17/05/2022
Digitized Lean Culture
Industry 4.0 ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် Lean Improvement များ လုပ်ဆောင်ရာတွင် Digital Transformation ကိုပါ ထည့်သွင်းစဉ်းစားလာရပါတယ်။ Digital Transformation နှင့် Lean Culture တို့ ပေါင်းစပ်လိုက်သည့်အခါ Powerful ပိုဖြစ်သည့် Improvement များ ရလာမှာပါ။ Lean စနစ်ဖြင့် အလေအလွင့်များ လျှော့ချပြီးသော Process တစ်ခုကို Manual Process မှ Digital Process သို့ အသွင်ပြောင်းလိုက်ပါက Smart Process without wastes ဖြစ်လာမှာပါ။
ယခုအချိန်တွင် ကျွန်တော်တို့ အသုံးချနိုင်သော Digital Transformation Platform အတောများများ ရှိနေပါပြီ။ Microsoft Platform ကတော့ကျွန်တော်အကြိုက်ဆုံး ပါပဲ။ Microsoft Platform ထဲက "Power Apps" Application အကြောင်း ပြောချင်ပါတယ်။ "Power Apps" ကတော့ Microsoft Microsoft Power Series ထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Office 365 License ရှိလျင် အသုံးပြုနိုင်ပါတယ်။
သူ့ရဲ့သဘောတရားကတော့ ကိုယ့်လုပ်ငန်းမှာရှိနေတဲ့ Business Process တစ်ခုချင်းစီအတွက် Application များ ဖန်တီးရေးဆွဲနိုင်ဖို့ပဲ ဖြစ်ပါတယ်။ Department တစ်ခုချင်းစီအတွက် ဖြစ်စေ၊ Cross-Function Collaboration အတွက်ဖြစ်စေ ရေးဆွဲဖန်တီးနိုင်မှာပါ။
Low coding/No coding ဖြစ်သည့်အတွက်
ရိုးရိုးရှင်းရှင်း Data Collection/Data Recording App များဆိုလျင် Non-IT Personnel များကိုယ်တိုင်ရေးဆွဲနိုင်ပါတယ်။ အခြား Advanced App များဆိုရင်တော့ Local IT team သို့မဟုတ် 3rd Party Developer များမှ ရေးဆွဲပေးမှာပါ။ Database အတွက်လည်း server မလိုပဲ Cloud-base ဖြစ်သည့်အတွက် ကိုယ်ပိုင် Software တစ်ခု ဝယ်ယူခြင်းထက် Cost Effective လည်း ဖြစ်ပါတယ်။
App တစ်ခုချင်းစီ၏ Developer များမှ Access ပေးထားသော မည်သည့် Internal User မဆို Apps များကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်က IT နယ်ပယ်က မဟုတ်လို့ အမှားအယွင်းများ ရှိခဲ့လျင် နားလည်ပေးစေချင်ပါတယ်။
Power App နဲ့ ပတ်သက်ပြီး "Maintenance Job Request" ဆိုတဲ့ App တစ်ခု လုပ်ခဲ့ဖူးပါတယ်။
ပုံမှန်အားဖြင့် Production Line တွေထဲမှာ စက်ပျက်တာတို့၊ အခြား Maintenance Jobs များကို "Job Request Form" ဖြင့် Maintenance team ထံ တင်ပေးရပါတယ်။ Technician များမှ Form ဖြည့်ပြီး Supervisor များမှ Verify လုပ်ပြီး Maintenance Executive ထံ ပို့ဆောင်ပေးရခြင်း ဖြစ်ပါတယ်။ ညဘက် စက်ပျက်တဲ့အခါမျိုးတွင် Maintenance Executive မရှိသည့်အတွက် Form မတင်ခဲ့ရတာမျိုးလည်း ဖြစ်နိုင်သလို Supervisor ခွင့်ယူထားလို့ မတင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ Physical form ကို Maintenance Executive မှ Record ပြန်လုပ်ရသည့်အတွက် Double Handling လည်း ဖြစ်နေပါတယ်။
ဒါ့ကြောင့် Process ၏ Requirement နှင့် Compliance များကို မထိခိုက်စေပဲ Digitized Process ဖြစ်အောင် Power App ဖြင့် Applicationတစ်ခု ဖန်တီးလိုက်ပါတယ်။နောက်ပြီး Production Line တွေထဲမှာ Microsoft Account. ရှိသည့် Tablet PC များ ထားပေးလိုက်ပါတယ်။ Technician များမှ App ထဲတွင် Job Request တင်ပြီးလျင် Supervisor မှ Verify လုပ်ပြီး Maintenance Executive ဆီ အလိုအလျောက် ရောက်ရှိသွားမှာပါ။ Maintenance Executive မှ Job Request များကို သက်ဆိုင်ရာ Engineer များထံ App ထဲတွင် Assign ချပေးနိုင်ပါတယ်။ Engineer များကလည်း Assigned Tasks များကို ပြီးစီးသည့်အခါ Status Update ပြုလုပ်ပေးနိုင်ပါသည်။
ဒါကတော့ အခြေခံ Features များကို အသုံးပြုထားသည့် App တစ်ခုဖြစ်ပြီး လွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်ပါတယ်။
Pepsi Company ရဲ့ Power Apps Success Story ကိုပါ ဝေမျှပေးလိုက်ပါတယ်။