28/10/2020
“ အပိုင်းတစ်လို့တော့မရေးထားဘူး ။ ဒါပေမယ့် မနေ့ကတင်လိုက်တာက အပိုင်းတစ်ပါပဲ ”
Away Message
စာပြန်နောက်ကျနေတာစိတ်မရှိပါနဲ့ဗျာ ။ အလွန်ဆုံး ၄၈ နာရီအထိပဲကြာမှာပါ ။ စာလေးသာချန်ထားခဲ့နော် ။ အခုလိုနားလည်ပေးတာကျေးဇူးတင်ပါတယ်။
အဲ့တာကကျွန်တော့်ရဲ့ Away Message ပါ ။ Away Message ဟာ Instant reply လို့ခေါ်တဲ့ ကြိုဆိုစကား / Messenger ကိုစာပို့လိုက်တိုင်းအလိုလိုတုံ့ပြန်ပေးတဲ့စကား ပြီးရင် ဆက်ပြီးတာဝန်ယူပေးတဲ့ အလိုအလျောက်တုံ့ပြန်စနစ်တစ်ခုပါ ။
ကိုယ့် cb ထဲရောက်လာတဲ့သူဟာ အကြိုဆိုခံရပြီးနောက် သူပြောချင်တာကိုပို့မယ် ။ ဒါပေမယ့် တော်တော်ကြာတဲ့အထိစာပြန်သူမလာဘူးဆိုရင် ( အလျင်ကလည်းလိုနေတယ်ဆိုရင် ) စိတ်ညစ်သွားမှာဆိုးလို့ ချော့တဲ့အနေနဲ့ အလုပ်လုပ်ပေးတာပေါ့ ။ အများစုကတော့ ဖုန်းနံပါတ်ထည့်ပြီး ဒီနံပါတ်လေးကိုဆက်သွယ်နိုင်ပါတယ်လို့လောကွက်ပြုကြတယ် ။ ကျွန်တော်ကတော့ စိတ်ဆိုးလည်းမတတ်နိုင်ပါဘူး ။ ဖုန်းနံပါတ်တော့ ××× ( Business လို run ရင်တော့ ဒါမျိုးမလုပ်သင့်ပါ )
Frequently asked questions
Questions and answers ပေါ့ ။ မေးခွန်း ၃ ခုဟာအတော်ပဲ -
1.ဒီ Page ကနေတင်ထားတဲ့ ( content ) Post တွေနဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့ပါ
2.ကျွန်တော် / ကျွန်မရဲ့ပုဂ္ဂိုလ်ရေးလေး တိုင်ပင်ဆွေးနွေးချင်လို့ပါ
3.ကျွန်တော် / ကျွန်မတို့ Team ကိုစကားပြောဖို့ဖိတ်ချင်လို့ပါ
( 1 ) ဟုတ်ကဲ့
ဘယ် Content လေးလည်းမသိဘူးခင်ဗျာ့
အဆင်ပြေမယ်ဆိုရင် ss ရိုက်ပြီးတော့ဖြစ်ဖြစ် ,
Copy link လေးချပြီးတော့ဖြစ်ဖြစ် ပို့ထားပါနော်
တဆက်တည်း ဆွေးနွေးချင်တဲ့အကြောင်းအရာလေးကိုပါ
ရေးထားခဲ့ပါနော်
( 2 ) ရင်ထဲပေါ့သွားအောင် ပြောဆိုတိုင်ပင်ချင်တာပဲဖြစ်ဖြစ်
အခက်အခဲဖြေရှင်းဖို့ နည်းလိုချင်တာပဲဖြစ်ဖြစ်
ပိုမိုတိုးတက်ဖို့ အားလိုချင်တာပဲဖြစ်ဖြစ်
ယုံမှားသံသယ ဖျောက်ချင်တာပဲဖြစ်ဖြစ်
ကူညီပေးဖို့ အမြဲအသင့်ပါ ( အပေါက်အကြားမရှိ )
Online / Offline ?
တိုင်ပင်ချင်တဲ့ပုံစံလေး တစ်ခုခုရေးခဲ့နော်
( 3 ) ဟုတ်ကဲ့ပါခင်ဗျာ
အခုလို ကျွန်တော့်ကိုတရင်းတနှီးနဲ့ကမ်းလှမ်းလာတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဘယ်လိုအကြောင်းအရာတွေများကြားချင်ပါသလဲခင်ဗျာ
ဆက်သွယ်ရမယ့်ဖုန်းနံပါတ် နဲ့ Team နာမည်လေးချန်ထားခဲ့ပေးပါနော်
ကျွန်တော်ဖုန်းခေါ်လိုက်ပါ့မယ်
NEXT >>>
[ ဝန်ခံချက် ]
လုပ်နည်းမပါသေးဘူးလို့ စိတ်မစောကြနဲ့နော် ( အဲ့ဒါကလွယ်ပါတယ် )
Your Right Choice 🔎
ဟီးရိုး Marketing