13/10/2026
လာမည့် အောက်တိုဘာ (၁၅) ရက်နေ့ ရဲ့ Panel Discussion မှာ ပါဝင်ဆွေးနွေးပေးမယ့် Moderator နဲ့ မိတ်ဆက်ပေးပါရစေ။
Khin Pyait Wonn Thaw Tar - Manager (Yever), Yever
မခင်ပြည့်ဝန်းသော်တာသည် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာဆန်းစစ်ခြင်း (Human Rights Due Diligence - HRDD)၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် ရေရှည်တည်တံ့ခိုင်မာမှု (supply chain sustainability) ၊ ကုန်ကြမ်းထောက်ပံ့သူများကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း စသည့် နယ်ပယ်များတွင် အတွေ့အကြုံရင့်ကျက်သည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ကော်ပိုရိတ် ရေရှည်တည်တံ့ခိုင်မာမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ လက်ရှိတွင် Yever ၏ မန်နေဂျာအဖြစ် တာဝန်ယူထားပြီး မိတ်ဖက်စီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ် (RBC) ဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးဆောင်လျက်ရှိပါသည်။
ယခင်က ATOM Myanmar တွင် Head of Business Sustainability အဖြစ်လည်းကောင်း၊ Telenor Myanmar တွင် Head of Corporate Responsibility & Supply Chain Sustainability အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုသို့ တာဝန်ယူခဲ့စဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ လေ့လာဆန်းစစ်မှုများ၊ ကော်ပိုရိတ် တာဝန်ယူမှုဆိုင်ရာ အစီအစဉ်များနှင့် တာဝန်ယူမှုရှိသော ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ တာဝန်ယူမှုရှိသော စီးပွားရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ အကဲဖြတ်ရန် ကုန်ကြမ်းထောက်ပံ့သူ (Supplier) များကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် စစ်ဆေးမှု (Supplier Audit) ပေါင်း ၁,၁၀၀ ကျော် ပြုလုပ်ခဲ့ပါသည်။
ကုန်ကြမ်းထောက်ပံ့သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်အပေါ် အခြေခံသည့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်ဆိုင်ရာ အတွေ့အကြုံများအပေါ် အခြေခံ၍ စီးပွားရေးလုပ်ငန်းများအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်ရန်၊ Supplier များ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ပေးရန်နှင့် တာဝန်ယူမှုရှိသော ကုန်ကြမ်းဝယ်ယူမှု (Responsible Sourcing) မူများကို လုပ်ငန်းဆောင်ရွက်မှုများအတွင်း ပေါင်းစပ်ထည့်သွင်းရန် လက်တွေ့ကျသည့် အမြင်များကို ဝေမျှပေးသွားမည် ဖြစ်ပါသည်။ သူမ၏ အတွေ့အကြုံများသည် မြန်မာ့စိုက်ပျိုးရေးနှင့် အစားအသောက် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များတွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်များ ပေါင်းစပ်ထည့်သွင်းရေး၊ Supplier များ၏ ပါဝင်ဆောင်ရွက်မှုနှင့် Responsible Sourcing ဆိုင်ရာ ဆွေးနွေးမှုများအတွက် များစွာ အကျိုးပြုမည် ဖြစ်ပါသည်။
မြန်မာ့စိုက်ပျိုးရေးနဲ့ အစားအသောက် ကဏ္ဍအတွက် လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းနည်းတွေကို Speaker တွေက ဝေမျှပေးသွားမှာဖြစ်လို့ အောက်တိုဘာ (၁၅) ရက်နေ့ မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။
ပွဲအသေးစိတ် -
• နေ့ရက် - ၁၅ အောက်တိုဘာ ၂၀၂၆၊ နံနက် ၉:၃၀ နာရီ
• ကြာချိန် - ၂ နာရီ
• ကျင်းပမည့်နေရာ: Moon Gallery Cafe and Bistro
ပါဝင်တက်ရောက်လိုပါက အောက်ဖော်ပြပါ လင့်ခ်တွင် စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာရင်းပေးသွင်းရန် လင့်ခ် - https://lnkd.in/gXUeTbRA