MAHAR Marketing & Communications

MAHAR Marketing & Communications Marketing, Brand building, Script, Planning for new product and brand Recall services !

31/10/2022

Road To Success Business

လုပ်ငန်းတခုလုပ်ငန်းတခု စတင်တည်ထောင်မည်ဆိုရင် သင်ကောဘယ်လိုအရာကိုစလုပ်မိမယ်ဆိုတာ သင် သိပါသလား? ??

အကြမ်းအားဖြင့်ဆိုရလျှင် လုပ်ငန်း တခုစတင် မည် ဆိုပါက Base အနေဖြင့် လွန်စွာအရေးပါသော ဒေါက်တိုင်ကြီး 5 ခု အား စတင်ဖွဲ့စည်းနိုင်ရမည်...

# Marketing
# Sale or Service
# Logistics
# Finance
# H.R

ဒိဒေါက်တိုင် ကြီး 5 ခု ဖြစ်ပါတယ်...
ယခု ဖော်ပြရေးသားခဲ့သော ဌာနကြီးများထဲမှ အများစုမြင်မိကျမှာက လုပ်ငန်းအတွက် Income ရှာနိုင်မည့် မရှိမဖြစ် Sales ဆိုတဲ့ရောင်းချခြင်းဆိုင်ရာလုပ်ငန်း လို့ အများစုက ပြေးမြင်မိလိမ့်မည်ဟု ထင်ပါတယ်။

အလားတူစွာပင်
Marketing စျေးကွက်ရှာဖွေခြင်း၊
ကြော်ငြာခြင်း၊ ရောင်းအားမြှင့်တင်ခြင်းစသော စျေးကွက်ဖော်ဆောင်ရေး ဌာန၊

Logistics အပိုင်းများ၊ Distribution အပိုင်းဆိုင်ရာလုပ်ငန်းများကို လည်း

ကျွန်တော်တို့ က Theories မသိလဲဘာလုပ်ရမယ်ဆိုတာကိုအလိုအလျှောက်သိနှင့်ပြီးသား ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်...
တကယ့်တကယ် ရှေးအဆက်ဆက် လက်ဆင့်ကမ်းလာကြတဲ့ မိရိုးဖလာ လုပ်ငန်းစဥ်တွေ လို့ဘဲ မြင်မိပါတယ်...

ပထမ ဆုံး အနေ ဖြင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာသည် Selling OR Service အနေဖြင့် Income စရှာ မည်ဆိုပါစို့...

လူကြီးမင်းတို့ လပ္ပတာ မှာ ဆား သွားရောင်းတာမျိုး၊ ပဲခူးမှာ ငါးဖယ်ချဥ် သွားရောင်းတာမျိုး မဖြစ်စေဘို့လွန်စွာအရေးကြီးပါတယ်... ထို့အတွက် မိမိတို့ စျေးကွက်ရရနိူင်မည့် နေရာ၊ ရောင်းမည့် ကုန်ပစ္စည်း သို့မဟုတ် ပေးနိုင်မည့် ဝန်ဆောင်မူ အရာများကို အရင်ဆုံး ဆုံးဖြတ်ချက်ချပြီး စျေးကွက်ဖော်ဆောင်ရေး ကနဦးခြေလှမ်းအတွက် Marketing အပိုင်းရဲ့ လုပ်ဆောင်ချက်နှင့် စျေးကွက်ဆိုင်ရာ သုသေသန ခွဲခြမ်းစိပ်ဖြာ မူအရင်ဆုံး လုပ်ဆောင်ရပါမည်...

ဒုတိယအနေဖြင့် Sale အပိုင်းဖြစ်ပါတယ်...
Marketing မှ စျေးကွက်သုသေသန ပြုလုပ်၍ Result and Determine အတည်ပြု သုံးသပ်မူအရ ရောင်းချမည့် ပစ္စည်း သို့မဟုတ် ဝန်ဆောင်မူလုပ်ငန်းတခု အား အတွက် မိမိတို့ စတင် Selling ဘို့ Sale Planning တွေ ဖြင့် sale target အား ထိထိရောက်ရောက် စတင်ဆောင်ရွက်ဘို့ ရန်အတွက် ဌာနတခုလုံးစတင်လည်ပတ်ပါတော့မည်....

ထိုသို့စတင်တော့မည်ဆိုပါက နောက်ထပ်အရေးပါတဲ့ဌာနတစ်ခုကတော့ Finance ပါဘဲ... အလှူအိမ်နဲ့ လက်ဖက်ခွက် လိုက်ဖက်ပါဘိ ဆိုသကဲ့သို့ပင် သူမပါလို့လဲမရပါဘူး... ဘာလိုလဲဆိုတော့ ကျွန်တော်တို့လုပ်ငန်းတွေဖြစ်တဲ့ Marketing, Sale, Logistics etc... စသော လုပ်ငန်းစဥ်တွေ စတင်လည်ပတ်ဘို့ဆိုတာ Finance ရဲ့ Expend ထိန်းချုပ်မူ အောက်ကနေဘဲ လည်ပတ်ရတာဖြစ်သည့်အတွက် သူ သည် လွန်စွာအရေးပါသော ဌာန တခု သို့မဟုတ် ဒေါက်တိုင်ကြီး တခု အဖြစ် ပါဝင်ရပါမည်...
Ok ... နောက်တဆင့်အနေ နဲ့ ကတော့
ကျွန်တောတို့ မှာ အခုဆိုရင် Selling ရမယ့် Products or Services ကိုလည်း တိတိကျကျ ဆုံးဖြတ်ပြီးတဲ့ အခြေနေ ရောက်ခဲ့ပြီ... Income နဲ့ Expend တွေကို Check and Cush control လုပ်မယ့် Financial လဲရှိနေပြီ...

နောက်တဆင့် ဒေါက်တိုင် တခုအနေ နဲ့25%
အရေးပါသော အရာကတော့
Men Power နဲ့ Working Hours များကို အသူ့နေရာနဲ့သူ အံဝင်ဂွင်ကျ နိုင်စေရန် Management Control ကောင်းကောင်း Guide and Check လုပ်နိုင်မည့် Human Resources မှာလည်း မရှိမဖြစ် ထားရှိရမည့် အရေးပါသော ဒေါက်တိုင် တခု ဖြစ်ပါတယ်...

အဲ့တော့ လုပ်ငန်းတခု ကို စတင်ပြီဆိုတာနဲ့ 99.99% အရေးပါသော ဒေါက်တိုင်ကြီး 4 ခု ကို အရင် ဖွဲ့စည်းပြီသည် တပြိုင်နက်တည်းပင် လုပ်ငန်းကို အရှိန်အဟုန်ကောင်းကောင်းစတင်လည်ပတ်လို့ ရနိုင်ပါပြီ...

ယခု ရေးသားဖော်ပြသော အကြောင်းအရာ မှ တဆင့် လုပ်ငန်းတခု စတင်ထူထောင် လိုသည့်သူများအတွက် မှတ်သားစရာ၊ ဗဟုသုတ အနေဖြင့်တစုံတခု သိလိုက်မည်ဆိုပါက ကျန်တော် ရေးသားရကျိုးနပ် ပါပြီ 🙏🙏🙏

နောက်ရက်များတွင် အပတ်စဥ် Saturday, Sunday များမှာ ယခုတင်ပြခဲ့သော လုပ်ငန်းစတင်ထူထောင်ရန် လိုအပ်သော ဒေါက်တိုင် 5 ခု ၏ အရေးပါပုံနှင့် လုပ်ဆောက်ချက်များ၊ ဌာနတခုနှင့်တခုမှာ နေ့စဥ်ထိတွေ့ မူရှိသည့်အပိုင်းများ အား Headlines များဖြင့် အသေးစိပ် ရေးသားဖော်ပြ တင်ဆက်ပေးသွားပါမည်။

လုပ်ငန်းတခု ထူထောင်ရာတွင် ရှိသင့်ရှိထိုက်သော အကြောင်းအရာများအားလုံးသည် အထက်ဖော်ပြပါ အချက်အလက်များနှင့် တကွ လုပ်ငန်းဆောင်တာ များအား မိမိတို့ဘက်မှနေ၍

လေးစားစွာဖြင့်

MAHAR Marketing Agency
[email protected]

Address

Zayar Thiri Street
Yangon
11091

Website

Alerts

Be the first to know and let us send you an email when MAHAR Marketing & Communications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAHAR Marketing & Communications:

Share