Hein Money Changer

Hein Money Changer မှန်ကန်၊ စိတ်ချ ဟိန်းနဲ့မှ။

08/03/2022
☀️ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်က ကမ္ဘာ့စျေးကွက်များတို့ အပေါ်၌ ဘယ်လိုတွေ သက်ရောက်မှု ရှိစေနိုင်မလဲ? ☀️     ပထဝီနိ...
24/02/2022

☀️ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ်က ကမ္ဘာ့စျေးကွက်များတို့ အပေါ်၌ ဘယ်လိုတွေ သက်ရောက်မှု ရှိစေနိုင်မလဲ? ☀️

ပထဝီနိုင်ငံရေး မတည်မငြိမ် ဖြစ်နေသော ကာလများ၌ လူတို့သည် မိမိတို့၏ ပိုင်ဆိုင်မှုများကို
ပျောက်ပျက်မသွားအောင် လုံခြုံစိတ်ချရသည့် အက်ဆက်များတို့၌ ရွှေ့ထားလေ့ရှိကြပါသည်။ လက်ရှိ၌ ကမ္ဘာ့နိုင်ငံ အသီးသီးတို့မှာ ကိုဗစ်ကာလ၏ ဆိုးကျိုးကွင်းဆက်ကြောင့် Inflation မြင့်တက်နေသည့် ဒဏ်ကို ရင်ဆိုင်နေကြရသည်။ ကမ္ဘာလုံးဆိုင်ရာ Inflation နှုန်းက ဆယ်စုနှစ်များစွာသော ကာလမှာ အမြင့်ဆုံး level တွေအထိ မြင့်တက်နေချိန် ပထဝီနိုင်ငံရေး တင်းမာမှု၊နိုင်ငံရေးမငြိမ်မသက်မှုတို့သည်က ထပ်ပြီး စိုးရိမ်ပူပန်စရာတွေအဖြစ်ရှိလာကြပါသည်။

လက်ရှိမှာ ဘွန်းစျေးကွက် ထဲ၌ safe haven လုပ်မှုတွေ ရှိနေပြီး Bond yield ထွက်နှုန်းများ အကျဘက် ရှိလာသည်။ အမေရိကန် 10 နှစ် သက်တမ်း Treasury Yield ဆိုလျှင် 2% ကျော်သာ ရှိတော့ပြီး ဂျာမဏီ၏ 10 နှစ်သက်တမ်း Bond yield ဆိုလျှင် 0% အထက်နား၌ရှိနေပါသည်။

ငွေကြေးစျေးကွက် ထဲမှာတော့ ဒေါ်လာ နှင့် ဆွစ်ဇာလန် ဖရန့်ငွေကြေးတို့ကို Safe haven လုပ်မှု သိသာစွာ ရှိနေပါသည်။ EUR/CHF ငွေကြေးအတွဲဟာ (CHFအတက်များစွာ ရှိလာမှုကြောင့်) 2015 ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး level ဝန်းကျင်နား အထိ အကျ ရှိနေပြီလည်း ဖြစ်ပါသည်။

ကမ္ဘာ့ရွှေဈေးက လက်ရှိ အနေအထားမှာတင် 13 လအတွင်း အမြင့်ဆုံးစျေးတန်းနားမှာ ရှိနေပြီး ယနေ့မနက်တုန်းက တအောင်စကို $1913 အထိ အတက် ရှိထားပါသည်။ စစ်ရေးပဋိပက္ခအရှိန် ဒီထက်ပိုမြင့် လာမည်ဆိုပါက ရွှေဈေးဟာ အတက်လားရာသို့ ဆက်လက် အရှိန်ပါနိုင်ခြေ ရှိနိုင်ပါသည်။

ရုရှားနိုင်ငံဟာ ဂျုံတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သောကြောင့် စစ်ရေးလှုပ်ရှားမှု ရှိလာလျှင် ကမ္ဘာလုံးဆိုင်ရာ ဂျုံစျေးနှုန်း မြင့်တက်မှုတွေ များစွာ ရှိသွားစေနိုင်ပါသည်။ ကိုဗစ်၏ ဂယက်ကြောင့် လက်ရှိ အနေအထားမှာတင်ကို ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်နေပြီးသား ဖြစ်သည်။ မကြာသေးခင်တုန်းက ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က 2021 ခုနှစ်ထဲမှာ ကမ္ဘာ့စားသောက်ကုန် စျေးနှုန်း မြင့်တက်မှုနှုန်း +28%၌ ရှိခဲ့ကြောင်း အစီရင်ခံစာ၌ဆိုထားပါသည်။

ယူကရိန်းကတော့ ပြောင်းဖူး အဓိက တင်ပို့သော နိုင်ငံဖြစ်သည့် အတွက် ပြောင်းစျေးတက်မည့် အလားအလာတွေ ရှိလာစေနိုင်ပါသည်။ စစ်ရေးအရှိန် ထပ်မြင့်လာမည် ဆိုပါက Black sea ပင်လယ်ကို ဖြတ်၍ ကုန်စည်တင်ပို့ ရောင်းချနေကြသော Ukraine, Russia, Kazakhstan , Romania စသည့် Export နိုင်ငံကြီး 4 နိုင်ငံတို့ လမ်းကြောင်းပိတ်သွားနိုင်သည့် အနေအထားမျိုး ရှိလာစေနိုင်ပါသည်။

ရုရှားကရေနံများကို ဥရောပသို့ တင်ပို့ရာ၌ ယူကရိန်းကနေ ဖြတ်ပြီး ပို့ဆောင်ရသည့် လမ်းကြောင်းလည်း ရှိသည် ဖြစ်ရာ ရေနံစျေးကတော့ လက်ရှိတက်နေသည့် အနေအထားထက်ကို ပို၍များစွာ အတက် ရှိသွားစေနိုင်ပါသည်။ 2021ခုနှစ်စာရင်းအရ ယူကရိန်းကို ဖြတ်ပြီး ဥရောပသို့ ရေနံတင်ပို့ ရမှု တနှစ်တာ ပမာဏဟာ မက်ထရစ်တန် 11.9 သန်း ခန့်အထိ ရှိခဲ့ပါသည်။

JP Morgan ဘဏ်ကြီးကတော့ စစ်ရေးအရှိန် ပြင်းထန်လာမည်ဆိုပါက ရေနံတစည်ကို $150 စျေးတန်း အထိ ရောက်နိုင်ခြေ ရှိကြောင်း သုံးသပ်ထားပါသည်။ ဒီကနေ့မှာ Brent ရေနံစိမ်းစျေး $96.50, WTI ရေနံစိမ်းစျေး $94.60 ဝန်းကျင် အထိ တက်ထားပြီး $100 စျေးတန်းရောက်ဖို့ သိပ်မဝေးတော့သည့် အနေအထား၌ ရှိနေပါသည်။

☀️  ရုရှား - ယူကရိန်း တို့အကြား စစ်ရေး တင်းမာမှု လျော့ကျဟန်ရှိသည့် သတင်းတွေထွက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင်  ကမ္ဘာ...
15/02/2022

☀️ ရုရှား - ယူကရိန်း တို့အကြား စစ်ရေး တင်းမာမှု လျော့ကျဟန်ရှိသည့် သတင်းတွေထွက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် ကမ္ဘာ့ရေနံစျေးနှုန်းနှင့် ကမ္ဘာ့ရွှေစျေးနှုန်းတို့ ဟာ အကျပြန်ရှိလာခဲ့ကြပါသည်။

လက်ရှိ၌ WTI ရေနံစိမ်းစျေးက အကျနှုန်း -3% ကျော် ရှိလာပြီး Brent ရေနံစိမ်းစျေးက အကျနှုန်း -2.6% ကျော် ရှိထားပါသည်။ ကမ္ဘာ့ရွှေစျေးနှုန်းက သတင်းမထွက်ခင် ရောက်ရှိနေခဲ့သည့် $1879.40 ဝန်းကျင်ကနေ နာရီပိုင်းအတွင်း $1852.30 အထိ ကျဆင်းကာ အကျနှုန်း -1% နီးပါးအထိ အကျရှိနေခဲ့ပြီလည်း ဖြစ်ပါသည်။ ☀️


15. 2. 2022

☀️  Tesla ကုမ္ပဏီရဲ့ 2007 ခုနှစ်တုန်းက ရရှိခဲ့တဲ့ တနှစ်တာပတ်လုံးရဲ့ဝင်ငွေဟာ$73,000 သာ ရှိခဲ့ပါသည်။      2010 ခုနှစ်ထဲမှာ...
31/01/2022

☀️ Tesla ကုမ္ပဏီရဲ့ 2007 ခုနှစ်တုန်းက ရရှိခဲ့တဲ့ တနှစ်တာပတ်လုံးရဲ့ဝင်ငွေဟာ
$73,000 သာ ရှိခဲ့ပါသည်။

2010 ခုနှစ်ထဲမှာတော့ Teslaရဲ့ 5 နာရီစာ ဝင်ငွေဟာ $73,000 အထိ ရှိလာခဲ့ပါသည်။

2015 ခုနှစ်မှာတော့ $73,000 ဟူသော ဝင်ငွေပမာဏကို 9 မိနစ်တိုင်းမှာ ရရှိသည် အထိ အောင်မြင်မှု ရရှိလာခဲ့သည်။

2020 ခုနှစ်၌ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလမျိုးမှာတောင်မှ ဝင်ငွေ လျော့ကျသွားမှု မရှိဘဲ တမိနစ်ဝင်ငွေဟာ$73,000 အထိ မြင့်တက်လာခဲ့သည်။

ယခု 2022 ခုနှစ်မှာတော့ 28 စက္ကန့်ကို $73,000 အထိ ဝင်ငွေ ရရှိနေပြီလည်းဖြစ်ပါသည်။

Tesla ရဲ့ Net Income ဟာ 2007 - 2019 ကာလအတွင်း၌ $6.7ဘီလီယံရ ရှိခဲ့ရာကနေ 2020 - 2021 ကာလ (တနှစ်) အတွင်းမှာတော့
Tesla ရဲ့ Net Income ဟာ $6.7 ဘီလီယံ အထိရှိခဲ့ပြီလည်း ဖြစ်ပါသည်။ ☀️

Credit

☀️ Fed အတိုးနှုန်း တိုးခြင်းက အာရှစီးပွားရေး နာလန်ထူမှုကို အဟန့်ဖြစ်စေနိုင်ကြောင်း IMF သတိပေး ☀️     အမေရိကန် Fed ဗဟိုဘဏ...
26/01/2022

☀️ Fed အတိုးနှုန်း တိုးခြင်းက အာရှစီးပွားရေး နာလန်ထူမှုကို အဟန့်ဖြစ်စေနိုင်ကြောင်း IMF သတိပေး ☀️

အမေရိကန် Fed ဗဟိုဘဏ်ကြီးက အတိုးနှုန်းတိုးမည့် လမ်းကြောင်း၌ ရှိလာနေသောကြောင့် Fed သာ အတိုးနှုန်း တိုးလိုက်မည် ဆိုလျှင် အာရှနိုင်ငံများ၏ စီးပွားရေးနာလန်ထူမှု အနေအထားအပေါ် ထိခိုက်မှုတွေ ရှိစေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က သတိပေး ပြောကြားလိုက်ပါသည်။

အဓိက ကတော့ အာရှနိုင်ငံများရဲ့ ကြွေးမြီဝန်ထုပ် ကြီးမား လာနေခြင်းကြောင့်ဟု IMF မှ အာရှ-ပစိဖိတ်ဒေသ၏ ဒါရိုက်တာ ဖြစ်သူ Changyong Rhee က CNBC တီဗွီအစီအစဉ်၌ သုံးသပ် ပြောကြားခဲ့ပါသည်။

2007/2008 ခုနှစ် ကမ္ဘာလုံးဆိုင်ရာ Financial crisis ဖြစ်ခဲ့သည့် ကာလတုန်းက အာရှဒေသ၏ ကြွေးမြီသည် ကမ္ဘာ့ နိုင်ငံများအားလုံး၏ ကြွေးမြီစုစုပေါင်းရဲ့ 27% သာ ရှိခဲ့သည်။ ယခု 2021 ခုနှစ်မှာတော့ Global debt ၏ 40% အထိ ရှိလာပြီလည်း ဖြစ်ပါသည်။

IMF က 2022 ခုနှစ်အတွက် တရုတ် စီးပွားရေး တိုးတက်မှုနှုန်းကိုလည်း ယခင်က 5.6% တိုးတက်နိုင်ခြေ မှန်းထားသော်လည်း 4.8% အထိ လျှော့ချခန့်မှန်းလိုက်ပါသည်။

25/01/2022
☀️ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေလည်း စတော့တွေ အကျရှိမှုကြောင့် ပိုင်ဆိုင်မှုတန်ဖိုးများ ထိခိုက်ဆုံးရှုံးမှုရှိနေကြ ☀️ ...
23/01/2022

☀️ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေလည်း စတော့တွေ အကျရှိမှုကြောင့် ပိုင်ဆိုင်မှုတန်ဖိုးများ ထိခိုက်ဆုံးရှုံးမှုရှိနေကြ ☀️

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ၌ နည်းပညာစတော့များ နှင့် ခရစ်တိုငွေကြေးများ အလွန်ဆိုးဝါးစွာ ကျဆင်းမှုတွေ ရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် 1 နဲ့ 2 နေရာ၌ ရှိနေသော Elon Musk နှင့် Jeff Bezos တို့၏ ချမ်းသာကြွယ်ဝတန်ဖိုးတွေ ဘီလီယံနှင့် ချီပြီး ကျဆင်းမှု ရှိခဲ့ကြပါသည်။

ပြီးခဲ့တဲ့ တပတ်အတွင်း၌ Global Stock စျေးကွက်ထဲ အကျများစွာ ရှိခဲ့ပြီး COVID-19 ကပ်ရောဂါ စတင်ပြန့်နှံ့ခဲ့တုန်း Crash ဖြစ်မှု ရှိခဲ့ပြီးတဲ့နောက်ပိုင်း အကျအများဆုံး သီတင်းပတ် အဖြစ်လည်း ရှိခဲ့ပါသည်။ NASDAQ နည်းပညာ စတော့ညွှန်းကိန်းဆိုလျှင် တပတ်တာ အကျနှုန်း 7.6% ရှိခဲ့ပြီး 2020 ခုနှစ် မတ်လနောက်ပိုင်း တပတ်တာအကျ အများဆုံးလည်း ဖြစ်ခဲ့ပါသည်။ လက်ရှိ NASDAQ စတော့ညွှန်းကိန်းက 4 ပတ် ဆက်တိုက် အကျလမ်းကြောင်း၌ ရှိလာခဲ့ခြင်းလည်း ဖြစ်ပါသည်။

ခရစ်တိုငွေကြေးစျေးကွက်ဘက်ကို ကြည့်ပါက Bitcoin ဆိုလျှင် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရောက်ခဲ့သည့် သက်တမ်းတလျှောက်အမြင့်ဆုံးစျေး $69,000 ဝန်းကျင်မှ မနေ့က အနိမ့်ဆုံးစျေး $34,000 အထိ ထက်ဝက်ကျော် ပြန်ကျထားသည်ကို တွေ့ရမည်။ ခရစ်တိုငွေကြေးများ အားလုံး အကျဘက် ထိုးစိုက်ဆင်းနေပြီး ခရစ်တိုငွေကြေးများ အားလုံး၏ စျေးကွက် အရင်းပြုတန်ဖိုးသည်လည်း ဒေါ်လာ 1 ထရီလီယံ ကျော် ကျဆင်းမှု ရှိခဲ့ပါသည်။

နည်းပညာ ကုမ္ပဏီကြီးများ၏ Founder များ၊ နည်းပညာစတော့များ နှင့် ခရစ်တိုငွေကြေးများတို့ကို များစွာ ပိုင်ဆိုင်ထားရှိသည့် ကမ္ဘာ့ထိပ်တန်း ဘီလျံနာကြီးများသည်လည်း ဆုံးရှုံးမှု တန်ဖိုး မနည်းမနှောပင် ရှိလာခဲ့သည်။

Bloomberg မှ စာရင်းအရ
Tesla နှင့် SpaceX founderဖြစ်သူ
Elon Musk က - $25.1 ဘီလီယံ

Amazon ၏ စီအီးအိုဟောင်း
Jeff Bezos က - $20 ဘီလီယံ

Binance စီအီးအို
Changpeng Zhao က - $17.7 ဘီလီယံ နှင့်

Facebook founder
Mark Zuckerberg က - $10.4 ဘီလီယံ
စသည်ဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုတန်ဖိုး များစွာ ထိခိုက်ကျဆင်းမှု ရှိခဲ့ကြပါသည်။

Credit

☀️ တရုတ် ဗဟိုဘဏ် PBOC က ချေးငွေအတိုးနှုန်း ရုတ်တရက် လျှော့ချ ☀️    ဒီကနေ့ တနင်္လာနေ့၌ တရုတ်ဗဟိုဘဏ် PBOC က ရေတိုကာလ ချေးင...
17/01/2022

☀️ တရုတ် ဗဟိုဘဏ် PBOC က ချေးငွေအတိုးနှုန်း ရုတ်တရက် လျှော့ချ ☀️

ဒီကနေ့ တနင်္လာနေ့၌ တရုတ်ဗဟိုဘဏ် PBOC က ရေတိုကာလ ချေးငွေအတိုးနှုန်းများကို ရုတ်တရက်လျှော့ချမှု လုပ်ခဲ့ပါသည်။ ကာလတိုချေးငွေ အတိုးနှုန်း (MLF) ကို အခြေခံပွိုင့် 10 ပွိုင့် (0.10%) လျှော့ချမှု လုပ်ခဲ့ပါသည်။ ယခု တကြိမ် MLF အတိုးနှုန်း လျှော့ချမှုဟာ 2020 ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် လျှော့ချမှု လုပ်ခြင်းလည်း ဖြစ်ပါသည်။

မကြာသေးခင်က တရုတ်၌ အိုမီခရွန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာခဲ့သောကြောင့် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမည့် အနေအထားကို စိုးရိမ်နေကြကြောင်း တရုတ်ဘောဂဗေဒ ပညာရှင်များက ဆိုထားကြသည်။

PBOC ဟာ MLF အတိုးနှုန်းကိုလျှော့ချရုံတင်မက 7 ရက် သက်တမ်း ငွေချေးစာချုပ်အတိုးနှုန်း (reverse repurchase rate) ကိုလည်း လျှော့ချခဲ့ပြီး ရေတိုကာလ စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန် ယွမ် 200 ဘီလီယံကို ဘဏ္ဍာရေးစနစ်ထဲသို့ ထိုးသိပ်ပေးမှု လုပ်ခဲ့ပါသည်။

PBOC ရဲ့ ငွေကြေးပေါ်လစီ ဖြေလျှော့မှု လုပ်ဆောင်ချက်အပြီး၌ တရုတ်ယွမ် တန်ဖိုး သိသာစွာ ကျဆင်းမှု မရှိဘဲ တဒေါ်လာကို 6.35 ဝန်းကျင်၌ သာ ဝဲနေပါသည်။

ယနေ့မှာတင်ပဲ တရုတ်နိုင်ငံ၏ GDP နှုန်းထား ထုတ်ပြန်ခဲ့ပြီး 2021 ခုနှစ် နှစ်ပေါက်လုံးစာ GDP နှုန်းက 8.1% အထိ တိုးတက်မှု ရှိခဲ့သည်။ သို့သော် ဘောဂဗေဒပညာရှင်များကတော့ မကြာသေးခင်က အိုမီခရွန်ကူးစက်မှုကြောင့် တရုတ်၌ အသွားအလာကန့်သတ်မှုတွေ ပြန်လုပ်ရသည့် အနေအထားကြောင့် ယခုနှစ် ပထမသုံးလပတ်ကာလ GDP (Q1- GDP) ကတော့ အကျဘက် ပြန်ရှိနိုင်ကြောင်း သုံးသပ်ထားပြီး ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အတိုးနှုန်းလျှော့ချမှုကို လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားထားပါသည်။

Credit

☀️ ချမ်းသာသောဖေဖေ၊ ဆင်းရဲသောဖေဖေ စာအုပ်ထဲမှ ငွေရေးကြေးရေးနဲ့ ပက်သက်ပြီး မှတ်သားစရာ အချက် 7 ချက် ☀️    လူမှုဘဝ၌ သင်ယူစရာ ...
17/01/2022

☀️ ချမ်းသာသောဖေဖေ၊ ဆင်းရဲသောဖေဖေ စာအုပ်ထဲမှ ငွေရေးကြေးရေးနဲ့ ပက်သက်ပြီး မှတ်သားစရာ အချက် 7 ချက် ☀️

လူမှုဘဝ၌ သင်ယူစရာ ပညာရပ်များစွာ ရှိကြပါသည်။ လူတဦးချင်းဆီ၌ မိမိစိတ်ဝင်စားသည့် ပညာရပ်၊ ကျွမ်းကျင်ထားသည့် ပညာရပ်ချင်း မတူနိုင်ကြပေ။ ဆေးပညာသည် လူတိုင်းနှင့် သက်ဆိုင်ချင်မှ သက်ဆိုင်မည်။ လက်မှုပညာသည် လူတိုင်းနှင့် သက်ဆိုင်ချင်မှ သက်ဆိုင်မည်။ ဆောက်လုပ်ရေး ပညာသည်လည်း လူတိုင်းနှင့် သက်ဆိုင်ချင်မှ သက်ဆိုင်မည်။

သို့သော် "ငွေရေးကြေးရေးပညာ" ကတော့ လူသားအားလုံးနှင့် သက်ဆိုင်ပါသည်။ လူရယ်လို့ မဖြစ်လာသေးခင် အမိဝမ်းထဲမှာ ရှိခဲ့စဥ်ကတည်းက ဆေးဖိုးဝါးခ၊ အစာအာဟာရတို့ အတွက် မိခင်က ငွေသုံးစွဲပေးမှသာ လူ့ဘဝကို ချောချောမောမော ရောက်လာကြနိုင်သည် မဟုတ်လား။ ကလေးဘဝမှာတော့ ငွေရေးကြေးရေး ကိစ္စများဟာ တိုက်ရိုက် သက်ဆိုင်မှု မရှိခဲ့သော်လည်း အရွယ်ရောက်သူတိုင်း ငွေရေးကြေးရေး အတွက် လုံးပန်းနေကြရစမြဲသာ ဖြစ်သည်။ ထို့ကြောင့် ငွေကြေးနဲ့ ပက်သက်ပြီး ချမ်းသာသောဖေဖေ၊ ဆင်းရဲသောဖေဖေ စာအုပ် ထဲမှ မှတ်သားစရာ အချက်များကို မျှဝေလိုက်ပါသည်။

(1) The rich make their money work for them
ချမ်းသာသော သူတွေဟာ ငွေကို၎င်းတို့ အတွက် အလုပ်လုပ်ခိုင်းကြသည်။ မိတ်ဆွေဟာ လက်ရှိမှာ ဘယ်သူအတွက် အလုပ်လုပ်နေပါသလဲ? တွေးကြည့်သင့်ပါသည်။ "ရှင်သန်ဖို့ အတွက် အလုပ်လုပ်တယ် (သို့) အလုပ်လုပ်ဖို့ အတွက် ရှင်သန်တယ်" ဆိုတဲ့ စကားကို ကြားဖူးနားဝ ရှိဖူးကြလိမ့်မည်။

ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ရှိကြတဲ့ အလုပ်အများစုဟာ ရှင်သန်ရုံ အတွက်သာ လုပ်နေရတာက များပါသည်။ အကယ်၍ ပြဿနာတစုံတရာ ရှိလာခဲ့ပါက ရှင်သန်ရပ်တည်ဖို့တောင်မှ ခက်ခဲသွားနိုင်သည့် အနေအထားမျိုးတွေ ရှိကြသည်။ မမျှော်လင့်ထားသည့် ပြဿနာများ ရှိလာသော် ကြွေးမြီဝန်များ ပိလာနိုင်ပြီး ကြွေးမြီဝန်ကို ဖြေရှင်းလိုက်၊ ရှင်သန်ဖို့ ကြိုးစားလိုက်၊ ကြွေးမြီဝန်ပြန်ပိလိုက် စသဖြင့် သံသရာလည်နေသည့် အဖြစ်မျိုးတွေလည်း ရှိတတ်ကြသည်။

များသောအားဖြင့် လူတွေဟာ ပညာပိုတတ်အောင်လုပ်လျှင် အလုပ်ကောင်းရနိုင်ပြီး လစာဝင်ငွေများများ ရနိုင်သည်ဟု တွေးကြသည်။ ငွေများများရအောင် ရှာဖို့ လစာများသည့် အလုပ်ရဖို့ပဲ မျှော်လင့်ကြသည်။ လစာဘယ်လောက်ကောင်းသည့် အလုပ်ပင်ဖြစ်စေ မိမိပိုကြိုးစားလည်း ထိုလစာထက်ပိုသော ငွေကြေးပမာဏ ရှိနိုင်မည် မဟုတ်ပေ။ မိတ်ဆွေ၏ ဝင်ငွေသည့် အကန့်အသတ်နဲ့သာ ရှိနေနိုင်သည်။

ချမ်းသာသည့် သူများဟာ လစာငွေများများရဖို့ ၊အကန့်အသတ်ဝင်ငွေလောက်ကို
သာ မျှော်လင့်၍ အလုပ်လုပ်ကြတာမျိုးတွေ
မဟုတ်ကြဘဲ ငွေကို ၎င်းတို့အတွက်24 နာရီပတ်လုံး အလုပ်လုပ်စေကြပါသည်။ တနည်း ပြောရလျှင် မိမိတို့ အိပ်နေစဥ်မှာတောင် မိမိတို့အတွက် ဝင်ငွေ ရရှိအောင် ငွေကို အလုပ်လုပ်ခိုင်းတာမျိုးသာ ဖြစ်ကြသည်။

(2) Financial education is your greatest asset
ငွေရေးကြေးရေး ပညာကို တတ်မြောက်ထားခြင်းသည်သာ အဖိုးအတန်ဆုံး အက်ဆက်ကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်ပါသည်။ မြန်မာမှုပြုရလျှင် "ပညာရွှေအိုး၊ လူမခိုး" ဟု ဆိုနိုင်သည်။ ဒါဖြင့် ဘယ်လိုပညာလဲ?... ငွေရေးကြေးရေး နှင့် ပက်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပညာ၊ ရောင်းဝယ်ရေးပညာ၊ စာရင်းအင်းပညာ၊ စျေးကွက်ထိုးဖောက်ခြင်းပညာ စသည်တို့ကို နားလည်ထားဖို့ လိုပါသည်။

(3) Don't work to earn money; work to learn
ငွေတခုတည်းအတွက် အလုပ် မလုပ်ပါနှင့်၊ ကျွမ်းကျင်မှု ရအောင် လုပ်သင့်ပါသည်။ မည်သည့် လုပ်ငန်းနယ်ပယ်၌ မဆို အများထက်သာသည့် အရည်အချင်း၊ အတွေ့အကြုံမျိုး ရှိထားပါက မိတ်ဆွေရဲ့ profession က ငွေအလိုလို ရှာပေးနိုင်ပေလိမ့်မည်။ အလုပ်တခုကို လုပ်တော့မည်ဆိုပါက ဝင်ငွေဆိုတာထက် အရည်အချင်းတိုးတက်အောင် ဘာတွေ ထပ်ပြီး သင်ယူနိုင်မလဲ ဆိုသည့် အချက်ကိုပါ စဉ်းစားသင့်ပါသည်။

(4) Know the difference between assets and liabilities
အသုံး နှင့် အဖြုန်း ကို ခွဲခြားသိမြင်နိုင်ဖို့ လိုပါသည်။ မိမိအိတ်ကပ်ထဲ ရောက်ပြီးသား ငွေကို ပွားလာနိုင်သည့် အရာမှာ အသုံးချသလား? ထပ်ကုန်စေမည့် အရာတွေမှာ သုံးမိနေသလား? ဆိုတာ သတိထားသင့်ပါသည်။ Assets ဆိုသည်မှာ မိမိက ရမည့်အရာ၊ liabilities ဆိုတာကတော့ မိမိကပေးရသည့် အရာဖြစ်သောကြောင့် ရသမျှငွေကို နောက်ဆုံးပေါ် ဖုန်း၊ ကား၊ အီလက်ထရွန်နစ် ပစ္စည်းစသည့် အရာများ၌ သုံးစွဲနေခြင်းသည် liabilities တွေမှာ ငွေဖြုန်းနေခြင်း ဖြစ်သည်။ အကယ်၍ မိတ်ဆွေ၏ ဝင်ငွေကို အနာဂတ်တွင် အကျိုးအမြတ်ရှိမည့် ရင်းနှီးမြှုပ်နှံမှုကိုလုပ်ခြင်း၊ ပညာရပ်တခုခုကို လေ့လာဖို့ သင်တန်းတက်ခြင်း၊ ရွှေ ကဲ့သို့ သိမ်းဆည်းတန်ဖိုး ရှိသည့် အရာများတွင် သုံးခြင်းက အက်ဆက်များအတွက် ငွေသုံးခြင်း ဖြစ်ပေမည်။

(5) Reduce your spending as much as possible
မလိုအပ်သည့် အရာတွေ အတွက် ငွေ
အသုံးကိုတတ်နိုင်သမျှလျှော့ချပါ။ အသုံးအဆောင် ပစ္စည်း တခုခုဝယ်ယူမည်ဆိုလျှင် ကိုယ့်အတွက် အမှန်တကယ် လိုအပ်ရဲ့လား? ဆိုတာကို စဉ်းစားသင့်ပါသည်။ ဖုန်းတလုံးရှိလျှက်နဲ့ နောက်တလုံးဝယ်ချင်သည်ဆိုပါက မလိုအပ်ဘဲ သုံးခြင်း ဖြစ်သည်။ တတ်နိုင်သမျှ liabilities တွေမှာ ငွေမသုံးမိအောင်နေခြင်းဟာ ကြွေးမြီဆိုသည့် အပူမီးနှင့် ကင်းဝေးစေနိုင်ပါသည်။

(6) Reinvest the profits you make
ရရှိတဲ့ အကျိုးအမြတ်များကို ပြန်တိုးပွားအောင် ပြန်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်သင့်ပါသည်။ ငွေကို တိုးပွားအောင် လုပ်နိုင်ဖို့ ရွှေ ၊ ငွေ နှင့် ကုန်စည်များ စုဆောင်းခြင်းကဲ့သို့ သမာရိုးကျ ရင်းနှီးမြှုပ်နှံမှု အက်ဆက်တွေ ရှိသလို ခေတ်စနစ်နဲ့ အညီ စတော့ရှယ်ယာ၊ ခရစ်တိုငွေကြေး များကဲ့သို့ အက်ဆက်အမျိုးအစားတွေ ရှိပါသည်။ ၎င်းအက်ဆက်များ၌ ရင်းနှီးမြှုပ်နှံထား မည် ဆိုပါက နားလည်အောင်တော့ အရင်လေ့လာထားဖို့ လိုအပ်ပါသည်။

(7) Don't rely exclusively on financial advisors
ဘဏ္ဍာရေးအကြံပေးတွေအပေါ်မှာ
ဘဲအလုံးစုံမှီခို အားကိုးမှုမလုပ်ပါနဲ့။ငွေရေးကြေးရေးနဲ့ ပက်သက်ပြီးတော့၊ရင်းနှီးမြှုပ်နှံမှုပိုင်းတို့၌လည်း သူတပါးရဲ့ အကြံဉာဏ်ကို အားကိုးအားထား မပြုသင့်ပေ။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ပါသည်။ "Learn how to invest because nobody will do it better than you" ဟု စာရေးသူ ရောဘတ်က ပြောကြားထားပါသည်။

Credit

အရှေ့နဲ့ အနောက် ယဉ်ကျေးမှု ကွာဟချက်လေးတွေ။ စီးပွါးရေးလုပ်ချိန်မှာ Culture different ကလည်း သတိထားရတဲ့အချက်ပါပဲ။
15/01/2022

အရှေ့နဲ့ အနောက် ယဉ်ကျေးမှု ကွာဟချက်လေးတွေ။ စီးပွါးရေးလုပ်ချိန်မှာ Culture different ကလည်း သတိထားရတဲ့အချက်ပါပဲ။

☀️ ကမ္ဘာကျော် နံမည်ကြီးကုမ္ပဏီကြီးတွေရဲ့ တနှစ်တာဝင်ငွေ $100 ဘီလီယံအထိ ရှိလာဖို့ အချိန်ယူခဲ့ရတဲ့ ကြာမြင့်ချိန်ကာလများ - F...
14/01/2022

☀️ ကမ္ဘာကျော် နံမည်ကြီးကုမ္ပဏီကြီးတွေရဲ့ တနှစ်တာဝင်ငွေ $100 ဘီလီယံအထိ ရှိလာဖို့ အချိန်ယူခဲ့ရတဲ့ ကြာမြင့်ချိန်ကာလများ -

Facebook ကုမ္ပဏီက 17 နှစ်

Google ကုမ္ပဏီက 19 နှစ်

Amazon ကုမ္ပဏီက 21 နှစ်

Costco ကုမ္ပဏီက 28 နှစ်

Microsoft ကုမ္ပဏီက 40 နှစ်

Walmart ကုမ္ပဏီက 45 နှစ်

General Motors ကုမ္ပဏီက 53 နှစ်

Chevron ကုမ္ပဏီက 121 နှစ်

AT&T ကုမ္ပဏီက 130 နှစ် စသဖြင့် နှစ်ကာလ အသီးသီး ရှိခဲ့ကြပါသည်။

နည်းပညာ ကုမ္ပဏီကြီးများတို့က သမားရိုးကျလုပ်ငန်းများကို
အခြေခံထားသည့် ကုမ္ပဏီများထက် ကာလတိုအတွင်း အောင်မြင်မှု ရရှိခဲ့ကြသည်ကို လေ့လာသိရှိရပါသည်။ ☀️

Credit

Paper Gold ဆောင်ရွက်ရန် ဗဟိုဘဏ်တွင် လျှောက်ထား~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘဏ်ကနေ ရွှေရောင်းချပေးဖို့ စီမံချက် ဥပေဒ ...
13/01/2022

Paper Gold ဆောင်ရွက်ရန် ဗဟိုဘဏ်တွင် လျှောက်ထား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘဏ်ကနေ ရွှေရောင်းချပေးဖို့ စီမံချက် ဥပေဒ (SKR) ရရှိဖို့ ဗဟိုဘဏ်မှာ လျှောက်ထားဆဲဖြစ်တယ်လို့
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောပါတယ်။

လက်ရှိ နိုင်ငံတကာမှာ ကျင့်သုံးနေသလို ရွှေကိုပြည်တွင်းက ဘဏ်တွေမှာပါ ရောင်းချနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဘဏ်နဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်က Paper Gold စီမံချက်ဥပေဒေ ထုတ်ပေးလာရင်တော့ ဘဏ်ကနေ ရွှေကိုရောင်းချပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးမျိုးမြင့်က အခုလို ပြောပါတယ်။

“ Paper Gold ရဲ့အစစ်အမှန်ကတော့ လန်ဒန်ရွှေဈေးကွက်မှာပေါက်နေတဲ့ ဘာကလေအမှတ်တံဆိပ်ကနေပြီးတော့ ကျွန်တော်တို့ကို ဒေါ်လာ ၂၄ သန်း သန့်စင်တဲ့လုပ်ငန်းအတွက် ကမ်းလှမ်းပါတယ်။ အဲဒီရွှေကို ဒီမှာသန့်စင်ပြီးတော့ သန့်စင်ပြီးရင် ဟိုကိုသယ် မသွားဘူး။ ဒီကဘဏ်မှာအပ်ထားမယ်။ သူတို့က လန်ဒန်ဈေးကွက်မှာ Paper Gold အနေနဲ့ ဟိုမှာရောင်းမယ် ဝယ်မယ်ပေါ့။

ဒီပြည်တွင်းကလူ ဝယ်မယ်ဆိုရင်လည်း ရောင်းပေး ဝယ်ပေးပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဥပဒေတစ်ခုလိုနေပါတယ်။ ဘဏ်မှာရွှေစစ်ဆေးပြီးတော့ အပ်နိုင်တဲ့ ဥပဒေပေါ့။ SKR လို့ခေါ်တဲ့ Safe Keeping Receipts လို့ခေါ်ပါတယ်။ အဲဒီဥပဒေလိုနေတဲ့အတွက် ဗဟိုဘဏ်မှာလျှောက်ထားဆဲဖြစ်ပါတယ်။ အဲဒါရသွားရင်တော့ နိုင်ငံခြားကုမ္ပဏီကနေဝင်လာပြီးတော့ ဒီမှာလုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။

လောလောဆယ်မှာလည်း ရွှေရောင်းဝယ်တာတွေကို ဘဏ်ကနေ ချက်လက်မှတ်နဲ့ ဆောင်ရွက်နေတာ ရှိတယ်လို့လည်း သူကဆိုပါတယ်။

ဘဏ်ကနေ ရွှေဝယ်ယူမယ်ဆိုရင်တော့ ငွေသားလက်ငင်းနဲ့သာ ဝယ်ယူ ရမှာဖြစ်ပြီး အရင်က ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေနဲ့လတ်တလောမှာ ဝယ်ယူလို့မရနိုင်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဘဏ်ကနေ ရွှေကို ရောင်းချပေးနိုင်ဖို့အတွက် အခေါက်ရွှေ (၉၉.၉၉) ရာနှုန်းပြည့်ရွှေတွေကို ဘဏ်မှာ အပ်ပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

One News Myanmar

Address

No 13, Bo Saw Oo Street, Kyeemyindaing Township
Yangon
11101

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 05:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:03
Saturday 08:30 - 17:30

Telephone

+959403722334

Alerts

Be the first to know and let us send you an email when Hein Money Changer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share