Careers Development Training Institute

Careers Development Training Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Careers Development Training Institute, Business Center, 34 Street. Kyauktada Township, Yangon.

တစ်နေ့သောအခါ ကိုခြသေ့်ကြီးက သူ့ရဲ့ဂူအဝမှာထိုင်နေတဲ့အချိန် သူ့ရဲ့အရှေ့ကနေ စိတ်ညစ်နေတဲ့ပုံနဲ့ကိုမြေခွေးကဖြတ်သွားတာတွေ့လိုက...
25/03/2026

တစ်နေ့သောအခါ ကိုခြသေ့်ကြီးက သူ့ရဲ့ဂူအဝမှာထိုင်နေတဲ့အချိန် သူ့ရဲ့အရှေ့ကနေ စိတ်ညစ်နေတဲ့ပုံနဲ့ကိုမြေခွေးကဖြတ်သွားတာတွေ့လိုက်တော့ လှမ်းခေါ်ပြီးမေးလိုက်တယ်။
'ဗျို့ ကိုမြေခွေးကြီး ဘာတွေစိတ်ညစ်နေတာလဲ မကြည်မလင်နဲ့ပါလား။'
ဒီတော့ ကိုမြေခွေးကြီးက သူ့အိမ်က TV လေးပျက်သွားတာပြင်မရလို့စိတ်ညစ်နေတဲ့အကြောင်းပြောပြတာပေါ့။ ဒီတော့ ကိုခြသေ့်ကလည်း ဒါဆိုမင်းTV ငါ့စီယူခဲ့ကွာပြင်ပေးမယ်ပြောလိုက်တော့ ကိုမြေခွေးက မယုံဘူး။
'ကိုခြသေ့်ရာ ခင်ဗျားရဲ့ လက်သည်းခြေသည်းရှည်ကြီးတွေနဲ့ဘယ်လိုပြင်မှာလဲ စိတ်ညစ်ရတဲ့အထဲမနောက်ပါနဲ့ဗျာ' လို့ပြောပါလေရော။
ကိုခြသေ့်ကလည်း ယူသာယူခဲ့စမ်းပါ မပြင်နိုင်ရင်အသစ်တစ်လုံးဝယ်ပေးမယ်ဆိုပြီး အာမခံလိုက်တော့လည်း ကိုမြေခွေးက သူ့ရဲ့ TVကို အပ်ခဲ့လိုက်ပါရောတဲ့။
အဲ့လိုနဲ့ ညနေလောက်ကျတော့ ကိုမြေခွေးပြန်လာတော့ TV ကအကောင်းတိုင်းပြန်ဖြစ်နေတာတွေ့ရပါတယ်တဲ့။
ဒီလိုနဲ့ ကိုမြေခွေးက တောထဲမှာ ကိုခြသေ့်ကြီးကစက်ပြင်ပေးတယ်ဟေ့ဆိုပီးလိုက်ပြောတော့ တခြားအကောင်လေးတွေကလည်း သူတို့ရဲ့ ရေဒီယိုတွေ၊ DVD စက်တွေလာအပ်ကြတာပေါ့။
လာအပ်သမျှကိုလည်း ကိုခြေသေ့်ကြီးက ဒိုင်ခံပြင်ပေးတယ် အကုန်လုံးလည်းပြန်ကောင်းသွားကြတယ်။
ဒီလိုနဲ့ ကိုခြသေ့်ကြီး နာမည်ကြီးနေပြီပေါ့။
တစ်နေ့ကျတော့ ကိုဇီးကွက်က အင်တာဗျူးချင်တာဆိုပြီးရောက်လာပြီး ကိုခြသေ့်အခုလိုစက်တွေပြင်နိုင်တဲ့ လျှို့ဝှက်ချက်ကဘာများဖြစ်မလဲဆိုပြီး မေးပါလေရော။
ဒီတော့ ကိုခြသေ့်ကြီးက ဘာမှမပြောပဲ သူနေထိုင်တဲ့ဂူလေးထဲကို ကိုဇီးကွက်ကိုခေါ်သွားပါလေရောတဲ့။
အထဲရောက်တဲ့အခါ ကိုဇီးကွက်က သူ့မျက်လုံးကိုတောင်မယုံနိုင်ဖြစ်သွားပါတယ်။
သူဘာကိုတွေ့လိုက်လဲဆိုတော့ လှိုဏ်ဂူကြီးရဲ့ ထောင့်တစ်နေရာက မီးရောင်အောက်မှာ ပလာယာတွေ ဂွတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ ယုန်လေး (၅)ကောင်ကိုတွေ့လိုက်ရပါတယ်တဲ့။
-------------------
လုပ်ငန်းတစ်ခု အဖွဲ့အစည်းတစ်ခုအောင်မြင်တယ်ဆိုတာ ဒီအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်နေတဲ့ အသင်းအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ဟာသိပ်ကိုအရေးကြီးပါတယ်။
ဒါကြောင့် အသင်းအဖွဲ့ဝင်တွေစဉ်ဆက်မပြတ်တိုးတက်ဖို့၊ စွမ်းဆောင်ရည်တွေတိုးတက်ဖို့၊ ပိုပြီးတော်တဲ့တတ်တဲ့လူတွေဖြစ်လာဖို့ လုပ်ငန်းတိုင်းကပြင်ဆင်ကြရပါတယ်။ အထူးသဖြင့်ယနေ့ခေတ်လိုအပြိုင်အဆိုင်တိုးတက်ကြတဲ့အချိန်မှာ သင်တန်းတွေ‌သင်ကြားမျှဝေပေးကြရပါတယ်။
သင်တန်းတွေစီစဉ်တဲ့အခါမှာလည်း Companyကဖြစ်ချင် ရောက်ချင်တဲ့ ပန်းတိုင်နဲ့ ဝန်ထမ်းတွေရဲ့ Skill ကိုက်ညီမှုရအောင် တကယ်ထိရောက်တဲ့သင်တန်းတွေဆောင်ရွက်သင့်ပါတယ်၊ ဒီလိုထိရောက်မှန်ကန်တဲ့သင်တန်းတွေကိုဆောင်ရွက်နိုင်ဖို့ဆိုရင် Training Needs Analysis (TNA) ကိုမဖြစ်မနေလုပ်ကိုလုပ်သင့်ပါတယ်။
ယခုသင်တန်းမှာတော့ TNA ဆိုတာဘာလဲ ဘယ်လိုအဆင့်တွေတိုင်းလုပ်ရင်တကယ်လိုအပ်တဲ့သင်တန်းတွေကိုထိထိရောက်ရောက်စီစဉ်နိုင်မလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။

သင်တန်းရက် - 30,31 March
သင်တန်းအချိန် - 8:00 PM TO 9:30 PM
သင်ကြားမည့်ပုံစံ - Zoom Live Conferencing
(Recorded video will provide)

သင်တန်းအတွက်ရင်းနှီးမြုပ်နှံမှု - 100,000 Kyats
Early Birds (5 person) - 50,000 Kyats

အသေးစိတ်အား ဖုန်း သို့မဟုတ် Viber ဖြင့် 09250324202, 09896028383 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Company အဖွဲ့အစည်းအနေဖြင့်တက်ရောက်မည်ဆိုပါက သင်တန်းတက်ရောက်ပြီးလျှင် ၎င်းအဖွဲ့အစည်းများအတွက် Training Needs Analysis (TNA) package များအား ဝန်ဆောင်မှုရယူနိုင်ပါသည်။




ခက်ခဲတဲ့အချိန်ကာလတွေမှာ လုပ်ငန်းငယ်တွေအနေနဲ့ ရှင်သန်ရပ်တည်ဖို့ဆိုတာ လုပ်ငန်းကြီးတွေထက်ပိုခက်ခဲပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့...
20/03/2026

ခက်ခဲတဲ့အချိန်ကာလတွေမှာ လုပ်ငန်းငယ်တွေအနေနဲ့ ရှင်သန်ရပ်တည်ဖို့ဆိုတာ လုပ်ငန်းကြီးတွေထက်ပိုခက်ခဲပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကြုံတွေ့လာတဲ့အခက်အခဲတွေကိုဖြေရှင်းဖို့ဆိုတာ အကြပ်အတည်းတစ်ခုဖြစ်လာတာကိုမြင်တွေ့ရပါတယ်။ ဒါကြောင့် ဒီ Webinar လေးမှာ လုပ်ငန်းငယ်များအနေနဲ့ ရေရှည်အတွက်ဆိုပြီးပြင်ဆင်စဉ်းစားသင့်တဲ့ Business Plan ကို အခြေနေပေါ်မူတည်ပြီးပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ဘယ်လိုရေးဆွဲထားမလဲဆိုတဲ့ Small Business Plan Full Guide ကိုလည်း ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။

👤‌ဆွေးနွေးဟောပြောမည့်ဆရာ
ဦးကောင်းမြတ်ဇင်
Skyward Education Myanmar Academy
Academic and SME Business Trainer

SMEs လုပ်ငန်းရှင်များ၊ လုပ်ငန်းလည်ပတ်ဖို့တာဝန်ယူထားရသူများအနေဖြင့် ယခု Webinar ကို အထူးတက်ရောက်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် SMEs business တွေကို ဦးစီးဆောင်ရွက်နေသလို လုပ်ငန်းအချို့အတွက် အကြံပေးတိုင်ပင်ပေးနေရတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်များရဲ့အခက်အခဲများကိုဒီနေရာမှာတင်တစ်ခါတည်း မျှဝေတိုင်ပင်ဆွေးနွေးသွားကြပါမယ်။

Date : 24.3.2026
Time : 8:00 PM
Zoom မှ Live တက်ရောက်ရမည်ဖြစ်ပြီး အခက်အခဲရှိသူများအတွက် Recorded Video ပြန်လည်ကြည့်ရှုလေ့လာနိုင်ပါသည်။
Investment Fees : 50,000 Kyats
Early Birds : 30,000 Kyats

SMEs လုပ်ငန်းများ အသက်ဆက်နိုင်ဖို့နှင့် ရေရှည်အောင်မြင်ဖို့အတွက် ကျွန်တော်တို့နဲ့အတူတူလေ့လာဖို့ဖိတ်ခေါ်ပါရစေ။




■လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုမှာ ခင်မင်မှုတွေ ရေရှည်တည်မြဲဖို့■တစ်ဦးနဲ့တစ်ဦးကြား အပေးအယူမျှတပြီးနားလည်မှုရှိတဲ့ မိတ်ကောင်းဆွ...
08/01/2026

■လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုမှာ ခင်မင်မှုတွေ ရေရှည်တည်မြဲဖို့

■တစ်ဦးနဲ့တစ်ဦးကြား အပေးအယူမျှတပြီးနားလည်မှုရှိတဲ့ မိတ်ကောင်းဆွေကောင်းတွေအနေနဲ့ တစ်သက်လုံးရပ်တည်ဖို့ဆိုရင်တော့

■ပေါင်းသင်းဆက်ဆံရေးမှာ မှားတက်တဲ့အမှားလေးတွေ

■မရည်ရွယ်ပဲ ဖြစ်သွားတက်တဲ့ စိတ်ခုစရာလေးတွေ

■စကားပြောဆိုရာမှာ လိမ်မာပါးနပ်မှုရှိဖို့တွေ

■လူချစ်လူခင်အောင်ပြောဆိုတက်ဖို့နဲ့ ကျင့်ဝတ်ရှိပြီး အပြန်အလှန်လေးစားခင်မင်တဲ့ ပေါင်းသင်းဆက်ဆံရေး တွေ တည်ဆောက်ကြဖို့အတွက်

👉ဘာတွေကိုဆောင်ပြီးဘာတွေကိုရှောင် သင့်လဲဆိုတာတွေကို အဓိကထား ဆွေးနွေးပေးသွားမယ့်

🎯ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်(Free Webinar)

📌Time ~ 7:00pm - 8:30pm

📌Date ~ 19-1-2026

ှZoomဖြင့်တိုက်ရိုက်တက်ရောက်ရမှာဖြစ်ပါတယ်ရှင့်

📌သင်တန်းတက်ရောက်လိုပါက _ Ph no_09896 028 383 (သို့) CDTI ရဲ့Page Messenger မှလည်းဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။

👉 ပညာဒါန အတန်းများ၊ သင်တန်းကြေးသက်သာခွင့်အတန်းများ၊ Scholarship လျှောက်ထားရယူနိုင်တဲ့ Program များ ကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ CDTI ရဲ့ Viber နဲ့ Telegram Channel တွေကိုလည်း Join ထား ပေးပါဦးနော်😘😘😘

Viber Channel Link 👇👇👇

https://invite.viber.com/?g2=AQB1NRoFQsxCMlL9qc7CJixaUyOstg6sPN89GvxX28KGygSncZEi7Cmj%2BEm24Eqn

Telegram Channel Link 👇👇👇

https://t.me/CDTICDTI

#ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်




နှစ်သစ် အထူး အစီအစဥ်အနေဖြင့် 100% သင်တန်းကြေးကင်းလွတ်ခွင့် 🛑Professional Diploma in Human Resource Management (UK)👉HRပညာ...
06/01/2026

နှစ်သစ် အထူး အစီအစဥ်အနေဖြင့် 100% သင်တန်းကြေးကင်းလွတ်ခွင့်

🛑Professional Diploma in Human Resource Management (UK)

👉HRပညာရပ်ကို အခြေခံမှစတင်လေ့လာသင်ယူလိုပြီး လုပ်ငန်းခွင်အသုံးပြုနိုင်သည်အထိတက်မြောက်ချင်တယ်၊

👉ခိုင်မာပြီးတစ်ကယ်လည်းအသုံးဝင်တဲ့လက်မှတ်တစ်ခုကိုကိုင်ဆောင်ထားချင်သူတွေ

👉ယခုလက်ရှိရာထူးနေရာ နဲ့အဆင်မပြေလို့မိမိရဲ့Careerကိုမြှင့်တင်ရန်လမ်းကြောင်းရှာဖွေနေသူတွေ

👉International Company ကြီးတွေမှာရာထူးမြင့်၊လစာမြင့်တဲ့Position ကိုဝင်ရောက်လုပ်ကိုင်လိုသူများနှင့်

👉ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေပြီးမိမိရဲ့ဝန်ထမ်းတွေကို အုပ်ချုပ်ရာမှာ System မကျလို့လူပင်ပန်း၊စိတ်ပင်ပန်းဖြစ်နေသူတွေ

👉စသည့်(စသည့်)အခက်အခဲပေါင်းများစွာကိုဖြေရှင်းနိုင်ဖို့ရာ

🎓Midwest College (UK)အသိအမှတ်ပြု

🛑Professional Diploma Human Resource Management ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ

📌သင်ကြားရမည့်ဘာသာရပ်တွေကတော့

🔎HRM ဆိုတာဘာလဲ HRM က ဘယ်လိုအရေးပါတာလဲ စသဖြင့် အခြေခံက စတင်သင်ကြားရမည်ဖြစ်ပြီး

👉HRM ရဲ့ Functions တွေ ဖြစ်တဲ့

🔰Job Analysis

🔰Recruitment & Selection,

🔰Training and Development,

🔰Workforce Planning,

🔰Performance Management,

🔰Compensation & Benefits,
စတဲ့

👉HRM ရဲ့ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရပုံအဆင့်ဆင့်နှင့် လုပ်ငန်းခွင်အသုံးချ နယ်ပယ်အထိသင်ကြားပေးသွားမှာဖြစ်ပါသည်📌📌📌

■Online Class ဖြစ်တာမို့ မည့်သည့်နေရာဒေသကမဆို အလွယ်တကူတက်ရောက်နိင်ပြီး

■အကြောင်းအမျိုးမျိုးကြောင့် ခွင့်ယူပျက်ကွက်ခဲ့ပါက Recorded Video ကိုလည်း Telegram Group တွင် ပြန်လည်လေ့လာနိင်မှာ ဖြစ်ပါတယ်။

■Textbook (Soft Copy) များကိုလည်းပေးအပ်သွားမှာဖြစ်ပါသည်။

👉ပုံမှန်သင်တန်း​​ကြေး ၂၀၀၀၀၀ (၂သိန်းကျပ်) ကို

■ယခုသင်တန်းကြေး 100% ကင်းလွတ်ခွင့် ဖြင့်တက်ရောက်နိင်မှာဖြစ် ပါတယ်။

👉သင်တန်းပြီးဆုံးပါက Local Diploma Exam ဖြေဆိုလိုသူများအနေဖြင့်

■ Exam ကြေး ၅၀၀၀၀ ကျပ်ပေးသွင်းဖြေဆိုရမည်ဖြစ်ပြီး

👉Midwest College (UK) မှ Diploma လက်မှတ်ရယူချင်သူများတွက်

■ Exam ကြေး Sterling Pound 100 ပေးသွင်းပြီး UK Exam ကိုဝင်ရောက်ဖြေဆိုရမှာဖြစ်ပါသည်။

👉ပထမအကြိမ် ​ဖြေဆိုမှု ကျရှူံးသူများအတွက်

👉ဒုတိယအကြိမ် Exam ကို Free ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။

🛑Professional Diploma in Human Resource Management(UK)

📌သင်တန်းချိန် - 7:00 pm to 8:30pm

📌စတင်မည့်ရက် - 4.2.2026(Wednesday Only)

📌သင်တန်းကြေး - 100% (ကင်းလွတ်ခွင့်)

📌Register fee - 20000ks

#လူဦးရေအကန့်အသတ်ဖြင့်သာ

📌Online မှ အပတ်စဥ် ဗုဒ္ဓဟူး နေ့ တိုင်း တစ်ပတ်လျှင် ၁ရက်နှုန်းဖြင့် ၃လကြာ တက်ရောက်ရမှာပဲဖြစ်ပါတယ်

👉Telegram group ထားရှိပြီး lesson video recorded များကိုလည်း groupတွင်ပုံမှန်ပြန်လည် တင်ပေးသွားမှာလည်းဖြစ်ပါတယ်။

📌သင်တန်းတက်ရောက်လိုပါက _ Ph no_09896 028 383 (သို့) CDTI ရဲ့Page Messenger မှလည်းဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။

👉 ပညာဒါန အတန်းများ၊ သင်တန်းကြေးသက်သာခွင့်အတန်းများ၊ Scholarship လျှောက်ထားရယူနိုင်တဲ့ Program များ ကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ CDTI ရဲ့ Viber နဲ့ Telegram Channel တွေကိုလည်း Join ထား ပေးပါဦးနော်😘😘😘

Viber Channel Link 👇👇👇

https://invite.viber.com/?g2=AQB1NRoFQsxCMlL9qc7CJixaUyOstg6sPN89GvxX28KGygSncZEi7Cmj%2BEm24Eqn

Telegram Channel Link 👇👇👇

https://t.me/CDTICDTI





ပျော်ရွှင်မှုနဲ့အတူ ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ နှစ်လေးဖြစ်ပါစေCareers Development Training Institute
01/01/2026

ပျော်ရွှင်မှုနဲ့အတူ ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ နှစ်လေးဖြစ်ပါစေ

Careers Development Training Institute

Address

34 Street. Kyauktada Township
Yangon

Alerts

Be the first to know and let us send you an email when Careers Development Training Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Careers Development Training Institute:

Shortcuts

Share