မနောရည်ကြည် sixth sense consultant

မနောရည်ကြည် sixth sense consultant အကြားအမြင်နှင့်လောကီအစီအမံပညာရှင်

နိဗ္ဗာန်သွားချင် ဒီ စရဏ ၁၅ ပါးနဲ့လုပ်  အရေးကြီးဆုံးက- နံပါတ် (၁) ကိုယ်ကျင့်တရား လုံခြုံအောင် ထိန်းသိမ်းနံပါတ် (၂) အမြင်၊...
15/07/2023

နိဗ္ဗာန်သွားချင် ဒီ စရဏ ၁၅ ပါးနဲ့လုပ်

အရေးကြီးဆုံးက-

နံပါတ် (၁) ကိုယ်ကျင့်တရား လုံခြုံအောင် ထိန်းသိမ်း

နံပါတ် (၂) အမြင်၊ အကြားပေါ်မှာ လောဘ၊ ဒေါသ
မဖြစ်အောင် သတိနဲ့စောင့်ရှောက်

(၃) အစားစားတဲ့အခါ ပညာနဲ့စား။ ဘာအတွက်စားလဲ။
စားသင့်တယ်၊ မစားသင့်ဘူး။ အဲဒါ ပညာနဲ့ စား။

(၄) ပြီးရင့်ကိုယ့်သန္တာန်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ
နေ့တိုင်း check လုပ်၊ check up လုပ်၊ check up လုပ်
ပြီး မကောင်းတဲ့စိတ်တွေဖြစ်ရင် ရှင်းထုတ်၊ ကောင်းတဲ့စိတ်
ဖြစ်ရင် တိုးပွားအောင်မွေး။

ဒီ (၄) ခုဟာ စရဏတရား လေးပါးပဲ။
စရဏတရား (၁၅) ပါးရှိတဲ့အထဲ လုပ်ရမှာ
ဒီလေးခုပဲ လုပ်ရမှာ။ ဒီလေးခုလုပ်လို့ရှိရင်
သူတော်ကောင်းတရား (၇) ပါးနဲ့ ပြည့်စုံသွားမယ်။
သူတော်ကောင်းဥစ္စာ (၇) ပါးနဲ့ မတူဘူးနော်။

သမထကျင့်စဉ်ကျင့်မှ ဈာန်လေးပါးရမယ်။
ဒီလေးခုရယ်၊ သူတော်ကောင်းတရား (၇)ပါးရယ်၊
ဈာန်လေးပါးရယ် ပေါင်းတော့
စရဏတရား (၁၅) ပါး ဖြစ်တယ်မှတ်လား။

ရအောင်မှတ်ထား.. အဲဒါ။
သီ၊ အိမ်၊ ဘော၊ ဇာ ။
သီလ၊ ဣန္ဒြိယသံဝရ၊ ဘောဇနမတ္တညူ၊
ဇာဂရိယာနုယောဂ။
အတိုကောက်က သီ၊ ဣန္ဒြေ၊ ဘော၊ ဇာ။

အဲဒါ ဗုဒ္ဓဘာသာတွေမှန်သမျှ အဲဒီအတိုင်းနေရမှာ။
အဲဒီအတိုင်းသွားရမှာ။ တတ်နိုင်သမျှ အဲလိုလုပ်တာ။
ဒါ meditation process ပဲ။ procedure ပဲ.. ဒါ။
နော်.. ဘယ်သူ့မှသွားမေးမနေနဲ့ ဒါပဲလုပ်။

ဒါဟာ ဘုရားဟောထားတဲ့ လမ်းစဉ်ပဲ။
ဟုတ်တယ်မှတ်လား။
ဘယ်သူလုပ်လုပ် ဒီလမ်းပဲ။
နိဗ္ဗာန်သွားချင်ရင် ဒီလမ်းကပဲသွား။
တကယ့် နိဗ္ဗာန်အစစ်ကိုသွားတာ ဒီလမ်းပဲရှိတယ်။

ဘယ်သူပဲသွားသွား၊ ဆရာလေးတွေ သွားချင်သလား၊
ဘုန်းကြီးတွေ သွားချင်သလား၊ လူတွေ သွားချင်သလား၊
ဘယ်သူသွားချင်သလဲ ဒီကပဲသွားရမှာ။ ဒီလမ်းပဲ ရှိတယ်။

အဲဒါ စရဏဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရားလို့
ပြောတယ်။ အဲထဲမယ် နိဗ္ဗာန်ရောက်အောင်
မင်း ဆုတောင်းလို့ မပါဘူးနော်။ ဟုတ်လား။

ဆုတောင်းတာဟာ intention ပဲရမယ်။
ရည်ရွယ်ချက်ပဲ ရှိတယ်။
အဲတော့ လုပ်ရမှာက ဒီလေးခု လုပ်ရမယ်။
ဒီလေးခုလုပ်ရင်းက သူတော်ကောင်းတရား (၇) ပါးနဲ့
ပြည့်စုံပါလိမ့်မယ် ဟုတ်တယ်မလား။

(၇) ပါးဆိုတော့ (၁၁) ပါးဖြစ်သွားပြီ.. နော်။
(၁၁) ပါးမှာ ရူပဈာန် (၄) ပါးထည့်လိုက်...(၁၅)ပါး
ဖြစ်သွားပြီ။ အဲဒါကို စရဏတရား တစ်ဆယ့်ငါးပါးလို့
ခေါ်တယ်။

အဲဒါ ကိုယ့်သန္တာန်မှာရောက်ဖို့ အရေးကြီးဆုံးပဲ။ ဟိုဘုန်းကြီး သိက္ခာထပ်၊ ဒီဘုန်းကြီး သိက္ခာထပ်က ဒီလောက် အရေးမကြီးဘူး.. နော်။ အဲအတွက် စိတ်မကူးနဲ့။
တရားပဲ အားထုတ်။

ပါမောက္ခချုပ်ဆရာတော်ကြီး 🙏🙏🙏
ဒေါက်တာနန္ဒမာလာဘိဝံသ

စရဏတရား(၁၅)ပါး

၁။ သီလကိုစောင့်ထိန်းခြင်း။
၂။ ဣန္ဒြေတို့၌ လုံခြုံအောင်ထိန်းသိမ်းခြင်း။
၃။ အစာစားရာ၌ အတိုင်းအရှည်သိခြင်း။
၄။ နိုးကြားထကြွမှုရှိခြင်း။

၅။ သဒ္ဓါရှိခြင်း။
၆။ မကောင်းမှုကို ပြုခြင်းမှ ရှက်ခြင်း။
၇။ မကောင်းမှုကို ပြုခြင်းမှ ကြောက်ခြင်း။
၈။ အကြားအမြင် ဗဟုသုတရှိခြင်း။
၉။ သတိ သတိပဋ္ဌာန်လေးပါးအပေါ်မှာ သတိရှိခြင်း
၁၀။ ဝီရိယ မရရင်မနေဘူးဆိုတဲ့ ဝီရိယရှိခြင်း
၁၁။ ပညာရှိခြင်း။

၁၂။ ရူပပဌမဈာန်။
၁၃။ ရူပဒုတိယဈာန်။
၁၄။ ရူပတတိယဈာန်။
၁၅။ ရူပစတုတ္ထဈာန်။
Credit... ✍🙏🙏🙏

ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်~~~~~~~~~~~~~~~~~~၁။မနက် မျက်နှာသစ်တဲ့အခါသရဏဂုံကို ရွတ်ဆိုပါ။( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် ...
11/07/2023

ဘဝမှာ
ကံဇာတာတွေ ကောင်းချင်ရင်
~~~~~~~~~~~~~~~~~~

၁။မနက် မျက်နှာသစ်တဲ့အခါသရဏဂုံကို ရွတ်ဆိုပါ။

( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။

( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။

( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ်
အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။

( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ်
မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။

( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ်
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။

( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တဈနေ့ တစ်ကြိမ်
ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။

( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင်
အတတ်နိုင်ဆုံး စောင့်ထိန်းပါ။

( သီလအကျိုးကြောင့်
လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။

( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။

( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။

( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ
လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို
အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။

( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

မူရင်း-Credit

"အသက်ကယ် ယတြာ"နေမကောင်းထိုင်မကောင်းဖြစ်ပြီးကျန်းမာရေးတအားညံ့တဲ့အခါ ကြေးဖလားတစ်လုံးဝယ်ပြီး ရွှေဆိုင်းတပြားကပ်ရပါမယ်ကြေးဖလ...
02/07/2023

"အသက်ကယ် ယတြာ"

နေမကောင်းထိုင်မကောင်းဖြစ်ပြီး
ကျန်းမာရေးတအားညံ့တဲ့အခါ
ကြေးဖလားတစ်လုံးဝယ်ပြီး ရွှေဆိုင်းတပြားကပ်ရပါမယ်
ကြေးဖလား ရဲ့အပြင်ဘက်
မျက်နှာပြင်ကုိ ကပ်ပါ၊ဒါဆိုကြေးဖလား က
ရွှေဖလားဖြစ်သွားပါပြီ၊ပြီးရင် အဲဒီ
ရွှေဖလား ထဲကို ထောပတ်အပြည့်ထည့်ပါ
ညပိုင်းလူနာအိပ်ခါနီးမှာ(အထူးအားဖြင့် လူနာရဲ့မွေးနေ့မတိုင်ခင်ညမှာ လုပ်ပါ။အရေးကြီးရင်တော့ ကြီးသလိုလုပ်ပါ။)
" ဒီမှာ ရွှေဖလားနဲ့ထောပတ် ကိုခေါင်းရင်း
မှာ ခင်ဗျားကျန်းမာရေးကောင်းဖို့ ဒီမှာတင်ထားမယ်နော် " လို့ပြောရင်း
လူနာမြင်သာအောင်ပြပြီး လူနာနဲ့ နီးတဲ့နေရာမှာတင်ထားလိုက်ပါ၊
နောက်တစ်နေ့နံနက် အရုဏ်တက်အချိန်
အဲဒီထောပတ်ထည့်ထားတဲ့ရွှေဖလားကိုယူပြီး
လူနာအိပ်ယာကမနိုးခင် #လူနာမမြင်အောင်ယူလိုက်ပါ၊အကယ်၍
အဲဒီအချိန်မှာလူနာကနိုးနေခဲ့ရင်ရွှေဖလား
ကိုလူနာမသိအောင်၊လူနာမမြင်အောင်
ကိုယ်နဲ့ကွယ်ပြီးယူလိုက်ပါ၊
အဲ့ဒီ အသက်ကယ်ရွှေဖလားကို စရဏအားကောင်းတဲ့
ရဟန်းတစ်ပါး ( ဥပမာ ကျောင်းထိုင်
ဆရာတော် ) ကို လူနာရဲ့အမည်၊
အသက် နဲ့နေ့သားကိုပြောပြီး
" ကျန်းမာရေးယတြာပါဘုရား " လို့ ပြောပြီးလှူရပါမယ်။တစ်ခုရှိတာက အလှူခံပုဂ္ဂိုလ်ဟာ
စရဏအားနည်းပါးသူဖြစ်နေခဲ့ရင် အလှူခံတဲ့ ပုဂ္ဂိုလ်ကို ခိုက်တတ်တဲ့အတွက်
အကောင်းဆုံးကတော့ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်စူးပြီးသာ လှူဒါန်းပါ။
အံ့သြဖွယ်ရာကောင်းလောက်အောင် ကျန်းမာရေးပြန်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။
Credit

02/07/2023

စိတ်ကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်း
****************************
အချို့သောသူများတွင် နှလုံးသွေးကြောကျဉ်းရောဂါ မရှိဘဲ ရင်ဘတ်အောင့်လေ့ရှိသော ရောဂါတစ်ခုမှာ စိတ် ကြောင့် ရင်ဘတ်အောင့်ခြင်း ဖြစ်ပါသည်။ ၄င်းရောဂါသည် အထူးသဖြင့် ငယ်ရွယ်သောသူများတွင် ဖြစ်လေ့ရှိပြီး စာမေးပွဲ နီးသောအခါများ၌သော်လည်းကောင်း၊ မိဘများ (သို့) ဆရာသမားများ ဆူပူ၍သော်လည်းကောင်း၊ အခြား စိတ် ထိခိုက်သောအကြောင်းအရာတစ်ခုခုကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါသည်။ ထိုသူများသည် ရင်ဘတ်အောင့်သော အခါ ဘယ်ဘက်ရင်အုံ၌ စူး၍ နာလေ့ရှိပါသည်။ ကိုယ် လက်လှုပ်ရှားမှုနှင့် သိပ်မဆိုင်ဘဲ အနားယူနေလျှင်လည်း သက်သာသွားလေ့မရှိပါ။
၄င်းသူများတွင် ညအိပ်မပျော်ခြင်း၊ နံနက်စောစော အိပ်ရာမှနိုးနေခြင်း၊ ကြောက်ရွံ့ထိတ်လန့်မှု တစ်ခုခုရှိခြင်း၊ ရင်တလှပ်လှပ်တုန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့နှင့် တွဲ၍ ဖြစ်လေ့ရှိပါသည်။ ထို့ပြင် စိတ်အပြင်းအထန် ထိခိုက်စေသောအကြောင်းအရာများ ဥပ မာ-လင်မယား ကတောက်ကဆတ်ဖြစ်၍ စကားများခြင်း၊ ငွေကြေး အများအပြား ဆုံးရှုံးခြင်း၊ ဝမ်းနည်း၍ စိတ်ပူရခြင်း၊ အိမ်ထောင်စုအတွင်းမှ မိဘဆွေမျိုး အသက်ဆုံးရှုံးမှု ဖြစ်ခြင်း စသည့်အခါများတွင်လည်း တွေ့ရှိရတတ်ပါသည်။

စိတ်ကြောင့်ဖြစ်တာမို့ စိတ်နှင့်သာ ကုစားရပါမည်။
ဥပမာ တရားထိုင်ခြင်း၊ ခရီးထွက်ခြင်း၊ သီချင်းအော်ဆိုလိုက်ခြင်း၊
အပြည့်အ၀အနားယူခြင်း၊ ရင်ဖွင့်ဖော်တစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာခြင်း စသဖြင့်
ကုစားသင့်ပါသည်။
Credit

Address

Yangon

Opening Hours

Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959780368343

Website

Alerts

Be the first to know and let us send you an email when မနောရည်ကြည် sixth sense consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share