TAS System Integration

TAS System Integration TAS System Integration is a leading national professional consulting and services organization focus Our motto is "Connecting the universe".

TAS System Integration is a leading national professional consulting and services organization focused on IT network infrastructure and maintenance services, wireless technology and Project Management.

👍👍👍 ကျွန်တော်တို့ TAS System Integration ကုမ္ပဏီသည်  Network Infra Service ၊ CCTV Service ၊ Wireless Service ၊ IP PBX Se...
12/01/2021

👍👍👍 ကျွန်တော်တို့ TAS System Integration ကုမ္ပဏီသည် Network Infra Service ၊ CCTV Service ၊ Wireless Service ၊ IP PBX Service ၊ Fiber Installation Service များအပြင် End User Support
PC Service များကို နှစ်ပေါင်းများစွာကြာအောင် ဝန်ဆောင်မှုပေးနေသည့် SI ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယခု Covid ကာလတွင်လည်း TAS ၏ မိတ်ဟောင်း၊ မိတ်သစ်များ IT အခက်အခဲများကို အချိန်နှင့်တပြေးညီပြေ
လည်နိုင်စေနိုင်ရန်အတွက် On Site ( Service) ဖြင့်သော်လည်းကောင်း၊ Remote Service ဖြင့်သော်လည်းကောင်းဆက်လက် ဝန်ဆောင်မှုပေးနေဆဲလဲဖြစ်ပါသည်။
👍👍👍

💪💪💪 TAS သည် Customer များသို့ CCTV Service များပေးအပ်ရာတွင် Hikvision၊ Dahua အစရှိသည့် ယုံကြည်စိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော Brand များဖြင့်သာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လူကြီးမင်းအနေနှင့် မိမိ နေအိမ်၊ ရုံးများအတွက် CCTV တပ်ဆင်လိုပါက
Site Survey ကို မေတ္တာလက်ဆောင် (အခမဲ့) ပြုလုပ်ပေးပြီး ကြိုးများ နှင့် အခြား လိုအပ်သည့် ပစ္စည်းများ အလေအလွင့်မရှိစေရန် Site Survey ကျွမ်းကျင် ပညာရှင်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ TAS သည် CCTV လောက၏ နာမည်ရ Brand တစ်ခုဖြစ်သည့်
Hikvision နှင့် နှစ်ပေါင်းများစွာ ကြာအောင် လက်တွဲလာခဲ့ပြီး ယခုအခါ Hikvision မှ ချီးမြှင့်သည့် Silver Partner Award ကိုထပ်မံရရှိခဲ့ပါသည်။ 💪💪💪

🤝🤝🤝 သို့ဖြစ်ပါ၍ မိတ်ဆွေ Customer များအနေနှင့် HIK Product များကို ဝယ်ယူလို၍ဖြစ်စေ၊ CCTV များတပ်ဆင်လို၍ဖြစ်စေ ကျွန်တော်တို့ TAS ကုမ္ပဏီသို့ တိုက်ရိုက်ဆက်
သွယ်နိုင်ပါတယ်ခင်ဗျာ.. တိကျသေချာသော Survey ၊ ကောင်းမွန်သည့် အရည်အသွေး၊ သင့်တင့်သော ဈေးနှုန်း၊ စိတ်ချရသည့် ဝန်ဆောင်မှုများဖြင့် ကျွန်တော်တို့ TAS Team မှ လူကြီးမင်းတို့ကို စောင့်ကြိုနေပါတယ်ခင်ဗျာ... 🤝🤝🤝

🎉🎉🎉 အခုလို TAS System Integration ကို Silver partner အဖြစ် အသိအမှတ်ပြုပေးပါသော HIkvision ကုမ္ပဏီကိုလည်း ကျွန်တော်တို့ TAS Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ. လူကြီးမင်းတို့လည်း သည်ထပ်မက အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ.. 🎉🎉🎉

24/12/2020

၂၀၂၀ ပြည့်နှစ်၏ အကြီးမားဆုံးသော ဆိုက်ဘာတိုက်ခိုက်မှုနှင့် သတင်းအချက်အလက် ကျိုးပေါက်မှုများ (၂)▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ဇွန်လ•...
23/12/2020

၂၀၂၀ ပြည့်နှစ်၏ အကြီးမားဆုံးသော ဆိုက်ဘာတိုက်ခိုက်မှုနှင့် သတင်းအချက်အလက် ကျိုးပေါက်မှုများ (၂)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဇွန်လ
• Amtrak: Amtrak သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကျိုးပေါက်ခဲ့ပြီး Amtrak ၏ Guest Rewards အကောင့်အချို့ကို ဟက်ကာများက ရယူသွားခဲ့ကြသည်။
• University of California SF: COVID-19 ဆိုင်ရာ သုတေသနအချက်အလက်များကို ပြန်လည်ရယူရန်အတွက် တက္ကသိုလ်မှဟက်ကာများဆီသို့ ဒေါ်လာ (၁.၁၄)သန်း ငွေပေးချေခဲ့ရသည်။
• AWS: Amazon ၏ AWS Shield Service သည်ကြီးမားသည့် (၂.၃) Tbps DDoS တိုက်ခိုက်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်ခဲ့ရသည်။
• Postbank: တောင်အာဖရိကရှိ Postbank ဘဏ်မှ မသမာသည့်ဝန်ထမ်းတစ်ဦးသည် မာစတာသော့ကို ရယူပြီး ဒေါ်လာ (၃.၂)သန်း ခိုးယူခဲ့သည်။
• NASA: DopplePaymer Ransomware ဂိုဏ်းသည် NASA ၏ IT ကန်ထရိုက်တာ ဖြစ် သည့် DMI ၏ ကွန်ရက်များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု အခိုင်အမာပြောဆိုခဲ့ သည်။
• Claire's: Claire's ကုမ္ပဏီသည် Magecart Card-skimming တိုက်ခိုက်မှု၏ သားကောင် ဖြစ်ခဲ့ရသည်။
ဇူလိုင်လ
• CouchSurfing: မြေအောက်ဖိုရမ်တွင် CouchSurfing နှင့်သက်ဆိုင်သောမှတ်တမ်းပေါင်း (၁၇)သန်းကို တွေ့ရှိခဲ့သည်။
• University of York: ဗြိတိန်ရှိ York တက္ကသိုလ်က Blackbaud ကုမ္ပဏီကြောင့် အချက်အလက်များ ကျိုးပေါက်ခဲ့မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဝန်ထမ်းများနှင့် ကျောင်းသားမှတ်တမ်းများ ခိုးယူခံခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။
• MyCastingFile: အမေရိကန်တွင် သရုပ်ဆောင်များအတွက် လွှင့်တင်ထားသော Casting Platform (MyCastingFile) ကို အသုံးပြုသူ ၂၆၀,၀၀၀ ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထုတ်ဖော်ခံခဲ့ရသည်။
• SigRed: မိုက်ခရိုဆော့ဖ်သည် Windows Server များကို ထိန်းချုပ်နိုင်သည့် ၁၇ နှစ် သက်တမ်းရှိသည့် Exploit (SigRed) ကို ပြင်ဆင်ဖာထေးခဲ့ရသည်။
• MGM Resorts: ဟက်ကာတစ်ဦးသည် MGM Resort ၏ တည်းခိုသူ (၁၄၂)သန်း၏ မှတ်တမ်းများကို အွန်လိုင်းတွင်ရောင်းချရန် လွှင့်တင်ခဲ့သည်။
• V Shred: V Shared Fintess မှ ဖောက်သည်များနှင့်သင်တန်းဆရာများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ အွန်လိုင်းတွင်ကျိုးပေါက်ခဲ့ပြီး V Shared မှ ပြဿနာအချို့သာ ဖြေရှင်းနိုင်ခဲ့သည်။
• BlueLeaks: အမေရိကန်ရဲဌာနများဆီမှ ခိုးယူထားသည့် (၂၆၉) GB ပမာဏရှိ ဖိုင်များကို လွှင့်တင်ထားသည့် Portal (BlueLeaks)ကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းမှ ပိတ်ပင် ခဲ့ရသည်။
• EDP: စွမ်းအင်ရောင်းချသည့်ကုမ္ပဏီ (EDP) သည် Ragnar Locker Ransomware တိုက်ခိုက်မှုအကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ၁၀ TB ကျော် ပမာဏရှိသော လုပ်ငန်းဆိုင်ရာအချက်အလက်များ ခိုးယူခံခဲ့ရသည်။
• MongoDB: ဟတ်ကာတစ်ဦးမှ Mongo DB Database ၂၃,၀၀၀ ကို ခြိမ်းခြောက် ငွေတောင်းရန် ကြိုးစားခဲ့သည်။
သြဂုတ်လ
• Cisco: Cisco မှ အင်ဂျင်နီယာဟောင်းတစ်ဦးသည် Cisco ကွန်ရက်အား အကြီးအကျယ် ပျက်စီးစေခဲ့ပြီး ကုမ္ပဏီမှ ၎င်းကို ပြင်ဆင်ရန် ဒေါ်လာ (၂.၄)သန်း ကုန်ကျခဲ့ရကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
• Cannon: Canon ဓာတ်ပုံကုမ္ပဏီကြီးကို Maze Ransomware တိုက်ခိုက်ခံခဲ့ရသည်။
• LG, Xerox: LG နှင့် Xerox တို့သည်လည်း Maze Ransomware တိုက်ခိုက်ခြင်းခံခဲ့ရပြီး တောင်းခံသည့်ငွေပေးချေမှု မရှိခြင်းကြောင့် ၎င်းတို့ပိုင်ဆိုင်သည့် အချက်အလက်များ ဖွင့်ချခံခဲ့ရသည်။
• Intel: Intel ၏ ၂၀ GB ပမာဏရှိ အရေးကြီးအချက်အလက်များ အွန်လိုင်းပေါ်သို့ ဖွင့်ချခံခဲ့ ရသည်။
• The Ritz, London: လန်ဒန်ရှိ Ritz ဟိုတယ်၏ ဖောက်သည်များကို ၎င်းဟိုတယ်၏ ဝန်ထမ်းအယောင်ဆောင်၍ တိုက်ခိုက်သည့် Phishing Scam တစ်ခုဖြစ်ပွားခဲ့သည်။
• Freepik: အခမဲ့ဓာတ်ပုံ Platform (Freepik) သည် သုံးစွဲသူ (၈.၃)သန်း၏ အချက်အလက် များ ကျိုးပေါက်ခဲ့မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်။
• University of Utah: Utah တက္ကသိုလ်သည် ကျောင်းသားများ၏ သတင်းအချက်အလက် များဖွင့်ချခံရခြင်းကို ရပ်တန့်ရန် ဆိုက်ဘာတိုက်ခိုက်သူများအား ဒေါ်လာ ၄၅၇,၀၀၀ ပေးချေခဲ့ရသည်။
• Experian, South Africa: Experian ၏တောင်အာဖရိကဌာနခွဲသည် ဖောက်သည် (၂၄)သန်းကို ထိခိုက်နစ်နာစေသည့် အချက်အလက်ကျိုးပေါက်မှုအကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့သည်။
• Carnival: Carnival သင်္ဘောကုမ္ပဏီသည် Ransomware တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ အချက်အလက်ကျိုးပေါက်မှုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။
စက်တင်ဘာလ
• Nevada: Neada ကျောင်းသည် Ransomware တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်သူများ၏ ငွေတောင်းဆိုမှုကို ပေးရန်ငြင်းဆန်ခဲ့သည့်အတွက် ကျောင်းသားများ၏ အချက်အလက် များ အွန်လိုင်းတွင် လွှင့်တင်ခြင်းခံခဲ့ရသည်။
• German hospital ransomware: လတ်တလော Ransomware တိုက်ခိုက်ခံနေရသည့် ဆေးရုံမှ အခြားဆေးရုံသို့ လူနာပြောင်းရွှေ့စဉ်တွင် လူနာတစ်ဦးသေဆုံးခဲ့ရသည်။
• Belarus law enforcement: ဘီလာရုစ်ဥပဒေစိုးမိုးရေးဌာနရှိ အဆင့်မြင့်ရဲအရာရှိ ၁၀၀၀ ၏ ပုဂ္ဂလိကသတင်းအချက်အလက်များ ကျိုးပေါက်ခဲ့သည်။
• NS8: ဆိုက်ဘာလိမ်လည်မှုကာကွယ်ရေးကုမ္ပဏီ NS8 ၏ အမှုဆောင်အရာရှိချုပ်သည် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ (၁၂၃)သန်း လိမ်လည်ခဲ့သည့်အတွက် ဖမ်းဆီးခြင်းခံခဲ့ရ သည်။
• Satellites: အီရန်ဟက်ကာများသည် အမေရိကန်ဂြိုဟ်တုများအား တိုက်ခိုက်ခဲ့သည်။
• Cerberus: Cerberus Banking Trojan ကိုရေးသားသူများက ၎င်း Trojan ကို သီးသန့်ရောင်းချမှု ပြုလုပ်ရာ မအောင်မြင်ခဲ့၍ Source Code ကို ဖြန့်ချိပေးခဲ့သည်။
• BancoEstado: ချီလီရှိ BancoEstado ဘဏ်သည် Ransomware တိုက်ခိုက်ခံရမှုကြောင့် ဘဏ်ခွဲများကို ပိတ်ပစ်ခဲ့ရသည်။
အောက်တိုဘာလ
• Barnes & Noble: Barnes & Noble စာအုပ်ဆိုင်သည် Egregor Ransomware အုပ်စု၏ လက်ချက်ဟု ယူဆရသည့် ဆိုက်ဘာတိုက်ခိုက်မှုကို ခံစားခဲ့ရသည်။ ခိုးယူထားသည့် မှတ်တမ်းများသည် အထောက်အထားအဖြစ် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
• UN IMO: ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (UN IMO) မှ အများပြည်သူ ဆိုင်ရာစနစ်များကို ထိခိုက်စေသော လုံခြုံရေးကျိုးပေါက်မှုတစ်ခုကို ထုတ်ဖော်ပြောဆို ခဲ့သည်။
• Boom! Mobile: Telecom ဝန်ဆောင်မှုပေးသူ (Boom) သည် Magecart Card-skimming တိုက်ခိုက်မှု၏ သားကောင်ဖြစ်လာခဲ့သည်။
• Google: Google မှ (၂.၅၄)Tbps DDoS တိုက်ခိုက်မှုကို လျော့ပါးသက်သာအောင် ပြုလုပ် ခဲ့ရကြောင်း ပြောကြားခဲ့ပြီး ၎င်းပမာဏသည် DDoS တိုက်ခိုက်မှုတွင် အကြီးမားဆုံး မှတ်တမ်းဖြစ်ခဲ့သည်။
• Dickey's: ၂၀၁၉ ဇူလိုင်လနှင့် ၂၀၂၀ ဩဂုတ်လကြားတွင် အမေရိကန် ဘာဘီကျူ စားသောက်ဆိုင် (Dickey's)၏ Point-of-Sale စနစ်တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းနောက် ဖောက်သည် ၃သန်း၏ Card အသေးစိတ်အချက်အလက်များ အွန်လိုင်းသို့ လွှင့်တင်ခံခဲ့ရသည်။
• Ubisoft, Crytek: ဂိမ်းကုမ္ပဏီများဖြစ်သည့် Ubisoft နှင့် Crytek တို့ ပိုင်ဆိုင်သည့် အရေးကြီးသတင်းအချက်အလက်များကို Egregor Ransomware ဂိုဏ်းက အွန်လိုင်း တွင်ဖြန့်ဝေခဲ့သည်။
• Amazon insider trading: အမေဇုံဘဏ်မန်နေဂျာဟောင်းနှင့် ၎င်း၏မိသားစုသည် ဒေါ်လာ (၁.၄)သန်းတန်ဖိုးရှိသည့်အတွင်း လူလိမ်လည်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။
နိုဝင်ဘာလ
• Manchester United: Manchester United ဘောလုံးအသင်းက ၎င်း၏ အတွင်းပိုင်းစနစ် များအား ထိခိုက်စေသည့် လုံခြုံရေးကျိုးပေါက်မှုတစ်ခုအား စစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
• Vertafore: Vertafore Software ကုမ္ပဏီ၏ လူလုပ်အမှားကြောင့် တက္ကဆက်ရှိ တက္ကဆီ ယာဉ်မောင်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကျိုးပေါက်ခဲ့ရသည်။
• Campari: Campari အဖျော်ယမကာကုမ္ပဏီသည် Ransomware တိုက်ခိုက်ခံရပြီးနောက် ၎င်း၏ အွန်လိုင်းစနစ်များ ရပ်ဆိုင်းခဲ့ရသည်။
• $100 million botnet: ရုရှားဟက်ကာတစ်ဦးသည် Botnet လုပ်ဆောင်မှုဖြင့် တိုက်ခိုက် ခံရသူတို့၏ ဘဏ်အကောင့်များထံမှ ဒေါ်လာသန်း (၁၀၀)ကို ခိုးယူခဲ့သည့်အတွက် ထောင်ဒဏ်ကျခံခဲ့ရသည်။
• Mashable: ဟက်ကာတစ်ဦးက Mashable ၏ Database များအနက်မှ တစ်ခုကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့သည်။
• Capcom: Capcom ၏အတွင်းပိုင်းစနစ်များ တိုက်ခိုက်ခံခဲ့ရပြီး Ragnar Locker Ransomware ၏ သားကောင်ဖြစ်ခဲ့သည်။
• Home Depot: အမေရိကန်ရှိလက်လီအရောင်းဆိုင် (Home Depot) သည် သန်းနှင့်ချီသောစျေးဝယ်သူများကို ထိခိုက်စေခဲ့သည့် PoS Malware တိုက်ခိုက်ခံရပြီးနောက် ဒေါ်လာ (၁၇.၅) သန်းပေးဆောင်ရန် သဘောတူညီခဲ့ရသည်။
Charlie Osborne ၏ "The biggest hacks, data breaches of 2020" ကို ရွှေဝတ်ရည် ဘာသာပြန်ဆိုပါသည်။

🙏🙏🙏 အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏🙏🙏🎯 TAS System Integration ဟာ ကွန်ပျူတာ၊ Network ၊ CCTV ၊ Fiber installation ၊ Wireless S...
28/11/2020

🙏🙏🙏 အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏🙏🙏

🎯 TAS System Integration ဟာ ကွန်ပျူတာ၊ Network ၊ CCTV ၊ Fiber installation ၊ Wireless Service တွေအပြင် အခြား SI Service ပေါင်းများစွာကို ကျွန်တော်တို့ရဲ့ Client များထံသို့ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေတယ်ဆိုတာ မိတ်ဆွေတို့ သိပြီးဖြစ်မှာပါ..

🎯 ယခုလက်ရှိ Covid-19 ကြောင့် Work From Home ကာလမှာလည်း Client များ စိတ်ချမ်းသာစွာ မိမိ ကွန်ပျူတာ၊ Server၊ Network များကို အသုံးပြုနိုင်ဖို့အတွက် Stand By အနေထားနဲ့ ဆက်လက်စောင့်ကြည့်ဝန်ဆောင်မှုပေးနေဆဲလဲဖြစ်ပါတယ်..

🎯 မိတ်ဆွေများအနေဖြင့်လည်း မိတ်ဆွေတို့ အိမ်မှာသော်လည်းကောင်း၊ ရုံးမှာသော်လည်းကောင်း CCTV ၊ ကွန်ပျူတာ ၊ Network အပြင် အခြား SI Service များလိုအပ်ပါက ရုံးချိန်အတွင်း ကျွန်တေ်ာတို့ကို တိုက်ရိုက်ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ..

🎯 ကျွန်တော်တို့ TAS Team ဟာ မိတ်ဆွေတို့ရဲ့ IT နဲ့ပတ်သတ်တဲ့အခက်အခဲမှန်သမျှကို online platform ပေါ်မှသော်လည်းကောင်း အကယ်၍ မိတ်ဆွေတို့က အခြေအနေအမျိုးမျိုးကြောင့် လူကိုယ်တိုင်လာရောက်ခွင့်ပြုမည်ဆိုလျှင်လည်း ကျန်းမာရေးအကာအကွယ်များ စနစ်တကျဝတ်ဆင် ၍ အချိန်နှင့်တပြေးညီလာရောက်၍သော်လည်းကောင်း မိတ်ဆွေများ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်ထားရှိပါတယ်ခင်ဗျာ..

🎯 Online Platform ဆိုတာကတော့ Remote (Helpdesk) ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး မိတ်ဆွေတို့တွင် ဖြစ်ပေါ်လျက်ရှိသော Network, Server နှင့် Computer ပြဿနာများကို ကျွန်တော်တို့ TAS Technical Team မှ လူကြီးမင်းတို့၏ ကျန်းမာရေးကို ရှေးရှု၍ အိမ်သို့ကိုယ်တိုင်လာရောက်ခြင်းမပြုဘဲ မိတ်ဆွေများ၏ Laptop, Computer များထဲသို့ Any Desk, Team Viewer အစရှိသည့် Remote Software များကို အသုံးပြု၍ ဝင်ရောက် ဖြေရှင်း၊ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..

🎯 Online ဝန်ဆောင်မှုဖြစ်သော်လည်း Service အရည်အသွေးလျော့ကျသွားမှာကို ပူပင်စရာမလိုဘဲ မိတ်ဆွေများ စိတ်ကျေနပ်မှုရှိသည်အထိ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးအပ်သွားမှာ ဖြစ်ကြောင်းလည်း ကတိပြုပြောကြားလိုပါတယ်ခင်ဗျာ..

🎯 ယခု covid ကာလအတွင်း ကျွန်တော်တို့ ကုမ္ပဏီမှ Customer ၅၀ ကျော်ကို Online Platform မှ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး Customer များ စိတ်ကျေနပ်မှုရှိတယ်လို့လည်း သိရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်.. မိတ်ဆွေတို့ နေအိမ်၊ ရုံးတွေမှာ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး Remote Service တွေလိုအပ်လာပါက ကျွန်တော်တို့ TAS System Integration ကို ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..

☎️ဆက်သွယ်ရန်။ ။ TAS System Integration Co., Ltd. Building 2, Room 202, Parami Housing, Hlaing Township
Ph: 09443237265, 09793619827

 #အားလုံးပဲ မဂ်လာရှိသော နေ့လေးပါဗျ. ကျွန်တော်တို့ TAS ကနေ အပတ်စဉ်တင်ဆက်ပေးနေတဲ့ IT Quiz မေးခွန်းလေးရဲ့ အဖြေကို ပြန်လည်ဝေ...
21/11/2020

#အားလုံးပဲ မဂ်လာရှိသော နေ့လေးပါဗျ. ကျွန်တော်တို့ TAS ကနေ အပတ်စဉ်တင်ဆက်ပေးနေတဲ့ IT Quiz မေးခွန်းလေးရဲ့ အဖြေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ..

#ပါဝင်ဖြေဆိုပေးသူ ညီကိုမောင်နှများအားလုံးကိုလည်း ကျွန်တော်တို့ TAS Page ကနေ ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ… အဖြေမှန်သူများကိုလည်း Congratulations ပါလို့ ပြောချင်ပါတယ်ခင်ဗျာ.. မမှန်သူများကလည်း ဘာကြောင့် မမှန်တာလဲဆိုတာကို ပြန်လည်သုံးသပ်ပြီး ကိုယ့်အသိတွေကို တစ်ဆင့်ထပ်မံမြှင့်နိုင်ကြပါစေခင်ဗျာ..

#နောက်အပတ်တွေမှာလည်း အခုလို ဗဟုသုတရဖွယ် IT Quiz လေးတွေကို အပတ်စဉ် တနလ်ာနေ့တိုင်း တင်ဆက်ပေးသွားဉီးမှာဖြစ်လို့ .. ကျွန်တော်တို့ Page လေးကိုလည်း Like and Follow လုပ်ထားနိုင်ကြပါတယ်ခင်ဗျာ..

 #မဂ်လာပါခင်ဗျာ.. ကျွန်တော်တို့ TAS Page ကနေ အပတ်စဉ် Monday တိုင်း တင်ဆက်ပေးနေတဲ့   Quiz Time လေးပြန်လည်ရောက်ရှိလို့ လာခ...
16/11/2020

#မဂ်လာပါခင်ဗျာ.. ကျွန်တော်တို့ TAS Page ကနေ အပတ်စဉ် Monday တိုင်း တင်ဆက်ပေးနေတဲ့ Quiz Time လေးပြန်လည်ရောက်ရှိလို့ လာခဲ့ပြန်ပါပြီခင်ဗျာ.. 🥰

🤗🤗🤗 ကာလမှာ TAS နဲ့ အတူ Computer , Network နဲ့ ပတ်သတ်တဲ့ IT Quiz လေးတွေ ဝင်ရောက်ဖြေဆိုရင်း မိမိ Skill တွေကို တစ်ဆင့်မြှင့်လိုက်ကြရအောင်နော်.. 🤗🤗🤗

Q: Which of the following is private IP address?
A. 11.0.0.1
B. 192.172.19.39
C. 172.32.14.36
D. 192.168.24.43

☺️☺️☺️ IT ကိုလေ့လာနေသူ မည်သူမဆို ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ.. ☺️☺️☺️

🥰🥰🥰 အဖြေမှန်ကို လာမယ့် သောကြာနေ့မှာ ပြန်လည်ဖော်ပြပေးသွားပါမယ်ခင်ဗျာ.. 🥰🥰🥰 ပါဝင်ဖြေဆိုပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) +++++++++++++++++++++++++++++++✍️ သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာကိုသက်ဝင်ယ...
31/10/2020

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)
+++++++++++++++++++++++++++++++

✍️ သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ မြန်မာလူမျိုးများတိုင်းအတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် နတ်ပြည်၌ အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်
သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူ၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့်
မီးများ ထွန်းကာမြင့်မိုရ်ပွဲ ဆင်ယင်ကျင်းပကြခြင်းဖြစ်သည်။

✍️ လူအပေါင်းတို့သည် မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ချင်ကြကြောင်း တောင်းပန်လျောက်ထား သဖြင့်
ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်အားမည်သည့်အခါ မည်သည့်အချိန်၌
လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်။ ဤသည်ကို ရည်၍ သတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

✍️ သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်း ခေါ်နိုင်လေသည်။ မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုအခါ မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသော
ပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။
ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

✍️ ထို့အပြင် သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြသော သံဃာတော်မြတ်တို့ သီတင်းသုံးရာ ကျောင်းသင်္ကန်းမှ လွတ်လွတ်ကျွတ်ကျွတ်သွားလာ
သီတင်းသုံးခွင့်ကိုလည်းရရှိကြသည်။ ဤသည်ကို အကြောင်းပြု၍ သီတင်းကျွတ်ဟူသော ဝေါဟာရပေါ်ပေါက်လာရခြင်းလည်းဖြစ်သည်။ ထို့အပြင် ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကိုလည်း ရရှိကြလေသည်။

✍️ အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌
အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူ၍ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ စသည့် ဂုဏ်ထူး ဝိသေသ အထူးထူးဖြင့် ပြည့်စုံသော နေ့ထူးရက်မြတ်ကြီး တစ်နေ့ပင်ဖြစ်ကြောင်း TAS ၏ မိဘပြည်သူများအား ဒါနပြု ပြန်လည်မျှဝေ ပေးလိုက်ရပါသည်။

🙏🙏🙏 TAS ၏ မိတ်ဟောင်း ၊ မိတ်သစ်များအားလုံး ယနေ့တွင်ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ Covid ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြကာ နောင်နှစ်ပေါင်းများစွာတိုင် အနာရောဂါကင်းရှင်း၍ စီးပွားလာဘ်လာဘများ ဒီအရေအလားတိုးတက်ကြပါစေကြောင်းလည်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ... 🙏🙏🙏

ဝါလကင်းလွတ် သီတင်းကျွတ် အခါကာလကို ချစ်ခင်ရသောမိသားစု များနဲ့ပျော်ရွှင်စွာဖြတ်သန်းရင်း ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့...
30/10/2020

ဝါလကင်းလွတ် သီတင်းကျွတ် အခါကာလကို ချစ်ခင်ရသောမိသားစု များနဲ့ပျော်ရွှင်စွာဖြတ်သန်းရင်း ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့စွာဖြင့် Covid-19 ကပ်ရောဂါဘေးက ကင်းဝေးပါစေကြောင်း TAS System Integration မိသားစုမှဆုမွန်ကောင်းတောင်း အပ်ပါတယ်။

 #အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ CCTV ဆိုတာကို သင့်အနေနဲ့ မသိသေးရင် တော်တော်လေးကို ခေတ်နောက်ကျနေပါပြီ.. သင့်ရဲ့ နေအိမ်၊ ...
24/10/2020

#အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ CCTV ဆိုတာကို သင့်အနေနဲ့ မသိသေးရင် တော်တော်လေးကို ခေတ်နောက်ကျနေပါပြီ.. သင့်ရဲ့ နေအိမ်၊ လုပ်ငန်းခွင်တွေလုံခြုံစေဖို့အတွက် CCTV ဟာ အရေးကြီးတဲ့ အခန်းကနေပါဝင်ပါတယ်.. အကယ်၍ သင့်အနေနဲ့ CCTV အကြောင်းကို နှံ့နှံ့စပ်စပ်လေ့လလိုတယ်ဆိုရင်တော့ မူရင်း Page ရဲ့ လင့်ခ်မှာ Register ပြုလုပ်ပြီး CCTV Event ကို တက်ရောက်နိုင်ပါတယ်...

#သင့်နေအိမ်၊ လုပ်ငန်းခွင်များအတွက် CCTV Service လိုအပ်ပါကလည်း ကျွန်တော်တို့ TAS မှ မိတ်ဆွေတို့ စိတ်တိုင်းကျ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ..

ဆက်သွယ်ရန် ။ ။ Building 2, Room 202, Parami Housing, Parami Road, Hlaing Tsp
ဖုန်း - 09 44323 7265
Email - [email protected]

🥇🥇🥇ကျွန်တော်တို့ TAS System Integration ကုမ္ပဏီဟာ အခုဆိုရင် Security ပိုင်းမှာ ယုံကြည်စိတ်ချရတဲ့  Trend Micro ကုမ္ပဏီရဲ့...
19/10/2020

🥇🥇🥇ကျွန်တော်တို့ TAS System Integration ကုမ္ပဏီဟာ အခုဆိုရင် Security ပိုင်းမှာ ယုံကြည်စိတ်ချရတဲ့ Trend Micro ကုမ္ပဏီရဲ့ တရားဝင်အသိအမှတ်ပြု Partner လက်မှတ်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။

🥰🥰🥰 TAS ဟာ System ၊ Network ၊ Wireless ၊ CCTV ၊ IP PBX ၊ Fiber စသည့် ဝန်ဆောင်မှုများကို Customer များစိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ယခုအခါ နာမည်ကျော် Security ကုမ္ပဏီ တစ်ခုရဲ့ အသိအမှတ်အပြု Partner လက်မှတ်ကို ထပ်မံရရှိခဲ့ပြီဖြစ်တာကြောင့် မိတ်ဆွေတို့လုပ်ငန်းအတွက်လိုအပ်မယ့် System , Network , End User Security Service များအတွက် ကျွန်တော်တို့ TAS နှင့် ယုံယုံကြည်ကြည် လက်တွဲနိုင်ပါကြောင်း မိတ်ဟောင်း၊ မိတ်သစ်များသို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ..

🤝🤝🤝Partner ဖြစ်ခွင့်ရတဲ့အတွက်လည်း Trend Micro ကုမ္ပဏီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...

ဆက်သွယ်ရန် ။ ။ Room 202,Building 2,Parami Housing,Parami Road,Hlaing Township
Email - [email protected]
ဖုန်း - 09 44323 7265

👍👍👍ကျွန်တော်တို့ TAS System Integration Co., Ltd. သည် EnGenius ၏ product များကို အသုံးပြု၍  Client များကို Wireless Serv...
13/10/2020

👍👍👍ကျွန်တော်တို့ TAS System Integration Co., Ltd. သည် EnGenius ၏ product များကို အသုံးပြု၍ Client များကို Wireless Service များ ပေးအပ်နေသည်မှာ နှစ်ကာလများစွာကြာမြင့်ခဲ့ပါပြီ..
အရည်အသွေးကောင်းမွန်သည့် အဆင့်မြင့် Product တစ်ခုဖြစ်သည့်အတွက် EnGenius နှင့် ယုံယုံကြည်ကြည်လက်တွဲခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့၏ Wireless ဝန်ဆောင်မှုကို ရယူသုံးစွဲကြသည့် Customer များအားလည်း စိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်ခဲ့ပါသည်။ 👍👍👍

🧑‍🎓🧑‍🎓🧑‍🎓ကျွန်တော်တို့ TAS အနေနှင့်လည်း Customer များကို ဝန်ဆောင်မှုများပေးအပ်ရာတွင်
EnGenius အသိမှတ်ပြုလက်မှတ်ရ နည်းပညာကျွမ်းကျင်ပညာရှင်များဖြစ်သည့် EnGenius Solution Specialist ၊ EnGenius Cloud Professional အစရှိသည့် Technical ကျွမ်းကျင် ပညာရှင်များ ဖြင့်သာ ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။ 🧑‍🎓🧑‍🎓🧑‍🎓

🥇🥇🥇ယခုအခါ ကျွန်တော်တို့ TAS သည် EnGenius ၏ တရားဝင်အသိအမှတ်ပြု Engenius Certified Partner လက်မှတ်ကို ထပ်မံရရှိခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ဒါ့အပြင် ကျွန်တော်တို့ ကုမ္ပဏီအတွက် နိုင်ငံတကာ အဆင့်မီ Certified Professional များမွေးထုတ်ပေးသည့်အတွက် EnGenius Myanmar နှင့်တကွ EnGenius အဖွဲ့သားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်ခင်ဗျာ.. EnGenius ကုမ္ပဏီကြီးလည်း သည်ထပ်မက အောင်မြင်မှုတွေရရှိနိုင်ပါစေကြောင်း လည်း ဆန္ဒပြုပါတယ်ခင်ဗျာ.. 🥇🥇🥇

Address

Room 202, Building 2, Parami Housing, Parami Road, Hlaing Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959443237265

Website

Alerts

Be the first to know and let us send you an email when TAS System Integration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TAS System Integration:

Share