ₜₒgₑₜₕₑᵣ Wᵢₜₕ Yₒᵤ

ₜₒgₑₜₕₑᵣ Wᵢₜₕ Yₒᵤ Graphic Design & Printing services

🇯🇵  ဂျပန်စာကို လုံးဝမသိသူတောင် အခြေခံကနေ စနစ်တကျ လေ့လာနိုင်မယ့် စာအုပ်(N5) မှ (N2) အထိ ရရှိနိုင်ပါသည်။Minna no Nihongo (...
27/06/2025

🇯🇵 ဂျပန်စာကို လုံးဝမသိသူတောင် အခြေခံကနေ စနစ်တကျ လေ့လာနိုင်မယ့် စာအုပ်
(N5) မှ (N2) အထိ ရရှိနိုင်ပါသည်။

Minna no Nihongo (みんなの日本語) က ကမ္ဘာတစ်ဝှမ်းက သင်တန်းတွေမှာ အသုံးအများဆုံး Japan ဘာသာစကားသင်ထောက်ကူ စာအုပ်ပါ! 🔥

✅ နာမည်ကြီးစာသင်ခန်းသင်ရိုးညွှန်းတမ်းအတိုင်း ဂျပန်စာဖွဲ့ပုံ၊ သဒ္ဒါ၊ ဝေါဟာရတွေကို အစဉ်လိုက် သင်ယူရမယ်!
✅ စူပါမားကတ်၊ စားသောက်ဆိုင်၊ ခရီးသွားချိန်မှာ ချက်ချင်းသုံးလို့ရတဲ့ စကားပြောပုံစံတွေပါ၀င်ပါတယ်! 🛒🍣
✅ လေ့ကျင့်ခန်းများ ပါ၀င်တာမို့ ရေးချ၊ ဖြေချ၊ ပြန်လုပ်ရင်းမမေ့နိုင်အောင် သေသေချာချာ ကျွမ်းကျင်မှုရှိလာမယ်! ✍️

👉 ဒီနေ့ကစပြီး ဂျပန်စာကို ယုံကြည်ချက်ရှိရှိ စပြောလိုက်ပါ!

အခုဘဲ Chatbox မှတစ်ဆင့်မှာယူလိုက်ပါ။
09664994195 သို့ဆက်သွယ်၍လည်းမှာယူနိုင်ပါသည်။ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည်။

#ဂျပန်စာလေ့လာကြမယ် #みんなの日本語

အရည်အသွေး ပြည့်ဝပြီး စျေးနှုန်းသက်သာတဲ့ Kaplan GED Test Prep စာအုပ် များရရှိနိုင်ပါပြီ! ✨GED စာမေးပွဲ အောင်မြင်ဖို့ အကော...
15/06/2025

အရည်အသွေး ပြည့်ဝပြီး စျေးနှုန်းသက်သာတဲ့ Kaplan GED Test Prep စာအုပ် များရရှိနိုင်ပါပြီ! ✨

GED စာမေးပွဲ အောင်မြင်ဖို့ အကောင်းဆုံးလက်နက်လိုချင်နေပြီလား?
ပြည့်စုံထိရောက်တဲ့ Kaplan GED Test Prep စာအုပ် တွေ အခုပဲ ရရှိနိုင်ပါပြီ။

✨ ဘာကြောင့် ဒီစာအုပ်ကို ရွေးချယ်သင့်တာလဲ?
- ✅ နိုင်ငံတကာ လေ့လာမှုစံနှုန်းအတိုင်း ရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး၊ သင်ယူမှုကို လွယ်ကူချောမွေ့စေပါတယ်။

- ✅ လေ့ကျင့်ခန်း အပြည့်အစုံ 📝 - GED စာမေးပွဲအတွက် လိုအပ်တဲ့ ဘာသာရပ်စုံကို နမူနာမေးခွန်း ၁၀၀၀+ နဲ့အတူ လေ့ကျင့်နိုင်မယ့် လမ်းညွှန်ချက်တွေ အပြည့်ပါရှိပါတယ်။

🏫 ကျောင်း/သင်တန်းများ အတွက် အထူးအခွင့်အရေး!
သင်တန်းကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများအနေနဲ့ အရေအတွက် အများအပြား ဝယ်ယူလိုပါက၊
- 👉 လျှော့ဈေး အထူးအစီအစဉ်များ
- 👉 အမြန်ပို့ဆောင်ရေး စနစ်ဖြင့် ဖြန့်ဖြူးပေးခြင်း
- 👉 ကျောင်းသုံးသင်ရိုးအဖြစ် အာမခံချက်နဲ့ အသုံးပြုနိုင်ခြင်း

📲 ဆက်သွယ်ရန်:
- Together With You Page Chat box မှတစ်ဆင့် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။
- 09 664 994 195 သို့ဆက်သွယ်၍လည်း Order တင်နိုင်သည်။

https://t.me/togetherwithyouprintingservices တွင် Stock ရရှိသည့် စာအုပ်မျာကို တင်ပြပေးထားသည်။

GED အောင်မြင်မှု လမ်းစသည် ဒီစာအုပ်နဲ့ စတင်ပါစေ!
သင့်ရဲ့ ပညာရေးခရီးလမ်းကို Kaplan က လိုက်ပါဖော်ဆောင်ပေးပါမယ်။
Kaplan စာအုပ်လေးနဲ့ စနစ်တကျ လေ့လာပြီး အောင်မြင်မှုကို အတူတူ ဖမ်းစားလိုက်ကြရအောင်! 💯📖

📚 HSK Chinese စာအုပ်များ အားလုံးအတွက် ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေပါပြီ! 🇨🇳✨HSK Level 1-6 အထိ အားလုံးရှိ!အရည်အသွေးမြ...
13/06/2025

📚 HSK Chinese စာအုပ်များ အားလုံးအတွက် ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေပါပြီ! 🇨🇳✨

HSK Level 1-6 အထိ အားလုံးရှိ!

အရည်အသွေးမြင့်စာအုပ်များ (အရောင်တောက်ပြောင်၊ စာလုံးရှင်းလင်း)

Grammar, Vocabulary, Exercises အားလုံးပါဝင်

🔥 ဒီစာအုပ်တွေနဲ့ HSK ဖြေဖို့ Ready ဘဲလား!

- စာမေးပွဲအတွက် အကောင်းဆုံးအထောက်အကူ

- Self-study လုပ်လို့ အဆင်ပြေ

- အချိန်ကုန်သက်သာ၊ ထိရောက်မှုမြင့်

အချိန်အကန့်အသတ်ဖြင့် လျော့ဈေးနှင့် လက်ဆောင်များရှိတာကြောင့် အခုဘဲ Together With You Page မှတဆင့်ဝယ်ယူလိုက်ပါ။

📌 ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးသည်။

📌 နယ်ဝေးကားဂိတ်မှ တစ်ဆင့်ပို့ဆောင်ပေးသည်။

📌 စာအုပ်တွေက အရည်အသွေးမြင့် ပြီး ဈေးနှုန်းသက်သာ တာကြောင့် မြန်မြန်ဝယ်ပါ၊ Stock ကုန်သွားရင် နောက်ထပ်မရနိုင်ဘူးနော်! 😉

09/06/2025

ဘယ် မိတ္တူဆိုင်၊ ပုံနှိပ်ဆိုင်မှာမှ မရနိုင်တဲ့ သက်သာ‌သောဈေးနှုန်းနှင့် Premium Quality ဖြင့်
လူကြီးမင်းတို့ ထုက်လုပ်လိုသော စာအုပ်များကို တစ်အုပ်မှစ၍ ရာချီအထိ ထုက်လုပ်ပေးပါသည်။

ကျွန်တော်တို့ Together with you Printing Services မှ ရရှိနိုင်မည့် ၀န်ဆောင်မှုများမှာ-
- ကိုယ်မှာရှိတဲ့စာအုပ် pdf file တွေကို ထုက်ချင်တယ်။
- စာအုပ်ထုက်ပြီး ပြန်လည်လှူဒါန်းမယ်။
- စာအုပ်တွေထုက်ပြီး ပြန်ရောင်းမယ်။
- ကျောင်းသင်ထောက်ကူစာအုပ်တွေ ထုက်မယ်။
- ကိုယ့်သင်တန်းအတွက် ကိုယ်တိုင် Note ထုက်ထားတာတွေကိုစာအုပ်အဖြစ်ထုက်လုပ်ပြီး၊ သင်တန်းသားတွေကို သင်ထောက်ကူအဖြစ်အသုံးပြုမယ်။
- ကိုယ်သင်တန်း‌အတွက် သင်ထောက်ကူစာအုပ်တွေကို ထုက်လုပ်မယ်။
- ကိုယ်ရဲ့ လေ့လာသမျှအရာတွေကို Note ရေးသားပြီးစာအုပ်အဖြစ်ထုက်လုပ်ကာ ရောင်းမယ်။
- ကိုယ်တိုင်စာအုပ်တွေ ရေးသားထားတယ် ထုက်ချင်တယ်။
- ကိုယ်တိုင်‌ ရေးသားထားတဲ့ စာအုပ်တွေကို စာစီပြီး ထုက်ချင်တယ်။(စာစီခသီးသန့်ပေးရမည်။)
- ဘာသာရေးစာအုပ်တွေကို အတွဲလိုက်ထုက်ချင်တယ်။
အစရှိသဖြင့် အမျိုးမျိုး၀န်ဆောင်မှုများကို လူကြီးမင်းတို့စိတ်တိုင်းကျလုပ်ဆောင်ပေးပါသည်။

စာရွတ်သားကို အဆင်မြင့် အချောသားဖြင့် လုပ်ဆောင်ပေးသည်။ စာအုပ်ချုပ်လုပ်တဲ့နေရာမှာလည်း Digital Printing ဖြင့် ထုက်လုပ်ထားသော book cover ကို အသုံးပြုပြီး စနစ်တကျ ‌လက်ရာသေသပ်စွာဖြင့် ချုပ်လုပ်ပေးသည်။
အဖုံးအထူဖြင့်ချုပ်လိုသူများအတွင်လည်း အဖုံးအထူ ကတ်ထူအသား၊ လယ်သာအသားစသဖြင့် အဆင်မြင့် နည်းစနစ်များဖြင့် လူကြီးမင်းတို့ လိုအပ်သည့်ပုံစံ ဈေးနှုန်းသတ်သာသာစွာဖြင့် စနစ်တကျလုပ်ဆောင်ပေးသည်။

Order အပ်နှံလိုသည်ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ရန်ဖြစ်စေ ဆက်သွယ်ရန်
09 664 994 195 သို့ Telegram ကဖြစ်စေ၊ Viber ကဖြစ်စေ မေးမြန်းစုံစမ်းနိုင်သလို Together with you page မှတစ်ဆင့်လည်းမေးမြန်းနိုင်သည်။

သင်နဲ့အတူတကွအမြဲတမ်းရှိနေမည့်

Adobe InDesign Knowledge SharingParagraph Styles 04/1What is Hyphenation?===============သင်သည် Adobe InDesign ကိုအသုံးပြ...
13/01/2024

Adobe InDesign
Knowledge Sharing
Paragraph Styles 04/1

What is Hyphenation?
===============
သင်သည် Adobe InDesign ကိုအသုံးပြုနေတဲ့သူဆိုပါက Hyphenation ဆိုတဲ့အသုံးအနှုန်းကို သတိထားမိမှာပါ။ အကြမ်းမျဉ်းပြောရရင် Hyphenation ဆိုတာကစာသားတွေရဲ့ ဘေးထောင့်(အစွန်အဖျား)တွေကို ညီညာသွားအောင်လုပ်ပေးတဲ့ Powerful ဖြစ်တဲ့ Tool တစ်ခုပါ။

သေသပ်လှပတဲ့ စာအုပ်တစ်အုပ်၊ မဂ္ဂဇင်းတစ်ခုမှာ စာသားတွေရဲ့ ညီညာပြေပြစ်မှုကလည်း အရေးကြီးပါတယ်။ စာသားတွေရဲ့ ဘေးထောင့်(အစွန်အဖျား)တွေကို ညီညာသွားအောင် Justify လုပ်ပြီးစာရိုက်လည်း ရတာပဲဆိုပြီး ပြောစရာရှိမှာပေါ့။

Justify လုပ်ပြီးစာသားတွေကို ညီညာအောင်လုပ်လို့ရပေမယ့် ကြားထဲကနေရာလွတ်ပမာဏ များပြားမှုကိုတော့ ထိန်းညှိနိုင်မှာမဟုတ်ပါဘူး။ စာသားတွေရဲ့ ဘေးထောင့်(အစွန်အဖျား)တွေက ညီညာနေပေမယ့် စာလုံးတစ်လုံးနဲ့ တစ်လုံးကြားက နေရာလွတ်များပြားမှုကြောင့် ကြည့်ရဆိုးနေတဲ့ စာကြောင်းတွေကိုမြင်ဖူးကောင်းမြင်ဖူးမှာပါ။

တစ်ချို့သောနေရာတွေမှာ Justify အပြင် Hyphenation ဖြင့်လည်း ချိန်ညှိရတာမျိုးရှိပါတယ်။ ကျွန်တော်တို့ Adobe InDesign မှာ Text Frame တစ်ခုချပြီးစာရိုက်ပြီဆိုတာနဲ့ Hyphenation က Auto On သွားပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်စာရိုက်နေရင်း စာသားတွေနေရာမဆံတော့ရင် (-) ပြပြီးအောက်ကိုဆင်းသွားပါတယ်။

အဲလိုမျိုးဘာကြောင့်ဖြစ်တာလဲဆိုတော့ Hyphenation Setting ထဲမှာ Words with at least ထဲမှာ Letter အရေအတွက်ပမာဏ နည်းနည်းဘဲပေးထားတဲ့အတွက်ကြောင့် ကိုယ်ရိုက်တဲ့စာလုံးက ပေးထားတဲ့ပမာဏထက် Letter အရေအတွက် ကျော်လွန်နေတဲ့အတွက်ကြောင့်ပါ။

များသောအားဖြင့် Adobe InDesign အသုံးပြုသူတွေက အဲ့လိုဖြစ်ရင် Paragraph Tool Box ထဲမှာ Hyphenate အမှန်ခြစ်ဖြစ်နေတာကို ဖြုတ်ပေးလိုက်ပါတယ်။ ဒီနည်းကလည်း Hyphenation ကိုပိတ်တဲ့နည်းတစ်နည်းပါဘဲ။ ဒါဆိုရင် စာသားတွေက (-) မပြတော့ဘဲ အတွဲလိုက်အောက်ကို ဆင်းသွားပါတယ်။

နောက်တစ်နည်းကိုတင်ပြချင်ပါတယ်။ အဲ့နည်းကဘာလဲဆိုတော့ Windows>Styles>Paragraph Styles ကိုနှိပ်လိုက်ရင် Paragraph Styles Box ကျလာပါမယ်။ တကယ်လိုကိုယ်က Paragraph Styles အသစ်တစ်ခုကိုအသုံးပြုပြီး စာသားဖန်တီးမှုပြုလုပ်ထားပါက ကိုယ်အသုံးပြုထားတဲ့ Paragraph Styles ကို Right Click နှိပ်ပြီး Edit ကိုနှိပ်ပါ။ တကယ်လို Paragraph Styles အသစ်အသုံးမပြုထားပါက Basic Paragraph Styles ကို Right Click နှိပ်ပြီး Edit ကိုနှိပ်ပါ။

ပြီးရင် Hyphenation ထဲမှာ အမှန်ခြစ်ဖြုတ်လိုက်ရင် Hyphenation ပိတ်သွားပါပြီ။ Hyphenation အသုံးပြုမည်ဆိုပါက အမှန်ခြစ်ပေးပြီး အောက်တွင်ရှိသော Setting များ၌ချိန်ညှိနိုင်ပါတယ်။ Hyphenation Setting အကြောင်းကို နောက် Post တစ်ခုမှာအသေးစိတ်တင်ပေးသွားပါမယ်။

Adobe InDesign
Knowledge Sharing
Paragraph Styles 01
WHAT IS PARAGRAPH STYLE?
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid0fbL7m9NMgP2WQafz5KnECqSZotbhys5rVWMavnZpjBs923V5LMAKHrAMU3sCaWYel

Adobe InDesign
Knowledge Sharing
Paragraph Styles 02
PARAGRAPH RULES
PARAGRAPH BORDER
PARAGRAPH SHADING
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02ymXywWZmdvprAcCoCTfodhgxd85nU9WnoZPFZX3FR3LG6rrxbKYe6ua5Gd6rXntGl

Adobe InDesign
Knowledge Sharing
Paragraph Styles 03/1
What Is GREP Styles?
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02xSeh1bbLDxPmtSGQVa8vRTfPUKwjZUgzayTEqFpMQLgrsaSJpUBQxA74kwBv1fZHl

Adobe InDesign
Knowledge Sharing
Paragraph Styles 03/2
How To Use GREP Styles ?
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid0N2crPtqjghFmLBSpcMvs1zyGvxSMA54VhLEvv9Sj3quawuhAssv8Mva4L4D21qvNl






Adobe InDesign Knowledge Sharing Paragraph Styles 03/2How To Use GREP Styles ?==================GREP Styles ဘာလဲဆိုတာနဲ့...
12/01/2024

Adobe InDesign
Knowledge Sharing
Paragraph Styles 03/2

How To Use GREP Styles ?
==================
GREP Styles ဘာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ Paragraph Styles 03/1 မှာပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ခု GREP Styles အသုံးပြုနည်းနဲ့ပတ်သက်ပြီးတော့မျှဝေချင်ပါတယ်။

GREP Styles ကိုအသုံးပြုတော့မယ်ဆိုရင် ကျွန်တော်တို့ ဖန်တီးထားတဲ့ စာသားကို Select ပေးမယ်၊ ပြီးတဲ့နောက်မှာ Paragraph Styles ထဲမှာ GREP Styles ဆိုတာကိုတွေ့မှာဖြစ်တယ်။

တကယ်လို့ Paragraph Styles သုံးပြီးတော့ စာသားတွေကို ဖန်တီးထားတာမဟုတ်ဘူးဆိုရင် အပေါဘားထောင့်မှာရှိတဲ့ Menu Icon ကိုနှိပ်မယ်ဆိုရင် GREP Styles ကိုတွေ့ရမှာဖြစ်တယ်။

ပြီးတဲ့နောက်မှာ GREP Styles ထဲကိုနှိပ်ဝင်မယ်။ ပြီးတော့ New GREP Styles ကိုနှိပ်မယ်။ Apply Styles နဲ့ To Text စာသားနှစ်ခုကို တွေ့မှာဖြစ်တယ်။ Apply Styles မှာ Character Styles အသစ်တစ်ခုဖန်တီးလို့ရပါမယ်။

Character Styles မှာ ကိုယ်GREP လုပ်ချင်တဲ့ပုံစံနဲ့ ပတ်သက်ပြီးတော့ ဖန်တီးလို့ရမှာဖြစ်တယ်။ ပြီးတဲ့နောက်မှာ To Text မှာ ကိုယ်ရိုက်ထားတဲ့စာသားတွေထဲက GREP လုပ်ချင်တဲ့ စာသားကိုရိုက်ထည့်ရမှာဖြစ်တယ်။

ဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့စာသားက ဘယ်နေရာမှာဘဲရှိရှိ ရှိတဲ့နေရာတိုင်းမှာ ကိုယ် Character Styles ပေးခဲ့တဲ့အတိုင်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ တစ်ခုထက်ပိုပြီးတဲ့ GREP Styles တွေ တစ်ခုထက်ပိုတဲ့ Character Styles တွေကို ဖန်တီးလို့ရမှာဖြစ်ပါတယ်။

Adobe InDesign
Knowledge Sharing
Paragraph Styles 01
WHAT IS PARAGRAPH STYLE?
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid0fbL7m9NMgP2WQafz5KnECqSZotbhys5rVWMavnZpjBs923V5LMAKHrAMU3sCaWYel

Adobe InDesign
Knowledge Sharing
Paragraph Styles 02
PARAGRAPH RULES
PARAGRAPH BORDER
PARAGRAPH SHADING
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02ymXywWZmdvprAcCoCTfodhgxd85nU9WnoZPFZX3FR3LG6rrxbKYe6ua5Gd6rXntGl

Adobe InDesign
Knowledge Sharing
Paragraph Styles 03/1
What Is GREP Styles?
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02xSeh1bbLDxPmtSGQVa8vRTfPUKwjZUgzayTEqFpMQLgrsaSJpUBQxA74kwBv1fZHl






What is Convert Text To Table?====================Convert Text To Table အကြောင်းမပြောခင်မှာ ကျွန်တော်အနေဖြင့် Adobe InDe...
30/12/2023

What is Convert Text To Table?
====================
Convert Text To Table အကြောင်းမပြောခင်မှာ ကျွန်တော်အနေဖြင့် Adobe InDesign မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုနဲ့ပတ်သတ်ပြီး အရင်ပြောပြချင်ပါတယ်။ ကျွန်တော်ကို အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ လာမေးထားတာလည်းရှိလိုပါ။

အာ့ဘာလဲဆိုတော့ Adobe InDesign မှာ ဇယားကွတ်တွေလုပ်မယ်။ ပြီးတော့ အဲ့ဒီဇယားကွတ်ထဲမှာ မြန်မာစာတွေရိုက်ထည့်မယ်ဆိုရင် စာသားအနည်းအကျဉ်းလောက်ကတော့ ပြဿနာမရှိပေမယ့် နောတ်ပိုင်း စာတွေများလာပြီဆိုရင် စာမပေါ်တော့တာ၊ တချို့ဇယားကွတ်တွေပျောက်သွားတာ စသဖြင့်ပြဿနာတွေကြုံရနိုင်ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ဖြေရှင်းနည်းရှာခဲ့တယ်။ နည်းပေါင်းစုံသုံးပြီးတော့လည်း စမ်းကြည့်ခဲ့တယ်။ ဒါပေမယ့်အဆင်ပြေမှုမရှိတာကိုတွေ့ခဲ့ရတယ်။ နောတ်ဆုံးမှာတော့ ကျွန်တော်လက်လျှော့ခဲ့လိုက်တယ်။

ပြီးတော့ ကျွန်တော်လေ့လာကြည့်ရသလောတ်တော့ ဒါက Computer Error လည်းမဟုတ်သလို၊ Software Error လည်းမဟုတ်ဘူး။ ဒါက Software ရဲ့ချို့ယွင်းချတ်တစ်ခုလို့ဘဲ သတ်မှတ်ပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့ ကျွန်တော် Feedback ပေးခဲ့တယ်။

ကျွန်တော်နောတ်ပိုင်း Convert Text To Table ဆိုတဲ့ နည်းလမ်းကိုသုံးပြီးတော့ဘဲ ဇယားကွတ်တွေကို ဖန်တီးဖြစ်တော့တယ်။ အဲ့နည်းလမ်းမှာ ကျွန်တော်ခုနက ပြောခဲ့တဲ့ မြန်မာစာမရတဲ့ ပြဿနာလည်းမရှိတော့ဘူး။

Convert Text To Table နည်းလမ်းက ဘာမှထွေထွေထူထူမဟုတ်ဘူး။ အချုပ်အားဖြင့်ပြောရရင် ကျွန်တော်တို့ Text Frame တစ်ခုဖန်တီးမယ်။ ပြီးတော့ အဲ့ Text Frame ထဲမှာ ကျွန်တော်တို့ထည့်ချင်တဲ့စာသားတွေကို ရိုက်ထည့်မယ်။ ပြီးတော့ Text တွေကို Table အဖြစ်ပြောင်းလိုတ်ရုံပါဘဲ။

ကျွန်တော်တို့က Another Level ကိုသွားသင့်နေပါပြီ။ အရင်လိုမျိုး Table တွေထဲမှာ စာတွေကိုရိုတ်ထည့်တာမျိုးမဟုတ်ဘဲနဲ့ ရိုတ်ထားတဲ့စာတွေကိုမှ Table အဖြစ်ပြောင်းတဲ့နည်းလမ်းကို အသုံးပြုသင့်နေပါပြီ။

Convert Text To Table နည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့အချိန်ကြာမြင့်မှုကို သိသိသာသာ လျော့ချနိင်တဲ့အပြင် အမှားအယွင်းများမှလည်း ဝေးကွာသွားနိုင်ပါတယ်။ Convert Text To Table အသုံးပြုတဲ့နည်းလမ်းကို ကျွန်တော်တို့ ဆက်ကြည့်လိုက်ကြရအောင်။

How To Use Convert Text To Table ?
================================
ဦးစွာပထမ Text Frame တစ်ခုကို ဖန်တီးမယ်။ ပြီးတဲ့နောတ်မှာ Paragraph Styles တစ်ခုသတ်မှတ်မယ်။ အရေးတော့မကြီးဘူး မသတ်မှတ်လည်းရတယ်။ ပြီရင် Font ၊ စာသား Size၊ Line အကွားအဝေး စသဖြင့် ချိန်းမယ်။ ပြီးတဲ့နောတ်မှာ Table ထဲထည့်သွင်းမယ့်စာသားကို ရိုတ်မယ်။

စာသားရိုတ်တဲ့နေရာမှာ ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကို ဆောင်တဲ့အရာတစ်ခုကတော့ပါရမယ်။ အဲ့တော့မှ ဒီစာသားကဇယားကွတ်တစ်ခု၊ ဒီစာသားကတော့ဇယားကွတ်နောတ်တစ်ခုစသဖြင့် ပေါ်လွင်မှာဖြစ်တယ်။

ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကိုဆောင်တဲ့ အရာ(၃)မျိုးရှိတယ်။ (1) Comma(,) (2) Tab Key (3) Paragraph အဲ့အရာ(၃)ခုထဲကမှ တစ်ခုချင်းစီကို ဘယ်လိုအခြေနေတွေမှာ ဘယ်အရာကိုသုံးသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဆတ်လတ်တင်ပြမှာဖြစ်တယ်။

ကိုယ် Table ထဲထည့်သွင်းမယ့်စာသားတွေက Name တွေဖြစ်မယ်ဆိုရင် Name တစ်ခုနဲ့တစ်ခုကြားထဲမှာ ကော်မာ(,) တွေကို အသုံးပြုသွားမယ်။ ကော်မာ(,)အသုံးပြုခြင်းက ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကို ဆောင်တယ်။

တကယ်လို့ Name တွေမဟုတ်ဘဲနဲ့ နေရပ်လိပ်စာတွေဖြစ်မယ်ဆိုရင် ကျွန်တော်တို့ကော်မာ(,) သုံးလို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ နေရပ်လိပ်စာတွေမှာ ကော်မာ(,)ကမြို့နယ်ပြီးရင် တိုင်းဒေသကြီးမလာခင်သုံးရတာဆိုတော့ ကော်မာ(,) က Table ထဲထည့်မယ့်စာသားဖြစ်နေတယ်။ အဲ့အချိန်ကျရင် ကော်မာ(,)ကို ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကိုဆောင်တဲ့အနေနဲ့ သုံးလို့မရတော့ဘူး။ အဲ့အချိန်ကျရင် နေရပ်လိပ်စာတစ်ခုနဲ့တစ်ခုကြားထဲမှာ Tab Key ကို သုံးပေးရမယ်။ Tab Key က ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကို ဆောင်သွားမှာဖြစ်တယ်။

တကယ်လို့ Name တွေလည်းမဟုတ်ဘူး၊ နေရပ်လိပ်စာတွေလည်းမဟုတ်ဘူး ထည့်သွင်းမယ့်စာသားတွေက Paragraph စာပိုဒ်တွေဖြစ်နေမယ်ဆိုရင် စာပိုဒ်တစ်ခုပြီးရင် Enter ခေါတ်မယ်။ ပြီးရင်နောတ်စာပိုဒ်တစ်ခုစမယ်။ စာပိုဒ်ပုံစံအတိုင်းဘဲ ရေးသွားမယ်။

အထက်မှာတင်ပြခဲ့တဲ့နည်းလမ်းအတိုင်း ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကို ဆောင်တဲ့ အရာ(၃)မျိုးထဲက ကိုယ်ရေးမယ့်စာသားနဲ့ ကိုတ်ညီတဲ့အရာကိုထည့်သွင်းပြီး ရေးသားပြီးသွားရင် ရေးသားတဲ့စာတွေကို Select ပေးမယ်။ ပြီးတဲ့နောတ်မှာ Top Panel ထဲကTable ကိုနှိပ်မယ်။ Insert Table ရဲ့အောတ်မှာ Convert Text To Table ဆိုတာကို တွေ့ရလိမ့်မယ်။ အဲ့ဒါကိုနှိပ်ပေးမယ်။

ပြီးရင် Row Separator , Column Separator ကိုတွေ့ရလိမ့်မယ်။ နှိပ်ကြည့်လိုက်ရင် ကျွန်တော်ခုနပြောခဲ့တဲ့ ဇယားကွတ်တစ်ခုနဲ့ တစ်ခု ပို်ငးခြားတဲ့သဘောကို ဆောင်တဲ့ အရာ(၃)မျိုးကိုတွေ့ရလိမ့်မယ်။ ကိုယ်က စာသားကို ဘယ်အရာကို အသုံးပြုပြီးရိုက်ခဲ့တာလဲ။ ရိုတ်ခဲ့တဲ့အရာကို ရွေးပေးမယ်။
ပြီးရင် Ok နှိပ်ပေးလိုတ်မယ်။ ပြီးမှနေရာအချိန်အဆ ကိုယ်လိုအပ်သလိုပြန်ချိန်ပေါ့။

ဒါကတော့ကျွန်တော်အနေနဲ့ Adobe InDesign မှာ Convert Text To Table နည်းလမ်းကို အသုံးပြုပြီးတော့ Table တွေကိုဘယ်လိုတည်ဆောတ်လို့ရလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ နည်းလမ်းသဘောပေါတ်နိုင်တဲ့ ပုံစံဖြင့်ရှင်းပြခဲ့ခြင်းဖြစ်တယ်။

Adobe InDesign နဲ့ပတ်သတ်တဲ့ Error တွေ၊ အဆင်မပြေမှုတွေ၊ သိလိုတဲ့အကြောင်းအရာတွေကို ကျွန်တော့ရဲ့ Together With You Page Messenger Chat Box မှတစ်ဆင့်မေးမြန်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ Page ကိုလည်း Like & Share လုပ်ဖို့မေတ္တာရပ်ခံချင်ပါတယ်။






Adobe InDesign Knowledge SharingParagraph Styles 03/1What is GREP Style ?========================GREP Styles ရဲ့အရှည်ကော...
29/12/2023

Adobe InDesign Knowledge Sharing
Paragraph Styles 03/1
What is GREP Style ?
========================
GREP Styles ရဲ့အရှည်ကောတ်ကတော့ General Regular Expression Parsing ဖြစ်တယ်။ သူရဲ့အလုပ်လုပ်ပုံက ဘာနဲ့တူလဲဆိုတော့ ကျွန်တော်တို့ စာအုပ်တွေထဲမှာ မြင်စေချင်တဲ့နေရာတွေ၊ ထင်ပေါ်စေချင်တဲ့ နေရာတွေကို Highlight Pen သုံးပြီးတော့ Highlight ပေးကြတယ်။ သူရဲ့အလုပ်လုပ်ပုံကလည်း အဲ့ဒီပုံစံမျိုးဘဲ။

စာပိုဒ်တစ်ခု၊ စာကြောင်းတစ်ခုမှာ ကျွန်တော်တို့ ထင်ပေါ်စေချင်တဲ့နေရာတွေ၊ သိသာထင်ရှားစေချင်တဲ့နေရာတွေကို GREP Styles အသုံးပြုပြီးတော့ Highlight ပေးရုံတင်မကဘဲ Character Styles တစ်ခုလုံးကို ချိန်းလိုတ်လို့ရတယ်။

ကျွန််တော်အရင်က Paragraph Styles 01 မှာပြောခဲ့တာရှိတယ်။ အာ့ဘာလဲဆိုတော့ ကျွန်တော်တို့ စာအုပ် ဒါမှမဟုတ် မဂ္ဂဇင်း စသဖြင့် အချိန်ကာလတစ်ခု အတိုင်းအတာတစ်ခုအထိ လုပ်ရမယ့်အလုပ်တွေမှာစတင်တော့မယ်ဆိုရင် Paragraph Styles ကိုအသုံးပြုပြီး ပုံသေသတ်မှတ်ထားဖို့က အရေးကြီးတယ်လို့ပြောခဲ့တယ်။

တကယ်လို့ စာအုပ်တစ်အုပ် ကိုစတင်ဖန်တီးပြီဆိုကတည်းက Paragraph Styles တစ်ခုတည်းကိုပုံသေအသုံးပြုလာခဲ့မယ်ဆိုရင် GREP Styles မှာ Name တစ်ခုခု၊ စာလုံးတစ်ခုခု ကို ရိုက်ထည့်ပြီး Character Styles ချိန်းလိုတ်တာနဲ့ စာအုပ်တစ်အုပ်လုံးမှာ ကိုယ်ရိုက်ထည့်လိုက်တဲ့ စာလုံးရှိတဲ့နေရာတိုင်းဟာ ကိုယ်သတ်မှတ်လိုက်တဲ့ Character Styles အဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ ဒါကတော့ GREP Styles မှာ ကျွန်တော်သဘောအကျဆုံးအချတ်ဖြစ်တယ်။

Post ရှည်လွန်းသွားမှာဖြစ်တဲ့အတွတ်ကြောင့်မို့ GREP Styles အသုံးပြုတဲ့နည်းလမ်းနှင့် စာသားရိုတ်ထည့်ပုံ အသေးစိတ်ကို နောတ် Post မှာတင်ပေးသွားမှာဖြစ်ပါတယ်။ Adobe InDesign နဲ့ ပတ်သတ်ပြီး ကျွန်တော်သိသလောက် Knowledge Sharing လုပ်ပေးသွားမှာ ဖြစ်တဲ့အတွတ်ကြောင့်မို့ ကျွန်တော်ရဲ့ Page Like & Share လုပ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Adobe InDesign Knowledge Sharing
Paragraph Styles 01
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid0frW6hr87makCcTgdmnxbQWoTxfKXoDg2GUCn866rWDFaiySXGBGynf7uaa3Jmp5cl

Adobe InDesign Knowledge Sharing
Paragraph Styles 02
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02z2hxtDKXjH1v4X4LvuwjjpFxEdAR1Hry8gby1bobKby6CjYsPSfj3RDShaAnBmbQl






Adobe InDesign မှာ Data Merge အသုံးပြုရာ၌ မြန်မာစာမရတဲ့ Error ဖြေရှင်းနည်း======================================ကျွန်တော...
27/12/2023

Adobe InDesign မှာ Data Merge အသုံးပြုရာ၌ မြန်မာစာမရတဲ့
Error ဖြေရှင်းနည်း
======================================
ကျွန်တော်တို့က Data ဖိုင်မှာ အင်္ဂလိပ်စာတွေအပြင် မြန်မာစာတွေပါ ထည့်သွင်းထားတယ်။ ဒါပေမယ့် Adobe InDesign ထဲမှာ Data Merge လုပ်တဲ့အချိန်မှာ အင်္ဂလိပ်လိုရေးထားတဲ့စာတွေက အဆင်ပြေပေမယ့် မြန်မာလိုရေးထားတဲ့စာတွေက အဆင်ပြေမှုမရှိတာကိုတွေ့ရတယ်။ ဒါက Computer Error လည်းမဟုတ်သလို Software Error လည်းမဟုတ်ပါဘူး။

ကျွန်တော်တို့ Data File ကို Save As ဖြင့် Save ရာတွင် Microsoft Excel ၌မူ Unicode txt File Format ဖြင့် Save ရမည်။ အကယ်၍ Notepad အသုံးပြုလျှင် File Save ရာ၌ Encoding တွင် UTF-16 BE ဖြစ်စေ LE ဖြစ်စေ ထားပေးရမည်။

ကျွန်တော်တို့ပုံမှန်အတိုင်း Data Merge ကိုအသုံးပြုတဲ့နေရာမှာ ဤအဆင့်တစ်ဆင့်ကို ထပ်တိုးလုပ်ဆောင်ဖို့အတွက် လိုအပ်ပါတယ်။ ဤအဆင့်သည် မြန်မာစာထည့်သွင်းအသုံးပြုမည်ဆိုမှသာလျှင် လိုအပ်မှုရှိမှာ ဖြစ်ပါတယ်။

ဤနည်းကို အသုံးပြု၍ ကျွန်တော်တို့ Adobe InDesign တွင် Data Marge အသုံးပြုရာ၌ မြန်မာစာမရတဲ့ Error ကိုဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ Together With You Page ကနေပြီးတော့ အစဉ်အမြဲ Adobe InDesign နဲ့ပတ်သတ်တဲ့ Knowledge Sharing တွေ IT နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော့ရဲ့ Page ကို Like & Share လုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။





Graphic Designer တွေအတွက် Adobe InDesign တက်မြောက်ဖို့ လိုအပ်လား?============================Design တစ်ခုကိုဖန်တီးဖို့အတ...
26/12/2023

Graphic Designer တွေအတွက်
Adobe InDesign တက်မြောက်ဖို့ လိုအပ်လား?
============================
Design တစ်ခုကိုဖန်တီးဖို့အတွက် ကျွန်တော်တို့ လိုချင်တဲ့ Element တိုင်းကို Broswer ကနေရှာလို့ရသလို Adobe Photoshop / Adobe Illustrator တို့ကနေ ဖန်တီးလို့ရတယ်။ Design တစ်ခုဖြစ်မြောက်ရေးအတွက် Adobe InDesign ကို အထူးတလည်တတ်မြောတ်ဖို့မလိုအပ်ဘူး။

ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ Design တွေက Content တွေနဲ့ယှဉ်တွဲနေတဲ့ Design လည်းဖြစ်နိုင်တယ်။ ဒီလိုဘဲ Information တွေပါဝင်တဲ့ Design လည်းဘဲဖြစ်နိုင်တယ်။ Design ကတော့ တူညီမှုရှိမယ် သို့ပေမယ့် Data တွေကတော့ အပြောင်းအလွဲတွေရှိမယ်။

ဆိုလိုချင်တာက Certificate / Name-Card အစရှိတဲ့ Design တွေမှာ ကျိန်းသေပေါတ် Data တွေကပါဝင်နေမှာဘဲ၊ Certificate ထဲမှာ အမည်နဲ့ တခြားသော Information တွေထည့်သွင်းရတော့မယ် သို့မဟုတ် Name-Card ထဲမှာ အမည်နဲ့ တခြားသော Information တွေထည့်သွင်းရတော့မယ်ဆိုရင် Maybe (၁၀)ခုလောက်ထိကတော့ Adobe Photoshop/ Adobe Illustrator တို့မှာ အဆင်ပြေလိမ့်မယ်။

ဒါပေမယ့် (၁၀)ခုထက်ပိုပြီးတော့ ဖန်တီးမယ်ဆိုရင် အချိန်ကြန့်ကြာမှုတွေ၊ မှာယွင်းမှုတွေရှိလာနိုင်တယ်။ ဒီလိုဘဲ အလုပ်ပိုတွေအများကြီး လုပ်လာရနိုင်တယ်။

အဲ့လိုအခြေအနေမျိုးတွေ ကြုံတွေ့လာပြီးဆိုရင် Adobe InDesign မှာ ပါဝင်လာတဲ့ DataMerge / Script / Master Page အစရှိတာတွေကို သုံးဖို့အတွက်လိုအပ်လာပြီဖြစ်တယ်။

ဒါကျွန်တော့အနေနဲ့ သာဓကတစ်ခုအနေဖြင့် တင်ပြခြင်းဖြစ်တယ်။ ဒီလိုဘဲ တခြားသောနေရာတွေမှာလည်း Adobe InDesign မှာ ပိုပြီးလွယ်ကူတာမျိုး၊ အချိန်ပိုမြန်တာမျိုးရှိတယ်။

ကိုယ်က Graphic Designer တစ်ဦးဆိုရင် Adobe InDesign ကိုသင်ယူသင့်တဲ့ပညာတစ်ခုလို့ မှတ်ယူပြီး လေ့လာသင်ယူဖို့အတွက် ကျွန်တော့အနေနဲ့ အကြံဉာဏ်ပေးချင်တယ်။

ကျွန်တော့ရဲ့ဒီ Together With You Page မှာလည်း Adobe InDesign နဲ့ပတ်သတ်ပြီးတော့ Graphic Designer တစ်ယောက်အနေနဲ့ သိသင့်တဲ့အကြောင်းအရာတွေ၊ တစ်ချို့အသုံးဝင်တဲ့ Script တွေအပြင် ကျွန်တော့ရဲ့ အလုပ်အတွေ့အကြုံကနေပြီးတော့ ရရှိခဲ့တဲ့ပညာတွေကိုလည်း Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။




ADOBE INDESIGN TUTORIALPARAGRAPH STYLE 02PARAGRAPH  RULESPARAGRAPH  BORDERPARAGRAPH  SHADING================ Paragraph R...
09/08/2023

ADOBE INDESIGN TUTORIAL
PARAGRAPH STYLE 02
PARAGRAPH RULES
PARAGRAPH BORDER
PARAGRAPH SHADING
================

Paragraph Rules
============
နှစ်ကြောင်းမျဉ်းစာအုပ်တွင် စာရေးသားသကဲ့သို့ ပုံစံမျိုးပြုလုပ်ပေးသည်။ ဤမျဉ်းလိုင်းများသည် စာပိုဒ်များ၏မတူကွဲပြားသော အကြောင်းအရာများကို ပိုင်းခြားခြင်း၊ သီခြားစာပိုဒ်များကို မီးမောင်းထိုးပြခြင်း အစရှိသည့် အမျိုးမျိုးသော ရည်ရွယ်ချက်များကို ဆောင်ရွက်ပေးနိုင်သည်။ မျဉ်းလိုင်းအထူအပါး၊ အရောင်၊ အကွားအဝေးများကိုလည်းထိန်းချုပ်နိုင်သည်။

Paragraph Borders
=================
စာပိုဒ်များတွင် လေးထောင့်ဘောင်များကို ပြုလုပ်ပေးသည်။ စာပိုဒ် (သို့) စာသားပတ်လည် ဘောင်များပြုလုပ်ခြင်း၊ အခြားစာပိုဒ်များဖြင့် မတူညီကွဲပြားခြင်းကို ပြသခြင်း၊ အသားပေးခြင်းတို့တွင် အသုံးပြုသည်။ ဒါတင်မကသေးဘဲ အပေါ်လိုင်း၊ ဘေးလိုင်း၊ အောက်လိုင်းများထားရှိရန်အတွက်၎င်း၊လိုင်းနှစ်ခုအကြားတွင် စာရေးသားရာ၌၎င်း Paragraph Border ကိုအသုံးပြုသည်။ Paragraph Rules ကဲ့သို့ပင် Paragraph Border ၌လည်း အထူအပါး၊ အရောင်၊ Style နှင့် အကွာအဝေးများကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။

Paragraph Shading
=============
စာသားများ၊ စာပိုဒ်များတွင် Background Colour Shade များပေါ်လာအောင် ပြုလုပ်ပေးသည်။ စာပိုဒ်ကို အသားပေးရန်၊ ဆွဲဆောင်မှုရှိစေရန်၊ ဇယားကွက်များတွင် အပေါ်ထိပ်အကွက်ကို ပိုမိုသိသာထင်ရှားစေရန် အသုံးပြုသည်။ Paragraph Rules နှင့် Paragraph Border ကဲ့သို့ပင် Paragraph Shading ၌လည်း အထူအပါး၊ အရောင်၊ Style များကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။

ADOBE INDESIGN TUTORIAL
PARAGRAPH STYLE
PART-1
https://www.facebook.com/togetherwithyougraphicdesign/posts/pfbid02jcBocgL59SfjVVm34LxyGPoCrxDj8Fg4S6bwZFFtmCuRCJoBRe2WfbX4MZ3uQmswl






Address

No. 64, 119 Street, Mingalar Taung Nyunt Township
Yangon
11221

Website

Alerts

Be the first to know and let us send you an email when ₜₒgₑₜₕₑᵣ Wᵢₜₕ Yₒᵤ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share