလိုပါဖူး ဖြေရင်ကိုအအောင်ပေးပါတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုသာ အသေချာဖတ်ရူလေ့လာထားပါ။

၅။ ရေးဖြေ ဖြေဆိုဖို့ အခန်းထဲရောက်ပြီဆိုလျှင် ဓာတ်ပုံရိုက်ခ ငါးရာပေးသွင်းပြီးဓာတ်ပုံရိုက်ပါ့မယ် မျက်စိ စစ်ဆေးပြီး အောင်ရင် အခန်းထဲဝင်ပြီးရေးဖြေ ဖြေဆိုရမှာပါ မဖြေခင် တာဝန်ရှိသူတွေက သေချာဖြေဆိုရမဲ့ပုံစံကို အသေချာ ပြောပြပေးမှာပါ ခဲခြစ်ဖြေဆိုတဲ့ပုံစံနဲ့ဖြေဆိုရမှာဖြစ်ပါတယ် ဆိုက်ကိုမေးခွန်းကိုအရင်ဖြေပြီးရင် လမ်းစည်းကမ်းယာဉ်စည်းကမ်းကိုဖြေဆိုရမှာပါ ခဲခြစ်တဲ့နည်းနဲ့ဖြေဆိုရမှာဖြစ်ပြီး အမှတ်၅၀ဖိုးမေး ၄၀ရရင်အောင်မြင်မှာဖြစ်ပါတယ်။စိတ်မပူပါနဲ့ အဲယားကွန်းခန်းထဲ ခေါင်းအေးအေးနဲ့ ဖြေဆိုရမှာပါ စာဖတ်ထားတယ်ဆိုရင် ရေးဖြေကအောင်ပါတယ်။

၆။ ရေးဖြေအောင်ပြီဆိုရင် နေ့ခင်း၁၂:၀၀မှာပြီးရင် ရွာသာကြီးမှာ အမောင်းဖြေမှီပါတယ် ရောက်ပြီဆို ငွေခန်းမှာတန်းစီပြီး ရေးဖြေအောင်စာရွက်ပြပြီး ငွေသွင်းရမှာပါ ကိုယ်ပိုင်ကားဆို၅၀၀ပဲသွင်းရပြီး ကညန ကားနဲ့ဖြေမယ်ဆို၃၅၀၀ပေးသွင်းရပါတယ်။

၇။ ချလံရပြီဆိုကညန ကားနဲ့ဖြေမဲ့သူက အမောင်းဖြေကွင်းထိပ်ကအဆောင်မှာထပ်ထားရမှာဖြစ်ပါတယ်နာမည်ခေါ်ပြီး ပတ်မောင်းနဲ့ပါကင်ထိုးတာဖြေရမှာပါ ကိုယ်ပိုင်ကားနဲ့ဖြေသူများကတော့ ကားတန်းစီထားရမှာပါ ပိုမြန်ပါတယ်။

၈။ နာမည်ခေါ်လို့ ပတ်မောင်းစမောင်းပြီဆိုရင် ခါးပတ်ပတ်ပါ အချက်ပြဖို့မမေ့ပါနဲ့ ဟောက်စားလုပ်သူများလဲ ရှိပါသောကြောင့်သီးခံစိတ်မွေးပါ ပတ်မောင်းကမခက်လို့အောင်ပါတယ်။

၉။ခက်ခဲမူကတော့ပါကင်ထိုးရတာပါပဲ မလွယ်ပါဖူး ၁၀ယောက်ဖြေ၇ယောက်ကျပါတယ် အပြင်မှာဘလိုပဲကျွမ်းကျင်နေပါစေ ပါကင်ဖြေရရင် နတ်ကြီးပါတယ် အကြံပေးချင်တာကတော့ စတီယာတိုင်အဆုံးမချိုးပါနဲ့ ညာဘက်စည်းကိုသတိပြုပါ အရှေ့စည်းကိုမကျော်ပါစေနဲ့ အော်တိုဂီယာကားတွေချည်းပါပဲ လွယ်မလိုနဲ့ခက်တိမ်မလိုနဲ့ နက်ပါတယ် အဆိုပါအဆင့်မှာအောင်မြင်သွားရင်တော့ Congratulations ပါပဲ လိုင်စင်ရဖို့သေချာသွားပါပြီ။အာမခံ ငွေသွင်း ပြီးထိုင်စောင့် ရင်လိုင်စင် smart card ထွက်ပါပြီ။ကျသွားရင်တော့နောက်တရက်ငွေထပ်သွင်းပြန်လာဖြေလို့ရပါတယ်။

သတိပေးချင်တာကတော့ ဘယ်ပွဲစားမှမအပ်ပဲ ကိုယ်ဘာကိုယ်လုပ်ဆောင်ပါ ပွဲစားကလဲ ဘာမှလုပ်ပေးလို့မရပါဖူး ဘာတာဝန်မှလဲယူနိုင်မှာမဟုတ်ပါဖူး ကိုယ်ပေါ်ပဲမူတည်ပါတယ်။ကုန်ကျစရိတ်က တသောင်းကျော်ပဲကျသင့်ပါတယ် အားလုံးအန္တရာယ်ကင်းဘေးရှင်းလို့ အောင်မြင်ကြပါစေ။

Credit

/15 Mar 2018 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းရွှေးချယ်ခ...

Address

No. 288, Banyadala Road, Tarmwe Township
Yangon
7866

Telephone

959784904889

Website

Alerts

Be the first to know and let us send you an email when DKY အာမခံကားမောင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share