BizSoft

Call Directions Website Contact the business

BizSoft Information System Implementation, Consultancy

Software Development

Software Outsourcing

ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဒီဂျစ်တယ် ခေတ်ကြီးမှာ လုပ်ငန်းအောင် မြင်ဟာ လျင်မြန်တိကျတဲ့ ဆုံးဖြတ် ချက်တွေချ နိုင်ဘို့ အချိန်...
18/05/2026

ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဒီဂျစ်တယ် ခေတ်ကြီးမှာ လုပ်ငန်းအောင် မြင်ဟာ လျင်မြန်တိကျတဲ့ ဆုံးဖြတ် ချက်တွေချ နိုင်ဘို့ အချိန်နဲ့ တပြေးညီ အချက် အလက်ပြုစု ပေးနိုင်တဲ့ ERP စနစ်က သော့ချက်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း အသုံးပြုသူ ၁၅ သန်းကျော် သုံးနေတဲ့ တဲ့ Odoo ERP ကို လုပ်ငန်း ကျွမ်းကျင်တဲ့ အတိုင်ပင်ခံများ၊ IT ပညာရှင်များ၊ စာရင်းပညာရှင် များနှင့် လုပ်ငန်း လိုအပ်ချက် နှင့် အညီ တည်ဆောက် ပေးဖို့ အသင့်ရှိနေပါပြီ။

အသေးစိတ်ဆွေးနွေး ရန် အတိုင်ပင်ခံများ အသင့်ရှိနေပါတယ်။ ဖုန်း ၀၉-၇၅၆-၃၈၃၈၇၁ နှင့် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

Don't Get Left Behind: Your Business Needs Digital Trust Now!🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸Stop compromising ❗️❗️ In today's digital...
15/05/2026

Don't Get Left Behind: Your Business Needs Digital Trust Now!
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Stop compromising ❗️❗️

In today's digital world, trust isn't optional—it's everything. Without it, you risk damaged reputation, lost customers, and hefty fines

Our ERP solutions are expertly designed to harmonize your business needs with advanced technological capabilities.

This integration isn't just efficient—it's the foundation for absolute digital trust, guaranteeing data integrity, superior security, and complete transparency.

Secure Your Future. Learn More Today!
call us 09-765-383871 or mail us [email protected]




ဘတ်စ်ကားကောင်းတွေ ဝယ်ရုံနဲ့ အကောင်းဆုံးယာဉ်လိုင်းတစ်ခုကို တည်ဆောက်နိုင်ပါ့မလား❓ယာဉ်လိုင်းတစ်ခု အောင်မြင်ဖို့အတွက် အောင်မ...
14/05/2026

ဘတ်စ်ကားကောင်းတွေ ဝယ်ရုံနဲ့ အကောင်းဆုံးယာဉ်လိုင်းတစ်ခုကို တည်ဆောက်နိုင်ပါ့မလား❓

ယာဉ်လိုင်းတစ်ခု အောင်မြင်ဖို့အတွက် အောင်မြင်မှုဆိုတာ ကားတွေရဲ့ အရည်အသွေး၊ စီမံခန့်ခွဲမှု၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်၊ လုပ်ငန်းစဥ်များဆန်းသစ်နိုင်မှု နဲ့ နည်းပညာ တို့အချိုးကျကျ ပေါင်းစပ်မှုတို့အပေါ်မှာ မူတည်ပါတယ်။

Information System တစ်ခုတည်ဆောက်မှုအတွက်ဆိုရင်ကော❓

💡ဖုန်း ၀၉-၇၆၅-၃၈၃၈၇၁ နှင့် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး၊ အခွင့်အလမ်းသစ်များနှင့်အတူ စီးပွားရေးအောင်မြင်တို...
31/12/2025

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး၊ အခွင့်အလမ်းသစ်များနှင့်အတူ စီးပွားရေးအောင်မြင်တိုးတက်မှုများ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/12/2025
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ဒစ်ဂျစ်တယ် ယုံကြည်မှု: ခေတ်မီလုပ်ငန်းများ၏ အခြေခံအုတ်မြစ်➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ဒီနေ့ခေတ် လို အရာအားလုံး ...
06/10/2025

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒစ်ဂျစ်တယ် ယုံကြည်မှု: ခေတ်မီလုပ်ငန်းများ၏ အခြေခံအုတ်မြစ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီနေ့ခေတ် လို အရာအားလုံး အပြန်အလှန် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ လုပ်ဆောင်ချက်တိုင်း မှာ ဒစ်ဂျစ်တယ်ခြေရာ တစ်ခုကို မဖြစ်မနေ ချန်ထား(ကျန်နေ) တတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက် ထိန်းသိမ်းနိုင်ခြင်းဟာ အရေးပါတဲ့ လုပ်ငန်း အားသာ ချက်တစ်ခု ဖြစ်လာပါတယ်။ ဒစ်ဂျစ်တယ် ယုံကြည်မှု (Digital Trust) ဆိုသည်မှာ သုံးစွဲသူများ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများက လုပ်ငန်းရဲ့ ဒစ်ဂျစ်တယ်နည်းပညာများကို ယုံကြည်စိတ်ချခြင်း ဖြစ်သည်။

ဒစ်ဂျစ်တယ် ယုံကြည်မှု မရှိခြင်း နည်းပါးခြင်းကြောင့် လုပ်ငန်းပုံရိပ် ထိခိုက်နိုင်သည့်အပြင် ဖောက်သည်များ ဆုံးရှုံးသွားခြင်း ဥပဒေရေးရာ ပြစ်ဒဏ်များနှင့်ရင်ဆိုင်ရခြင်းများလည်း ကြုံတွေ့ နိုင်ပါတယ်။

၎င်းသည် ရိုးရိုး ဆိုက်ဘာလုံခြုံရေးသာ မဟုတ်ဘဲ၊ ဒေတာကိုယ် ရေးကိုယ်တာအချက် အလက် လုံခြုံမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည် စိတ်ချရမှုနှင့် ကျင့်ဝတ် သိက္ခာအတိုင်း ဒေတာကိုင်တွယ်ခြင်း စသည်တို့ ပေါင်းစပ် ပါဝင်ပါတယ်။
ISACA (Information Systems Audit and Control Association) သည် ဒစ်ဂျစ်တယ် ယုံကြည်မှုကို လုပ်ငန်း၏ အဓိကမဟာဗျူဟာ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ ဤ ရှုထောင့်အရ ဒစ်ဂျစ်တယ်ယုံကြည်မှုသည် နည်းပညာ၊ လုပ်ငန်းစဉ်၊ ပုဂ္ဂိုလ် နှင့် ယဉ်ကျေးမှု ပေါင်းစပ်ပါဝင်ကာ တန်ဖိုးဖန်တီးမှု (Value Creation) အတွက် အရေးကြီးပြီး၊ ယုံကြည်စိတ်ချရမှု (Confidence) ကို ပေးပါတယ်။ ဆိုင်ဘာလုံခြုံရေးထက် ကျော်လွန်ပြီး ဒေတာအုပ်ချုပ်မှု (Data Governance)၊ ကျင့်ဝတ် (Ethics) နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်မှု (Privacy) တို့ကိုပါ ပေါင်းစပ်ထားပါတယ်။

လုပ်ငန်းတွေအနေနဲ့ ဒီဂျစ်တယ်ယုံကြည်မှု ကို မဖြစ်မနေ တည်ဆောက် ကြရပါမယ်။ ဒီဂျစ်တယ် ယုံကြည်မှုကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရဘဲ ၊ အချိန်ယူပြီးတော့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီယုံကြည်မှုကို တည်ဆောက်ဖို့ အတွက် အဓိက နည်းလမ်းတွေကို အောက်မှာ ဖော်ပြထား ပါတယ်။

🔸ပွင့်လင်းမြင်သာမှု ထားရှိခြင်း

အဖွဲ့အစည်းက အသုံးပြုသူတွေရဲ့ ဒေတာတွေကို ဘယ်လိုစုဆောင်းလဲ၊ အသုံးပြုလဲ၊ ဘယ်လို ကာကွယ်ပေးလဲ ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြပါ။ သင့်ရဲ့ ကိုယ်ရေး အချက် အလက်မူဝါဒ (Data Privacy Policy) ကိုလည်း အသုံးပြုသူတွေ နားလည်လွယ်ဖို့နဲ့ ဖတ်ရတာ လွယ်ကူစေတဲ့ စကားလုံးတွေနဲ့ ရေးသားထားဖို့ လိုပါတယ်။

🔸လုံခြုံရေးကို ဦးစားပေးခြင်း

ဒစ်ဂျစ်တယ်ယုံကြည်မှုကို တည်ဆောက်ရာတွင် လုံခြုံရေးကို ဦးစားပေးခြင်းသည် အဓိကကျပြီး ၎င်းမှာ encryption, firewall, access control စတဲ့ နည်းပညာသက်သက်သာမကဘဲ၊ လူသားအရင်းအမြစ် နဲ့ အသိပညာမြင်းများမှုနဲ့ နှင့် ခိုင်မာသော လုပ်ငန်းစဉ်များပါ ပေါင်းစပ်ပါဝင် ဆောင်ရွက် နိုင်ရန်လိုအပ်ပါတယ်။

🔸မှန်ကန်ပြီး တာဝန်ယူသော ဆက်သွယ်မှု

အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတော့ တာဝန်ယူပါ။ အသုံးပြုသူတွေနဲ့ မိတ်ဖက်တွေကို အချိန်မီ အကြောင်းကြားပေးခြင်းဟာ ယုံကြည်မှုကို တိုးစေပါတယ်။ အဖြစ်မှန်ကို ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုခြင်းဟာ ပိုပြီး ယုံကြည်အားထား စရာ ကောင်းပါတယ်။

🔸ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းခြင်း

ဒေတာတွေကို မသင့်လျော်တဲ့နေရာမှာ အသုံးမချဖို့အတွက် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ထားပါ။ သင့်ရဲ့လုပ်ငန်း ဆောင်ရွက်မှု တိုင်းကို တာဝန်ယူမှုရှိရှိနဲ့ ကျင့်ဝတ် သိက္ခာအပေါ် အခြေခံပြီး လုပ်ဆောင်ပါ။ ဒီလိုလုပ်ဆောင်မှသာ ရေရှည်မှာ ယုံကြည်မှု တည်မြဲမှာ ဖြစ်ပါတယ်။

🔸တာဝန်ယူမှုနှင့် စီမံခန့်ခွဲမှု

လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးအတွက် တာဝန်တွေကို တိတိကျကျ သတ်မှတ်ထားပါ။ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့တွေဖြစ်တဲ့ စစ်ဆေး‌ရေး နဲ့ အန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့ စတာတွေကိုလည်း ဖွဲ့စည်းထားရှိသင့်ပါတယ်။

🔸စံများလိုက်နာကျင့်သုံးမှုနှင့် အသိအမှတ်ပြုမှု

ISO 27001 , COBIT စတဲ့ နိုင်ငံတကာ စံနှုန်းတွေ PCI DSS၊ HIPAA စတဲ့ industry စံတွေ စနစ်တကျ လိုက်နာ ဘို့လိုပါတယ်။ နိုင်ငံတကာစာများကို လိုက်နာကျင့်သုံးဘို့ လုပ်ငန်းငယ်တွေအနေနဲ့ခက်ပါလိမ်မယ် ကိုယ်လုပ်ငန်း ရဲ့ risk တွေ နဲ့ လျော်ညီတဲ့ Controls တွေကို ထားရှိဘို့လိုပါမယ်။ နိုင်ငံရဲ့ သက်ဆိုင်ရာ အဖွဲအစည်း တွေအနေနဲံလည်း နိင်ငံရဲ့လုပ်ငန်များနဲ့ လျောက်ညီတဲစံသတ်မှတ်ချက်တွေကိုပြဌာန်းနိုင်ဘိုလိုအပ်ပါတယ်။ နိုင်ငံတကာ စံများကိုလိုက်နာနိုင်မယ့်အဖွဲအစည်းတွေအနေနဲ့လညး ပြင်ပအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု လက်မှတ်တွေ ကိုလည်း ရယူထားသင့်ပါတယ်။

🔸အချိန်ကြာရှည် တည်ငြိမ်မှု

သင့်ရဲ့ ဝန်ဆောင်မှု နဲ့ လုံခြုံရေးပိုင်းကို တည်ငြိမ်မှု ရှိနေစေခြင်းဟာ ယုံကြည်မှုကို တည်ဆောက်ရာ မှာ အရေးပါ ပါတယ်။ ရုတ်တရက်ဆိုသလို မူဝါဒတွေ ပြောင်းလဲတာ၊ စည်းမျဉ်းတွေ မကြာခဏ ပြောင်းလဲတာတွေကို မျိုးတွေ ရှောင်ကြဉ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို တသမတ်တည်း ထိန်းထားနိုင်ဘို့လည်းအရေးကြီးပါတယ်။

ဒစ်ဂျစ်တယ်ယုံကြည်မှု သည် ယခုခေတ် လုပ်ငန်းများအတွက် ရွေးချယ်စရာမဟုတ်တော့ဘဲ၊ မရှိမဖြစ် လိုအပ်သော အခြေခံအုတ်မြစ် တစ်ခု ဖြစ်လာပါပြီ။ အထက်ဖော်ပြပါ နည်းလမ်းများကို စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးခြင်းဖြင့်သာ ခိုင်မာသော ဒစ်ဂျစ်တယ်ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။

ခွင့်ပြုချက်တွေ တောင်း ဖို့ ခက်ခဲ ပြီး အချိန်ကုန်စရာ မလိုတော့ပါ                                                         ...
30/09/2025

ခွင့်ပြုချက်တွေ တောင်း ဖို့ ခက်ခဲ ပြီး အချိန်ကုန်စရာ မလိုတော့ပါ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Microsoft ရဲ့ Approval flow စနစ်နဲ့ဆို ခွင့်ပြုချက်တွေကို ဘယ်နေရာ၊ ဘယ်အချိန်ကနေမဆို Microsoft Teams မှာ ကိုယ်တိုင်ဆာင် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါပြီ။

ဒါက လုပ်ငန်း စွမ်းဆောင်ရည်ကို ပိုမို မြင့်မားစေမှာပါ။

Microsoft Teams ဟာ Microsoft 365 အုပ်စုထဲက ထုတ်ကုန်တစ်ခု ဖြစ်ပြီး၊
အခြားသော ဝန်ဆောင်မှုကောင်းတွေနဲ့အတူ ရရှိနိုင်ပါတယ်။

🟥 အီးမေးလ်နှင့် ဆက်သွယ်ရေး - လုပ်ငန်းသုံး အီးမေးလ်နဲ့ အဖွဲ့ဝင်တွေကြား အပြန်အလှန် ဆက်သွယ်မှုတွေကို ပိုမိုလွယ်ကူစေပါတယ်။

🟥ဖိုင်စီမံခန့်ခွဲမှု - ဖိုင်တွေကို စနစ်တကျ သိမ်းဆည်းဖို့၊ မျှဝေဖို့နဲ့ စီမံခန့်ခွဲဖို့ SharePoint နဲ့ Cloud Storage တို့က အထောက်အကူပြုပါတယ်။

🟥လုပ်ငန်းခွင် အလိုအလျောက်စနစ် - လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုထိရောက်စေမယ့် RPA (Robotic Process Automation) အတွက်လည်း အကောင်းဆုံး ပလက်ဖောင်းဖြစ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
သင့်လုပ်ငန်းကို ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ပြီး စွမ်းဆောင်ရည်ဘို့ Microsoft Teams နဲ့ စတင်လိုက်ပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အသေးစိတ်သိရှိလိုပါက 09-765-383871 သို့ ဆက်သွယ်၍ သို့မဟုတ် [email protected] သို့ မေးမြန်းနိုင်ပါသည်။

📍ERP စနစ် ဘာကြောင့် လိုအပ်သလဲ။📍လုပ်ငန်းစာရင်းတွေ လက်နဲ့ရေးဆွဲပြီး မှန်ကန်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ယနေ့ခေတ် ပြိုင်ဆို...
23/09/2025

📍ERP စနစ် ဘာကြောင့် လိုအပ်သလဲ။📍

လုပ်ငန်းစာရင်းတွေ လက်နဲ့ရေးဆွဲပြီး မှန်ကန်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ယနေ့ခေတ် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စျေးကွက်ထဲမှာ ရေရှည်အောင်မြင်ဖို့အတွက် ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။

အမြတ်အစွန်းရနေတယ်ဆိုတာ📍..

ဖောက်သည်တွေဟာ သင့်ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရှိလို့ပါပဲ။ ဒါပေမဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေက အမြဲပြောင်းလဲနေတာကြောင့် သူတို့ကို ပိုကောင်းတဲ့ အတွေ့အကြုံသစ်တွေ ပေးနိုင်ဖို့ သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို အဆက်မပြတ် မြှင့်တင်နေဖို့ လိုအပ်ပါတယ်။

ERP စနစ် အသုံးပြုခြင်းအားဖြင့်...

🟠ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခြင်း - ငွေကြေးဆိုင်ရာ အချက်အလက်တွေကို တိကျစွာနဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။

🟠ဖောက်သည်များ စိတ်ကျေနပ်မှု တိုးမြှင့်ပေးနိုင်ခြင်း - ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွေ့အကြုံသစ်တွေ ပေးနိုင်အောင် ကူညီပေးပါတယ်။

🟠လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လွယ်ကူလာခြင်း - လုပ်ငန်းခွင်အတွင်းက လုပ်ငန်းစဉ်တွေကို ထိရောက်မြန်ဆန်အောင် စနစ်တကျ လုပ်ဆောင်ပေးနိုင်ပါတယ်။

🟠စဉ်ဆက်မပြတ် တိုးတက်မှုကို အထောက်အကူပြုခြင်း - ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ ဗဟုသုတတွေ တိုးတက်အောင်၊ နည်းပညာအသစ်တွေနဲ့ ဆန်းသစ်တီထွင်နိုင်အောင် ပံ့ပိုးပေးပါတယ်။

ဒါကြောင့် ERP စနစ်ကို အခုပဲ အသုံးပြုလိုက်ပါ။

💡ဖုန်း ၀၉-၇၆၅-၃၈၃၈၇၁ နှင့် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

20/09/2025


Address

2nd Floor , 38th Street Plaza, Seikkantha Street
Yangon
11182

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+95(9)765383871

Alerts

Be the first to know and let us send you an email when BizSoft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BizSoft:

Shortcuts

Share