27/08/2026
သစ်သားစဉ့်တီတုံးနဲ့ ပလတ်စတစ်စဉ့်တီတုံး ဘယ်ဟာက ပိုစိတ်ချရလဲ 🤔
မီးဖိုချောင်မှာ နေ့တိုင်းအသုံးပြုနေရတဲ့ စဉ့်တီတုံးဆိုရင် သစ်သားစဉ့်တီတုံးနဲ့ ပလတ်စတစ်စဉ့်တီတုံး ဘယ်ဟာကို ပိုသဘောကျ ကြလဲဆိုတာ လူတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြမှာပါ 🪵🥣
တချို့က သစ်သားစဉ့်တီတုံးကို သုံးရတာအဆင်ပြေတယ်လို့ ထင်ကြသလို ၊ တချို့ကတော့ ပလတ်စတစ်စဉ့်တီတုံးက ဆေး ကြောရလွယ်လို့ ပိုအဆင်ပြေတယ်လို့ ထင်တတ်ကြပါတယ် 🧼✨
တကယ်တော့ စဉ့်တီတုံးတစ်ခုရဲ့ စိတ်ချရမှုကို ပစ္စည်းအမျိုးအစားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး 💡
သစ်သားစဉ့်တီတုံးပဲဖြစ်ဖြစ် ၊ ပလတ်စတစ်စဉ့်တီတုံးပဲဖြစ်ဖြစ် အသုံးပြုပြီးတိုင်း သေချာသန့်ရှင်းပေးဖို့နဲ့ ဓားခြစ်ရာ ၊ အစင်း ကြောင်းတွေများလာပြီး သန့်ရှင်းဖို့ခက်လာတဲ့အခါ အသစ်လဲပေးဖို့က ပိုအရေးကြီးပါတယ် ⚙️
အထူးသဖြင့် အသား ၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို စဉ့်တီတုံးတစ်ခုတည်းနဲ့ အမြဲတမ်းခုတ်ထစ်နေမယ့်အစား ခွဲခြားပြီးတော့ အသုံးပြုမယ်ဆိုရင် ပိုးမွှားကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ် 🥩🥦
ဒါကြောင့် သစ်သားက ပိုကောင်းလား ၊ ပလတ်စတစ်က ပိုကောင်းလား ဆိုတာထက် ကိုယ်အသုံးပြုနေတဲ့ စဉ့်တီတုံးကို သန့်ရှင်း စွာထားပြီး စနစ်တကျ အသုံးပြုနေသလား ဆိုတာက ပိုအရေးကြီးပါတယ် 😉👍
ချစ်သောတို့ကော မီးဖိုချောင်ထဲမှာ စဉ့်တီတုံးကို တစ်ခုထဲ သုံးနေတုန်းပဲလား❓
Padesar, One Stop Platform for Your Gas Needs.
#လွယ်လွယ်လေးGasမှာပဒေသာ
📥 Application ရယူရန် -
iOS 👉 https://bit.ly/46FtgU9
Android 👉 https://bit.ly/4nIgxYh