25/05/2025
💞အောင်မြင်မှုအတွက် စိတ်ဓာတ်၏အစွမ်းနှင့် ဘီလီယံနာတွေးခေါ်မှု
➡️လူတိုင်းသည် အောင်မြင်ဖို့ ကြိုးစားနေကြတယ်။
➡️လူတိုင်းသည် အောင်မြင်မှုအတွက် ပေးဆပ်ရမည့်တန်ဖိုးကို လက်ခံထားကြတယ်။
သို့သော် အောင်မြင်မှုဆိုသည်မှာ လုပ်ငန်းစဉ်များကို မကျော်လွှားဘဲ ချက်ချင်းရရှိလာနိုင်သောအရာမဟုတ်ပါ...
➡️အောင်မြင်မှုသည် တစ်ညချင်း ဖြစ်ထွန်းလာခြင်းမဟုတ်၊ စွဲမြဲစွာအားထုတ်မှုနှင့် သည်းခံမှုတို့ကို ပေါင်းစပ်ထားပါတယ်။
✅ဘီလ်ဂိတ်၏အောင်မြင်မှုကို လေ့လာပါက
ယနေ့ကျွန်ုပ်တို့အသုံးပြုနေသော Microsoft ကို တီထွင်ဖန်တီးရန် သူ့အတွက် နှစ်ပေါင်း ၄၉ နှစ် ကြာခဲ့တယ်။
🌠ဘီလ်ဂိတ်၏အောင်မြင်မှုသည် တစ်ညချင်းဖြစ်မလာပါ။ သို့သော် သူ၏မပြတ်တမ်းလုပ်ဆောင်မှု၊ မြော်မြင်မှုရှိသောရည်မှန်းချက်နှင့် ပြောင်းလဲနေသောစီးပွားရေးလမ်းကြောင်းများကို လိုက်လျောညီထွေစွာဖြင့် ယနေ့ကျွန်ုပ်တို့မြင်တွေ့နေရသော နည်းပညာလောကတွင် အံ့ဖွယ်အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။
🌠အောင်မြင်မှုသည် တစ်ညချင်းမဖြစ်သော်လည်း စဉ်ဆက်မပြတ်လုပ်ကိုင်မှုနှင့် ဉာဏ်ရည်ဖြင့်အလုပ်လုပ်ခြင်းဖြင့် ဖြစ်နိုင်ပါတယ်။
Bill Gates Shared (7) Habits For Success :
အောင်မြင်မှုအတွက် (၇) ချက် -
📍နေ့စဉ်စာဖတ်ပါ📚(Rea every day.)
📍သင့်ကျန်းမာရေးကို ဦးစားပေးပါ။ (Make your health a priority.)
📍ကျေးဇူးတင်စိတ်ထားတတ်အောင် လေ့ကျင့်ပါ။ (Develop an attitude of gratitude.)
📍သင်၏အားကျသူများထံမှ လေ့လာသင်ယူပါ။ (Learn from people you admire.)
📍ညအချိန်တွင် နက်ဖြန်လုပ်ဆောင်မည့်အစီအစဉ်ကို ကြိုတင်ပြင်ဆင်ပါ။ (Plan your day the night before.)
📍သင်၏ပန်းတိုင်ကို မျက်မှောက်တွင် ထားပြီး စဉ်ဆက်မပြတ်လုပ်ဆောင်ပါ။ (Keep your goal in front of you and be consistent.)
📍ကြောက်စရာကောင်းသည့်အချိန်တွင်ပင် ဆက်လက်လုပ်ဆောင်သွားပါ။ (Take actions even when it's scary....) တဲ့။
➡️အမှန်တကယ်တော့ "အောင်မြင်မှုဆိုသည်မှာ နေ့စဉ်ပြုလုပ်သော သေးငယ်သည့်ကြိုးစားမှုများ၏ ပေါင်းလဒ်ပင် ဖြစ်သည်။"
အမှန်ပါပဲ။ သင်တီထွင်ဖန်တီးနေသည့်အရာတွင် သစ္စာရှိပါက အောင်မြင်မှုသည် သင့်တံခါးကို ခေါက်လာပါလိမ့်မည်တဲ့။
🌠အောင်မြင်ဖို့ဆိုလျှင် စဉ်ဆက်မပြတ်လုပ်ဆောင်မှုကို သင်၏အဓိကဦးစားပေးအဖြစ် ထားပါ။
စဉ်ဆက်မပြတ်လုပ်ဆောင်မှုသည် အောင်မြင်မှု၏ အခြေခံဖြစ်တယ်ဆိုတာကို လက်ခံထားဖို့ လိုပါတယ်။
💞Consistency is the foundation of success.တဲ့!
အလုပ်အကိုင်လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
Zaw Win - Jobs4U
(Business Coach & Consultant)
KBS International College
KBS International Group
Ref: The power of mindset and billionaire thinking