Poe Poe & businesses partners

Poe Poe & businesses partners saving money

ကိုယ့်လုပ်ငန်းမှာ “ရောင်းအား” အခုထက် ပိုပြီးဆတိုး တိုးပွားလာချင်တဲ့သူတွေ ဖတ်သင့်ပါတယ် ..ဒီနေ့ခေတ်မှာ ရောင်းရတာလွယ်သေးလား...
30/10/2019

ကိုယ့်လုပ်ငန်းမှာ “ရောင်းအား” အခုထက် ပိုပြီးဆတိုး တိုးပွားလာချင်တဲ့သူတွေ ဖတ်သင့်ပါတယ် ..

ဒီနေ့ခေတ်မှာ ရောင်းရတာလွယ်သေးလား ?

ဒီနေ့ ဒီအချိန်မှာ ရောင်းရတာ သိပ်မလွယ်ကူတော့ပါဘူး ...

အပြိုင်အဆိုင်ရောင်းချနေကြတဲ့ ဒီနေ့ခေတ်ကြီးမှာ ...

Customer တွေဟာ ကိုယ်လိုချင်တဲ့အရာကို ဝယ်ချင်တဲ့ အချိန်မှ ဝယ်ချင်တဲ့သူဆီက ဝယ်လို့ ရနေပါတယ် ...

ဒီလိုခက်ခဲလာတဲ့ အခြေအနေမှာ ဘယ်သူမှ ရောင်းမကောင်းတော့ဘူးလားလို့ စဉ်းစားစရာရှိပါတယ် ...

ဒီလိုမျိုးစဉ်းစားကြည့်ရင်တော့ , နေရာတိုင်းမှာ လက်မလည်အောင်ရောင်းနေရတဲ့သူတွေလည်း အများကြီးရှိနေတာကို တွေ့ရပါလိမ့်မယ် ...

ဒါဟာ ဘာကွာခြားချက်ကြောင့်လို့ ထင်ပါသလဲ ?

Today everything is RELATIONSHIP ပါ ...

လူချစ်လူခင်များတဲ့သူတွေဟာ

- ဦးစားပေးခြင်းခံရတယ်
- လိုအပ်လာတိုင်း သူတို့ကို သတိရတယ်
- လူတွေရဲ့ အားကိုးယုံကြည်မှုတွေကို ရကြတယ်

သင့်အနေနဲ့ရော

-အဝတ်အစားတွေ ဝယ်တော့မယ်ဆို ဘယ်သူ့ကို သတိရလဲ ?
-အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင်ရော ဘယ်သူ့ကို သတိရတတ်လဲ ?
-သင်တန်းတွေတက်မယ်ဆိုရင်ရော ဘယ်သူ့ကိုသတိရလဲ ?
-ခရီးသွားမယ်ဆိုရင် ... ?
-အိမ်မှာ လက်သမားအလုပ်တွေ ပြုပြင်စရာလိုအပ်လာရင် ... ?

အစရှိသဖြင့် မြောက်မြားလှစွာသော ကိစ္စရပ်တွေမှာ ကျွန်တော်တို့ဟာ ကိုယ်နဲ့ သဟဇာတ ဖြစ်တဲ့သူနဲ့ပဲ ဖြစ်နိုင်ရင် ဆက်ဆံချင်ကြတာ သဘာဝပါ ...

ဒါကြောင့် ရောင်းချရခြင်းအလုပ်ကို လုပ်ဆောင်နေတဲ့ သူတွေတိုင်းသာ လူတွေရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို အလေးထားတက်တဲ့ ချစ်ခင်စရာကောင်းတဲ့သူတွေ ဖြစ်မယ်ဆိုရင် လူကြီးမင်းရဲ့ ရောင်းအား ဆတိုး တိုးတတ်​လာနိုင်​ပါတယ်

လူချစ်လူခင်များသော အရောင်းသမားများ၏ အမူအကျင့် ၆ ခု

1)Empathy (စာနာစိတ်)

စာနာမှုရှိဖို့ အရေးကြီးပါတယ်။ Customer တိုင်းပေါ်တွင် စာနာစွာနဲ့ နားလည်မှုရှိဖို့ အလွန်လိုအပ်ပါသည်။

ကိုယ်များများရောင်းရဖို့အတွက် အရောင်းမသွက်တဲ့ပစ္စည်းကို အများကြီးတစ်ခါတည်းထိုးရောင်းတာဟာ စာနာစိတ်မရှိတာပါ ...

Customer ဘက်က လိုအပ်တာထက် ပိုဝယ်ဖို့လုပ်နေရင်တောင် Professional Sales Person တစ်ယောက်အနေနဲ့ လိုအပ်ရင် အကြံပြုချက် ပေးသင့်ပါတယ် ...

နောက်တစ်မျိုးကတော့ ...

ကိုယ့် Product ကို ဒီတစ်ကြိမ် မဝယ်သေးဘူးဟု Customer ဘက်ဆိုခဲ့သည်ရှိသော် , အဘယ့်ကြောင့် သူဒီတစ်ကြိမ်တွင် မဝယ်သေးဘူးဟု ငြင်းဆိုနေရသည်ကို သိရှိဖို့ လိုပါတယ်။ ဝယ်သူကို ခေါင်းခါနေစေတဲ့ နောက်ခံအကြောင်းအရင်းကို သိရှိဖို့ အရေးကြီးပါတယ်။

-ကိုယ့် Product ရဲ့ Feature & Benefit တွေကို မမြင်သေးလို့လား ဒါမှမဟုတ် ဒီ Benefit တွေနဲ့ သူ့ Needs & Wants မကိုက်လို့လား ...
-ငွေမလည်လို့လား ...
-ကိုယ့် Product က Training Program လိုမျိုးဆိုရင် သိရမှာက သူ့ဘက်က အချိန်အခက်အခဲအကြောင်း ပြောခဲ့ရင် သူတစ်ကယ်ပဲ အချိန်မပေးနိုင် ဖြစ်နေတာလား ...

ဒီလိုမျိုးအစရှိတဲ့ "လား" ပေါင်းများစွာနဲ့ ချင့်ချိန်သုံးသပ်ပြီး မှန်ကန်စွာ တုံ့ပြန်နိုင်ဖို့လိုပါတယ် ...

Professional Sales Person တစ်ယောက်အနေနဲ့ Customer က “No” ဟုငြင်းလိုက်သည်နှင့် တန်းပြီးနောက်ဆုတ်ဖို့ မလိုသလို၊ အောင်နိုင်ချေမရှိသည့် တိုက်ပွဲကိုလည်း ဇွတ်မတိုက်မိဖို့လိုပါတယ် ...

တစ်ဖက်မှာ တစ်ကယ်ကို အခက်အခဲတစ်ခုခု ဖြစ်နေတာကို စာနာစိတ်မရှိပဲ Force Selling လုပ်မိခြင်းက မိမိအပေါ် ချစ်ခင်လေးစားမှု ပျက်ပြားစေတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သွားနိုင်ပါတယ်

2)Speedy Response (မြန်ဆန်စွာ တုံ့ပြန်ဖြေကြားပေးခြင်း)

Customer များ၏မေးမြန်းစုံစမ်းမှုများကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် တုံ့ပြန်ဖြေကြားပေးရပါမယ် ...

မိမိထံသို့ ဝင်ရောက်လာသော မေးမြန်းစုံစမ်းမှုများသည် မိမိတို့၏လုပ်ငန်း ဈေးကွက်အတွင်းရပ်တည်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိနေပါတယ် ...

မိမိတို့၏ Existing Customer များဆီမှ နောက်ထပ်တစ်ကြိမ် ဝယ်ယူအားပေးမှုကို မလိုလားရင်ဖြစ်စေ New Customer များ မလိုအပ်တော့ရင်ဖြစ်စေ သူတို့ရဲ့ မေးမြန်းစုံစမ်းမှုများကို လုံးဝပြန်မဖြေပါနဲ့တော့

ဒီလိုတော့မဟုတ်ဘူး နည်းနည်းပါးပါးဖြစ်စေ ဝယ်ယူအားပေးစေလိုတယ် ဆိုရင်တော့ ကိုယ်စိတ်ပါတဲ့အချိန်တွေမှာ အကြောင်းပြန်ပေးလိုက်ပါ

ဒီထပ်ပိုပြီး ....

ကိုယ့်မှာဈေးကွက်အတွင်း အလားအလာ ရှိသလောက် အမြင့်ဆုံး ရောင်းရချင်တယ်ဆိုရင်တော့ မေးမြန်းစုံစမ်းမှုတိုင်းကို ဖြစ်နိုင်ရင် စက္ကန့်ပိုင်းအတွင်း ပြန်လည်ဖြေကြားပေးသင့်ပါတယ် 😁

ကိုယ့်အနေနဲ့ ချက်ခြင်းမဖြေကြားပေးနိုင်ခဲ့သည်ရှိသော် အရင်ဆုံး late reply အတွက် တောင်းပန်သင့်ပါတယ် ၊ ပြီးမှ သူမေးမြန်းသည်ကိုဖြေကြားပြီး အဆုံးသတ်မှာ late reply အတွက် တစ်ကြိမ်ထပ်ပြီး တောင်းပန်သင့်ပါတယ်

ဒီလိုမျိုး လေးလေးစားစားနဲ့ ဂရုတစိုက်ဆက်ဆံပေးတတ်တဲ့ Sales Person မျိုးကို customer တွေက ချစ်ခင်နှစ်သက်ကြပြီး ရေရှည်ဆက်ဆံချင်ကြပါတယ်

3)Active Listening (အပြည့်အဝ အာရုံစိုက် နားထောင်ပေးခြင်း)

စဉ်းစားကြည့်ရအောင် ...

-တစ်ဖက်လူ ပြောနေတဲ့အချိန်မှာ နားထောင်နေရင်း ဒီဟာကဒီလိုဖြစ်သင့်တယ် ၊ ဒီလိုတော့ မဖြစ်သင့်ဘူး စသဖြင့် ကောက်ချက်လိုက်ချနေတဲ့သူတွေ ရှိနိုင်လား ...

-တစ်ဖက်လူ ပြောနေတဲ့အချိန်မှာ ကိုယ်ဘာပြောရမလဲကို တွေးရင်းနဲ့ အပြည့်အဝနားထောင်နေသယောင်ယောင်နဲ့ follow လိုက်နေတဲ့သူတွေရော ကြုံဖူးလား ...

-တစ်ဖက်လူကို ဆုံးအောင်ပြောခွင့်မပေးပဲ ဖြတ်ဖြတ်ပြောတတ်တဲ့သူတွေရော ကိုယ့်ပတ်ဝန်းကျင်မှာရှိလား ...

ကိုယ်ကိုယ်တိုင်ရော ဖြစ်နေနိုင်လား ? 😂

Active Listening နဲ့ပတ်သက်ပြီး နောက်တစ်ချက် ဖြည့်စွက်ပြောချင်တာကတော့ , တစ်ခါတစ်ရံမှာ Customer မပြောတဲ့ စကားတွေကိုလည်း နားထောင်တတ်ဖို့လိုပါတယ် ...

လူ့သဘောသဘာဝအရ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်သူတွေ ရှိသလို ၊ ကိစ္စတိုင်းကို ထုတ်မပြောတတ်တဲ့ သူမျိုးတွေလည်း ရှိတတ်ပါတယ် ....

Customer တွေမှာလည်း ဒီလိုပါပဲ ...

ဒါကြောင့် Professional Sales Person များဟာ Customer တွေထုတ်မပြောတဲ့စကားတွေကိုလည်း ၎င်းတို့အမူအရာ၊ စကားသံ အနိမ့်အမြင့်၊ တုံ့ပြန်ဖြေဆိုသည့် အနေအထား၊ စိတ်ပါဝင်စားမှု စသည်တို့မှ တစ်ဆင့် လေ့လာပြီး သူတို့ပါးစပ်မှ မပြောသည့် စကားများကိုလည်း နားထောင်တတ်ဖို့ လိုပါတယ် ...

အပြည့်အဝ အာရုံစိုက် နားထောင်ပေးမှု မရှိတဲ့အတွက် တစ်ဖက်လူရဲ့ တစ်ကယ့် ဆိုလိုရင်းကို မကောက်မိပဲ ကိုယ်ကောက်ချက်ချထားတဲ့အတိုင်း ထင်တာကို တုံ့ပြန်ခဲ့တဲ့အတွက် တန်းဖိုးရှိတဲ့ Customer ဘယ်နှယောက်လောက် ဆုံးရှုံးခဲ့ပြီးပြီလဲ ...

Active Listening ရှိမှုကြောင့် ကိုယ့်ကို Customer တွေ ချစ်ခင်အားကိုးပြီး ရောင်းအားတွေ တိုးတက်နိုင်သလို ...

Active Listening မရှိမှုကြောင့် နေ့စဉ် ဆုံးရှုံးမှုတွေ ကြုံတွေ့နေနိုင်တာကို သေချာသတိပြုပြီး ဆင်ခြင်သင့်ပါတယ်

4)Helpful (ကူညီပေးချင်စိတ်ရှိခြင်း)

ဒီနေရာမှာ helpful ကို ကူညီပေးချင်စိတ်ရှိခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ် ...

ကူညီပေးတာနဲ့ ကူညီပေးချင်မတူလှပါဘူး ...

ကူညီပေးချင်စိတ်ရှိသူဆိုတာ ...

Customer များမှာ ဘယ်လို လိုအပ်ချက် (သို့) အခက်အခဲများ ရှိနေနိုင်မလဲဆိုတာကို ကိုယ်ကဝယ်သူနေရာက နေပြီး ကြိုတင်စဉ်းစားကာ လိုက်လံဖြည့်ဆည်းပေးတာမျိုးပါ ...

ဒါမဟုတ် Customer များဘက်မှ Request လုပ်လာသည့်အခါ ကူညီပေးခြင်းမျိုးပါ ...

ကူညီပေးရာတွင် တဖက်မှ မျှော်လင့်ထားတာထက်ကို ပိုသာအောင် ဆောင်ရွက်ပေးလိုက်ခြင်းမျိုးပါ ...

တာဝန်အရ ကူညီပေးတာလောက်မဟုတ်ပဲ အဆင်ပြေစေချင်လို့ကို လိုလိုလားလား ကူညီပေးလိုက်တာမျိုးပါ ...

တစ်ဖက်သားကို ကူညီပေးချင်စိတ်ရှိသူတွေကို လူတွေက ချစ်ခင်ကြပါတယ် ...

5)Patient (စိတ်ရှည်ခြင်း)

စိတ်ရှည်ခြင်းက တော်တော်လေးအနုပညာဆန်ပါတယ် ...

စိတ်​အခြေအနေက အမြဲတမ်းပုံမှန်ရှိမနေတတ်ပါဘူး ...

အလုပ်တွေများနေရင်တစ်မျိုး ...
အလုပ်ချိန်မှာပဲ အားနေရင်တစ်မျိုး ...
အနားယူနေချိန်မှာဆိုတစ်မျိုး ...
ဒီလူနဲ့ဆိုတစ်မျိုး ...

စသဖြင့် မတူညီတဲ့ စိတ်အခြေအနေအမျိုးမျိုးမှာ စိတ်ရှည်ရှည်ထားပြီး ပြောဆိုဆက်ဆံနိုင်မှု ဒီဂရီတွေကလည်း မတူတတ်ကြပါဘူး ...

ဟုတ်တယ်မလား ...

ဒါကိုကျွန်တော်တို့က အမြဲမပြတ် "သတိ" ကပ်ထားနိုင်ဖို့လိုတာပါ ...

ဘယ်လို စိတ်အခြေအနေမျိုးများမဆို စိတ်ရှည်ရှည်ထားပြီး အကောင်းဆုံး ပြောဆိုဆက်ဆံနိုင်လာပြီဆိုရင် ...

အရောင်းသမားတွေ အများကြီးရှိပေမယ့် လူတွေက ကိုယ်မှကိုယ်ဖြစ်နေကြပါလိမ့်မယ် 😁

6)Keep Promise (ပေးထားသည့်ကတိအတိုင်း လုပ်ဆောင်ပေးခြင်း)

ပြောတဲ့အတိုင်း မလုပ်ပေးရင် ဘာဖြစ်နိုင်မလဲ ?

အပေါ်မှာ ပြောခဲ့တဲ့အချက်တွေအားလုံးရှိတယ်ဆိုပါစို့ဗျာ ...

-ဝယ်သူတွေအပေါ်မှာ စာနာတတ်တယ်
-အချိန်နဲ့ တပြေးညီလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်ပေးတယ်
-အမြဲတမ်းလည်း ဂရုတစိုက် နားထောင်ပေးတတ်တယ်
-လိုအပ်ချက်တိုင်းကို ကူညီပေးမယ်ပြောတယ်
-စိတ်ရှည်ချက်ကလည်း ဂရိတ်ဝေါတောင် အရှုံးပေးရတယ်

တစ်ခုလေးပဲ ...

အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး 😂

အဲ့လိုဆို ဘယ်လိုနေမယ်ထင်လဲ 😁

ဒါမျိုးလည်းမဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ် ...

ကတိပေးရာမှာ ကိုယ်တစ်ကယ်မလုပ်ပေးနိုင်တာကို အစကတည်းက မပြောထားသင့်ပါဘူး ...

ကိုယ်လုပ်ပေးနိုင်သည်ကို ကတိပြုတော့မည်ဆိုလျှင်လည်း ကိုယ်လုပ်ပေးနိုင်မှာ သေချာတဲ့ အချိန်ကာလတစ်ခု (သို့) ကိုယ်လုပ်ပေးနိုင်သည့် အတိုင်းအတာကို သေချာချိန်ဆပြီးမှ ပြောဆိုသင့်ပါတယ် ...

ကတိတည်တယ်ဆိုတာ ကိုယ်ပြောထားတဲ့ စကားအတိုင်း ဆောင်ရွက်တာ ...

ကိုယ်ပြောထားတာနဲ့ အညီ ဆောင်ရွက်တာ ...

တစ်နည်းအားဖြင့် အပြောနဲ့ အလုပ်ညီတာမျိုးကို ဆိုလိုချင်ပါတယ် ...

ဒီ အချက် (၆) ချက်နဲ့ ညီညွတ်တဲ့ Sales Person တွေဟာ, Customer တွေရဲ့ ချစ်ခင်လေးစားမှုကို အထူးရရှိတတ်ကြပါတယ် ...

ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီ (၆) ချက်နဲ့ ညီညွတ်အောင် ကြိုးစားပြီးနေထိုင်ပါမယ် 😊😊😊

Sales အလုပ်ကို အထူးပြုလုပ်ကိုင်နေသူမှ မဟုတ်ပဲ အခြားမည်သူမဆိုလည်း ဒီ အချက်တွေနဲ့အညီ နေထိုင်သွားမယ်ဆိုရင် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ် ...

လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင်ပြီး ရောင်းအားတွေ ဆတိုးပွားများနိုင်ကြပါစေ ...

-kosweetsalestips

အပိုဝင်ငွေ ရနိုင်သော အတတ်ပညာများ**************************************မီတာခတက် ကုန်ဈေးနှုန်းတက် အရာရာတက်နေတဲ့ တက်ခေတ်ကြီ...
30/10/2019

အပိုဝင်ငွေ ရနိုင်သော အတတ်ပညာများ
**************************************
မီတာခတက် ကုန်ဈေးနှုန်းတက် အရာရာတက်နေတဲ့ တက်ခေတ်ကြီးမှာ အလုပ်တစ်ခုထဲ လုပ်နေတာထက်စာရင် အပိုဝင်ငွေရမယ့် အလုပ် နှစ်ခုသုံးခုလုပ်နိုင်မှ တော်ကာကြမှာပါ။ အလုပ်နှစ်ခုသုံးခုဆိုတဲ့ နေရာမှာလည်း တသီးတသန့်ကြီးမဟုတ်ဘဲ ကိုယ်ကျွမ်းကျင်တက်မြောက်ပြီးသား ဖြစ်တဲ့ Soft skill ၊ Hard skill လေးတွေအသုံးချပြီး အလုပ် နှစ်ခုသုံးခုလုပ်ပြီး ဝင်ငွေရှာတာမျိုးက ပိုသင့်တော်ပါတယ်။ ဒါကြောင့် အခြားသူတွေ လုပ်လေ့လုပ်ထရှိတဲ့ အပိုဝင်ငွေရှာတဲ့နည်းလမ်းလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်နော်။

1️⃣ Tutor လုပ်မယ်။

ကိုယ်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ်အားတဲ့ အချိန်လေးတွေမှာ ကိုယ်လုပ်နေတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တဲ့ ပညာရပ်လေးတွေကို အခကြေးငွေနဲ့ သင်ပေးတာ ကလည်း အပိုဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။ ဉပမာ – ကိုယ်က English ဘာသာပြန်လုပ်နေတယ် ပြီးတော့ ကိုယ့် English က သူများကို သင်ပေးရလောက်အောင် ကောင်းတယ်ဆိုပါစို့ ဒါဆို ပုံမှန် လုပ်နေကျ အလုပ်ချိန်ပြီးသွားရင် ဒါမှမဟုတ် အလုပ်အားလပ်ရက်တွေမှာ အပြင်မှာ English သင်ပေးတဲ့ Tutor လုပ်မယ်ဆို ကုသိုလ်လည်းရ ဝမ်းလည်းဝ မှာအမှန်ပါပဲ။

2️⃣ Freelancer

တစ်ခါတစ်လေ ကိုယ့်ရဲ့ ပုံမှန်အလုပ် လစာက အသုံးစရိတ် တွေနဲ့ လိပ်ပတ်မလည်ဘူး ပြီးတော့ သုံးဖို့စွဲဖို့ ငွေယားလေးလည်း လိုချင်တယ်ဆိုရင်တော့ ကိုယ်ပုံမှန်လုပ်တဲ့ အလုပ်နဲ့ဆင်တူတဲ့ အလုပ်လေးတွေကို အင်တာနက်မှာ ရှာပြီး အချိန်ပိုင်း လုပ်ရင်လည်းရပါတယ်။ ဉပမာ – ကိုယ်က Graphic Designer ဆိုပါတော့။ ပုံမှန် ရုံးတက် ရုံးအလုပ်လုပ်ပြီး အားတဲ့အချိန်လေးတွေမှာ Design ဆွဲတာနဲ့ပတ်သက်တဲ့ Part time အလုပ်လေးတွေ လုပ်ရင်လည်း ဝင်ငွေရနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်အလုပ်ဝင်နေတဲ့ အလုပ် နဲ့ ထိပ်တိုက်တွေ့မယ့် အလုပ်လက်ခံတာမျိုးတွေကိုတော့ ရှောင်ပါ။

3️⃣ Basic Computer and Smart Phone Skills

ကွန်ပျူတာ Excel, Word အစရှိတဲ့ အခြေခံ Software လေးတွေ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်ဆိုရင် ကွန်ပျူတာနဲ့ အချက်အလက် မှတ်ပေးရတဲ့ Data Entry တို့လို အချိန်ပိုင်းအလုပ်မျိုးတွေကို ကုမ္ပဏီတွေက ခေါ်လေ့ရှိပါတယ်။ Data entry ကရှုပ်သေးတယ် ပိုပြီးလွယ်တာလုပ်ချင်တယ်ဆိုရင်တော့ စာမျက်နှာအရေအတွက် နဲ့ ပိုက်ဆံရတဲ့ အချိန်ပိုင်းစာစီစာရိုက် အလုပ်လေးတွေလည်းရှိပါတယ်။ Data Entry လောက်တော့ ခေါင်းမစားပေမယ့် စာလုံးပေါင်း သတ်ပုံတော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဖုန်းသုံးပြီးတော့ အွန်လိုင်း Shopping အတွက် Order ကောက်ပေးတာမျိုးတွေလည်း ရှိပါတယ်။

4️⃣ ဓာတ်ပုံတွေပြန်ရောင်းပါ။

ဒီအလုပ်ကတော့ ကိုယ်အိပ်နေရင်တောင်မှ ပိုက်ဆံတွေဝင်တဲ့ အလုပ်လို့ပြောလို့ရပါတယ်။ အခုချိန်မှာ လူတိုင်းလက်ထဲမှာ စမတ်ဖုန်း ကိုယ်စီရှိကြတာချည်းပါပဲ။ ပြီးတော့ ကိုယ်က ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ ကျွမ်းကျင်တယ်ဆိုရင်တော့ ကိုယ်အားတဲ့အချိန်လေးမှာ ရိုက်ထားတဲ့ ပုံလေးတွေကို Shutterstock, iStock, Getty Images နဲ့ အခြား ဓာတ်ပုံရောင်းတဲ့ Website တွေမှာ တင်ပြီးရောင်းလို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပုံတွေက ရောင်းရလောက်အောင် လက်ရာမမြောက်သေးဘူးဆိုရင်တော့ နောက်ထပ်အပိုဝင်ငွေရှာနိုင်တဲ့ နည်းရှိပါသေးတယ်။ အဲ့တာကတော့ ကိုယ်က အနုပညာအမြင်လည်းရှိတယ် စည်းတွေဘောင်တွေနဲ့အလုပ်လုပ်တတ်တဲ့ အကျင့်လည်း ရှိတယ် ဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့ Website တွေမှာ Image reviewer လုပ်လို့လည်းရပါတယ်။

(Image Reviewer – ဓာတ်ပုံရောင်းတဲ့ Website တွေမှာ တစ်နေ့တစ်နေ့ များစွာသော ဓာတ်ပုံတင်တဲ့သူတွေရဲ့ ပုံတွေကိုစီစစ်အကဲဖြတ်ရတာလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ သူရဲ့တာဝန်အကြမ်းဖျင်းတွေကတော့ ဓာတ်ပုံဆရာတွေတင်လာတဲ့ပုံတွေဟာ မူပိုင်ခွင့်လွတ်ကင်းမှုရှိမရှိ စစ်ဆေးပေးခြင်း ၊ Website ကချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ကိုက်ညီမှုရှိမရှိစီစစ်ပေးခြင်း ၊ Edit နည်းနည်း လုပ်ဖို့လိုအပ်နေတဲ့ ပုံတွေဆိုရင် Edit ကိုင်ပေးခြင်း ၊ Search Engine မှာ ပုံဝယ်တဲ့သူတွေ ရှာဖွေရလွယ်ကူစေရန် Photos များရဲ့ Keyword တွေကို စီစစ်ပြုပြင်ပေးခြင်း တို့ပဲ ဖြစ်ပါတယ်။)

5️⃣ Food Box တွေလုပ်ရောင်းပါ။

ကိုယ့်ကိုကိုယ် ဟင်းချက်ကောင်းတဲ့ သူ တစ်ယောက်လို့ ထင်ပါသလား ဒါမှမဟုတ် မိဘဆွေမျိုးအသိုင်းအဝိုင်း နဲ့ သူငယ်ချင်းတွေက ဟင်းချက်တာ တော်တယ်ဆိုပြီး မကြာမကြာ ချီးကျူးခံရဖူးပါသလား။ ဒါဆိုရင်တော့ ကိုယ်ဟာ အပိုဝင်ငွေရနိုင်တဲ့ အတတ်ပညာတစ်ခုကို တတ်ထားတယ်လို့ပဲ ပြောပါရစေ။ ခုနောက်ပိုင်း သန့်ရှင်းလတ်ဆတ်ပြီးတော့ အရသာလည်းရှိတဲ့ food box လေးတွေ အွန်လိုင်းမှာ ရောင်းတာ ခေတ်စားလာတဲ့အတွက် ကိုယ်က ဟင်းချက်ကောင်းတယ်ဆိုရင်တော့ ဒီ option ကလည်း အပိုဝင်ငွေရဖို့ စဉ်းစားတဲ့အထဲ ထည့်သင့်ပါတယ်။

6️⃣ လက်မှုအတတ်ပညာများ

ကိုယ်က လက်မှုပညာနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုလေးတွေရှိရင်တော့ ပုံမှန် အလုပ်လေးတွေ အားတဲ့အချိန်မှာ အပိုဝင်ငွေရှာ လို့ရပါတယ်။ လက်မှုအတတ်ပညာ ဆိုတဲ့နေရာမှာလည်း Hand-made accessories လေးတွေ ၊ အချုပ်အလုပ်တွေ ၊ သစ်သားပန်းပုအသေးစားလေးတွေနဲ့ အခြားအသေးစား လက်မှုပညာလေးတွေကို ပြောချင်တာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကိုယ့်အားလပ်ချိန်လေးတွေကို အကျိုးရှိရှိနဲ့ အပိုဝင်ငွေ ဘယ်လိုရှာမလဲဆိုတာကို တွေးလို့ရတဲ့ လမ်းစပွင့်လောက်ပြီလို့ထင်ပါတယ်။ အကယ်လို့ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အပိုဝင်ငွေလိုချင်လို့ ငါဘာလုပ်ရမလဲ လာမေးတယ်ဆိုရင်တော့ ဒီ ပိုစ့်လေးကို မန်းရှင်းခေါ်ပြီးပြောပြပေးလိုက်နော်။

Poe Poe 🍄

ဂျယ်လီ ဖ​ယောင်းပြုလုပ်နည်း၁. မီးဖို​ပေါ်သို့ .. ဂျယ်​လီဖ​ယောင်း ကိုယ်လိုသလေါက်ကိုထည့်​ကျိုပါ..၂. ပြီးလျင်​ ဖ​ယောင်းအ၇ည...
30/10/2019

ဂျယ်လီ ဖ​ယောင်းပြုလုပ်နည်း

၁. မီးဖို​ပေါ်သို့ .. ဂျယ်​လီဖ​ယောင်း ကိုယ်လိုသလေါက်ကိုထည့်​ကျိုပါ..
၂. ပြီးလျင်​ ဖ​ယောင်းအ၇ည်​​ပျော်​လာပါက အေ၇ာင်​ထည့်​ပါ..
(အချို့အေ၇ာင်​​တွေက ဖ​ယောင်း​ပျော်​၇ည်​ထဲ ထည့်​​မွေ၇င်​​တောင်​ မ​ပျော်​ပဲ အလုံးလိုက်​​ယောင်း​မမှာ ကပ်​ပြီးခဲ​နေတက်​ပါတယ်​.. အဲဒါဆိုရင် ​စားအုန်း​ဆီ စတီးဇွန်းနဲ့ တစ်​ဇွန်းထဲကို အေ၇ာင်​ ၁ကျပ်​သား​လောက်​ထည့်​​ဖျော်​ပါ.. ​)အေ၇ာင်​​ပျော်​မှသာလျင်​.. ဖ​ယောင်းကျိုတဲ့အိုးထဲထည့်​​မွှေပါ..
၃. အကယ်​၍ အေ၇ာင်​စုံ သုံးချင်​တယ်​ဆို၇င်​.. ခွက်​​လေး ​တွေထဲကို ဖ​ယောင်းကျို၇ည်​​တွေ ထည့်​ထားပါ့မယ်​.. ပြီးလျင်​ နှစ်​သက်​၇ာအေ၇ာင်​​တွေ ကို ထည့်​ပြီး ​မွှေထားပါ.( တစ်​​ရောင်​ပဲ အသုံးပြုမည်​ဆိုရင်​ ခွက်​​လေး​တွေမလိုပါ..ဖ​ယောင်းကျိုတဲ့အိုးထဲဒါရိုက်​ ထည့်​​မွှေလို့ရပါတယ်​).
၎. ဖ​ယောင်းကျို၇ည်​ထဲကို အနံ့ထည့်​လည်း၇ပါတယ်​..
၅. မီးစာကို ဖ​ယောင်း၇ည်​စိမ်​ပြီး အ​အေးခံထားပါ ..အနည်းငယ်​​တောင့်သွါး​စေဖို့ပါ..
၆. ပြီးလျင်​မိမိပြုလုပ်​မည့်​ ဖန်​ခွက်​ သို့မဟုတ်​ ဖန်​ဗူး အလှ​လေး​တွေ ထဲကို.. အလယ်​မှာ မီးစာထည့်​ပါမယ်​.. အ​ပေါ်က မီးစာကိုကိုင်​ထား၇ပါမယ်​.. အလယ်​တည့်​တည့်​ကျ​အောင်​​အောက်​ခံအ​နေနဲ့.ကိုယ်ကြိုက်နှစ်သက်ရာလေးတွေထဲ့ပြီးအလှဆင်လို့ရပါတယ်..ပြီး၇င်ေ၇ွှမှုန်​​ငွေမှုန်​​တွေထည့်​လဲ၇တယ်​..
၇. ပထမဆုံး ကျိုထားတဲ့ ဖ​ယောင်းဂျယ်​ကို တစ်​လွာ​လောင်းထည့်​လိုက်​ပါ့မယ်​..နှစ်​သက်​၇ာအေ၇ာင်​ဖြင့်​ ထည့်​နိုင်​ပါတယ်​.. အေ၇ာင်​၃လွာလုပ်​လိုလျင်​.
ပထမလွာပြီး၇င်​ ဒုတိယအလွာကို နှစ်​သက်​၇ာအေ၇ာင်​ဖျော်​ထားတဲ့ဂျယ်​ဖ​ယောင်းကို ထပ်​​လောင်းထည့်​လိုက်​ပါ့မယ်​..ဒုတိယအလွာမှာလဲ နှစ်​သက်​၇ာအလှဆင်​ပစည်း​တွေ ကိုထည့်​နိုင်​ပါတယ်​...နဲနဲခဲသွားပြီဆိုလျင်​ ​နောက်​ဆုံးအ​ပေါ်ဆုံးအလွာကို အပြီးသတ်​​လောင်းထည့်​၇မှာပါ..
၈. ဖ​ယောင်း​လောင်းထည့်​​နေတဲ့အချိန်​မှာ မီးစာကိုအလယ်​ကျ​အောင်​ထား၇ပါ့မယ်​..
၉. အဲဒါဆို၇င်​လှပတဲ့ မိမိကိုယ်​တိုင်​ဖန်​တီးထားတဲ့ ဂျယ်​လီဖ​ယောင်းလက်​၇ာ​လေး၇ပြီ​ပေါ့​နော်​...
၁၀.ဒါ​ပေမဲ့ သတိထား၇မှာတစ်​ခုက ဖန်​ခွက်​နဲ့ပြုလုပ်​ထားတဲ့ ဂျယ်​လီဖ​ယောင်း တိုင်​​လေးဟာ.. မီး ထွန်း လိုက်​တာနဲ့ .. အေ၇ာင်​မှိန်​မှိန်​ပဲ ​တောက်​ပါတယ်​... သ​ဘော​ပြောရင်​ အလင်းအား ဟာ.အားမရဘူး​ပေါ့... အဲ့အခါကျ၇င်​ ခ၇င်းဖြစ်​ဖြစ်​..လက်​ဖက်​ရည်​ ဇွန်းဖြစ်​ဖြစ်​.. အချွန်​တ​စ်​​ချောင်း​ချောင်းနဲ့. ဖန်​ခွက်​ထဲက ဂျယ်​လီဖ​ယောင်း​လေး​တွေကို ပွလာ​အောင်​ ထိုးစွ​ပေးရမှာဖြစ်​ပါတယ်​..အဲလိုဆိုရင်​.မီးစာဟာ​တောက်​အားပို​ကောင်းလာပြီး. ​တောက်​ပတဲ့ ဂျယ်​လီဖ​ယောင်းခွက်​​လေးရပါပြီ​နော်​...
Credit

အလုပ်နဲ့ စီးပွားရေးကွာခြားခြင်းအကြောင်းတရာအလုပ်သမား နဲ့ အလုပ်ရှင်ကွာခြားချင်းမွေးဖွားပညာသင် အလုပ်လုပ် ပြီးပြည့်စုံတဲ့ဘဝ ...
30/10/2019

အလုပ်နဲ့ စီးပွားရေးကွာခြားခြင်းအကြောင်းတရာ
အလုပ်သမား နဲ့ အလုပ်ရှင်ကွာခြားချင်း
မွေးဖွားပညာသင် အလုပ်လုပ် ပြီးပြည့်စုံတဲ့ဘဝ ပိုင်ဆိုင်တဲ့နေ့
ကျွန်တော်တိုအသက်ကို ၃ပိုင်းခွဲကြည့်ရအောင် မွေဖွား
ပညာသင် အသက်20/25အထိပညာသင်ချိန်အတွင်းဝင်ငွေမရှိခဲ့ 25အလုပ်စလုပ်မယ် ဝင်ငွေရ နေ့စဉ်ဝင်ငွေရ
အလုပ်မလုပ်တဲ့နေ့ဝင်ငွေမရှိ အချိန်နဲ့ ပညာ ခွန်အားများ
ပေးဆက် စုမိနိုင်ပဲငွေ အိမ် ကား လုပ်ငန်းရှိ နိုင်ငံခြား
အလည်ခရီး ဘယ်အသက်ရွယ်မှာရလာနိုင်လဲ
အလုပ်သမားတစ်ယောက်အနေနဲ့ ဒီလိုပိုင်ဆိုင်မှု့ဘယ်အချိန်လောက်မှရမလဲ 20/25/ကကြိုးစားခဲ့တာနော်
ထားလိုက်ပါတော ပညာတက်ပြီးလစာကောင်းကောင်းရနေတဲ့သူတွေဆိုရင် ဒီလိုပိုင်ဆိုင်မှု့တွေဖြစ်လာနိုင်ပါတယ် အသက် 45/50/မှာ လုပ်ငန်းနဲ့ဝင်ငွေရလာမယ်ဆိုရင်သင့်အနားယူချိန်က ကျန်ပါသေးတယ် 50/မှ/65/70/ 15နှစ် 20နှစ်လောက် အနာယူနိုင်မှာပေါ
ပင်စင်စားတဲ့သူတွေကိုပြောတာပါ အသက် 60မှပင်စင်ယူရမယ်ဆိုတော အနားယူချိန်က နဲ့လွန်းသွားပြီ
အလုပ်သမားဝန်ထမ်းဘဝတွေပြောပြတာပါ ဆင်းစားမိသလောက်မျှဝေပေးတာပါ ဒါဆိုရင်စီးပွားရေးသမားတွေကိုပြန်ကြည့်ရအောင် သူလဲမွေးဖွားပညာသင် 20/25/
စီးပွားရေလုပ်ငန်းစလုပ်ပါပြီး စီးပွားရေးဆိုတာ သေးတာ
ကြီးတာမဟုတ်ပါဘူ ဘဟ်လိုစီးပွားရေးပဲ့ဖြစ်ဖြစ်စီးပွားရေပါ 20/25/မှလုပ်လာပါတယ် သူဝင်ငွေက အတိုင်းစမရှိ သူဝင်ငွေကိုခန့်မှန်း၍မရနိုင် ဒါကြောင့်သူရဲ အိမ် ကားနဲ့ နိုင်ငံခြား အလည်ခရီးတွေ အချိန်လွတ်လပ်မှု့တွေ
ကို 5 နှစ်မှ 10 နှစ်အတွင်း ရလာနိုင်တယ် ဒါဆိုရင်
သူချမ်းသာပြည့်စုံလာတဲ့အတွက်သူကိုယ်တိုင် အလုပ်လုပ်စရာမလိုပဲ ပညာတက်တွေ ကိုခေါ်ပြီး ရာထူးတွေ အဆင့်ဆင့်ပေးထားမယ်ဗျာ သူတိုမိသားစုတွေအတွက်
သက်မှတ်ထားတဲ့ စည်းကမ်းတွေ ကျင့်ဝည့်တွေ
သက်မှတ်ထားတဲ့ ဝင်ငွေပေးပြီးခိုင်းစားမယ်ဗျာ
ဒါဆိုရင်သူကိုယ်တိုင် လုပ်စရာမလိုပဲ ဝင်ငွေမပြတ်
ရနေမှာပေါ သူအနားယူမဲ့အချိန်းက 40/50ကနေ အနားယူနိုင်ပြီလေ ချမ်းသာတဲ့သူဆိုတော ကျန်းမာရေ
လူမှု့ရေးတွေကိုငွေနဲ့ဖြေရှင်းနိုင်တယ် သက်သက်သာသာနေရုံပဲ ဝန်ထမ်း ဘဝကိုကြည့်ရအောင်20/25ကနေအလုပ်လုပ်ခဲ့တာ အသက် 60 မှအနားယူရမယ်
နှစ်ပေါင်30/35/နှစ်လောက်အလုပ်လုပ်ခဲ့ရတဲ့အတွက်
ကျန်းမာရေက ကောင်းပါမလား သက်မှတ်ထားတဲ့လစာလေးနဲ့ နေထိုင်စားသောက်ရတော အသက်60မှာ
လုံလောက်တဲ့ စုဆောင်းထားတာလဲရှိမှာမဟုတ်တာသေချာပါတယ် ကျန်းမာရေး ဖြစ်လာရင်ကုသဖို့ငွေကမရှိ
လူမှု့ရေး လှုရေးတမ်ဖို့ငွေလဲမရှိဆိုရင် အသက်ရှည်ရှည်နေနိုင်မှာမဟုတ်တောဘူးနော် စီးပွားရေးလုပ်ငန်ပိုင်ရှင်ကတော ဒါတွေပူစရာမလိုပဲ ငွေကျေးလွတ်မြောက်မှု့
အချိန်လွတ်မြောက်မှုနဲ့ တရားအားထုတ်ဖို့အေးအေးစေစေနေနိုင်တယ် ဒါကြောင့် မွေးဖွားတာတူတယ်
ပညာသင်တာတူတယ် စီးပွားရေးနဲ့ အလုပ်ကွာခြားတဲ့
အတွက် ဘဝတွေက ကွာခြားသွားတယ် မိတ်ဆွေသင်လဲ အခုအသက်ရွယ်ကစပြီး ဘာကိုယ်ရွေးချယ်မလဲ
သူများအလုပ်လုပ်လို့ချမ်းသာမယ်ဆို ကျွန်တော်တို့ရဲ
အဖိုး အဖေ တွေလက်ထက်ကလဲ အလုပ်လုပ်ခဲ့ကြတာပဲကျွန်တော်တို့လက်ထက်မှာ ချမ်းသာနေပြီပေါ ကျွန်တော်တို့ အလုပ်လုပ်စရာမလိုတောဘူး အခုကြည်စမ်းပါ
ကျွန်တော်တို့အလုပ်လုပ်နေကြရတယ်အလုပ်ခြင်းမတူတဲ့အတွက် ဘဝ တွေမတူကြရတာမစမ်းပါဘူး
ကျွန်တော်တို့လဲ အတွေခေါ်တွေပြောင်းသင့်နေပြီ
ဒီနေ့ကစ၍စီးပွားရေတစ်ခုလောက် ရွေးချယ်လုပ်ကိုင်းကြဖို့အားပေးတိုက်တွန်လိုက်ပါရစေ သင့်ရဲ့ အနာဂမ်
ကိုသင်ကြိုတွေသင့်တယ် ကိုယ်လုပ်တဲ့အလုပ်နဲ့ အနာဂမ် ဘာဖြစ်လာနိုင်လဲဆင်းစားဖူလား
လူတွေပြောနေတဲ့ ပြောင်လွဲဖို့အချိန်တန်ပြီနော်
ကျရှုံ တိုးတက်မှုမရှိတဲ့ အလုပ်ကိုမနေ့အလုပ်ခဲ့ကြတယ်
မနေ့ကလုပ်တဲ့အလုပ်ကို ဒီနေ့ဆက်လုပ်နေမယ်ဆိုရင်
မနက်ဖြန်ကလဲ ဒီနေ့အတိုင်းဆက်ဖြစ်နေမှာပါ ကိုယ့်
အနာဂမ်ကိုကိုယ်ကြိုတင်မတွေမိခြင်းက မိမိရဲ အနာဂမ်ကိုယ် သစ္စာဖောက်ခြင်းဖြစ်ပါတယ် မနက်ဖြန်မှာ မှာပြောင်းလွဲခြင်တွေနဲ့ ချမ်းသာခြင်း ကျန်းမာခြင်းအောင်မြင်ခြင်တွေနဲ့ ငွေကြေးလွတ်မြောက်မှု့ တွေပိုင်ဆိုင်ကြပါစေ
သူများခိုင်းစေဝန်ထမ်း အလုပ်သမားဘဝတွေက လွတ်မြောက်ကြပါစေ (moe yan) ကိုယ့်အတွေးကိုယ့်အရေးဖြစ်ပါတယ် မှာတာရှိရင်ခွင့်လွတ်ပေးကြပါ ခဗျာ

30/10/2019

ဒီ page ​လေးမှာ
ငွေအရင်းအနှီး နည်းနည်နဲ့
နေ့စဉ်​ဝင်​​ငွေရမယ့်​ အလုပ်​​လေး​တွေကို
Admin ရှာပီး တင်​​ပေးပါမယ်​ 📬

👭👫

Rules & Regular
30/10/2019

Rules & Regular

Address

Yangon

Telephone

+959763691794

Website

Alerts

Be the first to know and let us send you an email when Poe Poe & businesses partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share