Ayar Shine engine oil & car accessories

Ayar Shine engine oil & car accessories engine oil, filter & car accessories wholesale & retail

" အာဇာနည်နေ့ တို့မမေ့ "၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ (၇၅) ကြိမ်မြောက်အာဇာနည်နေ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ န...
19/07/2022

" အာဇာနည်နေ့ တို့မမေ့ "
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
(၇၅) ကြိမ်မြောက်အာဇာနည်နေ့

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။


#အာဇာနည်နေ့



🌕ဝါဆိုလပြည့်နေ့ (၁၂, ဇူလိုင်၊ ၂၀၂၂)🌕🙏မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ်၊ဓမ္မစကြာအခါတော်နေ့ 🙏ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍ ဗုဒ္ဓဘုရ...
12/07/2022

🌕ဝါဆိုလပြည့်နေ့ (၁၂, ဇူလိုင်၊ ၂၀၂၂)🌕

🙏မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ်၊ဓမ္မစကြာအခါတော်နေ့ 🙏

ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍
ဗုဒ္ဓဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်ဆက်စပ်သော
ထူးခြားဖြစ်စဉ်များမှာ...

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသားပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရားဓမ္မစကြာ စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့
တို့ပင်ဖြစ်ပါသည်။

တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်သောကြောင့်၊ "ဝါဆိုလပြည့်နေ့"ကို
"ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဤဝါဆိုလပြည့်နေ့မှစ
မြန်မာနိုင်ငံသူ၊ နိုင်ငံသား အပေါင်းကျန်းမာချမ်းသာ၍
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင် ကြပါစေကြောင်း
ကျနော်တို့ Ayar Shine မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙏🙏🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
Shine


ဆီဈေးတွေတက်နေချိန်မှာ  ကားကိုဆီစားသက်သာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ???~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ယ...
27/06/2022

ဆီဈေးတွေတက်နေချိန်မှာ ကားကိုဆီစားသက်သာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခုအချိန်ကာလမှာ စက်သုံးဆီ ဈေးကြီးခြင်းရိုက်ခတ်မှုက ကားစီးကြသူတိုင်း ညည်းညူနေကြရတဲ့ကိစ္စဖြစ်နေပါပြီ။ အခုကာလအတွင်း ကားချစ်သူတို့ကို အကြံပြုချင်တာကတော့ ဆီစားနှုန်းသက်သာတဲ့ကားအမျိုးအစားများကိုသာ ဝယ်ယူစီးနင်းပြီး ဆီးစားနှုန်းကိုအတတ်နိုင်ဆုံးလျော့ချစေနိုင်မယ့် နည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ ဆီဈေးတွေမြင့်တက်နေတဲ့ ကာလကြီးမှာ ဆီစားနှုန်းသက်သာစေမယ့် 𝑇𝑖𝑝𝑠 လေးတွေကို ကားချစ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

၁။ ကားအလေးချိန် (𝑊𝑒𝑖𝑔ℎ𝑡)

ကားရဲ့အလေးချိန် 𝑊𝑒𝑖𝑔ℎ𝑡 များရင် ဆီပိုစားတယ်ဆိုတာ အားလုံးသိကြပြီးဖြစ်မှာပါ။ အလေးချိန် များလာတာနဲ့အမျှ ကားရဲ့ 𝑅𝑜𝑙𝑙𝑖𝑛𝑔 𝑅𝑒𝑠𝑖𝑠𝑡𝑎𝑛𝑐𝑒 လည်းများလာပြီး ကားဘီးလှိမ့်ဖို့ စွမ်းအင်ပိုလိုပါတယ်။ လိုအပ်တဲ့စွမ်းအင်ကို အင်ဂျင်က ပေးပေမယ့် အင်ဂျင်ပါဝါဟာ ‘ဆီ’ကနေ ရတာဖြစ်ပါတယ်။
ဒါကြောင့် ကားထဲမှာ မလိုအပ်တဲ့လေးလံတဲ့ပစ္စည်းတွေကို တတ်နိုင်သမျှလျော့ချပါ။ ပျမ်းမျှအားဖြင့် ကားရဲ့ အလေးချိန် 10% လောက်ကို လျော့ချခြင်းက ဆီစားနှုန်းကို 6% 𝑡𝑜 8% လောက်အထိ သက်သာစေနိုင်ပါတယ်။

၂။ ကားဘီးလေပေါင် (𝑇𝑦𝑟𝑒 𝑃𝑟𝑒𝑠𝑠𝑢𝑟𝑒)

ကားလေပေါင်လျော့နေခြင်းကလည်း ဆီစားစေပါတယ်။ ပုံမှန် လေပေါင်ထက် 1 𝑃𝑆𝐼 လျော့ကျလျှင် ဆီစားနှုန်း 0.2% အထက်ကို တက်ပါလိမ့်မယ်။ ကားရဲ့ ဘေးဘောင်မှာ ရေးထားတဲ့အတိုင်း တိကျတဲ့လေပေါင်ချိန်ထိုးဖို့လိုအပ်ပါတယ်။ တာယာ လေပေါင်ချိန်ကို တင်းတင်းထိုးထားတာက ဆီစားပိုသက်သာစေတယ်ဆိုပေမယ့် ကားခုန်စေတဲ့အတွက် သတ်မှတ်ထားတဲ့လေပေါင်ချိန်အတိုင်းပဲ တိတိကျကျထိုးသင့်ပါတယ်။

၃။ ကားမောင်းနှုန်း (𝑆𝑝𝑒𝑒𝑑)

ကားကို ဆီစားသက်သာအောင် ကားရဲ့လီဗာကို ဖိနင်းပြီး အရှိန်ရတာနဲ့ရှိထားတဲ့အရှိန်နဲ့ ခိုပြီးမောင်းနှင်ခြင်းဟာ ဆီပိုစားစေပါတယ်။ ဒါ့ကြောင့် ကားရဲ့ 𝑚𝑖𝑙𝑒𝑎𝑔𝑒 ကို ကြည့်ပြီး 𝑘𝑚/ℎ တစ်ခု ငြိမ်အောင်ထိန်း မောင်းသင့်ပါတယ်။ 𝑀𝐺 𝑍𝑆, 𝑁𝑒𝑤 𝑀𝐺 𝑍𝑆 𝑇, 𝑀𝐺 𝑅𝑋5, 𝑀𝐺 𝐻𝑆, 𝑀𝐺 5, 𝑀𝐺 6 လို 𝐶𝑟𝑢𝑖𝑠𝑒 𝐶𝑜𝑛𝑡𝑟𝑜𝑙 ပါတဲ့ ကားတွေ အတွက်တော့ ကားရဲ့ 𝑘𝑚/ℎ ကို ငြိမ်အောင်ထိန်းပေးပြီး ဆီစားသက်သာစေတဲ့အတွက် ပိုအဆင်ပြေစေပါတယ်။

၄။ အဲကွန်းဖြင့်မောင်းခြင်း (𝐴𝐶)

ကား 𝐴𝑖𝑟𝑐𝑜𝑛 𝐶𝑜𝑚𝑝𝑟𝑒𝑠𝑠𝑜𝑟 ဟာ အင်ဂျင်မှ တိုက်ရိုက်မောင်းနှင်ရတဲ့အတွက် ဆီစားစေတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကားထဲမှာ အအေးရှိန်လေး ရလာရင် 𝐴𝐶 ပိတ်လိုက်ပြီး ပြန်နွေးလာမှသာ 𝐴𝐶 ပြန်ဖွင့်လိုက် စသည်ဖြင့် အဖွင့်/အပိတ်လေးလုပ်ပြီး မောင်းနှင်ခြင်းက ဆီစားသက်သာစေမှာဖြစ်ပါတယ်။ 𝐴𝑢𝑡𝑜 𝐴𝑖𝑟𝑐𝑜𝑛 ဖြစ်တဲ့ကားအမျိုးအစားတွေဆိုရင်တော့ အပူချိန် တစ်ခုခု ချိန်ပြီးထားနိုင်ပါတယ်။ နောက်တစ်ခုက ကားအရှိန် မြန်လာတဲ့အချိန် ကားမှန်တွေကို ချပြီးမောင်းခြင်းဟာ 𝑅𝑒𝑠𝑖𝑠𝑡𝑎𝑛𝑐𝑒 များစေပြီး 𝐴𝐶 ဖွင့်ပြီးမောင်းခြင်းထက် ဆီစားစေတယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။

၅။ ဘရိတ်ဖိနင်းခြင်း (𝐵𝑟𝑎𝑘𝑖𝑛𝑔 𝐴𝑔𝑔𝑟𝑒𝑠𝑠𝑖𝑣𝑒𝑙𝑦)

ကားကို အရှိန်နဲ့မောင်းပြီး အရှိန်လျော့ဖို့အတွက် ဘရိတ်ဖိနင်းခြင်းဟာလည်း ဆီပိုစားစေပါတယ်။ ကားတစ်စီးလုံးရဲ့ အသုံးချနေတဲ့ စွမ်းအင်တိုင်းဟာ ဆီမှရတာပဲ ဖြစ်တဲ့အတွက် ကားအရှိန်နှေးချင်တယ်ဆိုရင် ဂီယာပြောင်းပေးသင့်ပါတယ်။

၆။ ကားတွင်း လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်း (𝐸𝑙𝑒𝑐𝑡𝑟𝑖𝑐𝑎𝑙)

နောက်ပိုင်းအဆင့်မြင့်ခေတ်ပေါ်ကားတွေမှာ 𝐸𝑙𝑒𝑐𝑡𝑟𝑖𝑐𝑎𝑙 ပစ္စည်းများ နှင့် 𝐷𝑟𝑖𝑣𝑒𝑟 𝐴𝑠𝑠𝑖𝑠𝑡𝑎𝑛𝑡 𝐹𝑒𝑎𝑡𝑢𝑟𝑒 များ ပို၍ပါဝင်လာသောကြောင့် ဆီစားနှုန်းများစေပါတယ်။ ကားစက်နှိုးထားပြီး ကားထဲက လျှပ်စစ်ပစ္စည်းများသုံးစွဲခြင်းက ဆီစားနှုန်းကို မထိခိုက်ဘူးလို့ တလွဲယူဆကြတာတွေရှိပါတယ်။ တကယ်က စွမ်းအင်တွေသုံးတာနဲ့ အဲ့ စွမ်းအင်များဟာ ‘ဆီ’ ကထွက်တာဖြစ်ပါတယ်။ ကားတစ်စီးကို စက်နှိုးထားပြီး မှန်တင်မှန်ချလုပ်ကြည့်တာဖြစ်ဖြစ်/ ရှေ့မီးကြီး ဖွင့်ကြည့်တာဖြစ်ဖြစ် ပြုလုပ်လိုက်ပါက အင်ဂျင် 𝑟𝑝𝑚 ကျသွားတာကို တွေ့နိုင်သလို 𝑅𝑃𝑀 ဒိုင်ခွက်မပါရင်လည်း အင်ဂျင် စက်သံနှေး/တုန်သွားတာကို ကြားရပါလိမ့်မယ်။ လျှပ်စစ်သုံးလိုက်လို့ အင်ဂျင်ပိုရုန်းရခြင်းကြောင့် ဆီပိုစားခြင်းဖြစ်ပါတယ်။

၇။ လေခုခံမှုရှိခြင်း (𝐴𝑒𝑟𝑜𝑑𝑦𝑛𝑎𝑚𝑖𝑐 𝑆ℎ𝑎𝑝𝑒)

ကားရဲ့ နဂိုမူလပင်ကိုယ်ပုံစံကို ပြောင်းလဲခြင်းဟာလည်း ဆီစားစေပါတယ်။
𝑆𝑈𝑉 ဆိုပြီး ကားခေါင်မိုးပေါ် ပစ္စည်းတင်ကာ ပိုက်ကွန်တွေအုပ်ပြီး အလှဆင်ထားခြင်းများဟာလည်း ဆီစားစေပါတယ်။

၈။ အင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း(𝐸𝑛𝑔𝑖𝑛𝑒 𝑀𝑎𝑖𝑛𝑡𝑒𝑛𝑎𝑛𝑐𝑒)

အင်ဂျင်ဝိုင်၊ လေစစ် နှင့် 𝑃𝑙𝑢𝑔 များ မလဲခြင်းကလည်း ဆီစားများစေပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ အင်ဂျင်ကိုပါ ထိခိုက်စေလို့ သတိထားလဲလှယ်ပေးရပါမယ်။ ဒါ့အပြင် ဆီထည့်သည့် ဆီတိုင်ကီအဖုံး 𝑠𝑒𝑎𝑙 မလုံ၍ ဆီငွေ့ပျံနေခြင်းများကလည်း ဆီစားများစေတဲ့အချက်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြပေးထားတဲ့အချက်လေးတွေကိုအတိုင်း လိုက်နာဆောင်ရွက်ပြီး ခုလိုဆီဈေးတွေမြင့်မားနေတဲ့ ကာလကြီးမှာ ကားဆီစားနှုန်းသက်သာစွာနဲ့ စိတ်လက်ချမ်းသာစွာ သာယာပျော်ရွှင်တဲ့ခရီးလမ်းတွေကို မောင်းနှင်နိုင်ကြပါစေခင်ဗျာ။




ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ➖➖➖➖➖➖➖➖➖➖➖➖➖၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး   မရမခြင်း တကျိကျိနဲ့ မ...
25/06/2022

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ
➖➖➖➖➖➖➖➖➖➖➖➖➖
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? ✅starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

✅အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

✅ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
✅အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
✅ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
✅တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။

Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++




အေးလေ အေးလေ 😁မင်မင် မပြောဘူးနော် 😊
20/06/2022

အေးလေ အေးလေ 😁

မင်မင် မပြောဘူးနော် 😊





မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ🙏🙏🙏Father's day 2022
19/06/2022

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ
🙏🙏🙏

Father's day 2022





Hazard Light နှင့်ပတ်သက်၍ ယဉ်မောင်းသူအများစု လွဲမှားစွာ အသုံးပြုကြခြင်းစုံ အချက်ပြမီး--------------------လမ်းဆုံ လမ်းခွ ...
29/05/2022

Hazard Light နှင့်ပတ်သက်၍ ယဉ်မောင်းသူအများစု လွဲမှားစွာ အသုံးပြုကြခြင်း

စုံ အချက်ပြမီး
--------------------
လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား-?

တကယ်ကျတော့မလိုပါဘူ။

စုံ အချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။
ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကို တော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွှဲမှားစွာ အသုံးပြုကြပါတယ်။

Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။

သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြု့ခြင်ပင်ဖြစ်ပါသည်။



၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။

Hazard Light ကို အောင်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။

(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်
(၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်
(၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်
(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်
(၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်
(၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်
(၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်
(၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်
(၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်
(၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၁) တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်
(၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်
(၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်
(၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်
(၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာစဉ် တွေမျိုတွေမှသုံးလေ့ရှိပါတယ်။




  promotion ကာလအတွင်း နေ့ဆက်ပို့ရတဲ့မြို့ပတ် လမ်းကြောင်းလေးတွေ။😊ကာကာတို့အော်ဒါတင်သမျှ မရမရှိစေရပဲ၊ မှန်ကန်သော ဈေးနှုန်းဖ...
17/05/2022

promotion
ကာလအတွင်း နေ့ဆက်ပို့ရတဲ့
မြို့ပတ် လမ်းကြောင်းလေးတွေ။
😊
ကာကာတို့အော်ဒါတင်သမျှ မရမရှိစေရပဲ၊
မှန်ကန်သော ဈေးနှုန်းဖြင့်
အမြန်ဆုံးပို့ဆောင်ပေးနေပါပြီ။😊



ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ (သို့မဟုတ်) ကဆုန်ညောင်ရေသွန်းပွဲနေ့တွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမ...
14/05/2022

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ
ကဆုန်လပြည့်နေ့ (သို့မဟုတ်) ကဆုန်ညောင်ရေသွန်းပွဲနေ့တွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏



အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ❓သက်တမ်းတစ်ခု ကြာလာပြီဖြစ်တဲ့ ဂျပန်Used ကားတွေမှာ အင်ဂျင်ဝိုင်လျော့တာ သိပ်မထူးဆန်းပေမဲ့ လ...
12/05/2022

အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ❓

သက်တမ်းတစ်ခု ကြာလာပြီဖြစ်တဲ့ ဂျပန်
Used ကားတွေမှာ အင်ဂျင်ဝိုင်လျော့တာ
သိပ်မထူးဆန်းပေမဲ့ လိုအပ်တာထက်ပိုပြီး
အင််ဂျင်ဝိုင်လျော့နေရင်တော့ သင့်ကားအင်
ဂျင်မှာ ပြဿနာတစ်စုံတစ်ခု ရှိနေပါပြီ။

အင်ဂျင်ဝိုင်လျော့နိုင်/ ပျောက်နိုင်တဲ့အချက်
(၅)ချက်ရှိပါတယ်။

(၁)အင်ဂျင်ဝိုင်ဂရိတ် မှားသုံးခြင်း။

ကီလိုတစ်သိန်းကျော်၊ နှစ်သိန်းဝန်းကျင်
မောင်းထားတဲ့ အင်ဂျင်တွေကို ယေဘုယျ
အားဖြင့် 10W30, 10W40 တွေ ထည့်ကြ
ပါတယ်။ဒီနေရာမှာ 5W30 သုံးမယ်ဆိုရင်
ဆီအရမ်းပါးတဲ့အတွက် အင်ဂျင်ဝိုင်လျော့
တတ်ပါတယ်။

(၂)အရည်အသွေးနိမ့်တဲ့ အင်ဂျင်ဝိုင်သုံးခြင်း။

အင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်အတွက် အရမ်း
အရေးကြီးတဲ့ ချောဆီတစ်မျိုးဖြစ်ပါတယ်။
အရည်အသွေးနိမ့်တဲ့ အင်ဂျင်ဝိုင်တွေ သုံးမိ
တဲ့အခါ အင်ဂျင်ဝိုင်ခန်းခြောက်ပြီး အင်ဂျင်
ဝိုင် လျော့တတ်တဲ့အပြင် အင်ဂျင်ထဲမှာ
အင်ဂျင်ဝိုင်ဂျိုးတွေ ဖြစ်ပေါ်စေပါတယ်။

(၃)မီးလောင်ခန်းအတွင်း လောင်ကျွမ်းခြင်း။

ပင်စတင်ဝရိန်း၊ဗားဆီး၊ပလပ်ဆီး တွေက
ဆီကိုမထိန်းနိုင်တော့တဲ့အခါ အင်ဂျင်ဝိုင်
တွေက မီးလောင်ခန်းထဲရောက်ပြီး လောင်
ကျွမ်းသွားတတ်ပါတယ်။မီးလောင်ခန်းထဲ
အင်ဂျင်ဝိုင်ရောက်တဲ့အခါ အိတ်ဇောမှ မီးခိုး
ထွက်ခြင်း၊ ကျောက်ဇကာပိတ်ခြင်း/ပျက်စီး
ခြင်းများ ဖြစ်စေနိုင်ပါတယ်။

(၄)အပြင်ဘက်သို့ ဆီအယိုအဆိမ့်ရှိနေခြင်း။

တိုက်ပစ်ဖုံး၊မိန်းဝိုက်ဆီး၊ပူလီဝိုက်ဆီး၊ချိန်း
ကာဗာ၊ ကရိုင်းရှပ် မိန်းဝိုက်ဆီး၊ ကမ်မရှပ်
ဝိုက်ဆီး၊ အင်ဂျင်ဝိုင်ဖစ်တာ၊ အင်ဂျင်ဝိုင်
ချက်နပ်၊ အင်ဂျင်ဝိုင်ကရိုင်းကစ်၊ PCV ဗား
စတဲ့ အစိတ်အပိုင်းတွေ မကောင်းရင်လည်း
အင်ဂျင်ဝိုင်လျော့ပါတယ်။

(၅)အင်ဂျင်ဒီဇိုင်း(သို့) ထုတ်လုပ်သူ၏ အား
နည်းချက်ကြောင့် အင်ဂျင်ဝိုင်လျော့ခြင်း။

တစ်ချို့ကားတွေမှာ တပ်ဆင်အသုံးပြုထား
တဲ့ အင်ဂျင်တွေဟာ ထုတ်လုပ်သူ၏ အင်ဂျင်
ဒီဇိုင်း၊ ပင်စတင်ဝရိန်းပြဿနာတွေကြောင့်
လည်း အင်ဂျင်ဝိုင်လျော့တတ်ပါတယ်။

ဂျပန် Used ကားတွေမှာ ကီလို (၅၀၀၀)ခန့်
မောင်းပြီး အင်ဂျင်ဝိုင် တစ်လီတာဝန်းကျင်
လျော့တာ သိပ်ပြဿနာမရှိပေမဲ့ ကီလို(၅၀၀၀)
မောင်းပြီးလို့ အင်ဂျင်ဝိုင် နှစ်လီတာအထက်
လျော့နေရင်တော့ ကျွမ်းကျင် ဝပ်ရှော့မှာ
စစ်ဆေးပြုပြင်ဖို့ အကြံပြုပါတယ်ခင်ဗျာ။

အားလုံးအဆင်ပြေပါစေ။




🤱 Happy Mother's Day 🤱ကို ဂုဏ်ပြုအပ်ပါတယ်။ကမ္ဘာပေါ်ရှိ အမေများ အားလုံး ကျန်းမာကြပါစေ။🙏🙏🙏
08/05/2022

🤱 Happy Mother's Day 🤱
ကို ဂုဏ်ပြုအပ်ပါတယ်။
ကမ္ဘာပေါ်ရှိ အမေများ အားလုံး ကျန်းမာကြပါစေ။
🙏🙏🙏



ဘယ်တော့မှ ပစ္စည်းမပြတ်လပ်တဲ့ မင်မင်တို့ ဂိုဒေါင်။😊ကာကာတို့ အတွက်အမြဲ အဆင်သင့်။🤗
03/05/2022

ဘယ်တော့မှ ပစ္စည်းမပြတ်လပ်တဲ့ မင်မင်တို့ ဂိုဒေါင်။😊
ကာကာတို့ အတွက်အမြဲ အဆင်သင့်။🤗



Address

No. 231, Saung Taw Ku Street, 22th Ward, S. Dagon Township
Yangon
11431

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Ayar Shine engine oil & car accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayar Shine engine oil & car accessories:

Share