06/05/2023
MSME အနှစ်သာရပေါ်လွင်စေရန် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များကို ကိုယ်တိုင် လာရောက် ကြည့်ရှုလေ့လာဖို့ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီ
ဝင်ကြေးအခမဲ့
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ စီစဉ်သည့် UMFCCI MSME Fair 2023 ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်အခွင့်အလမ်းများ လက်တွေ့ ရရှိစေမည်ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များ၊ အသိပညာပေး ဆွေးနွေးပွဲများ ကိုလည်း ထည့်သွင်းကျင်းပသွားမည့်အပြင် MSMEs လုပ်ငန်းရှင်များ ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများ ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုတ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ် မူတည်၍ MSME Outstanding Award ဆုချီးမြှင့်မည့် အစီအစဉ်များ၊ MSME အနှစ်သာရပေါ်လွင်စေမည့် ရိုးရာဝတ်စုံများ ဖြင့် ဖန်တီးပြသမည့် Fashion Show အစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်၍ ကိုယ်တိုင် လာရောက် ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။
ပြပွဲကြီးသို့ စိတ်ပါဝင်စား တက်ရောက်လိုသူများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် UMFCCI Website Link : https://bit.ly/3AReR81 တွင် အမည်စာရင်းများ ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်း
၀၉-၄၀၀၀၃၉၂၂၇
၀၉-၄၃၀၈၉၆၈၆
၀၉-၇၉၉၂၄၂၅၁၈
အီးမေးလ် - [email protected]
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
MSME ဒီဇိုင်းနာများ၏ ပြည်တွင်းဖြစ်အထည်များဖြင့် ဖန်တီးချုပ်လုပ်ပြသမည့် Fashion Show အစီအစဉ်များကို ကိုယ်တိုင် လာရောက် ကြည့်ရှုလေ့လာဖို့ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီ