အောင်နိမိတ် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Yangon
  • အောင်နိမိတ် နိဗ္ဗာန်ကုန်

အောင်နိမိတ် နိဗ္ဗာန်ကုန် ဘုရားပလ္လင် တရား‌‌ဟောပလ္လင်

23/05/2026

#အောင်နိမိတ်နိဗ္ဗာန်ကုန်ဆိုင်

🙏 မင်္ဂလာပါ 🙏အောင်နိမိတ် နိဗ္ဗာန်ကုန်ဆိုင် 3D printing ​ဗောဓိ ပုံ​တော်၃ လက်မ မှ ၁၀ လက်မ ထိ☎ ၀၉ ၅၁ ၂၃၀၇၆  #အောင်နိမိတ်နိဗ...
21/05/2026

🙏 မင်္ဂလာပါ 🙏
အောင်နိမိတ် နိဗ္ဗာန်ကုန်ဆိုင်
3D printing ​ဗောဓိ ပုံ​တော်
၃ လက်မ မှ ၁၀ လက်မ ထိ
☎ ၀၉ ၅၁ ၂၃၀၇၆

#အောင်နိမိတ်နိဗ္ဗာန်ကုန်ဆိုင်


#ဘုရားပလ္လင်

ကဆုန်လပြည့် - ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(၁) ဗ...
30/04/2026

ကဆုန်လပြည့် -

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။

မင်္ဂလာနံနက်ခင်းပါ .....🙏🙏🙏​ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါ​စေ ...... 🙏🙏🙏
13/07/2025

မင်္ဂလာနံနက်ခင်းပါ .....🙏🙏🙏
​ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါ​စေ ...... 🙏🙏🙏

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)(၉.၇.၂၀၂၅) ဝါဆိုလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းဝေး...
08/07/2025

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)

(၉.၇.၂၀၂၅) ဝါဆိုလပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများအားလုံး ပြည့်ဝကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ
🙏🙏🙏

#ဝါဆိုလပြည့်နေ့

30/06/2025

🙏 🙏 🙏

မြတ်စွာဘုရားရှင်၏ မုဒြာ အမျိုးမျိုး🙏🙏🙏🍀 🙏🍀 #မြသဇင်စံ📖🍀
20/11/2024

မြတ်စွာဘုရားရှင်၏ မုဒြာ အမျိုးမျိုး🙏🙏🙏🍀

🙏🍀
#မြသဇင်စံ📖🍀

“ဆီမီးမြိုင်မြိုင်လတန်ဆောင်တိုင် တန်ဆောင်မုန်းလပြည့်နေ့” လေးမှာ  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံ၍...
15/11/2024

“ဆီမီးမြိုင်မြိုင်လတန်ဆောင်တိုင် တန်ဆောင်မုန်းလပြည့်နေ့” လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကြပါစေကြောင်း ကျွန်တော်တို့ မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ…

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယမှာ မိသားစု၀င်များ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်ပြည့်စုံသော...
15/10/2024

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယမှာ မိသားစု၀င်များ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်ပြည့်စုံသော အချိန်အခါလေးများကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ အောင်နိမိတ် နိဗ္ဗာန်ကုန်ဆိုင် မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏

🙏🙏🙏 မင်္ဂလာပါ 🙏🙏🙏🙏🙏🙏အောင်နိမိတ် နိဗ္ဗာန်ကုန်ဆိုင် 🙏🙏🙏တရား​ဟောပလ္လင် ပုံစံ များ ​တရား​ဟောပလ္လင် ပစ္စည်းများ instock ရှိပါ...
02/01/2024

🙏🙏🙏 မင်္ဂလာပါ 🙏🙏🙏
🙏🙏🙏အောင်နိမိတ် နိဗ္ဗာန်ကုန်ဆိုင် 🙏🙏🙏

တရား​ဟောပလ္လင် ပုံစံ များ ​
တရား​ဟောပလ္လင် ပစ္စည်းများ instock ရှိပါသည် 📦📦📦

နယ်မြို့များ🚚🚚 ကားဂိတ် အရောက်ပို့ပေးပါသည်။ပစ္စည်းမှန် ဈေးနှုန်း မှန် ယုံယုံကြည်ကြည် အားပေးပူဇော်နိုင်ပါသည်။🙏
🛎🛎🛎
ဆက်သွယ်ရန် ဖုန်း☎ 📞📞📞 ၀၉ ၅၁ ၂၃၀၇၆
📞၀၉ ၇၆၅၁၂၃၀၇၆ 📞၀၉၉၆၅၁၂၃၀၇၆

#အောင်နိမိတ်နိဗ္ဗာန်ကုန်ဆိုင်
#ဘုရားပလ္လင်
#နိဗ္ဗာန်ကုန်

နယ်မြို့မှ မှာယူလိုပါက ငွေကြိုလွှဲရမှာဖြစ်ပါသည်။📈📈📉📉📉
https://maps.app.goo.gl/tNFEjgoxuYbpyeja9

Address

အမှတ် ၂၈(B) ရေတာရှည်လမ်းသစ်
Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

095123076

Website

Alerts

Be the first to know and let us send you an email when အောင်နိမိတ် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အောင်နိမိတ် နိဗ္ဗာန်ကုန်:

Share