City Net Com Fiber Internet

City Net Com Fiber Internet Be your reliable Internet Service Provider.

Chat GPT ဘယ်လို အလုပ်လုပ်သလဲ?-Chat GPT ဆိုတာ မိမိမေးလိုတာကို အလိုအလျောက် ဖြေကြားပေးတဲ့ AI နည်းပညာသုံး Chatbot ပဲ ဖြစ်ပါတ...
27/05/2024

Chat GPT ဘယ်လို အလုပ်လုပ်သလဲ?
-Chat GPT ဆိုတာ မိမိမေးလိုတာကို အလိုအလျောက် ဖြေကြားပေးတဲ့ AI နည်းပညာသုံး Chatbot ပဲ ဖြစ်ပါတယ်
-Chat GPT ကို Open AI ဆိုတဲ့ AI သုတေသနဌာနမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့မှာ စတင် ကြေညာလိုက်ပြီး Open AI ကို ၂၀၁၅ခုနှစ်၊ San Altman, Elon Musk တို့ အပါအဝင် လူ(၇)ယောက်နဲ့ စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်၊

Chat GPT က content တွေကို အလွယ်တကူ ရေးပေးနိုင်သလိုပဲ ကျောင်းစာတွေ၊ Assignment တွေကိုပါ ရေးပေးနိုင်တာ ဖြစ်ပြီး နောက်ထပ် Marketing သမားတွေအတွက် Content Marketing Planတွေ၊ ပရိုဂရမ်မာတွေအတွက် Programming ကုဒ်ရေးပေးခြင်းနဲ့အတူ သီချင်း Lyrics တွေပါ ရေးပေးနိုင်တာ ဖြစ်ပါတယ်၊ Chat GPT မှ အဖြေထုတ်ပေးလိုက်တဲ့ ဒေတာတွေဟာ ၉၀% လောက်နီးပါး မှန်ကန်ပါတယ်၊

ယခုအချိန်တွင် Chat GPT သည် GPT မော်ဒယ်နှစ်ခုရှိပြီး မူရင်း GPT-3.5 က စွမ်းအားနည်းသော်လည်း လူတိုင်းအတွက် အခမဲ့ အသုံးပြုလို့ ရနိုင်ပါတယ်၊ ပိုမိုအဆင့်မြင့်တဲ့ GPT-4 ကတော့ Chat GPT Plus စာရင်းသွင်းသူများအတွက် အကန့်အသတ်ရှိပြီး ၎င်းတို့သည် နေ့စဉ် အကန့်အသတ်ရှိသော မေးခွန်းအရေအတွက်ကိုသာ ရရှိမည်ဖြစ်သည်။
Chat GPT ၏ ထူးခြားတဲ့ အချက်တွေထဲမှတစ်ခုမှာ ၎င်းသည် သင်နှင့်စကားပြောဆိုမှုကို မှတ်သားထားနိုင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ ၎င်းသည် သင် ယခင်က မေးမြန်းထားသည့် အကြောင်းအရာကို မှတ်သားထားတာဖြစ်လို့ ပထမ မေးထားတဲ့အကြောင်းအရာများကို မှတ်မိစေရန်အတွက် အသုံးပြုလို့လည်း ရပါတယ်။

အသုံးပြုပုံ
_Chat GPT ကို စတင်အသုံးပြုမယ်ဆိုရင် Browser မှာ Chat.openai.com ဆိုပြီး ရိုက်လိုက်ပါ၊ နောက်တနည်းအနေနဲ့ ChatGPTopenAI ဆိုပြီး ဝင်လို့လည်း ရပါတယ်။
_ပထမဆုံးအနေနဲ့ Open AI Account အရင် ဖွင့်ပေးရပါမယ်၊ ပြီးရင် Sign Up အရင် လုပ်ပေးပါ၊ ကိုယ့် Email Address (သို့) Google Account ဖြင့် ဝင်ရင်လည်း ရပါတယ်၊
_အကောင့်ဝင်လို့ရပြီဆိုရင် Chatbot မှာ ကိုယ်မေးချင်တဲ့ ဒေတာတွေကို မေးပြီး Chat GPT မှ ပြန်လည်ဖြေပေးသွားမှာ ဖြစ်ပါတယ်၊
_မေးထားတဲ့ အကြောင်းအရာတခု ပြီးသွားလို့ နောက်ထပ်အကြောင်းအရာတခု ထပ်မေးချင်ရင် Chat GPT စာမျက်နှာရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Confirm Clear Conversation ကို နှိပ်လိုက်ပါ၊ စာမျက်နှာအစကို ပြန်ရောက်သွားပါလိမ့်မယ်၊
_နောက်တချက်က Chat GPT စာမျက်နှာအစရဲ့ Limitations မှာ ဖော်ပြထားတဲ့အတိုင်း သူ့မှာရှိတဲ့ ဒေတာတွေက ၂၀၂၁ ခုနှစ်အရှေ့ပိုင်းက အကြောင်းအရာတွေကိုပဲ အခြေခံပြီး ပြောပြပေးသွားမှာ ဖြစ်ပြီး ၂၀၂၁ နောက်ပိုင်း အဖြစ်အပျက်တွေကိုတော့ သူသိမှာ မဟုတ်ကြောင်း Limit ပေးထားတာ ဖြစ်ပါတယ်၊
_တကယ်လို့ သင်ဟာ တခြားသော New Features တွေ သုံးချင်တယ်ဆိုရင် စာမျက်နှာ ဘယ်ဘက်ခြမ်းက Upgrade to Plus ထဲကို ဝင်ပြီး upgrade plan အနေနဲ့ ဒေါ်လာနှင့်ဝယ်သုံးလို့လည်း ရပါတယ်.

WiFi ကို ဘယ်သူ တီထွင်ခဲ့တာလဲ?Wireless Fidelity ၏ အတိုကောက် ဖြစ်သော Wi-Fi ကို  သြစတြေးလျနိုင်ငံ CSIRO ၏အဖွဲ့တွင် အလုပ်လုပ...
23/05/2024

WiFi ကို ဘယ်သူ တီထွင်ခဲ့တာလဲ?
Wireless Fidelity ၏ အတိုကောက် ဖြစ်သော Wi-Fi ကို သြစတြေးလျနိုင်ငံ CSIRO ၏အဖွဲ့တွင် အလုပ်လုပ်နေသော အိုင်ယာလန်အင်ဂျင်နီယာ Dr. John O'Sullivan မှ အဓိက တီထွင်ခဲ့ပြီး ၎င်းအဖွဲ့တွင် ဒေါက်တာ Terry Percival၊ Mr. Diet Ostry၊ Mr. Graham Daniels နှင့် Mr. John Deane တို့ ပါဝင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှာ Wifi ကို ၎င်းတို့အဖွဲ့မှ စတင်တီထွင်ခဲ့ပါသည်။

Wi-Fi တီထွင်ခြင်းလမ်းကြောင်းရဲ့ အစပိုင်းတွင် CSIRO ၏ သုတေသီများ သည် ရေဒီယို နက္ခတ္တဗေဒဆိုင်ရာ ပြဿနာများကို အာရုံစိုက်ဖြေရှင်းခဲ့ရသော်လည်း Wi-Fi ရဲ့ လုပ်ဆောင်နိုင်စွမ်းမှာ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျင်မြန်သော Fourier Transform ချစ်ပ်များကို အသုံးပြု၍ ၎င်းတို့သည် ပြင်ပအာကာသ၏ ဆူညံသံများမှ အားနည်းသော အချက်ပြမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့၏မူရင်းအလုပ်သည် လေလှိုင်းကဲ့သို့ မီဒီယာများမှတစ်ဆင့် ဒေတာပေးပို့ခြင်းလုပ်ငန်းစဉ်ကို တီထွင်ခဲ့ပြီး Wi-Fi ကို စတင်ဖန်တီးနိုင်ခဲ့ပါသည်။

၎င်းတို့၏ တီထွင်မှုသည် ၁၉၉၂ ခုနှစ်၊ သြစတြေးလျတွင် မူပိုင်ခွင့်နှင့် ၁၉၉၆ ခုနှစ်၊ US တွင် မြန်နှုန်းမြင့်ကြိုးမဲ့ကွန်ရက်ချိတ်ဆက်ခြင်းအတွက် အခြေခံအုတ်မြစ်ချခဲ့သည်။ “Wi-Fi” ဟူသော အသုံးအနှုန်းကို ၁၉၉၉ ခုနှစ်တွင် Wireless Ethernet Compatibility Alliance (WECA) မှ စတင်အသုံးပြုခဲ့ပြီး နည်းပညာကို ပိုမိုအသုံးပြုရလွယ်ကူစေခဲ့ပါသည်။

CSIRO မှ အဖွဲ့မှ တီထွင်မှုပြီးနောက် Wi-Fi သည် ကမ္ဘာအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ 1990 ခုနှစ်များနှင့် 2000 အစောပိုင်းနှစ်များတစ်လျှောက်တွင် ကြိုးမဲ့ကွန်ရက်ချိတ်ဆက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရသော ချိတ်ဆက်မှုများကို ရရှိစေခဲ့ပြီး ၎င်းတို့၏ကျော်ကြားမှုကို တိုးမြင့်လာစေခဲ့သည်။ Wifi သည် ကျွန်ုပ်တို့၏နေ့စဉ်ဘ၀များတွင် ကြီးမားသော အခန်းကဏ္ဍအဖြစ် ပါဝင်လာခဲ့သည်ကို လူအနည်းငယ် ခန့်မှန်းသိရှိလာခဲ့ကြသည်။

ထို့အပြင် Wi-Fi ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းသည် Internet of Things (IoT) ထွန်းကားလာစေသည်။ နေ့စဉ်သုံးပစ္စည်းများနှင့် စက်ပစ္စည်းများကို အင်တာနက်နှင့် အပြန်အလှန်ချိတ်ဆက်ပြီးအိမ်နှင့်စက်မှုလုပ်ငန်းဆိုင်ရာ အလိုအလျောက်စနစ်ကို သိသာထင်ရှားစွာ တိုးမြင့်လာစေကာလူနေမှုဘဝ၊ ကဏ္ဍပေါင်းစုံ၏ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာ တိုးတက်လာစေခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မေလ(၂၂) ရက်နေ့တွင် ကျရောက်သော 🙏"ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့"🙏တွင် မိဘပြည်သူအပေါင်း မင်္ဂလာအပေ...
22/05/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မေလ(၂၂) ရက်နေ့တွင် ကျရောက်သော 🙏"ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့"🙏တွင် မိဘပြည်သူအပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မီးနီ ဘာကြောင့် အဖြစ်များတာလဲ?လူကြီးမင်းတို့ လိုင်းသုံးနေရင်း မီးနီ ခဏခဏ လင်းတာ ဖြစ်ဖူးပါလား? ဘာကြောင့် မီးနီလင်းနေလဲဆို...
20/05/2024

မီးနီ ဘာကြောင့် အဖြစ်များတာလဲ?
လူကြီးမင်းတို့ လိုင်းသုံးနေရင်း မီးနီ ခဏခဏ လင်းတာ ဖြစ်ဖူးပါလား? ဘာကြောင့် မီးနီလင်းနေလဲဆိုတာ သိပါသလား?
(၁) ဝိုင်ဖိုင်ကြိုး ပျက်နေတာ
(၂) ဝိုင်ဖိုင်ကြိုး ခေါင်းကျိုးနေတာ
ကဲ..ဒီအချက် ၂ချက်ထဲက ဘယ်အချက်ကြောင့် မီးနီ အဖြစ်များလဲဆိုတာ Comment မှာ ရေးပေးခဲ့ကြအုန်းနော်

You Chat ဆိုတာ ဘာလဲ?You Chat ဆိုတာ  Chat GPT နဲ့ဆင်တူပြီး You.com မှ ဖန်တီးထားတဲ့ စကားပြောဆိုဆက်သွယ်သောနည်းဖြင့် ကိုယ်ရှ...
15/05/2024

You Chat ဆိုတာ ဘာလဲ?
You Chat ဆိုတာ Chat GPT နဲ့ဆင်တူပြီး You.com မှ ဖန်တီးထားတဲ့ စကားပြောဆိုဆက်သွယ်သောနည်းဖြင့် ကိုယ်ရှာဖွေလိုတဲ့ အချက်အလက်များကို လျင်မြန်စွာ အဖြေရှာပေးနိုင်တဲ့ AI tool တခုပဲ ဖြစ်ပါတယ်။ YouChat ကို You.com မှ Large Language Model (LLM) AI များကို အသုံးပြု၍ စိတ်ကြိုက်ဖန်တီးပေါင်းစပ်ကာ တည်ဆောက်ထားခြင်း ဖြစ်တယ်။ You Chat ကို Salesforce ဝန်ထမ်းများဟောင်းမှ 2021 ခုနှစ်နှောင်းပိုင်းတွင် စတင်တည်ထောင်ခဲ့သည့် Search engineတစ်ခုဖြစ်တဲ့ You.com မှ စတင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ You Chat ကို 2022 ခုနှစ်၊ ခရစ္စမတ်အကြိုနေ့တွင် စတင်ခဲ့ပြီး AI စကားဝိုင်း Chat Bot အဖြစ် အဆင့်မြှင့်ထားပြီး YouChat 2.0 ကို ဖေဖော်ဝါရီ 7 ရက်၊ 2023 တွင် မိတ်ဆက်ခဲ့တယ်။ ထိုအချိန်မှစ၍ YouChat 3.0 သည် C-A-L (Chat၊ Apps နှင့် Links) ဟုခေါ်သော အသုံးဝင်တဲ့ လုပ်ဆောင်ချက်ပါဝင်ပြီး ရုပ်ပုံများအပါအဝင် ရလဒ်များစွာကို ရှာဖွေပေးနိုင်ပါတယ်။

You Chat AI သည် AI Search engine အတွင်း အသုံးပြုနိုင်တဲ့ chatbot စကားဝိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ YouChat ကို အသုံးပြုရာတွင် search barမှာ စကားလုံး သို့မဟုတ် စကားစုတစ်ခုကို ရိုက်ထည့်ခြင်းဖြင့် အဖြေများမရနိုင်ပါ။ ၎င်းအစား သင်သည် လူတစ်ဦးကို မေးနိုင်သည့်နည်းအတိုင်း မေးခွန်းအပြည့်အစုံမေးရန် chat interface ကို အသုံးပြုနိုင်ပါတယ်။ ထို့အပြင် သုံးစွဲသူတို့ ပျမ်းမျှရှာဖွေတဲ့ မေးခွန်းများကို စာသားအကျဉ်းချုပ်၊ စာတိုလေးများရေးဖွဲ့ခြင်း၊ ကုဒ်ရေးခြင်း၊ အီးမေးလ်များရေးခြင်းနှင့် နေ့စဥ်လုပ်ဆောင်မှုများအတွက် အစီအစဉ်ရေးဆွဲခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်တဲ့ AI tool လည်း ဖြစ်တယ်။ You Chat ရဲ့ အားသာချက်နောက်တခုက သုံးစွဲသူတို့ နားလည်နိုင်မယ့် ဝေါဟာရများဖြင့် ရှုပ်ထွေးတဲ့ သဘောတရားများကို ရှင်းပြပေးနိုင်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာစကားကိုမဆို ဘာသာပြန်ဆိုပေးနိုင်ပါတယ်။

You Chat ကို ဝဘ်ဆိုဒ်မှတစ်ဆင့် သို့မဟုတ် Android နှင့် iOS နှစ်မျိုးလုံးအတွက် ရရှိနိုင်သော မိုဘိုင်းအက်ပ်လီကေးရှင်းများမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ပါတယ်။

YouChat အသုံးပြုမယ်ဆိုရင် အောက်ပါ ဖော်ပြပေးထားတဲ့ အဆင့်အတိုင်း ပြုလုပ်ပေးပါ

၁. You.com သို့သွားပြီး YouChat ခလုတ်များထဲမှ တစ်ခုကို နှိပ်ပါ။

၂. သင်၏ You.com အကောင့်သို့ ဝင်ရောက်ပါ သို့မဟုတ် အသစ်တစ်ခု ဖန်တီးပါ။

၃.chat bar တွင် စာရိုက်ပြီး Return/Enter သို့မဟုတ် send icon ကို နှိပ်ခြင်းဖြင့် YouChat ကို မေးခွန်းတစ်ခုမေးပါ။

သုံးစွဲသူတို့ရဲ့ မူရင်းမေးခွန်းကို အဖြေအပေါ် အခြေခံပြီး ပြန်လည်ဖော်ပြရန်မလိုအပ်ဘဲ ပိုမိုတိကျတဲ့ နောက်ဆက်တွဲမေးခွန်းများကိုလည်း မေးမြန်းနိုင်ပါတယ်ရှင့်။

အင်တာနက်လိုင်းဆွဲအား ပိုကောင်းလာအောင် လုပ်ဆောင်သင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်..၁. WIFI စက်ကို တနေ့လုံး တောက...
11/05/2024

အင်တာနက်လိုင်းဆွဲအား ပိုကောင်းလာအောင် လုပ်ဆောင်သင့်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်..
၁. WIFI စက်ကို တနေ့လုံး တောက်လျှောက် ဖွင့်ထားခြင်းမှ ရှောင်ကြဉ်ပါ၊ (၅မိနစ်လောက် စက်ကို အနားပေးကာ ပါဝါအဖွင့်အပိတ်လုပ်ပြီးမှ ပြန်သုံးပါ)
၂. သင့်ရဲ့ WIFI စက်ကို တစ်ပတ် တစ်ကြိမ်လောက် သန့်ရှင်းရေး ပြုလုပ်ပေးပါ
၃. သင့် WIFI စက်ရဲ့ Password ကို WIFI Company မှဖွင့်ပေးတဲ့ Default PW ဖြင့် မသုံးပါနှင့်၊ Password ပြောင်းသုံးပေးပါ
၄. WIFI စက်ကို အခန်းထောင့် (သို့) နံရံနဲ့ နီးတဲ့ နေရာတွေမှာ ထားခြင်းမှ ရှောင်ကြဉ်ပေးပါ(space ကျယ်တဲ့နေရာမျိုးမှာ ထားသင့်ပါတယ်)၊
၅. WIFI စက်ရဲ့ cable အဝါရောင်ကြိုးတွေကို စစ်ဆေးပေးပါ(တခါတရံ ကြိုးတွေ ခေါက်နေတာမျိုး ဖြစ်တတ်လို့ပါ)၊
၆. WIFI စက်တပ်ဆင်ထားတဲ့ အနီးအနားမှာ သတ္တုပစ္စည်းများ(ဉပမာ- Microwave၊ မီးဖို၊ ကြည့်မှန်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်) အစရှိတဲ့ ပစ္စည်းများ မထားပါနှင့်၊ လိုင်းဆွဲအားကျတတ်လို့ပါ
၆. WIFI စက် တပ်ထားတဲ့ နေရာမှာ လိုင်းဆွဲအားကို အဟန့်အတားဖြစ်စေတဲ့ ပစ္စည်းတွေ ရှိနိုင်တာဖြစ်လို့ WIFI Repeater (သို့) Extender ခံ သုံးပေးပါ
၇. WIFI စက်ရဲ့ LOS ဆိုတဲ့နေရာမှာ တခါတရံ မီးနီလင်းတတ်ပါတယ် ထိုအခါ လိုင်းကျတာတွေ၊ လိုင်းသုံးလို့မရတာတွေ ဖြစ်တတ်လို့ တပ်ထားတဲ့ WIFI စက်ရဲ့ သက်ဆိုင်ရာ Service ပိုင်းကို ဖုန်းဆက်ပြီး ကြိုးလာစစ်ဆေးဖို့ ပြောပေးပါ။

ဒီအချက်လေးတွေကို လုပ်ဆောင်ပေးမယ်ဆိုရင် လူကြီးမင်းတို့ အင်တာနက်လိုင်း သုံးတဲ့အခါမှာ လိုင်းဆွဲအားတွေ မကျဘဲ အဆင်ပြေချောမွေ့လာစေမှာ ဖြစ်ပါတယ်ရှင့်။

၅မိနစ် အချိန်ပေးရုံနဲ့ လစဉ်ကြေးများ အလွယ်တကူပေးဆောင်နိုင်ပါပြီနော်City Net ဘေလ်ဆောင်ဖို့ အချိန် မအားလပ်တာပဲ ဖြစ်ဖြစ် ရုံ...
07/05/2024

၅မိနစ် အချိန်ပေးရုံနဲ့ လစဉ်ကြေးများ အလွယ်တကူပေးဆောင်နိုင်ပါပြီနော်
City Net ဘေလ်ဆောင်ဖို့ အချိန် မအားလပ်တာပဲ ဖြစ်ဖြစ် ရုံးတက်၊ အလုပ်သွားနေတာပဲ ဖြစ်ဖြစ် ဘေလ် ဆောင်ဖို့ အချိန် အများကြီးပေးစရာမလိုဘဲ ကိုယ့်ဖုန်းလေးနဲ့ပဲ ၅မိနစ် အတွင်း လစဉ်ကြေးများကို လွယ်လင့်တကူ ပေးဆောင်နိုင်ပါပြီရှင့်။
လစဉ်ကြေး ပေးဆောင်တဲ့အခါ Official Payment များဖြင့် ပေးဆောင်ကြပါရန်
အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။
လစဉ်ကြေး ပေးဆောင်တဲ့အခါ Official Payment များဖြင့် ပေးဆောင်ကြပါရန်
အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။ 🥰လစဉ်ကြေးပေးဆောင်တဲ့အခါ Official Payment များကိုသာ လစဉ်ကြေးများ ပေးဆောင်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။🙏🙏🙏

Official Payment
-----------------
AYA - 200 27 860 416
KBZ - 101 304 1010 1359 301
CB - 006 7600 300 000 997
YOMA - 007 884 15000 2439

wave pay နဲ့လစဉ်ကြေးပေးဆောင်ပုံ
https://drive.google.com/file/d/10zUA0fkLsPM6DHLJS6SaeggSFaPNCZLW/view?usp=sharing

k pay နဲ့လစဉ်ကြေးပေးဆောင်ပုံ
https://drive.google.com/file/d/1UB0KL-fPyECVem0WdhXFh2YNKzehhk-r/view?usp=drive_link

Bill ဆောင်ပြီးတဲ့အခါမှာလည်း Billing Form လေးဖြည့်ပေးဖို့ လိုအပ်ပါတယ်ရှင့် 📋Billing Form ဖြည့်နည်းကိုလည်း အောက်မှာဖော်ပြထားတဲ့ Link ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။🥰🥰🥰🥰

📋City Net Com Billing Form
---------------------------
https://billmark.clappia.com/app/CIT405565

📋City Net Com Billing Form ဖြည်နည်း PDF File
------------------------------------------------------
https://drive.google.com/.../1-9y52w.../view...

📋City Net Com Billing Form ဖြည်နည်း Youtube Video File
------------------------------------------------------
https://www.youtube.com/watch?v=bDWRyl5I8vY

လစဉ်ကြေးနှင့်ပတ်သက်ပြီး အသေးစိတ်ကို Viber နံပါတ် 09 88 11 55 400 သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
05/05/2024

မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

မေလ(၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
01/05/2024

မေလ(၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

Youtube သုံးရင်းပဲဖြစ်ဖြစ်။ Facebook သုံးရင်းနဲ့ပဲ ဖြစ်ဖြစ် မီးနီ မီးစိမ်းလင်းပြီးလိုင်းဆွဲအားတွေပြတ်တောက်နေပြီလား။ ဒါဆိ...
26/04/2024

Youtube သုံးရင်းပဲဖြစ်ဖြစ်။ Facebook သုံးရင်းနဲ့ပဲ ဖြစ်ဖြစ် မီးနီ မီးစိမ်းလင်းပြီးလိုင်းဆွဲအားတွေပြတ်တောက်နေပြီလား။ ဒါဆိုရင် Complain Form တင်ပေးထားပါနော်။ မင်မင်တို့ Service Team က (၄၈)နာရီအတွင်း အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။

Service Form ဖောင်ဖြည့်ရန် - https://billmark.clappia.com/app/SER947611
ဖောင်ဖြည့်နည်း - https://youtu.be/-bw_9iIMpXA?si=wtymrKuVhL-2iLBV
ဖောင်ဖြည့်နည်းလမ်းညွှန် - https://drive.google.com/file/d/1XTPQNC4ujcgtqzuX8n5GY-QiC5tpmvLA/view?usp=drive_link

အသေးစိတ်ကို - 0977 100 55 77 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။


သင်္ကြန် ပြီးမှပဲ Fiber Internet တပ်မယ်လို့ပြောထားတဲ့သူတွေနော် သင်္ကြန်လည်းပြီးပြီ ရုံးတွေလည်း ပြန်တက်ရပြီဆိုတော့ City N...
22/04/2024

သင်္ကြန် ပြီးမှပဲ Fiber Internet တပ်မယ်လို့ပြောထားတဲ့သူတွေနော် သင်္ကြန်လည်းပြီးပြီ ရုံးတွေလည်း ပြန်တက်ရပြီဆိုတော့ City Net Fiber Internet တပ်ဆင်ဖို့အတွက် Ready ပဲလား။ 🥰City Net Fiber Internet ကို စက်ဖိုး၊ကြိုးဖိုး၊တပ်ဆင်ခ အခမဲ့ ဖြင့် တပ်ဆင်အသုံးပြုနိုင်ပါပြီရှင့်။

City Net Fiber Internet တပ်ဆင်အသုံးပြုနိုင်မယ့် နေရာလေးတွေကိုလည်းအောက်မှာ ဖော်ပြပေးထားပါတယ်ရှင့်။

📌လှိုင်
📌ကမာရွတ်
📌စမ်းချောင်း
📌ကြည်မြင့်တိုင်
📌အလုံ
📌လမ်းမတော်
📌ကျောက်တံတား
📌ဗိုလ်တစ်ထောင်
📌ပုဇွန်တောင်
📌တာမွေ
📌မင်္ဂလာတောင်ညွန့်
📌ဗဟန်း
📌ရန်ကင်း
‌📌ရွှေပြည်သာ
📌လှိုင်သာယာ
📌သာကေတ
📌ဒေါပုံ
📌သန်လျင်
📌တောင်ဒဂုံ
📌ဒဂုံဆိပ်ကမ်း
📌မင်္ဂလာဒုံ
📌အင်းစိန်
📌 မရမ်းကုန်း
📌 သင်္ဃန်းကျွန်း
📌တောင်ဥက္ကလာပ

လူကြီးမင်းတို့အနေဖြင့် အင်တာနက်စက်အသစ်တပ်ဆင်အသုံးပြုလိုပါက
Enquiry Form လေးဖြည့်ပေးဖို့လိုပါတယ်ရှင့်။

ဖောင်ဖြည့်ရန် - https://billmark.clappia.com/app/ENQ425649

ဖောင်ဖြည့်နည်း ဗီဒီရို - https://youtu.be/U3qIPYFcqqw?si=oZRGEG-YSnROaoSD

ဖောင်ဖြည့်နည်း ပုံ - https://drive.google.com/file/d/1aE-axLJ8YAt7-dmhLH4FuUXn2cDQ9AOq/view?usp=drive_link

အသေးစိတ်သိရှိလိုပါက☎️Hotline နံပါတ် 0977 100 55 77 သို့ မေးမြန်းနိုင်ပါတယ်ရှင့်

ဧပြီလ(၁၆)ရက်နေ့တွင် ကျရောက်သော မဟာသင်္ကြန်အတက်နေ့မှာ ၇ရက်သားသမီးများအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း City Net မိသားစ...
16/04/2024

ဧပြီလ(၁၆)ရက်နေ့တွင် ကျရောက်သော မဟာသင်္ကြန်အတက်နေ့မှာ ၇ရက်သားသမီးများအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း City Net မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Address

No46 , Thumingalar Housing, Thingangyun Township
Yangon
11091

Telephone

+959771005577

Website

Alerts

Be the first to know and let us send you an email when City Net Com Fiber Internet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to City Net Com Fiber Internet:

Share