Top Synergy Consulting Co.,Ltd

Top Synergy Consulting Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Top Synergy Consulting Co.,Ltd, Business service, No. 45, 4th floor, Yae Kyaw Street, Pazuntaung Township, Yangon.

📢 ၂၀၂၅ -၂၀၂၆ ဝင်ငွေနှစ်အတွက် နှစ်စဉ်ဝင်ငွေကြေညာလွှာ (E-Filing)  တင်သွင်းခြင်း။ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်က...
21/05/2026

📢 ၂၀၂၅ -၂၀၂၆ ဝင်ငွေနှစ်အတွက် နှစ်စဉ်ဝင်ငွေကြေညာလွှာ (E-Filing) တင်သွင်းခြင်း။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများအားလုံးသည် ၂၀၂၅ -၂၀၂၆ ဝင်ငွေနှစ်အတွက် နှစ်စဉ်ဝင်ငွေကြေညာလွှာ (Annual Income Tax Return / E-Filing) ကို ၃၀.၆.၂၀၂၆ မတိုင်မီ မဖြစ်မနေ တင်သွင်းရမည်ဖြစ်ပါသည်။
ကျွန်တော်များ Top Synergy Consulting Co., Ltd. မှ Company အခွန်နှင့်စာရင်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်
✅Financial Statements များ ရေးဆွဲပေးခြင်း
✅ E-Filing တင်ပေးခြင်း
✅ Tax Assessment/Tax Clearance ရရှိသည်အထိ ဆောင်ရွက်ပေးခြင်း
✅ TIN Certificate / အခွန်ထမ်းမှတ်ပုံတင် မရှိသေးပါက လျှောက်ထားပေးခြင်း များဆောင်ရွက် ပေးလျှက်ရှိပါသည်။
‼ သတ်မှတ်ထားသော အချိန်အတွင်း Annual Return / E-Filing မတင်ပါက ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
💹 လူကြီးမင်းတို့ လုပ်ငန်းအတွက် အချိန်ကုန်/ငွေကုန်သက်သာစေရန် ကျွန်တော်များTSCကို အခုပဲ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
ကျွန်တော်များ TSCကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
✔လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အကြံဉာဏ်များ ပေးနိုင်ခြင်း
✔မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု
✔အတွေ့အကြုံရှိ Professional Team မှ ဆောင်ရွက်ပေးခြင်း
✔One-Stop Service ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း
✔အချိန်နှင့် ကုန်ကျစရိတ် သက်သာစေခြင်းတို့ကြောင့်ဖြစ်ပါတယ် ခင်ဗျာ........

☎ Contact Us
📞+95 9791082968 (Viber)
📱+95 9406483983
📩[email protected]
🏢Office Address-
No.45, 4th Floor, Yae Kyaw Road, Pazundaung Township, Yangon Region.

09/04/2026

ကုမ္ပဏီ တစ်ခုတည်ထောင်ဖို့ လိုအပ်နေပြီလား?

လေးစားအပ်ပါသော လုပ်ငန်းရှင်များခင်ဗျာ၊ ကုမ္ပဏီတစ်ခု စတင်ဖို့ စိတ်ကူးရှိနေပါသလား? လူကြီးမင်းတို့ အနေဖြင့် ကုမ္ပဏီတည်ထောင်ရန် စတင်လိုသော်လည်း —
▪ လုပ်ငန်းစဉ်များ မရှင်းလင်းခြင်း
▪ စာရွက်စာတမ်းများ ပြင်ဆင်ရာတွင် အခက်အခဲများရှိခြင်း
▪ အချိန်မလုံလောက်ခြင်း
▪ ဥပဒေနှင့်ကိုက်ညီမှုအပေါ် စိုးရိမ်မှုများရှိခြင်းတို့ကြောင့် စတင်ရန် ခက်ခဲနေပါသလား?
ကျွန်တော်များ ကုမ္ပဏီမှ တိကျမြန်ဆန်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် ခင်ဗျာ။

💼 Company တည်ထောင်ရန် လိုအပ်သော အချက်အလက်များကို sharing လုပ်ပေးလိုက်ပါတယ် ခင်ဗျာ
✅Company Name
✅NRC Copy of Directors
✅Permanent Address, Email Id and Phone Number of directors
✅Register Office Address
✅Address of Principal place of business ( If different to registered office)
✅Total Number of shares
✅Number of shares of each Shareholder
✅Constitution (MOA & AOA) or Own Constituation or Model Constituation စသည်တို့ ဖြစ်ပါသည်။
________________________________________
🎯 ဘာကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်သင့်လဲ?
✅ မိမိတို့လုပ်ငန်းအတွက် လိုအပ်သောအကြံများ ပေးနိုင်ခြင်း
✅မြန်ဆန်ပြီး စိတ်ချရသော ဝန်ဆောင်မှု
✅ အတွေ့အကြုံရှိသော ဝန်ထမ်းများမှ ဆောင်ရွက်ပေးခြင်း
✅ One-stop Service ရနိုင်ခြင်း
✅ အချိန်နှင့် ကုန်ကျစရိတ် သက်သာစေခြင်း စသည်တို့ကြောင့် ‌ရွေးချယ်သင့်ပါတယ် ခင်ဗျာ
💡 သင့်လုပ်ငန်းအောင်မြင်မှုက ကျွန်ုပ်တို့၏ မျှော်မှန်းချက်ဖြစ်ပါတယ် ခင်ဗျာ
📌 Startup လုပ်ငန်းရှင်များ၊ SME လုပ်ငန်းရှင်များ အတွက် အထူးသင့်လျော်ပြီးအကောင်းဆုံးဖြစ်ပါတယ်။

📞 ယနေ့ပဲ စတင်လိုက်ပါ!
☎ +959791082968 (Viber)/ +95 9406483983
[email protected]
Office Address -No.45,4th Floor, Yae Kyaw Road, Pazundaung Township, Yangon Region.

25/03/2026

ဝင်ငွေနှစ် ၂၀၂၅–၂၀၂၆ ကုန်ဆုံးရန် နီးကပ်လာပါပြီ
လူကြီးမင်းတို့၏ ကုမ္ပဏီအတွက် နှစ်ချုပ်စာရင်းများ ပြင်ဆင်ခြင်းနှင့်နှစ်ချုပ်ဝင်ငွေကြေညာလွှာ တင်သွင်းရမည့် အချိန်သို့ ရောက်ရှိလာပါပြီ ခင်ဗျာ။

နှစ်ချုပ်စာရင်းများ ပြင်ဆင်ရာတွင် လိုအပ်သော စာရင်းများကို အစီအစဉ်တကျ မပြင်ဆင်ထားသေးပါက
ကျွန်တော်များ ကုမ္ပဏီမှ အောက်ပါ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည် —

• Accounting Format များ စနစ်တကျ ချပေးခြင်း
• Internal Control Settings နှင့် Format များ ချမှတ်ပေးခြင်း
• လချုပ်၊ နှစ်ချုပ် စာရင်းများ ပြုစုရေးဆွဲပေးခြင်း
• ဝင်ငွေကြေညာလွှာ တင်သွင်းပေးခြင်း

ဝန်ဆောင်မှုအားလုံးကို တိကျမှန်ကန်၍ မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လိုအပ်ပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည် ခင်ဗျာ။

လူကြီးမင်းတို့၏ လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဆက်သွယ်ရန်
📞 09791082968
📞 09406483983
📧 [email protected]

ရုံးခန်းလိပ်စာ
No.45, 4th Floor, Yae Kyaw Street, Pazundaung Township, Yangon.

မင်္ဂလာပါခင်ဗျာကျွန်တော်များ Top Synergy Consulting Company မှ ဒီအပတ်မှာတော့ နိုင်ငံခြားသားများအတွက် မြန်မာပြည်တွင် နေထိ...
17/12/2025

မင်္ဂလာပါခင်ဗျာ
ကျွန်တော်များ Top Synergy Consulting Company မှ ဒီအပတ်မှာတော့ နိုင်ငံခြားသားများအတွက် မြန်မာပြည်တွင် နေထိုင်ခွင့် Visa သက်တမ်းတိုးခြင်းနှင့် ပြည်ဝင်ခွင့် Visaလျှောက်ထားခြင်းတို့နဲ့ ပတ်သက်ပြီး Knowledge sharing လေး လုပ်ပေးပါမယ်ခင်ဗျာ။

လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ပြီး လုပ်ငန်းလုပ်ကိုင်နေကြသော နိုင်ငံခြားသားများအနေဖြင့် Visa သက်တမ်းတိုး လျှောက်ထားလိုပါက Visa သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ၂လ ကြိုတင်လျှောက်ထားရမှာ ဖြစ်ပါတယ်ခင်ဗျာ။ အကယ်၍ Visa သက်တမ်းကုန်ဆုံးမည့်ရက်သည် ၂လ ထက်လျော့နည်းခဲ့လျှင် ငွေကုန်ကြေးကျ ပိုများခြင်းနှင့် စာရွက်စာတမ်း များတင်ပြရာတွင် အခက်အခဲ ရှိခြင်းများ ဖြစ်တတ်သောကြောင့် မိမိတို့ လုပ်ငန်းတွင် နိုင်ငံခြားသားများ ရှိခဲ့လျှင် Visa သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ၂ လကြိုလျှောက်ဖို့ အသိပေးလိုက်ရပါတယ်
ခင်ဗျာ။

ထို့ပြင် မြန်မာနိုင်ငံသို့ Business Visa, Tourist Visa များဖြင့် လာရောက်လိုသော နိုင်ငံခြားသားများ အနေဖြင့် E Visa လျှောက်ထားလိုပါက ကျွန်တော်များ Top Synergy Consulting Company မှ အကောင်းဆုံး ဝန်ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျာ။

Social Visa ဖြင့်လာရောက်လိုသော နိုင်ငံခြားသားများအနေဖြင့် မိမိတို့နိုင်ငံရှိ မြန်မာသံရုံးများတွင် လျှောက်ထားရမည်ဖြစ်ပါတယ်ခင်ဗျာ။

အကယ်၍ ပြည်ဝင်ခွင့် Business Visa, Tourist Visa လျှောက်ထားခြင်းနှင့် Business Visa , Socia Visa သက်တမ်းတိုး လျှောက်ထားခြင်းအတွက် လိုအပ်ခဲ့လျှင်လည်း ကျွန်တော်များ Top Synergy Consulting Company မှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျာ။ ကျွန်တော်များ ဝန်ဆောင်မှုကို တစ်ကြိမ် ရယူထားပြီးပါက လူကြီးမင်းတို့ Visa သက်တမ်းကုန်ဆုံးမည့်ရက်ကို စိတ်ပူစရာမလိုပဲ ကျွန်တော်များ Company မှ သက်တမ်းတိုးရမည့် ရက်မတိုင်မီ အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ထပ်မံရှိလိုသော အချက်များရှိပါက ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်နိုင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဆက်သွယ်စုံစမ်းရန်
☎️- 𝟎𝟗𝟕𝟗𝟏𝟎𝟖𝟐𝟗𝟔𝟖
𝟎𝟗𝟒𝟎𝟔𝟒𝟖𝟑𝟗𝟖𝟑
📧 - [email protected]

လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက

🏢ရုံးခန်းလိပ်စာ
🚩 -No.45, 4th floor , Yae Kyaw Street,Pazundaug Township, Yangon Region.






💌💌ကျွန်တော်များ Top Synergy Consulting Co.,Ltd သည် 16_May_ 2025  မှာဆိုရင် ကုမ္ပဏီများစွာကို ဝန်ဆောင်မှုပေးခဲ့တာ (၃) နှစ...
28/05/2025

💌💌ကျွန်တော်များ Top Synergy Consulting Co.,Ltd သည် 16_May_ 2025 မှာဆိုရင် ကုမ္ပဏီများစွာကို ဝန်ဆောင်မှုပေးခဲ့တာ (၃) နှစ်ပြည့်ခဲ့ ပါပြီ 💌

✅သက်တမ်း(၃) နှစ်အတွင်းမှာ ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကုမ္ပဏီများနှင့် တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော်တို့ Top Synergy Consulting Co.,Ltd မှ ကျေးဇူးအထူးတင်ရှိပါသည်

✅(၃) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာဆီသို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်လို့ ထပ်လောင်းဂတိပြုလိုက်ရပါတယ်ခင်ဗျာ💌


✅ကုမ္ပဏီသည် လုပ်ငန်းလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ Annual Return မဖြစ်မနေ တင်ရပါမည်ဖြစ်ပါသည်။အခုတလော TSC မှာ အမေးများဆုံးက...
19/05/2025

✅ကုမ္ပဏီသည် လုပ်ငန်းလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ Annual Return မဖြစ်မနေ တင်ရပါမည်ဖြစ်ပါသည်။
အခုတလော TSC မှာ အမေးများဆုံးက ကုမ္ပဏီက လုပ်ငန်းမလုပ်ထားလို့ Annual Return တင်ရမှာလားလို့လာမေးကြပါတယ်
Annual Return ဆိုသည်မှာ ကုမ္ပဏီက လုပ်ငန်းလုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေ ကုမ္ပဏီဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းနှင့် ကုမ္ပဏီရဲ့ အချက်အလက်တွေကို DICA သို့ နှစ်စဉ် အစီရင်ခံစာ အဖြစ် Due Date မတိုင်မီ (၁)လအတွင်း တင်သွင်းရခြင်းဖြစ်ပါတယ်
ပထမဆုံးအကြိမ်အဖြစ် Annual Return ကို ကုမ္ပဏီ စတင်တည်ထောင်ပြီး (၂) လအတွင်းမှာတင်ရပြီးနောက် နှစ်စဉ်နှစ်တိုင်း Annual Return Due Date မတိုင်မှီ တစ်နှစ် တစ်ကြိမ် မပျက်မကွက် တင်ပေးခြင်းဖြင့် Government Fee (၅၀၀၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပါသည်။
အကယ်၍ Annual Return တင်ရမည့် Due Date တွင်မတင်ပဲ ရက်ကျော်လွန်ပြီး တင်ပါက Annual Returnအတွက် Government fee (၅၀၀၀၀) ကျပ် အပြင် နောက်ကျဒဏ်ကြေး (၁၀၀၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး (၂၈) ရက် ကို ကျော်လွန်သွားပါက ကုမ္ပဏီသည် Suspended (ရပ်နား) ဖြစ်သွားမည်ဖြစ်ပါသည်။
Suspended(ရပ်နား) ဖြစ်တဲ့အချိန်မှ Annual Return တင်ပါက Due Date အမီ Annual Return တင်ခြင်းထက် Government Fee (၅)ဆ ပိုမိုကုန်ကျနိုင်ပြီး ကုမ္ပဏီက Suspended ဖြစ်နေပါက Director များအနေနဲ့လည်း ကုမ္ပဏီအသစ်ထောင်ပြီး ဒါရိုက်တာရာထူး လုပ်ခွင့်မရှိခြင်း၊ အခြားကုမ္ပဏီများတွင် Director လုပ်ခွင့်မရှိခြင်းတို့ ဖြစ်ပေါ် နိုင်ပါသည်။ ထို့အပြင် Suspended ဖြစ်ပြီး (၆)လ ကြာသည့်အချိန်အထိ နောက်ကျဒဏ်ကြေးနဲ့ Annual Return မတင်ပါက ကုမ္ပဏီက Struck Off ဖြစ်သွားပြီး ကုမ္ပဏီကို ပြန်လည်အသက်သွင်းလိုပါကတရားရုံးကင်းလွတ်ခွင့်ဖြင့် ပြန်လည်တင်ပြရမည်ဖြစ်ပါသောကြောင့် ထိုသို့ မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိတို့ကုမ္ပဏီအနေဖြင့် Annual Return ကို မဖြစ်မနေ တင်ရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပေးလိုက်ပါသည်ခင်ဗျာ။


25/04/2025

We’re Hiring ! Accountant Position
Requirements
✅AAT level 4, ACCA part 1 , LCCI Level 3 UK or Local certificate with 3 years working experience
✅ Minimum 2 years experience in accounting or auditing
✅ Proficiency in Microsoft Excel, Word
✅ Basic email and internet knowledge required
✅ Must be able to communicate in English
✅ Professional working attitude
✅ Self-motivated, organized, and able to meet deadlines

Key Responsibilities
•Maintain accurate financial records and ensure proper documentation of all transactions
•Handle accounts receivable
•Perform bank reconciliations and journal entries
•Ensure compliance with accounting standards and regulations
•Ensure compliant and timely month-end and quarter-end financial closings
•Handle full set of accounts with accuracy and timeliness
•Liaison with clients
Salary: 5 Lakhs to 7 lakhs + Allowances

Working Hours
🕘 Monday to Friday : 9:00 AM – 5:00 PM
🕐 Alternate Saturday : 9:00 AM – 1:00 PM
📅 Off Days: Sunday, public holidays, and alternate Saturday
Please apply before May 10.
📥 How to Apply
📧 [email protected]
09786769464
📍 Location: No.45, Yae Kyaw Road, Pazundaung Township, Yangon, Myanmar

Update
Thank you everyone who applied. After reviewing the applications, we have now filled the position. We truly appreciate the time and interest of all applications.

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်၍ မျှော်လင့်ချက်အားလုံး အမြန်ဆုံးပြည့်ဝကြပြီး ကပ်ကြီးသုံးပါးကိုလည်း ကျော်လွ...
13/04/2025

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပျော်ရွှင်၍ မျှော်လင့်ချက်အားလုံး အမြန်ဆုံးပြည့်ဝကြပြီး ကပ်ကြီးသုံးပါးကိုလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

၇၇ ကြိမ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည် #လွပ်လပ်ရေးနေ့
04/01/2025

၇၇ ကြိမ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်
#လွပ်လပ်ရေးနေ့

🎉🎉Happy New Year 🎉 နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွင်ပြီး စီးပွါး လဒ်လာဘတွေ တိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်...
31/12/2024

🎉🎉Happy New Year 🎉
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကျန်းမာပျော်ရွင်ပြီး စီးပွါး လဒ်လာဘတွေ တိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်


Address

No. 45, 4th Floor, Yae Kyaw Street, Pazuntaung Township
Yangon

Telephone

+959791082968

Website

Alerts

Be the first to know and let us send you an email when Top Synergy Consulting Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share