19/01/2026
ဘလူးကာဗွန် (𝐁𝐥𝐮𝐞 𝐂𝐚𝐫𝐛𝐨𝐧)
ပင်လယ်ကမ်းရိုးတန်းနဲ့ အဏ္ဏဝါဂေဟစနစ်တွေမှာ သိုလှောင်ထားတဲ့ ကာဗွန် (Carbon) ကို ဘလူးကာဗွန် (Blue Carbon) လို့ခေါ်ပါတယ်။
ဒီရေတော၊ ဒီရေရောက်စိမ့်မြေတွေနဲ့ ပင်လယ်မြက်ခင်းပြင်လို ကမ်းရိုးတန်း ဂေဟစနစ်တွေဟာ တောင်ပေါ်ဒေသ သစ်တောသစ်ပင်တွေထက် ကာဗွန် (Carbon) ကို ပိုမိုဖမ်းယူသိုလှောင်နိုင်စွမ်းရှိတာကြောင့် ရာသီဉတုပြောင်းလဲမှုကို လျှော့ချတဲ့နေရာမှာ အလွန်ပဲအရေးပါလာပါတယ်။
ဒီဂေဟစနစ်တွေဟာ မုန်တိုင်းလိုမျိုး သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးတာ၊ ကမ်းရိုးတန်းကို မှီခိုနေထိုင်တဲ့ ဒေသခံတွေအတွက် အစားအသောက်ပေါများစေတာ စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မြို့ပြစီမံကိန်းတွေ ချဲ့ထွင်တာ၊ ဒီရေတောတွေ အလွန်အကျွံ ခုတ်လှဲခံရတာ စတဲ့ အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် ဒီဂေဟစနစ်တွေဟာ အတန်းအစားကျဆင်းသွားတာ (ဒါမှမဟုတ်) လုံးဝပျက်စီးသွားတဲ့အခါမှာတော့ ကာဗွန် (Carbon) ကို စုပ်ယူသိုလှောင်နိုင်စွမ်း မရှိတော့တဲ့အပြင် သိုလှောင်ပြီးဖြစ်တဲ့ ကာဗွန် (Carbon)တွေကိုပါ လေထုထဲကို ပြန်လည်ထုတ်လွှတ်တာကြောင့် ရာသီဉတုပြောင်းလဲမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) emission ဖြစ်စဉ်အပေါ်ပါသက်ရောက်မှုကြီးမားစေပါတယ်။
ဒါကြောင့် ကမ်းရိုးတန်းဒေသတွေကို ထိန်းသိမ်းကာကွယ်ဖို့ အလွန်ပဲအရေးကြီးပါတယ်။
ကိုးကား_ iucn.org