22/08/2023
Project Management တွင် ပါဝင်သော Quality Management ပြုလုပ်ရာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် အကြောင်းအရာများအား အနည်းငယ် knowledge sharing လေးပြုလုပ်ပေးချင်ပါသည်။PMBOK- Sixth Edition ကို အခြေခံပြီးရှင်းပြပေးသွားပါမည်။
1.Manage Quality or Quality Assurance
မည်သည့် လုပ်ငန်းကိုပဲ လုပ်လုပ် Business Value ရအောင် လုပ်ဆောင်သင့်ပါသည်။Business Value တွင် ကိုင်တွယ်၍ ရသော အရ နှင့် ကိုင်တွယ်၍ မရ သော အရ ဟူ၍ နှစ်မျိုး ရှိပါသည်။
ကိုင်တွယ်၍ ရသော Business Value တွင် အောက်ပါအချက်များ ပါဝင်ပါသည်။
1.Monetary Assets
2.Stockholder Equity
3.Utility
4.Fixture
5.Tool and
6Market Share များပါဝင်ပါသည်။
ကိုင်တွယ်၍ မရသော Business Value တွင် အောက်ပါ Business Value များပါဝင်ပါသည်။
1.Goodwill
2.Brand Recognition
3.Public Benefit
4.Trademarks
5.Strategic Alignment and
6.Reputation များ ပါဝင်ပါသည်။
မည်သည့် Business Value အား ပိုပြီး အလေးထားပြီး လုပ်ဆောင်ရမည်ကို မိမိ Internal Organization မှ သက်ဆိုင်ရာ Portfolio Management level မှ ဆုံးဖြတ်ရမည် ဖြစ်ပါသည်။မည်သည့်ကြောင် ထိုအရာများအား ပြောဆိုရခြင်းမှာ Company တစ်ခု ရေရှည်တည်တံ့ ရပ်တည်နိုင်ရည် မိမိ လုပ်ဆောင်သော Deliverable Product အပေါ်တွင် များစွာ မူတည်သောကြောင့်ဖြစ်ပါသည်။မိမိ လုပ်ဆောင်သော Product အားအရည်အသွေးပြည့်မှီအောင် လုပ်ဆောင် အာမခံချက် ပေးနိုင်မှ End user or Client မှ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။မိမိတို့ မြန်မာနိုင်ငံတွင် Quality Assurance နှင့်ပတ်သတ်ပြီး အာမခံချက်အပြည့်အဝ ပေးနိုင်သော Company အလွန်းရှားပါသည်။အပြည့်အဝ မပေးနိုင်ရင် ဆိုရင်တောင် 50% to 75% ခန့်အထိ ပေးနိုင်ရင် မဆိုးဘူးလို့ သုံးသပ်ပြောဆို၍ ရနိုင်ပါသည်။Product တစ်ခုအား အာမခံချက်ပေးတယ်ဆိုကတည်းက ကိုယ်က ဘာတွေ ပြင်ဆင်ထားရမလဲ၊ကိုယ်အာမခံ ချက် ပေးတဲ့အတိုင်း ဖြစ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ကြိုတင်ပြီးစဉ်းစားထားရပါ ဖြစ်ပါတယ်။ဆိုလိုတာက ပေးထားတဲ့ အာမခံချက်အတိုင်းဖြစ်အောင် မိမိရဲ့ Internal အဖွဲ့စည်းမှာ Procedure တွေ ၊Policie တွေ ချမှတ်ရမှာ ဖြစ်ပါတယ်။
မည့်သည့်နည်းလမ်းတွေ သုံးရမလဲ?
1.Design For X or Method of Statement
2.Data Gathering (အချက်အလက် စုဆောင်းခြင်း--ဘယ်လို Check lists တွေ အသုံးပြုပြီး စစ်ဆေးမှာလဲ)
3.Data Analysis(ဘာကြောင့် သတ်မှတ်ထားတဲ့ Quality ကိုမမှီတာလဲဆိုတာ Analysis ပြုလုပ်ခြင်း)
4.Multicriteria Design (ဘယ်လို အချက်အလက်တွေနနဲ့ စဉ်းစားပြီး ဆုံးဖြတ်မှာလဲ...လက်ခံမှာလဲ)
5.Cause & effect diagram(ဘာကြောင့် အရည်အသွေး မမှီရတာလဲဆိုတာ Fishbone diagram ဆွဲပြီး အဖြေရှာခြင်း)
6.Problem Solving (ဖြေရှင်းနည်း 5 မျိုးရှိ)
7.Quality Improvement Method(Eg..Kaizen,6-Sigma,TQM,PDCA)
အထက်ပါ အချက် 7 မျိုးအား အသုံးပြုပြီး လုပ်ဆောင်ရပါမည်။Company ရေရှည်ရပ်တည် နိုင်ဖို့အတွက်ဆိုရင် Continuous Improvement ဖြစ်နေဖို့ လိုအပ်ပါတယ်။Continuous Improvement ဖြစ်နေဖို့အတွက် နာမည်ကြီးသော Kaizen,6-Sigma,TQM(14 Points),PDCA နည်းလမ်းများအား လုပ်ဆောင်သင့်ပါသည်။စာအရမ်းရှည်သွားသည့်အတွက် တစ်ချို့ စာသားများအား နောက်ပိုင်း ကျမှ အသေးစိတ်ရှင်းပြပေးသွားပါမည်။Quality Control (QC) အကြောင်းအား နောက်ထပ် ထပ်မံပြီး Sharing ပြုလုပ်ပေးသွားမည်။