Aye Yeik Mon - Art Gallery

Aye Yeik Mon - Art Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Yeik Mon - Art Gallery, Business service, No. 35, Thumeikta 2nd Street, (1) Quarter, North Okkalapa Township, Yangon.

ကလေး ၃ယောက်လုံး ကြောင်ပုံတစ်ပုံလုံးဆွဲပြီးမှ နှုတ်ခမ်းမွှေးဆွဲခိုင်းလို့မရဘူး။ ခက်လိုက်တာ နှုတ်ခမ်းမွှေးကတဲ့။ 😄Line အဖိ ...
28/06/2025

ကလေး ၃ယောက်လုံး ကြောင်ပုံတစ်ပုံလုံးဆွဲပြီးမှ နှုတ်ခမ်းမွှေးဆွဲခိုင်းလို့မရဘူး။ ခက်လိုက်တာ နှုတ်ခမ်းမွှေးကတဲ့။ 😄
Line အဖိ အဖော့တွေ သူတို့မလုပ်နိုင်သေးဘူး။ လက်တွေ့ဆွဲကြည့်ကြလို့ သူတို့နားလည်တာ။
ကန်ထဲက ငါးကိုဆွဲချင်တယ်ဆိုလို့ ငါးဆွဲတာ သင်ပေးလိုက်တယ်။ ငါးအမေ အဖေ ငါးကလေးတွေ ကျောက်တုံး လှိုင်း သစ်ပင်လေးတွေ သူတို့ဘာသာထည့်တယ်။ Landscape ဆွဲတဲ့အခါ နေလုံးတွေ ငှက်တွေ ပုံထဲမှာ မပါပေမယ့် ထည့်ဆွဲလာကြတယ်။ ဆရာမထက် သာမယ့် ကလေးတွေ။ သူတို့နောက်က ပြန်လိုက်ဆွဲနေရတယ်။
မြန်မာစာသင်တဲ့အခါ ဒီစာပြီးမှ ပုံဆွဲရမယ်ပြောရင် အချိန်မဆွဲပဲ စာမြန်မြန်ပြီးအောင် လုပ်ကြလို့ ခုမှ ဟုတ်နေတာပဲ။

ပုံမရေးနိုင်တာ အရမ်းကြာခဲ့ပြီအလုပ်တွေကြားကနေစိတ်သက်သာရာကို ပြန်ရှာရတဲ့အခါဝါသနာဆိုတဲ့ ချည်တိုင်ကို ပြန်ရောက်ခဲ့တယ်
26/06/2025

ပုံမရေးနိုင်တာ အရမ်းကြာခဲ့ပြီ

အလုပ်တွေကြားကနေ
စိတ်သက်သာရာကို
ပြန်ရှာရတဲ့အခါ
ဝါသနာဆိုတဲ့
ချည်တိုင်ကို ပြန်ရောက်ခဲ့တယ်

ကလေးတွေ တတ်လွယ်ကြတယ်။ အင်တာနက်ခေတ်မှာ မွေးလာကြတော့လေ။ မနေ့က ဆေးတွေက ဈေးကြီးတယ် ကုန်သလောက်ပဲညှစ်သုံး မကုန်လို့ ရေဆေးပစ်တဲ...
25/06/2025

ကလေးတွေ တတ်လွယ်ကြတယ်။ အင်တာနက်ခေတ်မှာ မွေးလာကြတော့လေ။ မနေ့က ဆေးတွေက ဈေးကြီးတယ် ကုန်သလောက်ပဲညှစ်သုံး မကုန်လို့ ရေဆေးပစ်တဲ့အခါ နှမြောစရာလို့ ပြောမိတာ ဒီနေ့မှာ ၂ယောက်သား ပုံဆွဲပြီးလို့ ပိုတဲ့ဆေးတွေကို ရေခွက်လေးတွေရေသွန်ပြီး ဆေးခြယ်နေကြလေရဲ့။ အယ့် စုတ်တံကိုင်ရတာ ၃ရက်ပဲရှိသေးတယ် ဘယ်လိုသိလဲမေးတော့ YouTube မှာ ကြည့်ထားတာပါတဲ့။
ကလေးတစ်ယောက်က ဆရာမပုံကြည့်ပြီး သူ့ပုံက မလှဘူးဆို ဂျီကျနေတာကြည့်ပြီး ငါတို့သင်တန်းတက်ခါစကအတိုင်းပါပဲလားလို့။ 🥰

ဝင်မကြည့်ဖြစ်ပေမယ့် သတိရပါတယ် ဒီpage လေးကို။ကလေးတွေ ကျောင်းပိတ်ရက်မို့ အတူတူဆွဲဖြစ်ကြတာမို့ ဒီပိတ်ရက်တွေ post တင်ဖြစ်ပါအ...
22/06/2025

ဝင်မကြည့်ဖြစ်ပေမယ့် သတိရပါတယ် ဒီpage လေးကို။
ကလေးတွေ ကျောင်းပိတ်ရက်မို့ အတူတူဆွဲဖြစ်ကြတာမို့ ဒီပိတ်ရက်တွေ post တင်ဖြစ်ပါအုံးမယ်။

ကလေးတွေအားလုံး လွတ်လပ်ပျော်ရွှင်နိုင်ကြပါစေ။

01/11/2024

Photo နဲ့ Vedio ကို အတူတွဲတင်လို့မရပါဘူးဆိုလို့ နောက်ထပ်ပို့စ်အသစ်အနေနဲ့ ရေဆေးနဲ့ tone value လေ့ကျင့်တာလေးကို နမူနာလေ့လာလို့ရအောင် တင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်လဲ ဝါသနာရှင်အဆင့်ပါ။ ခုသင်ခန်းစာနဲ့ ပတ်သက်ပြီး သိချင်တာများရှိရင် comment box မှာ စာချန်ထားပေးနိုင်ပါတယ်။ ပိတ်ရက် ၃ ရက်မှာ ပျော်ရွှင်ကြပါစေ။
ဘာ edit မှ မလုပ်တတ်လို့လေ မူလသဘာဝအတိုင်းသာ ကြည့်ကြပါကုန်။ file ကို ချုံ့ပေး၊ အတည့်လှည့်ပေးချင်တာ။😁

Hello November 🩵💐တစ်နှစ်လုံး ၂ပုံပဲ ဆွဲဖြစ်ခဲ့တယ်။ မဖြစ်သေးပါဘူးလို့ သင်တန်းတစ်ခုကို စာရင်းသွင်းပြီး အချိန်ပြည့်မတက်အားပ...
01/11/2024

Hello November 🩵💐

တစ်နှစ်လုံး ၂ပုံပဲ ဆွဲဖြစ်ခဲ့တယ်။ မဖြစ်သေးပါဘူးလို့ သင်တန်းတစ်ခုကို စာရင်းသွင်းပြီး အချိန်ပြည့်မတက်အားပါဘူး ခွင့်ပြုပါလို့ ဆရာကို စမိတ်ဆက်စကားပြောရတယ်။ စုတ်တံပြန်ကိုင်ဖြစ်အောင်ရယ် မတူတဲ့ဆရာတွေဆီက ပညာတွေလေ့လာချင်တာရယ်ကြောင့်။ Watercolor စိတ်ဝင်စားသူများ ဝါသနာရှင်အဆင့်ပေါ့ free လေ့လာလို့ရအောင် လုပ်ဖြစ်သလောက်လေး တင်ပေးပါ့မယ်။
ရေဆေးစက္ကူပေါ်မှာ တစ်လက်မလောက် ၉ကွက်၊ ၅တန်းလောက် ဆွဲထားပါ။ ဒီနေ့ 9 tones လေ့ကျင့်တဲ့အခါ ဘယ်လိုစလေ့ကျင့်ရသလဲဆိုတာ ဆက်တင်ပေးပါမယ်။

သူ့စိတ်ကြိုက် ကားလေးတွေ။ အသစ်အဆန်းလုပ်နေရရင် ကလေးတွေက စိတ်ဝင်တစား ငြိမ်သက်နေတတ်တယ်။ 💙
31/07/2024

သူ့စိတ်ကြိုက် ကားလေးတွေ။ အသစ်အဆန်းလုပ်နေရရင် ကလေးတွေက စိတ်ဝင်တစား ငြိမ်သက်နေတတ်တယ်။ 💙

အဖော်ဆိုလို့ ဒါပဲရှိပျင်းလဲရေးပျော်လဲရေး .. 😩အားရင်ပုံရေး.. Arts is a therapy  for me 😍
16/07/2024

အဖော်ဆိုလို့ ဒါပဲရှိ
ပျင်းလဲရေး
ပျော်လဲရေး .. 😩
အားရင်ပုံရေး..

Arts is a therapy for me 😍

စိတ်ပျော်လဲ ပုံရေးဖြစ်တယ်
စိတ်မပျော်လဲ ပုံရေးတာပါပဲ

15-7-24
Watercolor လေ့ကျင့်ရေးပုံသိမ်း

တစ်ခါတစ်လေ ကလေးတွေလိုပဲ အရောင်မဲ့တွေကို သဘောကျတယ်။ကလေးတွေလက်ရာ ချစ်စရာ။ 😁
07/07/2024

တစ်ခါတစ်လေ ကလေးတွေလိုပဲ အရောင်မဲ့တွေကို သဘောကျတယ်။
ကလေးတွေလက်ရာ ချစ်စရာ။ 😁

Loading 80%ဆရာမ သားပြန်လာရင် ဆက်ဆွဲမယ်။Ok.I love it. သားလေး မလုပ်ဖူးရင် မတတ်ဘူး။ Do it now. Oh! How pretty your lion. 😁🩵
28/06/2024

Loading 80%
ဆရာမ သားပြန်လာရင် ဆက်ဆွဲမယ်။
Ok.
I love it.
သားလေး မလုပ်ဖူးရင် မတတ်ဘူး။ Do it now.
Oh! How pretty your lion. 😁🩵

ဒီနေ့ ကလေးတွေနဲ့ ၃ယောက် ၃ပုံဆွဲကြတာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပေါ့။ ဆရာမတော့ အာညောင်းပါတယ်။ 😁သူတို့ စိတ်ပါလက်ပါ ဆွဲနေတာကြည...
27/06/2024

ဒီနေ့ ကလေးတွေနဲ့ ၃ယောက် ၃ပုံဆွဲကြတာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပေါ့။ ဆရာမတော့ အာညောင်းပါတယ်။ 😁
သူတို့ စိတ်ပါလက်ပါ ဆွဲနေတာကြည့်ပြီး ကျေနပ်ရပါတယ်။ နက်ဖြန် လက်စသတ်နိုင်မယ်ထင်ပါရဲ့။

စံပယ်Water Color 11"x15"
27/06/2024

စံပယ်
Water Color 11"x15"

Address

No. 35, Thumeikta 2nd Street, (1) Quarter, North Okkalapa Township
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420736954

Alerts

Be the first to know and let us send you an email when Aye Yeik Mon - Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Yeik Mon - Art Gallery:

Share