Career & Interview Coaching By April

Career & Interview Coaching By April 🎯 Career Coach | CV & Interview Expert
Helping professionals land better jobs with confidence.
📅 Book your FREE 15-minute

🔴အလုပ်ပြောင်းရမှာ မကြောက်ဘူး...ဒီဘဝအတိုင်းပဲ ဆက်ဖြစ်သွားမှာကိုပဲ ကြောက်တာ။🔴✅️တချို့လူတွေက...အလုပ်သစ်ကို မလျှောက်ရဲတာ မကြ...
05/08/2026

🔴အလုပ်ပြောင်းရမှာ မကြောက်ဘူး...
ဒီဘဝအတိုင်းပဲ ဆက်ဖြစ်သွားမှာကိုပဲ ကြောက်တာ။🔴

✅️တချို့လူတွေက...
အလုပ်သစ်ကို မလျှောက်ရဲတာ မကြောက်လို့ မဟုတ်ဘူး။
"လစာကျသွားရင် ဘယ်လိုလုပ်မလဲ..."
"အဆင်မပြေရင်ရော..."
"အသက်က မငယ်တော့ဘူး..."
ဆိုတဲ့ အတွေးတွေကြောင့် ခြေလှမ်းမလှမ်းဖြစ်တာ။
ဒါပေမယ့်...
တစ်ခါတလေ...
အလုပ်ပြောင်းတာထက် ပိုကြောက်ဖို့ကောင်းတာက...
နောက် ၃ နှစ်၊ ၅ နှစ်ကြာတဲ့အထိ...
ဒီအလုပ်ထဲမှာပဲ
မပျော်ဘဲ...
မတိုးတက်ဘဲ...
"ငါ ဒီထက်ကောင်းတဲ့ဘဝ ရနိုင်ခဲ့တာပဲ..." လို့ ကိုယ့်ကိုယ်ကို ပြန်ပြောနေရတဲ့နေ့ကို ရောက်သွားမှာ။
တချို့အရာတွေက...
ဆုံးဖြတ်ချက်မှားလို့ နောင်တရတာထက်၊
မဆုံးဖြတ်ခဲ့လို့ နောင်တရတာက ပိုနာကျင်တယ်။
💙 Comment မှာ ဖြေပေးပါဦး...
အခုချိန်မှာ သင့်ကို ရှေ့မလှမ်းရဲအောင် တားထားတဲ့ အကြီးမားဆုံးအရာက ဘာလဲ?

04/08/2026

Thanks for being a top engager and making it on to my weekly engagement list! 🎉 Moe Myat Thu, Hnin Nandar Myint, Yin Lay, U Than Htike Oo, Joyce Nem, May Thazin Phyu

"တစ်ခါတလေ... သင် စိတ်ဓာတ်ကျနေတာ မဟုတ်ဘူး။**သင့်အလုပ်လုပ်နေတဲ့ စနစ်က သင့်ကို ပင်ပန်းစေတာ ဖြစ်နိုင်တယ်။"လူတော်တော်များများ...
01/08/2026

"တစ်ခါတလေ... သင် စိတ်ဓာတ်ကျနေတာ မဟုတ်ဘူး။
**သင့်အလုပ်လုပ်နေတဲ့ စနစ်က သင့်ကို ပင်ပန်းစေတာ ဖြစ်နိုင်တယ်။"
လူတော်တော်များများက...
"မင်း Motivation မရှိတော့ဘူး။"
"ပိုကြိုးစားပါ။"
"Positive ဖြစ်ပါ။"
လို့ အလွယ်တကူ ပြောတတ်ကြပါတယ်။
ဒါပေမယ့်...
တကယ်ပဲ Motivation မရှိတာလား?
ဒါမှမဟုတ်...
📌 လူမလုံလောက်ဘဲ အလုပ်တွေ များနေလို့လား?
📌 ကိုယ့်တာဝန်က ဘာလဲဆိုတာ မရှင်းလင်းလို့လား?
📌 နေ့တိုင်း အရေးပေါ်ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေလို့လား?
📌 အလုပ်တာဝန်တော့ များပေမယ့် ဆုံးဖြတ်ပိုင်ခွင့် မရှိလို့လား?
ဒီလိုအခြေအနေတွေကို နေ့တိုင်း ကြုံနေရရင်...
ဘယ်သူမဆို ပင်ပန်းလာနိုင်ပါတယ်။
ဒါဟာ အားနည်းတာ မဟုတ်ပါဘူး။
တစ်ခါတလေ...
လူက ပြဿနာ မဟုတ်ဘူး။
စနစ်က ပြဿနာ ဖြစ်နေတာပါ။
ဒါကြောင့် Manager တစ်ယောက်ဖြစ်ဖြစ်...
Employee တစ်ယောက်ဖြစ်ဖြစ်...
"ဒီလူ ဘာလို့ အလုပ်မလုပ်တော့တာလဲ?"
လို့ မေးမယ့်အစား...
"ဒီအလုပ်ပတ်ဝန်းကျင်က သူ့ကို ဘာတွေ ပင်ပန်းစေသလဲ?"
လို့ မေးကြည့်ဖို့ လိုပါတယ်။
💬 သင်ရော...
လူကြောင့် ပင်ပန်းတာ ပိုများလား?
ဒါမှမဟုတ်...
စနစ်ကြောင့် ပင်ပန်းတာ ပိုများလား?
👇 Comment မှာ မျှဝေပေးပါနော်။

"🔴လစာမြင့်ရုံနဲ့ ဝန်ထမ်းတွေ မနေတော့ပါဘူး🔴..." Coaching Session တစ်ခု မှာ HR ဝန်ထမ်းတစ်ယောက်နဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအ...
01/08/2026

"🔴လစာမြင့်ရုံနဲ့ ဝန်ထမ်းတွေ မနေတော့ပါဘူး🔴..."

Coaching Session တစ်ခု မှာ HR ဝန်ထမ်းတစ်ယောက်နဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေက စဉ်းစားစရာကောင်းပါတယ်။
✔️ Skilled Employee ရှားပါးလာတယ်။ ✔️ ဝန်ထမ်းတွေ မကြာခဏ အလုပ်ထွက်ကြတယ်။ ✔️ Team အတွင်း Communication နဲ့ Conflict တွေ များလာတယ်။ ✔️ Problem Solving Skill အားနည်းတယ်။ ✔️ Manager တွေအတွက် Leadership Skill က ပိုအရေးကြီးလာတယ်။
ဒါတွေက Company ဘက်က စိန်ခေါ်မှုတွေပါ။
ဒါပေမယ့် Employee ဘက်ကလည်း ကိုယ့်ကိုယ်ကို မေးသင့်တဲ့ မေးခွန်းတစ်ခုရှိပါတယ်...
"ငါက Company က လက်မလွှတ်ချင်တဲ့ Employee ဖြစ်နေပြီလား?" ဘာ​ကြောင့် ငါအလုပ်ထွက်ချင်တာလဲ??
Career Growth ဆိုတာ ရာထူးတက်တာ၊ လစာတိုးတာတစ်ခုတည်း မဟုတ်ပါဘူး။
Communication, Problem Solving, Leadership, Confidence နဲ့ Professional Mindset တွေကလည်း Career ကို ရေရှည်အောင်မြင်စေတဲ့ Skill တွေပါ။
Career Coaching မှာ Interview Preparation နဲ့ CV Review တင်မကဘဲ Career Direction, Career Growth နဲ့ Workplace Challenges တွေကိုပါ အတူတူ ဆွေးနွေးပေးပါတယ်။
📩 ကိုယ့် Career မှာ ဘာကြောင့် ရပ်တန့်နေတယ်လို့ ခံစားရရင် Message ပို့ပြီး ဆွေးနွေးနိုင်ပါတယ်။

"Career Coach ဖြစ်လာတဲ့ ကျွန်မရဲ့ ၂၂ နှစ်အလုပ်ခရီး...✅️လူတော်တော်များများက ကျွန်မ Career Coach ဖြစ်လာဖို့ အစကတည်းက လမ်းက...
31/07/2026

"Career Coach ဖြစ်လာတဲ့ ကျွန်မရဲ့ ၂၂ နှစ်အလုပ်ခရီး...
✅️လူတော်တော်များများက ကျွန်မ Career Coach ဖြစ်လာဖို့ အစကတည်းက လမ်းကြောင်းမှန်ပေါ်မှာပဲ လျှောက်လာခဲ့တယ်လို့ ထင်ကြပါတယ်။✅️
ဒါပေမယ့်…
တကယ်တော့ ကျွန်မရဲ့ Career Journey ဟာ Singapore မှာ Part-time အလုပ်လုပ်ခဲ့တဲ့နေ့ကနေ စခဲ့တာပါ။
🍗 KFC ကနေစပြီး Housekeeping, Retail, Hotel Operations, Reception, Banquet, Lobby Bar, Event Sales... အလုပ်မျိုးစုံလုပ်ခဲ့ပါတယ်။
ကျောင်းတက်နေချိန်မှာ Internship အနေနဲ့ School Canteen Cashier အဖြစ်လည်း လုပ်ခဲ့သလို Hotel Front Desk မှာလည်း အလုပ်သင်ဝင်ခဲ့ပါတယ်။
အလုပ်တိုင်းက ကျွန်မကို မတူညီတဲ့ သင်ခန်းစာတွေ သင်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ 🏦Bank တစ်ခုရဲ့ Operations Department ကို ဝင်လုပ်ခဲ့တယ်။
ဒါပေမယ့်…
ကိုယ်က Operations လုပ်မယ့်လူ မဟုတ်ဘူးဆိုတာ သိလာတယ်။
Marketing Department ကို Transfer တောင်းခဲ့တယ်။
မရခဲ့ဘူး။
အဲဒီအချိန်မှာ ကျွန်မ ရွေးချယ်ခဲ့တာက…
အလုပ်ထွက်ဖို့ပါ။
ကြောက်ခဲ့တယ်။
ဒါပေမယ့် ကိုယ်မပျော်တဲ့နေရာမှာ ဆက်နေတာထက် ကိုယ်နဲ့ကိုက်ညီမယ့် လမ်းကို ရှာချင်ခဲ့တယ်။
🏢အဲဒီနောက် IT Company တစ်ခုကို Join လုပ်ခဲ့တယ်။
တစ်နှစ်အကြာမှာ Company ပိတ်သွားတယ်။
ဒါပေမယ့် အဲဒီတစ်နှစ်အတွင်း Branding နဲ့ Marketing က Business တစ်ခုအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သင်ယူခဲ့ရတယ်။
အခုလက်ရှိ Company ကို Join တုန်းကတော့ 🍺🍷🍾Alcohol Beverage Industry အကြောင်း အတွေ့အကြုံမရှိသလောက်ပါပဲ။
ပထမ (၃) နှစ်က…
ကိုယ့်ကိုယ်ကို သံသယဝင်ခဲ့တယ်။
Confidence ပျောက်ခဲ့တယ်။
ငိုခဲ့ရတဲ့နေ့တွေလည်း မနည်းဘူး။
ဒါပေမယ့်…
လက်မလျှော့ခဲ့ဘူး။
ဆက်လေ့လာခဲ့တယ်။
ဆက်ကြိုးစားခဲ့တယ်။
ဒီနေ့ Yangon Market ထဲမှာ Hotel, Restaurant, Bar, Modern Trade နဲ့ General Trade တွေအတွက် Brand Building လုပ်နိုင်တဲ့အထိ ရောက်လာခဲ့တယ်။
Join လုပ်ပြီး (၂) နှစ်အတွင်း Promotion ရခဲ့တယ်။
အဲဒီနောက်လည်း တာဝန်ပိုကြီးလာသလို ကိုယ့်ကိုယ်ကိုလည်း ပိုယုံကြည်လာခဲ့တယ်။
👍ဒီ (၂၂) နှစ် Career Journey ကို ပြန်ကြည့်လိုက်တော့…
ကျွန်မ သဘောပေါက်လာတာ တစ်ခုရှိတယ်။
အောင်မြင်တဲ့ Career ဆိုတာ အခက်အခဲမရှိတာ မဟုတ်ပါဘူး။
အခက်အခဲတွေကြားထဲမှာ ကိုယ့်ကိုယ်ကို မလက်လျှော့ဘဲ ရှေ့ဆက်နိုင်တာပါ။
ဒါကြောင့်လည်း Career Coach ဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘာလို့လဲဆိုတော့…
လမ်းပျောက်ဖူးတယ်။
Career Change လုပ်ဖူးတယ်။
Confidence ပျောက်ဖူးတယ်။
အစကနေ ပြန်စခဲ့ဘူးတယ်..
💛 Career မှာ လမ်းပျောက်နေတယ်၊ Career Change စဉ်းစားနေတယ်၊ Confidence ပျောက်နေတယ်ဆိုရင်...
Messenger မှာ "22 " လို့ ပို့လိုက်ပါ။
ဘယ်ကနေ စရမလဲဆိုတာ အတူတူ ဆွေးနွေးကြရအောင်။

💬 Free 10–15 mins Career Direction Call
အရင်ဆုံး 10–15 မိနစ်ခန့် အခမဲ့ ဆွေးနွေးပြီး၊ သင့် Career အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို နားလည်အောင် အရင်ပြောကြရအောင်။

😔 "အလုပ်ကို မုန်းနေပြီ...""မနက်တိုင်း Alarm မြည်တဲ့အချိန်မှာ အလုပ်မသွားချင်တော့ဘူးလို့ ခံစားဖူးလား?"တကယ်တော့...အလုပ်ကို ...
29/07/2026

😔 "အလုပ်ကို မုန်းနေပြီ..."
"မနက်တိုင်း Alarm မြည်တဲ့အချိန်မှာ အလုပ်မသွားချင်တော့ဘူးလို့ ခံစားဖူးလား?"
တကယ်တော့...
အလုပ်ကို မုန်းနေတာ မဟုတ်နိုင်ပါဘူး။
အောက်ပါအကြောင်းအရာတွေထဲက တစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်...
▪️ ကိုယ့်နဲ့ မကိုက်ညီတဲ့ Career မှာ ရှိနေတာ။
▪️ အလုပ်ထဲမှာ ခွဲခြားဆက်ဆံခံနေရတာ။
▪️ ကိုယ့် Role နဲ့ မဆိုင်တဲ့ Responsibility တွေကို အမြဲတမ်း လိုက်လုပ်နေရတာ။
▪️ အမြဲဖိအားပေးတဲ့ Workplace မှာ အလုပ်လုပ်နေရတာ။
▪️ ကြိုးစားသလောက် အသိအမှတ်မပြုခံရတာ။
▪️ Burnout ဖြစ်နေတာ။
▪️ ဘာဆက်လုပ်ရမလဲ မသိတော့လို့ လမ်းပျောက်နေတာ။
"အလုပ်ကို မုန်းနေတယ်" ဆိုတဲ့ ခံစားချက်ကို လျစ်လျူမရှုပါနဲ့။
တစ်ခါတလေ... အလုပ်ပြောင်းဖို့ လိုနေတာ မဟုတ်ဘဲ၊ Career Direction ကို ပြန်သုံးသပ်ဖို့ လိုနေတာလည်း ဖြစ်နိုင်ပါတယ်။
❤️ Career နဲ့ပတ်သက်ပြီး ဆုံးဖြတ်ရခက်နေတယ်ဆိုရင်...
အတူတူ ဆွေးနွေးပြီး သင့်အတွက် အသင့်တော်ဆုံး Career Direction ကို ရှာဖွေပေးနိုင်ပါတယ်။
📩 "Career" လို့ Message ပို့လိုက်ပါ။

🆓 Free 10–15 mins Career Direction Call
သင့် Career အခြေအနေနဲ့ အခက်အခဲတွေကို အရင်နားထောင်ပေးပါမယ်။

💼 45–60 mins Paid Career Coaching
သင့် Career အတွက် အဖြေရှာပြီး၊ Career Direction, CV, Interview Preparation နဲ့ Career Growth ကို အသေးစိတ် ဆွေးနွေးပေးပါမယ်။

45 မိနစ် Career Coaching Session တစ်ခုက... လူတစ်ယောက်ရဲ့ Career ကို ပြောင်းလဲနိုင်မလား?**"Customer တွေက 'ကျေးဇူးတင်ပါတယ်...
27/07/2026

45 မိနစ် Career Coaching Session တစ်ခုက... လူတစ်ယောက်ရဲ့ Career ကို ပြောင်းလဲနိုင်မလား?

**"Customer တွေက 'ကျေးဇူးတင်ပါတယ်' လို့ ပြောတာထက် ပိုပြီး ဝမ်းသာစေတာက... သူတို့ Career မှာ ရှေ့ဆက်နိုင်တာကို မြင်ရတာပါ။ ❤️

✅️Hight light ✨️ from customer feedback.

⭐ "I finally knew which career path to choose."

⭐ "My interview confidence improved a lot."

⭐ "I realized what was holding my career back."

⭐ "The 45-minute session gave me clear direction."

✅️ဒီ Carousel ထဲက Feedback အားလုံးဟာ တကယ့် Client တွေရဲ့ အတွေ့အကြုံတွေပါ။
သင်လည်း Career မှာ လမ်းပျောက်နေတယ်၊ Interview အတွက် Confidence မရှိဘူး၊ ဒါမှမဟုတ် ဘယ် Direction ကို သွားရမလဲ မသိသေးဘူးဆိုရင်...🙏🙏❤️❤️
📩 Message မှာ " Career" ပို့ပြီး အတူတူ ဆွေးနွေးကြရအောင်။"

🚨 "ကျွန်မ လစာကြောင့် အလုပ်ထွက်တာ မဟုတ်ပါဘူး..."ဒီစကားကို Career Coaching လုပ်ရင်း...Hospitality, Sales, FMCG, Customer S...
27/07/2026

🚨 "ကျွန်မ လစာကြောင့် အလုပ်ထွက်တာ မဟုတ်ပါဘူး..."
ဒီစကားကို Career Coaching လုပ်ရင်း...
Hospitality, Sales, FMCG, Customer Service နဲ့ Industry မတူတဲ့ Professionals တွေဆီကနေ မကြာခဏ ကြားရပါတယ်။
သူတို့ရဲ့ အဓိကအကြောင်းရင်းက...
💭 "ကျွန်မရဲ့ ကြိုးစားမှုကို ဘယ်သူမှ မမြင်တော့ဘူး။"
💭 "ဒီအလုပ်မှာ ဆက်လုပ်ရင် ငါ့ Career ဘယ်ကို ရောက်မလဲ မမြင်တော့ဘူး။"
💭 "နေ့တိုင်း အလုပ်သွားနေပေမယ့် စိတ်ကတော့ အလုပ်ထဲမှာ မရှိတော့ဘူး။"
ဒီလိုခံစားချက်တွေက... တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။
တဖြည်းဖြည်း စုလာတဲ့ စိတ်ပင်ပန်းမှု၊ ဖိအား၊ မျှော်လင့်ချက်မရှိတော့တဲ့ ခံစားချက်တွေက... နောက်ဆုံးမှာ "အလုပ်ထွက်ဖို့" ဆုံးဖြတ်ချက်ကို ဖြစ်စေပါတယ်။
လစာက အရေးကြီးပါတယ်။
ဒါပေမယ့် လူတွေ ဆက်နေချင်အောင် လုပ်ပေးတာက လစာတစ်ခုတည်း မဟုတ်ပါဘူး။
ဝန်ထမ်းတစ်ယောက်အတွက်...
✅ ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခံရခြင်း
✅ သင်ယူပြီး တိုးတက်နိုင်မယ့် အခွင့်အရေးရှိခြင်း
✅ လေးစားမှုနဲ့ ယုံကြည်မှုရှိတဲ့ လုပ်ငန်းခွင်
✅ ပြောဆိုဆွေးနွေးလို့ရတဲ့ Leader
ဒီအရာတွေ ရှိတဲ့အခါ... ဝန်ထမ်းတွေက အလုပ်ကို လုပ်ရုံမက၊ အဖွဲ့အစည်းနဲ့အတူ ကြီးထွားချင်လာကြပါတယ်။
Career Coaching လုပ်ရင်း ကျွန်မ နားလည်လာတာတစ်ခုက...
လူတွေ အလုပ်မထွက်ခင်... သူတို့ရဲ့ စိတ်က အရင်ထွက်သွားတတ်ပါတယ်။
💬 သင့်အမြင်ကရော... ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့ အဓိကအကြောင်းရင်းက ဘာလို့ ထင်ပါသလဲ?
Massage မှာ အ​သေးစိတ်​ဆွေး​​နွေးလို့ရပါတယ်🤍

🚫 Food & Beverage Service မှာ လူအများဆုံး လုပ်မိတဲ့ အမှား (၃) ခု1️⃣ Guest ပြောမှ လုပ်ပေးတာ Guest ရေတောင်းမှ ရေဖြည့်ပေးတာ...
23/07/2026

🚫 Food & Beverage Service မှာ လူအများဆုံး လုပ်မိတဲ့ အမှား (၃) ခု

1️⃣ Guest ပြောမှ လုပ်ပေးတာ Guest ရေတောင်းမှ ရေဖြည့်ပေးတာ၊ Bill တောင်းမှ ယူပေးတာ... ဒီလို Service က အခြေခံပဲ ဖြစ်ပါတယ်။

✅ Guest မတောင်းဆိုခင် ကြိုသိပြီး လုပ်ပေးနိုင်တာက Professional Service ဖြစ်ပါတယ်။

2️⃣ Order ယူပြီးရင် Guest ကို မကြည့်တော့တာ Order ယူပြီးတဲ့နောက် Guest စားသောက်တာ အဆင်ပြေလား၊ ဘာလိုအပ်သေးလဲဆိုတာ မစစ်ဆေးတာက အမှားတစ်ခုပါ။

✅ Guest ကို အချိန်မှန် Check-in လုပ်ပေးတာက Excellent Service ကို ဖန်တီးပေးပါတယ်။

3️⃣ အသေးစိတ်လေးတွေကို သတိမထားတာ ဖန်ခွက်အလွတ်၊ စားပြီးသားပန်းကန်၊ Guest လက်ပြနေတာကို မမြင်တာ... ဒီလို အသေးစိတ်လေးတွေက Guest Experience ကို တိုက်ရိုက် သက်ရောက်စေပါတယ်။

✅ Hospitality မှာ အသေးစိတ်လေးတွေကို ဂရုစိုက်နိုင်တဲ့သူက အောင်မြင်တဲ့သူ ဖြစ်ပါတယ်။

💬 သင်ရော... ဒီအမှား (၃) ခုထဲက ဘယ်အမှားကို အများဆုံး တွေ့ဖူးလဲ?

📩 Hospitality Career တိုးတက်ချင်သူများအတွက် "One on One Consultation" ရှိပါတယ်။ စိတ်ဝင်စားရင် CB မှာ" Guest" လို့ ဆက်သွယ်နိုင်ပါတယ်။

⭐ 5-Star Hotel မှာ အလုပ်လုပ်ဖို့ Ready ဖြစ်နေပြီလား?5-Star Hotel တွေက Experience တစ်ခုတည်းကိုပဲ မကြည့်ပါဘူး။Mindset, Att...
23/07/2026

⭐ 5-Star Hotel မှာ အလုပ်လုပ်ဖို့ Ready ဖြစ်နေပြီလား?

5-Star Hotel တွေက Experience တစ်ခုတည်းကိုပဲ မကြည့်ပါဘူး။
Mindset, Attitude နဲ့ Service Standard ကိုလည်း အရမ်းအရေးထားပါတယ်။

ကိုယ့်ကိုယ်ကို ဒီမေးခွန်း (၃) ခု မေးကြည့်ပါ👇

✅ 1. Guest မတောင်းဆိုခင် သူလိုအပ်တာကို ကြိုတွေးပြီး Service ပေးနိုင်ပြီလား?

✅ 2. Guest Complaint ကြုံလာတဲ့အခါ စိတ်မပျက်ဘဲ Professional ဆန်ဆန် Handle လုပ်နိုင်ပြီလား?

✅ 3. Teamwork ရဲ့ အရေးကြီးမှုကို နားလည်ပြီး Team နဲ့ အဆင်ပြေပြေ အလုပ်လုပ်နိုင်ပြီလား?

အပေါ်က (၃) ချက်ကို "Yes" လို့ ဖြေနိုင်ရင်...
🎉 သင်ဟာ 5-Star Hotel Environment အတွက် အခြေခံအဆင်သင့် ဖြစ်နေပါပြီ။

မသေချာသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။
ဒီ Skills တွေက လေ့ကျင့်ပြီး တိုးတက်လာနိုင်ပါတယ်။

📩 Hospitality Career ကို ပြည်တွင်း၊ ပြည်ပ Hotel Industry မှာ တိုးတက်ချင်သူများအတွက် 30-Minute Career Consultation ပြုလုပ်ပေးနေပါတယ်။

စိတ်ဝင်စားရင် "Ready" လို့ Comment ရေးခဲ့ပါ၊ ဒါမှမဟုတ် CB မှာ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ 💬

Address

Thinngangyung Township
Yangon
95

Alerts

Be the first to know and let us send you an email when Career & Interview Coaching By April posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share