Myanmar Maid Service

Myanmar Maid Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Maid Service, Business service, Yangon.

အိုမန်နိုင်ငံကို သွားလည်တော့မယ်ဆိုရင်တော့ မဖြစ်မနေ သွားလည် ရမယ့် နေရာတွေ ရှိပါတယ်။ အဲ့ဒီ ထဲ ကမှ နာမည်ကြီး ပြီး ရှေးဟောင်...
28/12/2023

အိုမန်နိုင်ငံကို သွားလည်တော့မယ်ဆိုရင်တော့ မဖြစ်မနေ သွားလည် ရမယ့် နေရာတွေ ရှိပါတယ်။ အဲ့ဒီ ထဲ ကမှ နာမည်ကြီး ပြီး ရှေးဟောင်း အနုပညာတွေ တွေ့လို့ ရနိုင်တဲ့ နေရာတွေ ရင်သပ်ရှုမော ဖွယ်ကောင်းတဲ့ နေရာတွေကို ပြောပြပေးသွားပါမယ်။

Grand Mosque

ဒါကတော့ အိုမန်ရဲ့ အကြီးဆုံး ဗလီဝတ်ပြုကျောင်းတော်ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကျောင်းတော် မှာ အစ္စလာဗိသုကာလက်ရာတွေ ကို တွေ့မြင်နိုင်သလို အစ္စလာမ်ဗိသုကာ လက်ရာတွေက ရှေးဟောင်း ကျသလို ခေတ်မီတဲ့ အသွင်အပြင်တွေ နဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဝတ်ပြုကျောင်းတော် အတွင်း မှာထားရှိတဲ့ ပါရှန်ကောဇော က ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး လက်ယက်လုပ် ကောဇော ဖြစ်ပြီး အမျိုးသမီး ၆၀၀ ခန့်က လေးနှစ်ကြာ ရက်လုပ်ထားတာပါ။လူ အဟောင်း ၂ သောင်းခန့် ဝတ်ပြုနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

Royal Opera House Muscat

ဒီနေရာမှာတော့ အော်ပရာ နဲ့ ဘဲလေး တို့မှာ ကျော်ကြားတဲ့ နာမည်ကြီး အနုပညာရှင်တွေ ဖျော်ဖြေတဲ့ နေရာလည်း ဖြစ်ပါတယ်။ဒီနေရာမှာ ကြည့်ရှုမယ်ဆိုရင်တော့ ဂျင်းဘောင်းဘီနဲ့အားကစားဖိနပ်နဲ့ဆိုရင် ခွင့်မပြုပါဘူးတဲ့...ဒီနေရာမှာ ဆိုရင် အိုမန်နိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်ပြီး အရှေ့တိုင်း နဲ့ ဥရောပအနုပညာတွေကနေဆင်းသက်လာတဲ့ ပန်းချီကားတွေကို ပြသထားပါတယ်။ပြီးရင်တော့ ရှားပါးတူရိယာတွေကိုလည်း တစ်စုတစ်စည်း တည်း ကြည့်ရှုနိုင်ပါတယ်။

Mutrah Corniche

ဒီနေရာကတော့ ဆိပ်ကမ်းမြို့လည်း ဖြစ်ပါတယ်။ ပင်လယ်ဘက်ကို မျက်နာ မူထားပြီး တောင်တွေ ပတ်လည်ဝိုင်းနေပါတယ်။အဲ့ဒီနေရာမှာ ရှိတဲ့ ငါးဈေးက တော့ နာမည်ကြီးတယ်လို့ ဆိုပါတယ်။

Mutrah Souq

Mutrah ကို သွားရင်တော့ Mutrah Souq က မဖြစ်မနေ သွားရမယ့် ဈေး ဖြစ်ပါတယ်။ရိုးရာအာရပ် ဈေးဖြစ်ပြီး ရိုးရာအထည်အလိပ်တွေ/လက်ဝတ်ရတနာတွေ၊ရှေးဟောင်း ပစ္စည်းတွေ ၊‌ဒေသဆိုင်ရာ ပစ္စည်းတွေရရှိပါတယ်။မြန်မာပြည်မှာ ဆိုရင်တော့ ဗိုလ်ချုပ်ဈေးလို နေရာမျိုး ဖြစ်ပါတယ်။

(ဘယ်နေရာတွေက လည်ပတ်လို့ ကောင်းလဲ ဆိုတာ ဆက်ပြီး တင်ပေးပါဦးမယ်)






28/12/2023
အိုမန် ရိုးရာ ယဉ်ကျေးမှု နှင့် ဝါသနာအိုမန်နိုင်ငံက တစ်ခြား အနောက်တိုင်း တွေနဲ့ ယှဉ်ရင် ဘာသာအနေနဲ့ရော လူမျိုးအနေနဲ့ပါ ရှေ...
19/12/2023

အိုမန် ရိုးရာ ယဉ်ကျေးမှု နှင့် ဝါသနာ

အိုမန်နိုင်ငံက တစ်ခြား အနောက်တိုင်း တွေနဲ့ ယှဉ်ရင် ဘာသာအနေနဲ့ရော လူမျိုးအနေနဲ့ပါ ရှေးရိုးဆန်ပေမယ့် အခြား အိမ်နီချင်း နိုင်ငံ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံနဲ့ ယှဉ်ရင်တော့ ဖြေလျော့မှု နည်းတဲ့ နိုင်ငံ ဖြစ်ပါ တယ်။

အမျိုးသမီးတွေအနေနဲ့လည်း တစ်ခြား အာရေဗီးယား ကျွန်းဆွယ် နိုင်ငံ တွေနဲ့ ယှဉ်ရင် လွတ်လပ်တဲ့ သဘောရှိတယ်။နှစ်စဉ် အောက်တိုဘာ ၁၇ ရက်နေ့ကို အမျိုးသမီးများနေ့ အဖြစ်ကျင်းပကြတယ်။ အချို့ ရပိုင်ခွင့်တွေကို အမျိုးသားတွေနဲ့ တန်းတူ ပေးထားတယ်။ ဒါပေမယ့် ကျားမ ခွဲခြား မှုကတော့ ရှိနေဆဲ ဖြစ်ပြီး အနောက်တိုင်းတွေ လို မဟုတ်ပါဘူး။

အိုမန်က လက်ရှိမှာ ရေနံ နဲ့ ချမ်းသာတဲ့ နိုင်ငံ ဖြစ်ပေမယ့် ငွေပန်းထိမ် ရွှေပန်းထိမ် ဓားမြှောင် တို့ ဓားထုတ်လုပ်တာတွေ၊ရိုးရာ ရက်ကန်းလုပ်ငန်းတွေ အစရှိတဲ့ လုပ်ငန်းတွေ မှာ ကျော်ကြားပြီး လူကြိုက်များပါတယ်။ရှေးဟောင်း အဆောက်အအုံတွေ များစွာ ရှိပြီး ခံတပ်နဲ့ရဲတိုက်တွေက အိုမန်နိုင်ငံရဲ့ သမိုင်းဝင် နေရာတွေ အဖြစ် နာမည်ကြီးပါတယ်။Bahlaလို့ ခေါ်တဲ့ ခံတပ်ကတော့ ၁၉၈၇ ခုနှစ် မှာ ကမ္ဘာအမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခံခဲ့ရပြီး အစ္စလာမ်ခေတ်မတိုင်မီကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။

သစ်ကုလားအုပ်ပြိုင်ပွဲကတော့ နာမည်ကြီးတဲ့ ရိုးရာ ပြိုင်ပွဲတစ်ခု အဖြစ်ကျော်ကြားပြီး အထက်တန်းစား လူချမ်းသာတွေ အတွက် ဇိမ်ခံဝါသနာပွဲ တစ်ခု လည်း ဖြစ်ပါတယ်။အခြား သဲလှိုင်းစီးတာတွေ ရေလွှာလျှောစီးတာတွေ၊ရပ်ဘီအားကစားပွဲ နဲ့ ဘောလုံးပွဲတွေလည်း ရှိပါတယ်။

သတင်းလွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံဖြစ်ပေမယ့် နိုင်ငံရေး နဲ့ ယဉ်ကျေးမှုကို စော်ကားတယ်လို့ ယူဆတဲ့ စာပေတွေကိုတော့ ဆင်ဆာဖြတ်တောက်ပြီး အင်္ဂလိပ်နဲ့အာရဗီတို့နဲ့ ထုတ်လွှင့် ပြသဖော်ပြထားကြပါတယ်။





အိုမန်နိုင်ငံရောက်ရင် ဘာတွေ စားရမလဲ...အိုမန်နိုင်ငံက အသားစားသုံးမှု များတဲ့ နိုင်ငံ ဖြစ်ပြီး အဓိက စားတာကတော့ အမဲသား ကြက်...
18/12/2023

အိုမန်နိုင်ငံရောက်ရင် ဘာတွေ စားရမလဲ...

အိုမန်နိုင်ငံက အသားစားသုံးမှု များတဲ့ နိုင်ငံ ဖြစ်ပြီး အဓိက စားတာကတော့ အမဲသား ကြက်သား ငါး ဆိတ်သား သိုးသားနဲ့ ကုလားအုတ်သားတို့ကို စားသုံးလေ့ ရှိပါတယ်။ပင်လယ်နဲ့နီးတဲ့ နိုင်ငံလည်း ဖြစ်လို့ ပုဇွန်၊mahi mahi ငါး၊တူနာငါးတို့ကိုလည်း အများဆုံး စားသုံးကြပါတယ်။ဟင်းခတ်အမွှေးအကြိုင် တွေကို ကြိုက်ကြတဲ့ အတွက် သေချာပေါက် စားသုံးသမျှ ဟင်းတွေကတော့ မဆလာအနံ့ ၊သစ်ကြံပိုးခေါက် စတဲ့ အနံ့ ခပ်ပြင်းပြင်းတွေကတော့ မပါမဖြစ်ပါ။

အဲ့ဒီတော့ အိုမန်နိုင်ငံရောက်ရင် ဘာတွေက နာမည်ကြီးတဲ့ အစားအသောက်တွေ ဖြစ်မလဲ

Kabuli Rice

မြန်မာအခေါ်ကတော့ ဒန်ပေါက်ပေါ့..နိုင်ငံရဲ့ အဓိက အစားအစား ဖြစ်ပြီး ထမင်း ၊စပျစ်သီး၊သစ်ကြံပိုးခေါက်၊စတာ တွေ နဲ့ ရောချက်ထားပြီးတော့ သိုးသာ၊အမဲသား၊ကြက်သား ဆိတ်သားတို့ နဲ့တွဲစားကြပါတယ်။

Khubz Ragag Bread

အတွင်းဘက်မှာ ကြက်ဥတို့ မရောနိစ် တို့ ဒိန်ခဲတွေ နဲ့ ထည့်ထားပြီး မနက်စာ အဖြစ် စားသုံးလေ့ ရှိပါတယ်။

Shuwa

သိုးသားတွေကို အိတ်ပုံစံ လုပ်ထားတဲ့ ထန်းရွက် ငှက်ပျောရွက်ထဲ ထည့်.. ၁၀ ပေလောက် တူးထားတဲ့ မြေတွင်းထဲမှာ ၂၄ နာရီလောက် ချက်ပြုတ်ပြီး ဥပုသ်ကာလအတွင်း မှာ ထမင်းနဲ့ကျွေးမွေးပြီး လူကြိုက်များတဲ့ အစားစာလည်း ဖြစ်ပါတယ်။

Harees

ဂျုံ နဲ့ အသားတွေကိုပြုတ်...ဇီယာ၊ကြက်သွန်ဖြူ၊သစ်ကြံပိုးခေါက်၊ဖာလာစေ့တို့နဲ့ ရောထည့် ကြိတ်ပြီး ထောပတ် ဆီလေးနဲ့ စားတဲ့ အစားအသောက်ဖြစ်ပါတယ်။အသားတွေကတော့ သိုးသား၊ဆိတ်သား၊ကြက်သားတို့ နဲ့ ပြုလုပ်ကြပါတယ်။

Mushaltat

မြန်မာမှာ ဆိုရင်တော့ ကြက်ဥပလာတာ နဲ့ ဆင်တူတယ်။ကြက်ဥအစား ဒိန်ခဲတို့ ပျားရည်တို့ အရွက်တွေ ထည့်ပြီး စားတာ ဖြစ်ပါတယ်။

Shawarma

Kebab နဲ့ ဆင်တူပါတယ်။အစာသွပ်အနေနဲ့ ကြက်သား သိုးသားတွေ အာလူးချောင်းကြော်တွေ ထည့်သွင်းစားရတဲ့ အစားအစာ ဖြစ်ပါတယ်။

Khawa

အာရဗီ ကော်ဖီ လို့ ခေါ်ကြပါတယ်။အမွှေးနံတွေ ဗာဒံစေ့တွေ ဖာလာစေ့ တွေ နဲ့ သကြားတွေ ပါဝင်ပြီး အနံ့က အရမ်းမွှေးပါတယ်။

Muthbe Meat

အပူပေးထားတဲ့ ကျောက်တုံးကျောက်ခဲတွေ ပေါ်မှာ ချက်ပြုတ် ပြီး အိုမန်တောင်ပိုင်းရိုးရာဟင်းချက်နည်း တစ်မျိုးဖြစ်ပါတယ်။အများဆုံး ကုလားအုတ်အသားကို အသုံးပြုပြီး လူကြိုက်များတဲ့ ဟင်းလည်း ဖြစ်ပါတယ်။ ပူတဲ့ ကျောက်ဖြစ်တဲ့အတွက် အသားတွေက အပူကို ကြာရှည်စွာ ထိန်းထားနိုင်ပါတယ်။

Kabsa

သူကလည်း ဒံပေါက် နဲ့ ဆင်တူပါတယ်။ မင်္ဂလာပွဲတွေမှာ အဓိက ထား ကျွေးမွေးကြပါတယ်။

King Fish

အာရေဗျ ပင်လယ်ကနေ ရတဲ့ ငါးအမျိုးအစားဖြစ်ပြီး ငါးကင်ကို အရွက်သုပ်၊ထမင်း၊ပေါင်မုန့်တို့ နဲ့ စားသုံးကြပါတယ်။

နောက်အစားအစားတွေကတော့ စမူဆာလည်း ပါဝင် သလို အိုမန်ဟာလဝါကလည်း နာမည်ကြီးပါတယ်။





အိုမန် နိုင်ငံအိုမန်နိုင်ငံ ရဲ့ နာမည် အပြည့်အစုံက အိုမန်စူလတန် နိုင်ငံ ဖြစ်ပြီးတော့ အာရပ် ကျွန်းစွယ်ရဲ့ အရှေ့တောင် ပိုင်...
17/12/2023

အိုမန် နိုင်ငံ

အိုမန်နိုင်ငံ ရဲ့ နာမည် အပြည့်အစုံက အိုမန်စူလတန် နိုင်ငံ ဖြစ်ပြီးတော့ အာရပ် ကျွန်းစွယ်ရဲ့ အရှေ့တောင် ပိုင်း မှာ ရှိတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။မြို့တော် ကတော့ မတ်စကတ်မြို့ ဖြစ်ပါတယ်။

အိုမန်နိုင်ငံရဲ့ ပတ်ဝန်းကျင် နိုင်ငံတွေက ဆော်ဒီအာရေဗျနိုင်ငံ၊အာရပ်စော်ဘွားများပြည်ထောင်စု နဲ့ ယီမင်နိုင်ငံ တို့ ဖြစ်ပါတယ်။

အိုမန်နိုင်ငံရဲ့အဓိက စီးပွားရေး လုပ်ငန်းက ရေနံ ဖြစ်ပြီးတော့ ကမ္ဘာ့ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ထဲ မှာ ၁၇ နိုင်ငံမြောက် နိုင်ငံ ဖြစ်ပါတယ်။ဖွံ့ဖြိုးမှု ‌အမြင့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

လူဦးရေ အားဖြင့် ၄ သန်းခွဲ သာ ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ရန်ကုန် မြို့ လူဦးရေ ရဲ့ တစ်ဝက် သာသာ ပဲ ရှိပါတယ်။ဘာသာကတော့ အစ္စလာမ်ဘာသာကို အများဆုံး ကိုးကွယ်ကြပါတယ်။


Address

Yangon
150101

Website

Alerts

Be the first to know and let us send you an email when Myanmar Maid Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share