Smart Fast Power Engineering Service and Management

Smart Fast Power Engineering Service and Management Tendering Service ( Housing,Road & Bridge ),Project Management and Supervision,Third Party QC Team,PE,RSE Service,Archi,Structure,M&E Design and Estimate

မဂ်လာပါရှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှခေါ်ယူသောတင်ဒါများ အဆင်သင့်တွက်ချက်ပြီး ရရှိနိုင်ပါတယ်ရှင့်။Lot 1 to 21 နေပြည်တ...
03/05/2026

မဂ်လာပါရှင့်

အားကစားနှင့်ကာယပညာဦးစီးဌာနမှခေါ်ယူသောတင်ဒါများ အဆင်သင့်တွက်ချက်ပြီး ရရှိနိုင်ပါတယ်ရှင့်။
Lot 1 to 21 နေပြည်တော် ရန်ကုန် lot များ
Lot 33 34 37 48 44 49
အဆင်သင့်တွက်ချက်ပြီး တွက်ချက်နေဆဲဖိုင်များလဲရှိပါတယ်
တင်ဒါစည်းကမ်းချက်နဲ့အညီ ဆောင်ရွက်ပေးတာဖြစ်ပါတယ်
Work schedule & MOS များလဲ ထဲ့ပေးမှာပါရှင့်
@အခြား lot များ တွက်ချင်တယ်ဆိုရင်လဲ QSအင်အားများတာမို့အချိန်မှီအောင်ဆောင်ရွက်ပေးလို့ရပါတယ်ရှင့်။

09695599913,09789564224 ,09789996298
ဆက်သွယ်လို့ရပါတယ်။

19/09/2025

September လအတွက်ဆွဲဖြစ်ခဲ့သော အိမ်ပုံစံလေးများ

Estimate တွေအများကြီးကိုဘယ်လိုအချိန်မှီအောင်တွက်ရလဲဆိုတော့နည်းပညာကိုအမှီလိုက်ရတာပေါ့ရှင်။အောက်မှာပြထားတဲ့အတိုင်း Blue be...
09/09/2025

Estimate တွေအများကြီးကိုဘယ်လိုအချိန်မှီအောင်တွက်ရလဲဆိုတော့နည်းပညာကိုအမှီလိုက်ရတာပေါ့ရှင်။
အောက်မှာပြထားတဲ့အတိုင်း Blue beam software နဲ့ data အရင်ကောက်ပြီးမှ Detail measurement တွက်ပါတယ်။

QS တွေရဲ့Qualifications တွေကလဲ Experiences at least 10 years above ရှိကြပြီးတော့ PE RSE လက်မှတ်ရတွေဖြစ်ကြပါတယ်။

အတတ်နိုင်ဆုံးအမှားနဲအောင် complain နဲအောင်စေတနာထားပြီးဆောင်ရွက်ပေးပါတယ်ရှင်။

မိုတီလေးတဖြတ်  Big congratulations for all!
16/06/2025

မိုတီလေးတဖြတ် Big congratulations for all!

Mandalay မှာ inspection သွားခဲ့တုန်းက
10/06/2025

Mandalay မှာ inspection သွားခဲ့တုန်းက

SMart Fast Power Engineer Team မှငလျင်ကြောင့်ပျက်စီးခဲ့သောအဆောက်အဦးများနှင့် Towerတိုင်များ သွားရောက်စစ်ဆေးခဲ့ရသော ပံမျ...
08/06/2025

SMart Fast Power Engineer Team မှငလျင်ကြောင့်ပျက်စီးခဲ့သောအဆောက်အဦးများနှင့် Towerတိုင်များ သွားရောက်စစ်ဆေးခဲ့ရသော ပံများ May =2025

26/02/2025

👉 #ဆောက်လုပ်ခွင့်ပါမစ်ကျဖို့ …👇👇👇
အနည်းဆုံး ၈ လ နဲ့ ၁ နှစ် ဘာကြောင့် ကြာသလဲ ?
မေးမြန်းမှုကို ဒီပို့စ်နဲ့ပဲ ဖြေပေးလိုက်ပါတယ်ခင်ဗျာ။

အခန်းပေး အခန်းယူ
ဆောက်လုပ်မယ်ဆိုရင် ....
မြေရှင် + ကန်ထရိုက်
ချိတ်ဆက်ထားမှ
( ဆောက်လုပ်ခွင့်ပါမစ် ဆိုတာ ဖြစ်လာတာပါ )

D .C - map. မြေပုံကူး/မြေတိုင်း
မိမိဆောက်လုပ်မည့် မြေ
အကျယ်အဝန်းအတွက်
ဘေးအိမ်တွေလက်မှတ်ထိုး
D.C map အတွက် ခရိုင်အလိုက်
မြေယာ AE လက်မှတ် စုံမှ
ခန်းမ ( မြို့ တော် ခန်းမ )
D.C map အတွက် ငွေသွင်း ရပါတယ်

တနင်္လာ - ဗုဒ္ဓဟူး - သောကြာ
မနက် ၉း၀၀ ညနေ ၂း၀၀
အထိပါဘဲ ငွေသွင်းပြီး ပြီဆို
၁ လအတွင်း မြေလာတိုင်းပါတယ်
ပြီးမှ D.C map စာရွက်ထွက်ဖို့
၄၅ ရက်လောက်ကြာချိန်ရှိပါတယ်

Proposal Drawing.
မိမိ အဆောက်အဦး ပုံစံငယ်
တင်ရပါတယ် အဲ့ မှာ
RSE Construction sign
လက်မှတ်နဲ့ တွဲတင်ရတာပါ
YCDC ဆယ်ထပ်ရုံးမှာ ပုံစံစစ်မယ်
YCDC ခြောက်ထပ်ရုံး ကို ပို့မယ်
ပုံစံ စစ်မယ်
ပြင်လိုက်တင်လိုက်နဲ့
၄၅ ရက်လောက်ကြာပါတယ်
ပြီးရင်ပုံစံ စစ်ဆေးခအတွက်
မြို့တော် စည်ပင်ဘဏ်မှာ
ငွေသွင်းရပါတယ်။
ပြီးရင် ငွေသွင်း ချလန် ကို
YCDC ဆယ်ထပ်ရုံး
ကိုပြန်ပို့ရပါတယ် ။

Soil Test မြေစမ်းခြင်း
foundation အတွက်
မိမိဆောက်လုပ်မည့် မြေ
ပျော့ခြင်း မာခြင်းကို တိုင်းတာရတာပါ
မြေစမ်း ပြီး Soil Test စာအုပ်
ထွက်ဖို့အတွက်လည်းကြာတဲ့အချိန် ရှိပါတယ်


RSE Structure Caculation/sign.
တွက်မယ် ချက်မယ်
လက်မှတ်ထိုးမယ်
နှစ်ပတ်လောက်တော့ကြာပါတယ်

RSE Construction sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile RSE Structure sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile foundation ဆို Company sign
လက်မှတ်ထိုးမယ် တုန်းထုမယ်

( RSE / Pile sign စုံဖို့ အနည်းဆုံး ၁ လ ပါ)

မီးသတ်ထောက်ခံချက်

ကျနော်တို့ Proposal အောင်ထားတဲ့ ပုံစံကို
ကြည့်မယ် မီးသတ်က သက်မှတ်ချက်အတိုင်း
ပုံစံ ပြန်ဆွဲမယ်
ပြီးပြီ ဆိုရင် YCDC နဲ့ မဆိုင်ဘူး
မီးသတ် ကိစ္စ ဆိုတော့
ငွေကို တာမွေ
တရားရုံးနောက်က ဘဏ်မှာ
မီးသတ်အတွက် ငွေသွင်းရတယ်
အဲ့ချလန် ကိုတော့
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

ရေ မိလ္လာထောက်ခံချက်
လည်း မီးသတ်နည်းအတူ
သတ်မှတ်ပုံစံ ပြန်ဆွဲ ပြီး
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

( မီးသတ် / ရေ မိလ္လာ ကအနည်းဆုံး
၂ လလောက်ကြာပါတယ် )

LC ကန်လိုင်စင်
တော်များများကတော့ LC လိုင်စင်
ငှါးပြီး ဆောက်လုပ်ရေးလုပ်ကြပါတယ်
ကိုယ်အတွက်ထိုးတဲ့ LC လိုင်စင်
သက်တန်းရှိလား ဆိုတာ
အဓိကကျပါတယ်
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

အပေါ်ကစာရွက်စာတန်းတွေ အားလုံး
စုံလင်မှ ပုံစံကြီးအတွက်
စပြီးစစ်ဆေးပါတယ်
( အဲ့မှာ မှားပြင်လိုထည့် နဲ့ အနည်းဆုံး
၃ ပတ် လောက်ကြာပါတယ် )

အာမခံစဘော်ငွေ ပုံစံစစ်ဆေးခ
ပုံစံကြီး အတွက် အားလုံးနီးပါ
ပြည့်စုံပြီဆိုရင်တော့ စာတိုက်ကနေ
ငွေသွင်း အကြောင်းကြားစာ ပို့ပေးပါတယ်

အာမခံ ငွေ နဲ့ ပုံစံစစ်ဆေးခ အတွက်
ငွေ သွင်းပေးရပါတယ် ....

အထပ်မြင့်ဆောက်လုပ်မည့် Client တွေအတွက်
ဗဟုသုတရစေရန် ပြန်လည်ကူးယူဖော်ပြရင်း
knowledge sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျာ။

BCC အတွက်လည်းအဆင့်ဆင့်ပြုလုပ်ရပုံတွေကို
Knowledge sharing လုပ်ပေးဦးမှာမို့
Like and Share လေးလုပ်ပေးသွားပါဦးခင်ဗျာ။

အားလုံး ကိုယ်ရော စိတ်ပါ
ကျမ်းမာ ချမ်းသာပြီးအဆင်ပြေကြပါစေ။

Crd;Foreverconstruction Co., Ltd.
▪▪▪▪▪▪▪▪▪▪▪▪▪▪

15/11/2024

မင်မင့်ရဲ့အကောင့်လေး activate မဖြစ်တာကြာနေလို့ ကြော်ငြာလေးဝင်ပါရစေရှင့်။

Smart Fast Power Engineering Group မှ
ဆောင်ရွက်ပေးသည့်လုပ်ငန်းများ။

Private Housing Project

1.Archi Design ( Exterior &Interior Decoration ,3DAnimation( Hotel ,Apartment,Housing,Shopping Mall)
2.Structure Design ( RCC ,Steel )
3.Infra Structure Design
4. Estimate ( Civil, M&E,Infra,ACMV,Duct Work ,Transformer Installation ,Firefighting )
5.M&E Design,ACMV design ,Duct Work design,
Firefighting ,ELV
6. Bar bending schedule

Tendering Service ( International project & Local Project )
1 ဝန်ကြီးဌာနများအတွက် Tender invitation ပြုလုပ်နိုင်ရန် Complete set ဆောင်ရွက်ပေးခြင်း။

2.JICA ROAD Project များအတွက် Technical & Commercial Bidding Service )
3. International bidding Service (Technical & Commercial )
4.Tender project များအတွက်

1 Archi drawing ( Exterior ,Interior )
2.Structure Design
3.Estimate
4.Technical proposal
5. Price proposal

5.PE,RSE ( Civil, M&E, Power,EI ) Sign
6. စည်ပင် ပါမစ်လျှောက်ထားခြင်းအတွက်

a. Proposal Permit
b. Final Permit
c.Fire Safety Certificate
d Water Supply Permit
e.BCC Permit လျှောက်ထားပေးခြင်း။
f.DMap ကူးခြင်း။
g.PE,RSE,LC ထိုးပေးခြင်း။
အစရှိသည်တို့ကို One Stop Service ဖြင့် အထူးစျေးနှံူးများဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Ph-09-789564224,09-695599913

15/11/2024

ပျော်ရွှင်စရာတန်ဆောင်တိုင်နေ့လေးဖြစ်ပါစေ။

26/10/2024

#ဆယ်ပေပတ်လည်_တကျင်းကို_ဆေးသုတ်ရင်_ပတ်တီး_ဆီလာ_ဆေးကာလာ_ပမ်းမျှ_ဘယ်လောက်ကုန်ကျမလဲ

အခုတွက်နည်းလေးကတော့ အလွယ်တွက်နည်းလေးပါခင်ဗျ။

ဆယ်ပေ ပတ်လည် တကျင်းစာအတွက် ပတ်တီး၊ဆီလာ၊ဆေးကာလာ ဘယ်လောက်ကုန်ကျမလဲဆိုရင်

ဥပမာ
=====
ကိုယ်အိမ်မှာဆေးသုတ်ဖို့အတွက် ပတ်တီး နှစ်ထပ်၊ခံဆေး နှစ်ထပ်၊ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်

ဆီလာ ခံဆေး နှစ်ထပ် သုတ်မယ်ဆိုရင် ဆီလာခံဆေး နှစ်လီတာ ကုန်ကျပါမယ်။

ပတ်တီး နှစ်ထပ် အသုံးပြုမယ်ဆိုရင် ပတ်တီး 25kg တစ်အိတ်ကုန်ကျပါမယ်။

ဆေးကာလာ နှစ်ထပ် အသုံးပြုမယ်ဆိုရင် ဆေးနှစ်လီတာ ကုန်ကျပါမယ်။

ဒါဆိုရင် ဆယ်ပေ ပတ်လည် တကျင်းစာအတွက်
ဆီလာ နှစ်ထပ်၊ပတ်တီး နှစ်ထပ်၊ကာလာဆေး နှစ်ထပ်ရရှိပါပြီခင်ဗျာ

အခုတွက်ချက်မှုက ဆယ်ပေပတ်လည် တကျင်းစာအတွက် ဆီလာ၊ပတ်တီး၊ဆေးကာလာ အလွယ်မှတ်နည်းလေးပါ ခင်ဗျာ

(သို့ပေမယ့် )ဆီလာသုတ်လို့ ရေရောများခြင်းနည်းခြင်းအပေါ်မူတည်ပြီး ရရှိမည့် ကျင်းအရေတွက် ကွာဟနိုင်ပါတယ်။

ပတ်တီးရိုက်ခြင်းမှာ ချိုင့်ဖြည့်ခြင်း အသားတင်ရိုက်ခြင်းခြစ်ရိုက်ခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် နည်း၊များနိုင်ပါတယ်။

ဆေးကာလာ အရောင်နု/ရင့်၊ရေရောနည်းများခြင်းကြောင့် ရရှိမည့် ကျင်းအရေတွက် ပို/လျော့ နိုင်ပါတယ် ခင်ဗျာ။

==========================================

😁 နွားနို့ ရောင်းတာမဟုတ်တဲ့ အတွက်ကြောင့်

( ကျင်း) အရေတွက်ပိုရအောင်လို့ ဆိုပြီး ရေများများရောခြင်းကို သတိပြုပေးပါ။

#ဆီလာခံဆေး ကျင်း ပိုထွက်အောင်လို့ ရေအများကြီးရောလို့မရပါဘူး ရေကို ၁၀% ထိပဲအများဆုံးရောပေးရမှာပါ (ရေရောတာများသွားရင် Quality ကျသွားတတ်ပါတယ်၊
ဥပမာ=NIPPON WEATHER BOND ဆီလာ၊ BRAVO ဆီလာ တွေက UPG.ORIENT 12 ဆီလာထပ်စာရင် ပိုပျစ်ပါတယ်၊ ပျစ်တယ်ဆိုပြီး ရေကို လိုတာထပ်ပိုပြီးရောလို့မရပါဘူး ခင်ဗျာ။

#ပတ်တီး ကို ကျင်း ပိုရအောင် ဘိလပ်မြေ နဲ့ရောရိုက်တဲ့ အခါမှာလည်း ဘိလပ်မြေ ပိုလို့မရပါဘူး ဘိလပ်မြေ များသွားရင် ပတ်တီး ကွဲအက်ခြင်း၊လိုသလို ပုံဖော်လို့မရခြင်းဖြစ်တတ်ပါတယ်၊ ဘိလပ်မြေရောမယ် ဆိုရင် ပတ်တီး ( ၅ဆ )ဘိလပ်မြေကို ( ၁ ဆ) လောက်ပဲ အသုံးပြုသင့်ပါတယ်။

#ဆေးကာလာ ကိုလည်း ကျင်းပိုရအောင် ရေရော များလို့မရပါဘူး ရေကို ၅ % ကနေ ၁၀%အထိပဲ ရေရောလို့ရမှာပါ။ ရေကိို ပိုရောလည်း ဆေးကုန်ကျမှုကတူတူပါပဲ
ရေရော များရင် ဆေးက နှစ်ထပ်နဲ့ ပိတ်ရမယ့် နေရာမှာ သုံးထပ်ထိ ပြုလုပ်ပေးရမှာပါ အဲ့တွက် ပိုပြီးအလုပ်ရှုပ်မယ် အချိန်ပိုကြာပါလိမ့်မယ်။

ဆယ်ပေပတ်လည် တကျင်းစာအတွက်
ဆီလာ ခံဆေး
ပတ်တီး
ဆေးကာလာ ကုန်ကျမှု အလွယ်တွက်ခြင်း။

Address

No. 19, U Aung Min Street, No. 2 Quarter , Mayangone Township
Yangon
161118

Website

Alerts

Be the first to know and let us send you an email when Smart Fast Power Engineering Service and Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share