M.A Myanmar Driving License service

M.A Myanmar Driving License service ယုံကြည်စွာအပ်နှံပေးကြသော မိတ်ဟောင်းမိတ်သစ်မိတ်ဆွေများအားအထူးကျေးဇူးတင်ပါတယ်။❤️❤️

 #အကျိူးရှိပါကရှယ်သွားပေးပါမြန်မာ့အာမခံလုပ်ငန်း သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံနှုန်းထားများ ✅
09/05/2024

#အကျိူးရှိပါကရှယ်သွားပေးပါ

မြန်မာ့အာမခံလုပ်ငန်း သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံနှုန်းထားများ ✅

နလဗိန်းတုံး ဆိုသည်မှာ ...ကညနတွင် ပွဲစားမှ စဆုံး၃၀၀၀ပဲပေးပါဆိုတာကို ယုံခြင်းလူသတ်တရားခံ ဖမ်းမိလျှင်ထောင်ကျသည်ဟုထင်ခြင်းဆီ...
06/08/2023

နလဗိန်းတုံး ဆိုသည်မှာ ...

ကညနတွင် ပွဲစားမှ စဆုံး၃၀၀၀ပဲပေးပါ
ဆိုတာကို ယုံခြင်း

လူသတ်တရားခံ ဖမ်းမိလျှင်
ထောင်ကျသည်ဟုထင်ခြင်း

ဆီဆိုင်တိုင်း ဆီဂါလံပြည့်သည်ဟု
ထင်ခြင်း...

အိုင်ဒေါတွင် အဆိုကောင်းမည့်သူသာ
အနိုင်ရမည်ဟု ထင်ခြင်း...

မင်းသမီးများ၏ အရွယ်အစားများကို
အစစ်ဟုထင်ခြင်း....

FB ထဲမှာ ဒီပုံကိုရှယ်ရင် ငွေဝင်တယ်..
ဆိုတာကိုယုံခြင်း...

သစ်သားစည်ထဲ ဂေါ်လီနှိုက်ဖွင့်တဲ့
ထီကို မိမိနံပါတ် ပေါက်မည်ဟုထင်ခြင်း...

လောင်းကစားဒိုင်ချုပ်ကို
ရဲကဖမ်းမိမည်ထင်ခြင်း....

နွားနို့ကိုရေမရောဘူးဟုယုံခြင်း

YBS ပုံးထဲထည့်သမျှ နှစ်ရာတန်ချည်းပဲ
ဟု ယုံကြည်ခြင်း ...

ဖမ်းမိတဲ့ ဆေးပြားအများပိုင်ရှင်က
ဂျပန်ဖိနပ်ဖင်ပြတ်စွပ်ကျယ်အစုတ်နဲ့
တောသားဖြစ်နေတာကိုယုံခြင်း...

တောင်ကြီးမှာ မုန့်ဟင်းခါးစားခြင်း...

ကျိုက်ထီးရိုးမှာ စပါးကြီးသည်းခြေဝယ်ခြင်း....

ရန်ကုန်မှာ ခိုတောင်မုန့်တီစားခြင်း....

ဂန့်ဂေါ ဘက်ကလူ..မဲမနိုင်လို့
အမတ်မဖြစ်ရင်သူ့သမီးတွေကို
လာယူလှည့်လို့ပြောတာကိုယုံခြင်း....

အချို့မှုန့်လုံးဝ မသုံးတဲ့
စားသောက်ဆိုင်ဆိုတာကိုယုံခြင်း

ဟန်းနီးမွန်းခရီး.လကမ္ဘာကိုခရီးထွက်မယ်
ဆိုတာကိုယုံခြင်း...

တရုတ်ပစ္စည်းကို ထိုင်ဝမ် လို့
့ပြောရောင်းတာကိုယုံခြင်း...

ရွေးကောက်ပွဲမတိုင်ခင်ကခင်းသော မဲဆွယ်
ကွန်ကရစ်လမ်းများသည် ဟိုပါတီပိုင်ငွေဖြင့်
ကျခံသည်ဟုထင်ခြင်း

အကြော်သည်က ဆီသန့်နဲ့ကြော်ပါသည်
ဆိုတာကိုယုံခြင်း....

ဘဏ်များသည် လူအားလုံးအား
ဗဟိုဘဏ်ကချမှတ်ထားသည့်
စည်းမျဉ်းများအတိုင်း တပြေးညီကျင့်သုံးပြီး
ချေးငွေထုတ်ချေးသည်ဟုထင်ခြင်း....

ငါးလောင်းပြိုင်လူသတ်မှုပေါ်တော့မည်
ဟုပြောခဲ့သူကိုယုံခြင်း...

SME ချေးငွေသည် တစ်ကယ့်
SME သမားများဆီရောက်မည်ဟုထင်ခြင်း...

ဘုန်းကြီးကျောင်းစက်ရေတွင်းတူးလို့ဆိုပြီး
ရေပိုက်ဖိုးလှည့်လည်အလှူခံတာကိုထည့်ခြင်း....

ပုဂံမှာနိုင်ငံခြားသားဆီက
နေကာမျက်မှန်ဝယ်ခြင်း....

မီးပွိုင့်တွင်အလှူခံထည့်ခြင်း....

ဗိုလ်ချုပ်စျေးမှာ အင်္ကျီဝယ်ခြင်း....

အွန်လိုင်းပေါ်မှ ဆံပင်ပေါက်ဆေးကိုယုံခြင်း..

ငါးဖယ်ချဉ်ကိုပဲခူးလမ်းဘေးတွေ့ကရာနေရာမှ
ဝယ်ခြင်း......

ဖန်ပြားကိုဖြတ်လာသောရေသောက်ခြင်း...

Fame ထုတ်ဆေး ၅၀၀၀ တန်မျိုးကို
ငါးသောင်းပေးဝယ်သောက်ခြင်း.....

Showroom များမှပေးသောဂရံတီကဒ်ပါ
အချက်များကိုယုံခြင်း

MLM ဝင်လျှင် သူဌေးဖြစ်မည်ဟုထင်ခြင်း.....

ပတ်စပို့ရုံးက ပွဲစားမှ အစ အဆုံး
၂၀၀၀ ပဲပေးဆိုတာယုံခြင်း...

ခေါင်းရွက်ဗျတ်ထိုးသည်ထံမှာ
ဆတ်သားဝယ်ခြင်း....

မြန်မာဘောပွဲကြည့်ပြီး
ဖလားရမယ်ထင်ခြင်း.....

သမ္မတအောက်မှာပြည်ထဲရေးရှိတယ်
ထင်ခြင်း....

ကြေးအိုးကိုဝက်ရှောင်လို့ကြက်သားနှင့်
စားခြင်း....

အရက်ဖြတ်လိုက်ပြီဆိုသည်ကိုယုံခြင်း....

ဝက်အူချောင်းကိုဆိတ်အူနဲ့သွပ်တယ်လို့
ထင်ခြင်း...

ကြော်ငြာကောင်းကောင်းနဲ့
တစ်ပိသာ ၆၀၀၀ ကျပ်ရောင်းတာကို
ပဲဆီသန့်ဟုယုံခြင်း...

ဟို မယ်သီလရှင် ရေဘူးသောက်တာနဲ့
၉၆ပါးရောဂါပျောက်တယ်ဆိုတာကိုယုံခြင်း

ခရီးသွားရင်း ဂျိုးကြော် စနှိုက်ကြော်ဝယ်စားခြင်း....

Water taxi သည် မြန်မည်ဟုထင်ခြင်း...

ကိုယ်ပိုင်ခုခံပိုင်ခွင့်အတွက်
သေနတ်ဝယ် ကိုင်ခွင့်ရတော့မည်ဟု ထင်ခြင်း...

ကျောင်းကဆရာမတွေ
ကျူရှင်မသင်တော့ဘူးဟုထင်ခြင်း ...

မိမိလှူလိုက်သောသွေးသည် လိုအပ်သည့်
လူနာထံသို့ အခမဲ့ရောက်သွားသည် ဟု
ထင်ခြင်း...

နာမည်ကြီးရှေ့နေငှါးတိုင်း/ပြောတိုင်း
အမှုမှလွတ်မည်ဟုယုံခြင်း.....

တာယာအသစ်များမှ MFD များကိုယုံခြင်း...

ထန်းသီးမုန့်ကို ထန်းသီးမှချည်းလုပ်သည်ဟုထင်ခြင်း..

ထန်းရည်ကိုရေမရောပင်ကျစစ်စစ်ဟု ယုံခြင်း....

ရောင်းတမ်းငရုပ်သီးမှုန့်များတွင် လွှစာမှုန့်မပါဟုထင်ခြင်း...

ပျားရည်စစ်လျှင်ခွေးမစား ဆိုသည်ကိုယုံခြင်း...

အဘတို့ဆောက်ခဲ့တဲ့ဆည် ဧကဘယ်နှသိန်း
ရေရနိုင်တယ်လို့ပြောတာကိုယုံခြင်း..

နှစ်ထပ်တိုက် တစ်လုံး..ကါးနှစ်စီးမီးလောင်သွားတာကို မီးသတ်ကတွက်တဲ့ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းဆိုတာကိုယုံခြင်း...

ဖုန်းအော်ပရေတာများသည် အင်တာနက် ဒေတာ သုံးစွဲခကို ပြောသည့်အတိုင်းကောက်ခံသည်ဟုယုံခြင်း...

မြန်မာ့အားကစားကမ္ဘာကိုလွှမ်းမယ်ဆိုတာကိုယုံခြင်း...

လာဘ်ပေးရန်မလို ဟူသောစာကို ယုံခြင်း.....

ကားစျေးများကျတော့မည် ဆိုသောPostကို ယုံခြင်း......

EVကားများ စျေးပေါပေါနဲ့ ဝယ်လို့ရမည်ဟု ထင်ခြင်း

ဝိုင်းမန့်ကြတာလေးတွေလည်း
ထပ်ဖြည့်ပေးပါ့မယ် ...
နိုင်ငံရေး ဘာသာရေး မပါကြေးနော်
အပျော်သဘောလောက်ပေါ့ဗျာ 😄😄😄

မန့်တွေက​​ေနထပ်ဖြည့်ပေးထားပါတယ် တစ်ချို့မန့်တွေက အဓိပ္ပါယ်တူနေလို့ ချန်ထားခဲ့ရပါတယ်.......

👇👇👇

သဘာဝ ပျားရည်စစ်စစ် ဆိုတာကိုယုံခြင်း

ကျနော်တို့ ရွှေဆိုင်က
ရွှေအစစ်အမှန် ရောင်းတာပါ
စကားကို ယုံခြင်း

အိမ်က ကြောင်မကြီးက
ကြောင်ကလေး(၄)ကောင်
မွေးလျင်
ကြောင်ကုတင် ဖြစ်လို့
စီးပွားတက်မည် ဟုယုံခြင်း။

ကိုယ်သိထားတာကိုဘဲအမှန်လို့ထင်ခြင်း ကိုယ်မသိနိုင်​​ေသးတဲ့အရာတေကိုအမှားလို့ထင်ခြင်း

သုံးခုဖိုးယူထားပြီး နှစ်ခုဝယ် တခုလက်ဆောင်ဆိုသည်ကိုယုံကြ ်ည်ခြင်း

မန်ယူပြန်လာပြီဟုပြောသည်ကိုယုံခြင်း

ပိုးကြာက ကိုထွန်းကို ချစ်လို့ယူတာဟု ယုံခြင်း

ထားခဲ့သော ရည်းစားတွေထဲမှာ သဲ ကိုအချစ်ဆုံးပဲ စိုတာကို ယုံခြင်း
ညီမ ကို ထာဝရ ချစ်သွားမယ်လို့ ပြောတာကိုယုံခြင်း

ဓမ္မစေတီခေါင်းလောင်းကြီးကိုရေငုတ်သမားကလက်နဲ့စမ်းမိတယ်ဆိုတာကိုယုံခြင်း

မင်းကိုမှ တကယ်ချစ်မိတာ ဆိုတဲ့စကားကို အပြည့်အဝယုံကြည်ခြင်း

F b ပေါ်က သူများပြော သမျှကို ယုံ ကြည်ခြင်း

ဘဏ်များတွင်ငွေအပ်နှံထားလျှင်ကိုယ့်ငွေကိုအချိန်မရွေးအလွယ်တကူပြန်ထုတ်၍ရမည်ဟုယုံချင်း

အရမ်းချစ်တာပါ
ထားမသွားဘူး လို့ပြောတာကိုယုံခြင်း

ငွေကြေးတောင်းခံပါက အောက်ပါဖုန်းနံပါတ်များကိုတိုင်ကြားပါဆိုသည့်စကားကိုယုံခြင်း

လိုင်းပေါ်ကတွေ့တဲ့ဂဏန်းကိုအပိုင်ဟုထင်ခြင်း

လမ်းဘေးဆိုင်မှပစ္စည်းများကို
City mart ထက်စျေးသက်သာသည်ဟု
အထင်မှားခြင်း

ဒါနောက်ဆုံး အကြိမ်ပါဟုပြောတာကို ယုံခြင်း

ငါးစိမ်း ဟင်းသီးဟင်းရွက်တွေမှာဖော်မလင်မသုံးဘူးဆိုတာယုံခြင်း

Facebook ပေါ်တက်"ကြွယ်"ပြတိုင်း အပြင်မှာတစ်ကယ်အဆင်ပြေနေသူဟု ယုံခြင်း

ကားရှယ်ကြီးအကျွတ်ကြီးအော်ဆေးအော်ဘော်ဒီဆိုတာကိုယုံခြင်း

ကျပ် ငွေ90000 မျှသာပေးရသော အိုမီဂါ နာရီကို swiss made ဟုပြောသည်ကိုယုံခြင်း

မှာယူလိုပါက ငွေကြိုလွှဲပေးရမည် ကိုယုံခြင်း
kpay 09 ###xx
wave pay 09 ###xx

အွန်လိုင်းကဈေးကြီးပေးဝယ်ရင် ပစ္စည်းအစစ်အကောင်းရမည်ဟု ထင်ခြင်း

Before and after ကိုယံုခြင်း

ဈေးကွက်ထဲတွင်ရှိနေ‌သော သနပ်ခါးဗူးများအား ရှင်မတောင်သနပ်ခါးအစစ်များ ဆိုတာကို ယုံခြင်း

ရွှေဆိုင်များမှ သိန်း ၇၀၀၀ ကား ၃ စီး မဲဖောက်ပေးမည်ဟု ရွှေဝယ်သူများမှ ယုံခြင်း

တခြားနိုင်ငံမှ တင်သွင်း ရောင်းချသော Brand new Car showroom မှ ရောင်းလိုက်သော ကားများ ၏ကား အပိုပစည်း များ ၎င်းcar service center မှာ ရှိသည်ဟု ကားဝယ်သူမှ ယုံကြည်ခြင်း ...။

မောင်လေးကိုချစ်လိုအလိုလိုက်တာလို့ပြောတာကိုယုံခြင်း

Credit မူရင်း

အွန်လိုင်းပေါ်က အရောင်းအ၀ယ်ပြုလုပ်သူများ မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရတော့မည်။💁မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက အရေး...
03/08/2023

အွန်လိုင်းပေါ်က အရောင်းအ၀ယ်ပြုလုပ်သူများ မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရတော့မည်။💁

မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရနိူင်သည်။💁

တဆင့်ကူးယူဖော်ပြသည်။💁

01/08/2023
လူတစ်ဦး သုံးရွက် လဲခွင့်ထုတ်ပေးမယ်ဆိုတဲ့ 20000တန်ကြီးတကယ် ထွက်လို့လာပါပြီ💁ထရီလျံထိ ထုတ်မဲ့သဘော💁Photo crd #
31/07/2023

လူတစ်ဦး သုံးရွက် လဲခွင့်ထုတ်ပေးမယ်ဆိုတဲ့ 20000တန်ကြီးတကယ် ထွက်လို့လာပါပြီ💁

ထရီလျံထိ ထုတ်မဲ့သဘော💁

Photo crd #

အမြဲတမ်း ဝယ်စရာရှိတဲ့ကားဝယ်ဖို့ သတိပေးဖြစ်ခဲ့တယ်ဗျာအခုကားမဝယ်ရသေးသူတွေအတွက်တော့ အရမ်းဝေးသွားမဲ့အခြေနေကဖန်လာခဲ့ပြီလို့ဆို...
28/07/2023

အမြဲတမ်း ဝယ်စရာရှိတဲ့ကားဝယ်ဖို့ သတိပေးဖြစ်ခဲ့တယ်ဗျာ
အခုကားမဝယ်ရသေးသူတွေအတွက်တော့ အရမ်းဝေးသွားမဲ့
အခြေနေကဖန်လာခဲ့ပြီလို့ဆိုရမှာပါ။

ဒီနေ့တွေ့ရသော အိမ်စီးကားအဟောင်းဈေးနှုန်းများဖြစ်ပါတယ်။
နောက်တရက်အတွက် အကျူံးမဝင်နိုင်ပါ ဈေးဘလောက်ကွာဟလာနိုင်တယ်
ဆိုတာသိနိုင်ဖို့ အမှတ်တရတင်ပေးလိုက်ပါတယ်။

၁။ ရွှေငါး2.0 2003 YGN Mတန်း သိန်း 800
၂။ GE6 2009 အဖြူ နယ် Hတန်း ။ 580
၃။ ရွှေငါး2.5 2002 YGN Eတန်း ။ 540
၄။ ပုဇင်းခေါင်း ရေလမ်း 2006 ။ 410
၅။ အာတီဂါ type3 Rတန်း ။ 1020
၆။ အာတီဂါ type3+ Sတန်း ။ 1150
၇။ 99 2.0 ကားရှယ်သန့် ။ 460
၈။ ဆူဇူကီး စီးယက် Qတန်း ။ 800
၉။ ချက်ဘလက် မာလီဘူး 2018 ။ 1100
၁၀။ GK3 YGN Lတန်း ။ 900
၁၁။ Probox 2009 YGN Eတန်း ။ 410
၁၂။ AD Van 2012 1.5 MDy. ။ 400
၁၃။ wish 2012 ရုပ်ပြောင်း YGN. ။ 1300
၁၄။Shuttel 2012 YGN ။ ၈၀၀

သိန်း၄၀၀ အောက် မှာ ကားရှာရင်တော့ ကားကောင်းရဖို့ ရှားပါးလွန်းသွားပြီ ဖြစ်ပါကြောင်း စိတ်မကောင်းစွာဖြင့်
လက်ရှိ အိမ်စီးကားစျေးကွက်အခြေအနေကို တင်ပြပေးလိုက်ပါတယ်ခင်မျာ စိတ်ချမ်းသာပြီး ကိုယ်ကျမ်းမာကြပါစေ

Source ကိုးကား Myanmar rtad agent
Crd

ခန စောင့်ကြပါအုံးဟ 🤣ဟိုက31ရက်နေ့မှ ထွက်မှာလေ 😂
24/07/2023

ခန စောင့်ကြပါအုံးဟ 🤣

ဟိုက31ရက်နေ့မှ ထွက်မှာလေ 😂

20000တန် အသစ်ထွက်ပါပြီတဲ့ ဗျာ💁💁ဆင်က ချစ်စရာလေး🤣Crd #
23/07/2023

20000တန် အသစ်ထွက်ပါပြီတဲ့ ဗျာ💁💁
ဆင်က ချစ်စရာလေး🤣

Crd #

တော်သေး တယ်ကွာ မနက်မှမြင်လို့😂
14/07/2023

တော်သေး တယ်ကွာ မနက်မှမြင်လို့😂

08/07/2023

မြန်မာပြည်ကားလောက၏ ကားအခေါ်အဝေါ်များ

(၁) ခွေးဘီလူး(Suzuki 660)
(၂ ) ဖားပြုတ် (Parjero)
(၃) လူရုပ် (Parjero 97-98)
(၄) ကြက်တူရွေး (Caldina 1999-2000)
(၅) စက်ရုပ် (Caldina ပုံပြောင်း)
(၆) ပဲခြမ်း (Caldina ပုံဟောင်း)
(၇) နွားကြီး (AD Van ပုံပြောင်း)
(၈) နွားလေး (AD Van ပုံဟောင်း)
(၉) မြင်း (Wingroad)
(၁၀) ဓာတ်ခဲ (Insight, ... ...)
(၁၁) မျောက်ခေါင်း (Accaunt)
(၁၂) ဘွတ်ဖိနပ် (Suzuki R+)
(၁၃) လိပ်ပု (Suzuki Swift)
(၁၄) မျက်ပြူး (Cherry Wagon)
(၁၅) ရွက်သစ်/ယင်ကောင် (Ractis)
(၁၆) နှံကောင် (Ractis 2011)
(၁၇) ရွှေငါး (Mark II)
(၁၈) နိုင်နိုင်း (Mark II 1999)
(၁၉) လိပ္ခုံး (Nissan Mach)
(၂၀) သစ်ရွက် (Demio 2008-2010)
(၂၁) ပရီမီယို အသဲကွဲမီး (Premio 2001-2003)
(၂၂) ဒိုလေး (Parado)
(၂၃) ဓါတ်လှေကား (Delica)
(၂၄) ဗန္ဒါသီး (Venttee)
(၂၅) သဲနာရီ (Lexus)
(၂၆) ဖင်ကြီးမ (Harrier ပုံပြောင်း)
(၂၇) ဖင်ကောက် (Toyota Van)
(၂၈) ဇွန်ကြီး (Nissan leaf)
(၂၉) ကျွဲခေါင်း (CE 96 ဘက်မှန်ရှေ့)
(၃၀) ဒိုဘာမင် (Surf ဖင်ပြတ်)
(၃၁) ဝက်ပေါက် (Mitsubishi RVR)
(၃၂) သရဲ (Mitsubishi 2013)
(၃၃) အံစာတုံး (Hiace ပုံပြောင်း)
(၃၄) စက်ရုပ်/ငါးမန်းတောင် (Alphard)
(၃၅) ပုဇင်းခေါင်း (Light Truck 2000)
(၃၆) ဆပ်ပြာခွက် (Light Truck ဇုန်ထုတ်)
(၃၇) ဝက်ခေါင်း (Hyundai Light Truck)
(၃၈) ကြွက် (King Long 15 Seaters)
(၃၉/ ဝက်ကလေး/ဝက်ကြီး (Starex 12/15 Seaters)
(၄၀) ဆင်ခေါင်း (Canter ပုံပြောင်း)
(၄၁) ကျွဲ (လန်ခရုဆာ 95,6,7)
(၄၂) တီကောင် (Daewoo 92 Tico)
(၄၃) သိန်းငှက် (Lexus LX 470)
(၄၄) လိပ် (Nissan March)
(၄၅) မိချောင်းဂေါင်း (Hilux 1988)
(၄၆) အပျိုပေါက် (Probox)
(၄၇) ကြမ်းပိုး (Passo)
(၄၈) ပေါင်မုန့် (Hijet)
(၄၉) ဘဲဖင် (Civit )
(၅၀) ရုပ်ဆိုး၊ ဖင်ကား(AD Van)
(၅၁) ကြံ့ (pajero ပုံ ထပ်ပြောင်း.)
(၅၂) မုန်တိုင်း (Truck ပုံပြောင်း6ဘီး ၁၂ဘီး.)
(၅၃) ကြွက်/ဝက်ပေါက် (cherry wagon).
(၅၄) ဖားခေါင်း(Hilux 1996/1997)
(၅၅) ပေါင်မုန့် (Hiace/liteace )
(၅၆) ကြူကြူသင်း (QQ)
(၅၆) အာရာဖတ်‌ (Alphard)
(၅၇) အုံး‌မွှေးလုံး ( concrete mixer)
(၅၈) သရဖူ (Crown)
(၅၉) ဗိုက်‌ပူ (၃၉ ချက်‌ပက်‌လက်‌)

ဗဟုသုတာရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credit: original uploader

06/07/2023
လူတိုင်းသိထားသင့်တယ်💁ဗဟုသုတအနေဖြင့်💁Shareထားခြင့်ကူညီပါ💁
06/07/2023

လူတိုင်းသိထားသင့်တယ်💁
ဗဟုသုတအနေဖြင့်💁
Shareထားခြင့်ကူညီပါ💁


Address

Yangon

Website

Alerts

Be the first to know and let us send you an email when M.A Myanmar Driving License service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M.A Myanmar Driving License service:

Share