Comsight Innovative Solution

Comsight Innovative Solution Insight-driven solutions for your HR and compliance challenges.

အစိုးရရုံးပိတ်ရက်များနှင့် တရုတ်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ကြား ဖေဖော်ဝါရီ ၁၆ ရက်ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိပြီး ၎င...
30/01/2026

အစိုးရရုံးပိတ်ရက်များနှင့် တရုတ်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ကြား ဖေဖော်ဝါရီ ၁၆ ရက်ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရှိပြီး ၎င်းနေ့အတွက် အစားထိုးရုံးတက်ရက်မှာ ၂၁ ဖေဖော်ဝါရီလ ၂၀၂၆ (စနေနေ့) ဖြစ်ကြောင်း သိရှိရပါသည်။

Jan 3, 2026 ရက်နေ့အစား Jan 10, 2026 ရက်နေ့သို့ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပါသည်။အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရ...
29/12/2025

Jan 3, 2026 ရက်နေ့အစား Jan 10, 2026 ရက်နေ့သို့ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပါသည်။

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်သည့်လက်ကျန်ရက်အား ပြင်ဆင်သတ်မှတ်

20-Oct-2025 ဒီပါဝလီ‌နေ့အား အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းကြေညာချက်။
14/10/2025

20-Oct-2025 ဒီပါဝလီ‌နေ့အား အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းကြေညာချက်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၀/ ၂၀၂၅ နိုင်ငံတော်အတွင်း နိုင်...
30/09/2025

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၀/ ၂၀၂၅
နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း
အမိန့်ကြော်ငြာစာကို ပြန်လည်မျှဝေအပ်ပါသည်။

📣 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐫𝐞𝐞 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭 မှ ဤ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များအား ပိုမိုလ...
21/09/2025

📣 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐫𝐞𝐞 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝

𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭 မှ ဤ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များအား ပိုမိုလွယ်ကူစွာ ရယူသိရှိနိုင်ရန်၊ ဥပဒေအသိပညာပြန့်ပွားစေရန်၊ ဥပဒေဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များကို သိရှိ၍ တရားမျှတမှုရရှိရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။

🔥 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬

✅ 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 𝐨𝐟 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰𝐬
✅ 𝐋𝐞𝐠𝐚𝐥 𝐑𝐢𝐠𝐡𝐭𝐬 & 𝐎𝐛𝐥𝐢𝐠𝐚𝐭𝐢𝐨𝐧𝐬
✅ 𝐋𝐚𝐛𝐨𝐮𝐫 𝐎𝐟𝐟𝐢𝐜𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬
✅ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐈𝐧𝐜𝐨𝐦𝐞 𝐓𝐚𝐱 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫
✅ 𝐎𝐧𝐥𝐢𝐧𝐞/ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐀𝐜𝐜𝐞𝐬𝐬

ဤ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 တွင်အလုပ်သမားဥပဒေ 𝟏𝟖 ခုကျော်အပြင် တရားဝင်ထုတ်ပြန်ထားသည့် အလုပ်သမားဥပဒေများ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐕𝐞𝐫𝐬𝐢𝐨𝐧 ကိုပါ ထည့်သွင်းထားပါသည်။

သို့ဖြစ်ပါ၍ အသုံးပြုသူများအနေဖြင့်

✅ အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များကို တစ်နေရာတည်းတွင် အချိန်မရွေး၊ နေရာမရွေး ရယူနိုင်ခြင်း၊
✅ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐈𝐧𝐜𝐨𝐦𝐞 𝐓𝐚𝐱 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐨𝐫 ကို အသုံးပြုနိုင်ခြင်း၊
✅ 𝐎𝐟𝐟𝐥𝐢𝐧𝐞 အသုံးပြုနိုင်သည့်အပြင် မိမိသိရှိလိုသည့် ဥပဒေများကို လွယ်လင့်တကူရှာဖွေနိုင်ခြင်း၊
✅ ကြော်ငြာပါဝင်ခြင်းမရှိဘဲ လုံးဝအခမဲ့ အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 ရယူရန်
https://www.comsight-innos.com/our-projects

#𝐋𝐚𝐛𝐨𝐮𝐫𝐋𝐚𝐰 #𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞𝐌𝐚𝐝𝐞𝐒𝐢𝐦𝐩𝐥𝐞 #𝐇𝐑𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 #𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭 #𝐅𝐫𝐞𝐞𝐋𝐚𝐛𝐨𝐮𝐫𝐋𝐚𝐰𝐀𝐩𝐩 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐋𝐚𝐛𝐨𝐮𝐫𝐋𝐚𝐰

𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭သည် ဥပဒေအသိပညာများ သိရှိခြင်းမှတစ်ဆင့် တာဝန်ယူမှုရှိ၍ ရေရှည်တည်တံ့သော တရားမျှတမှုကို အထောက်အကူပြုနိုင်ရန် 𝐁𝐮𝐫𝐦𝐚 ...
15/09/2025

𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭သည် ဥပဒေအသိပညာများ သိရှိခြင်းမှတစ်ဆင့် တာဝန်ယူမှုရှိ၍ ရေရှည်တည်တံ့သော တရားမျှတမှုကို အထောက်အကူပြုနိုင်ရန် 𝐁𝐮𝐫𝐦𝐚 𝐋𝐞𝐱 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 ကို ဖန်တီးခဲ့ပါသည်။

ယခုအခါ အလုပ်သမားဥပဒေများ၊ 𝐇𝐑 𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 ရေးရာများကို ဦးတည်ဖန်တီးထားသည့် 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 အသစ်ကို 𝐁𝐮𝐫𝐦𝐚 𝐋𝐞𝐱 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 နှင့်အတူ အွန်လိုင်းမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ 𝐇𝐑 𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 ရေးရာကဏ္ဍနှင့် အလုပ်သမားဥပဒေရေးရာများ၊ တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် အလေ့အကျင့်များကို မြှင့်တင်ဖန်တီးနိုင်ရန် 𝐁𝐮𝐫𝐦𝐚 𝐋𝐞𝐱 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 နှင့် 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အသစ် အွန်လိုင်းမိတ်ဆက်ပွဲသို့ တက်ရောက်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

“ 𝐌𝐨𝐛𝐢𝐥𝐞 𝐚𝐩𝐩 𝐥𝐚𝐮𝐧𝐜𝐡 & 𝐁𝐮𝐫𝐦𝐚 𝐋𝐞𝐱 𝐋𝐞𝐠𝐚𝐥 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐬𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐄𝐯𝐞𝐧𝐭 ”

𝐃𝐚𝐭𝐞: 𝟐𝟎-𝐒𝐞𝐩-𝟐𝟎𝟐𝟓 (𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)

𝐓𝐢𝐦𝐞: 𝟏𝟎:𝟎𝟎 𝐀𝐌 𝐭𝐨 𝟏𝟏:𝟎𝟎 𝐀𝐌

𝐕𝐞𝐧𝐮𝐞: 𝐎𝐧𝐥𝐢𝐧𝐞 – 𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐞𝐞𝐭

📌 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 – 𝟐𝟎𝟎+ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫𝐞𝐝!📌အလုပ်သမားဥပဒေ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို တရားဝင်လွှင့်တင်မှု မတိုင်မီ ဦးစားပေးသုံးစွဲခွ...
25/08/2025

📌 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 – 𝟐𝟎𝟎+ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫𝐞𝐝!📌

အလုပ်သမားဥပဒေ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို တရားဝင်လွှင့်တင်မှု မတိုင်မီ ဦးစားပေးသုံးစွဲခွင့် အစီအစဉ်ကြေညာသည့်အစီအစဉ်တွင် စာရင်းသွင်းသူ 𝟐𝟎𝟎 ကျော် ရောက်ရှိကြောင်း ဝမ်းမြောက်စွာ မျှဝေခြင်း 🎉

ဤအခြေအနေအရ —

👉 လူထုအတွက် အလုပ်သမားဥပဒေ အချက်အလက်တွေကို လွယ်ကူစွာ ရရှိနိုင်ဖို့ အမှန်တကယ်လိုအပ်နေသည်ကို တွေ့ရှိရပါသည်။

🙏 𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭 အနေဖြင့် ဥပဒေအသိပညာနှင့် တာဝန်ယူမှုတို့ကို သိရှိခြင်းမှတစ်ဆင့် ရေရှည်တည့်တံ့သော တရားမျှတမှုအတွက် အထောက်အကူဖြစ်စေနိုင်ရန် ပံ့ပိုးကူညီခွင့်ရရှိခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူရပါသည်။

📲 မကြာမီတင်ဆက်မည့် အစီအစဉ်များ

👉 ပိုမိုအသုံးပြုရ လွယ်ကူ၍ ဥပဒေသတင်းအချက်အလက်များနှင့် 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 များစွာပါဝင်သော 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အဖြစ် အသုံးပြုနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

👉 နောက်ပိုင်းတွင် 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐕𝐞𝐫𝐬𝐢𝐨𝐧 ကိုပါ မိတ်ဆက်သွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်မည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်ပါကြောင်း သတင်းစကားပါး၍ ကြိုတင်အသိပေးအပ်ပါသည်။

🔍 ထို့အပြင် လာမည့် 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐋𝐚𝐮𝐧𝐜𝐡 အတွက် ဆက်လက် စောင့်ကြည့်ပေးပါရန်နှင့် ဦးစားပေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ကြသူများ၊ အခုအချိန်ထိ 𝐂𝐨𝐦𝐬𝐢𝐠𝐡𝐭 ကို ယုံကြည်၍ ပံ့ပိုးသည့် လူတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။

💬 သင့်အနေနဲ့ 𝐋𝐚𝐛𝐨𝐮𝐫 𝐋𝐚𝐰𝐬 𝐀𝐩𝐩 ကို စမ်းသပ်အသုံးပြုပြီးလျှင် အကြံပြုချက်များကိုလည်း သိပါရစေ။

#𝐋𝐚𝐛𝐨𝐮𝐫𝐋𝐚𝐰 #𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐋𝐞𝐠𝐚𝐥𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 #𝐇𝐑 #𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 #𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 #𝐋𝐚𝐛𝐨𝐮𝐫𝐥𝐚𝐰𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧

📣 အလုပ်သမားဥပဒေဆိုင်ရာ Application သစ်တစ်ခုကို ဦးစားပေးသုံးစွဲခွင့် အစီအစဉ်ကြေညာခြင်းComsight မှ ပံ့ပိုး၍ အကောင်အထည်ဖော်...
20/08/2025

📣 အလုပ်သမားဥပဒေဆိုင်ရာ Application သစ်တစ်ခုကို ဦးစားပေးသုံးစွဲခွင့် အစီအစဉ်ကြေညာခြင်း

Comsight မှ ပံ့ပိုး၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် အလုပ်သမားဥပဒေဆိုင်ရာ Application သစ်တစ်ခု မကြာမီ ထွက်ရှိတော့မည် ဖြစ်ပါသည်။

ဤ Application ကို အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်တွေများအား ပိုမိုလွယ်ကူစွာ ရယူသိရှိနိုင်ရန်၊ ဥပဒေအသိပညာပြန့်ပွားစေရန်၊ ဥပဒေဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များကို သိရှိ၍ တရားမျှတမှုရရှိရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။

ဒီ Application ဟာ သင့်အတွက် ဘယ်လိုအကျိုးရှိမလဲ။

✅ အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များကို တစ်နေရာတည်းတွင် အချိန်မရွေး၊ နေရာမရွေး ရယူနိုင်ခြင်း၊

✅ Personal Income Tax Calculator ကို အသုံးပြုနိုင်ခြင်း၊

✅ Offline အသုံးပြုနိုင်သည့်အပြင် မိမိသိရှိလိုသည့် ဥပဒေများကို လွယ်လင့်တကူရှာဖွေနိုင်ခြင်း၊

✅ လုံးဝအခမဲ့ အသုံးပြုနိုင်ခြင်း။

ဒီ Application ကို အစောဆုံးနဲ့ ဦးစားပေးသုံးစွဲသူတွေထဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အလုပ်သမားဥပဒေရေးရာကိစ္စများကို အခြားသူများ သိရှိအောင် ဤ Post ကို Share သို့မဟုတ် Comments ပေး၍ အောက်ပါ Registration Form ကို Register ပြုလုပ်ခြင်းဖြင့် Application Download ရယူလျက် အထူးဦးစားပေးသုံးစွဲခွင့်ကို ရယူလိုက်ပါ။

Registration Form https://forms.gle/ATHbC7EFddEoNAxD8

#အလုပ်သမားဥပဒေ

လူမှုဖူလုံရေးအဖွဲ့မှ အာမခံထားသူ၏ အများဆုံးလုပ်ခဝင်ငွေနှင့် သားသမီးပညာသင်စရိတ်ခံစားခွင့်နှုန်းထားသတ်မှတ်ခြင်း *****ကောက်န...
19/07/2025

လူမှုဖူလုံရေးအဖွဲ့မှ အာမခံထားသူ၏ အများဆုံးလုပ်ခဝင်ငွေနှင့် သားသမီးပညာသင်စရိတ်ခံစားခွင့်နှုန်းထားသတ်မှတ်ခြင်း
*****
ကောက်နှုတ်ချက်
ဤအမိန့်ကြော်ငြာစာထုတ်ပြန်ချက်အရ အနည်းဆုံး (၃၆) လ ထည့်ဝင်ကြေးငွေပေးသွင်းထားသည့်လူမှုဖူလုံရေးအာမခံထားသူသည် သားသမီးပညာသင်စရိတ်ကို သက်ဆိုင်ရာပညာသင်နှစ်စတင်ပြီး သုံးလအတွင်း အလုပ်ရှင်မှတစ်ဆင့် လူမှုဖူလုံရေးနည်းဥပဒေများ နည်းဥပဒေ ၁၃၂ (ခ) တွင် သတ်မှတ်ထားသည့် အထောက်အထားများနှင့်အတူ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် တံဆိပ်ကို အသုံးပြု၍ အခွန်ထမ်းပြည်သူများသို့ Online ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားန...
15/07/2025

ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် တံဆိပ်ကို အသုံးပြု၍ အခွန်ထမ်းပြည်သူများသို့ Online ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေ၍၊ ဌာနမှ အများပြည်သူသို့ အသိပေးကြေညာချက်ထုတ်ပြန်ထားမှုအား သိရှိနိုင်ပါရန် မျှဝေအပ်ပါသည်။

Address

No. 234, Set Kawut 3 Street, Za Myin Zwe Quarter, North Oakkalapa Township
Yangon
1103011

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 05:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Telephone

+959252426574

Alerts

Be the first to know and let us send you an email when Comsight Innovative Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Comsight Innovative Solution:

Share