LeanFood Partners

LeanFood Partners Lean Management-5S, Kaizen, 5Why, 7Wastes,TPM, TQM..., Food Safety - GMP cGMP, GHP, HACCP, ISO 22000, FSSC 22000 and ISO 9001Quality Management System

💙အချစ်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးအကြောင်းပြောပြမယ်။ 😍🥰😍🥭 သရက်သီးကိုကြိုက်လား။ ကျမအတွက်တော့ သရက်သီးဟာ တစ်ခုတည်းသော အချစ်သုံ...
18/05/2026

💙အချစ်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးအကြောင်းပြောပြမယ်။ 😍🥰😍

🥭 သရက်သီးကိုကြိုက်လား။
ကျမအတွက်တော့ သရက်သီးဟာ တစ်ခုတည်းသော အချစ်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်ပေါ်စေတယ်လေ။ ♥️အရသာ၊ 💛ကျန်းမာရေးနဲ့ 💚ပျော်ရွှင်မှု! ဆိုတဲ့ သုံးပွင့်ဆိုင်ပါ။ ❤️💛💚

နွေအကုန်မိုးအကူး ရာသီရောက်လာပြီ၊ သုံးပွင့်ဆိုင်ဇာတ်လမ်းကို ဝန်ခံရ‌ေတာ့မှာပါ။🥭
သရက်သီးရဲ့ ရာသီပဲလေ! သရက်သီးမှည့်ချိုချိုလေးစားရပြီလေ 🥭
ကျမအတွက်တော့လသရက်သီးမှည့်က ချိုမြိန်တယ်၊ အရည်ရွှမ်းတယ်၊ နောက်ပြီး တခြားအသီးအနှံတွေကို မေ့သွားလောက်အောင် စွဲလမ်းစေတယ်! (ပန်းသီးနဲ့ လိမ္မော်သီးတွေကို တောင်းပန်ပါတယ်နော်။ 🍏🍊😆)

🥭သရက်သီးက အရသာရှိရုံတင်မကဘူး၊ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်!
သရက်သီး စားသုံးခြင်းသည် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ တူပါတယ်။ ဘာကြောင့် တူတာလဲဆိုတော့

👌စိတ်ခံစားချက်ကို ချက်ချင်း မြှင့်တင်ပေးနိုင်တယ်။
တစ်ကိုက်စာ စားလိုက်ရုံနဲ့ သင့်ရဲ့ စိတ်ဖိစီးမှုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ (သိပ္ပံပညာရှင်တွေက ဆီရိုတိုနင်လို့ ခေါ်ကြတယ်။ ကျမတို့ကတော့ အသီးအနှံထဲက ပျော်ရွှင်မှုလို့ ခေါ်ပါတယ်!) 😌✨

👌ကိုယ်ခံအားအတွက် သူရဲကောင်းဖြစ်တယ်။
ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းတွေ အများကြီးပါဝင်လို့ သင့်ကို ခွန်အားရှိပြီး တောက်ပစေကာ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်စေတယ်! 💪

👌ဦးနှောက်အတွက် အားဆေးတစ်မျိုးပါ။ 🧠💪
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဘီ-ကွန်ပလက် ဗီတာမင်တွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေဖို့ ကူညီပေးတယ်။ (နောက်ထပ် နောက်‌ေရာက်လာမယ့် ရက်ချိန်းတွေကို မေ့တော့မှာ မဟုတ်ဘူး! 😂 )

👌🌿 အူနဲ့ လိုက်ဖက်ညီပြီး ဗိုက်ဖောင်းတာကို သက်သာစေခြင်းပါတယ်။
🧵အမျှင်ဓာတ်နဲ့ အစာခြေအင်ဇိုင်းတွေ အများကြီးပါဝင်လို့
သင့်ရဲ့ အစာအိမ်ကို
သင့်ရဲ့ အရသာခံနိုင်စွမ်းရှိသလောက်
ပျော်ရွှင်စေမှာ သေချာတယ်!

👌⚡ ကဖိန်းဓာတ်မပါဘဲ စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။
သဘာဝသကြားနဲ့ တစ်နေ့လုံး စွမ်းအင်ပြည့်ဝနေစေမယ့် အာဟာရဓာတ်တွေကို လက်ခံလိုက်ပါ! 😂
😏ဘေးထွက်ဆိုးကျိုးများအနေဲ့ကတော့ စားချင်စိတ်များခြင်း၊ ထိန်းမနိုင်သိမ်းမရ ဆက်စားချင်စိတ်များခြင်းနှင့် နောက်ဆုံးအစိတ်အတွက် ဖြစ်ပွားနိုင်သော ရန်ပွဲများ‌! ပေါ့.. အချိုရှောင်ရသူများအတွက်တော့ Sorry ပါ။ 😔

အခုစာဖတ်နေတဲ့သူရော သရက်သီးကို ဘယ်လို စားရတာ အကြိုက်ဆုံးလဲ?
သရက်သီးအစိမ်းကိုကြိုက်လား။
အမှည့်ကိုပိုကြိုက်လား။
အမှည့်ကိုဖျော်ရည်အနေနဲ့‌ေသာက်ရတာကြိုက်လား?
ဒါမှမဟုတ် အချိုပွဲစားဖို့ အကြောင်းပြချက်အနေနဲ့လား? 🍨😆
သင့်ရဲ့ သရက်သီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို မှတ်ချက်များမှာ ပြောပြပေးပါဦး! ⬇

🏦မတ်လကတည်းကတင်မလို့ မေကုန်ခါနီးမှတင်ဖြစ်တယ်။ နောက်ရက် ဆောင်ရန် ရှောင်ရန်လေးတွေထပ်ရေးပေးမယ်နော်။

ဝင်းပြည့်ပြည့်အောင် Partners
18.5.2025

14/05/2026
🚨 “Frozen” အသီး ဈေးကွက်မှပြန်လည်သိမ်းဆည်းခြင်း case တစ်ခု ဖတ်မိရင်းမျှဝေချင်မိတာရှိလို့ပါ။Globus brand ရဲ့ Frozen Berry ...
12/05/2026

🚨 “Frozen” အသီး ဈေးကွက်မှပြန်လည်သိမ်းဆည်းခြင်း case တစ်ခု ဖတ်မိရင်းမျှဝေချင်မိတာရှိလို့ပါ။
Globus brand ရဲ့ Frozen Berry product တစ်မျိုးမှာ
⚠️ အသည်းရောင်အသားဝါ အေ Hepatitis A Virus contamination ဖြစ်နိုင်ခြေကြောင့် Recall ပြန်သိမ်းလိုက်ပါတယ်။
Product: 🍓 Beeren-Mix (300g)
📅 BBD: 29/09/2027

ဒီ case က Food Safety field မှာ အရေးကြီးတဲ့ message တစ်ခုကို ပြန်သတိပေးနေပါတယ်👇

❄️ “အေးခဲထားတာ” က ဘက်တီးရီးယား bacteria တချို့ကို ကြီးထွား ပွားများခြင်းကို နှေးစေပေမယ့်
🦠 Virus တွေကို မသတ်နိုင်ပါဘူး။
အထူးသဖြင့်
👉 Hepatitis A
👉 Norovirus
လို foodborne viruses တွေက frozen condition ထဲမှာတောင် အသက်ရှင်နေနိုင်ပါတယ်။
ဒါကြောင့် frozen berries တွေကို
🥤 smoothie ထဲ raw တိုက်ရိုက်သုံးခြင်း
🍨 thaw ပြီးချက်ချင်းစားခြင်း
တွေက အန္တရာယ် risk ရှိနိုင်ပါတယ်။

🧬 Hepatitis A ဆိုတာဘာလဲ?
Hepatitis A (HAV) က
အသည်းကိုထိခိုက်စေတဲ့ foodborne virus တစ်မျိုးဖြစ်ပြီး
ညစ်ညမ်းသော အစားအစာ/ရေ contaminated food / water ကနေ ကူးစက်နိုင်ပါတယ်။

⚠️ ပိုအန္တရာယ်ရှိသူများ ကတော့
👶 ကလေးများ
👵 အသက်ကြီးသူများ
🤰 ကိုယ်ဝန်ဆောင်များ
🩺 Immunocompromised လူနာများ
🫀 အသည်းရောဂါရှိသူများ

🩺 ရောဂါလက္ခဏာ Symptoms တွေက… 🤒 ဖျားခြင်း
😩 အားနည်းခြင်း
🤢 nausea / vomiting
🟡 jaundice (မျက်လုံး၊ အသားဝါခြင်း)တို့ပါ။

❗ အရေးကြီးတာက Symptoms က စားပြီးချက်ချင်းမပေါ်ပါဘူး။
⏳ ၂ ပတ်မှ ၆ ပတ်အတွင်းမှ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နောက်ကြောင်းလိုက် ခြေရာခံရတာ က ခက်ခဲတတ်ပါတယ်။

🔥 Safe ဖြစ်အောင် ဘာလုပ်သင့်လဲ?
✅ Frozen berries ကို heat treatment လုပ်ပြီးမှစားပါ။
✅85°Cမှာ အနည်းဆုံး တစ်မိနစ် 1 minute ဆိုရင် GAV ကို control လုပ်နိုင်ပါတယ်။
✅ Vulnerable groups တွေကို raw frozen berries မပေးတာပိုကောင်းပါတယ်။
✅ Recall news တွေ follow လုပ်ပါ။
✅ “Frozen = Ready-to-eat safe” လို့ မယူဆပါနဲ့..

Food Safety ဆိုတာ
အစားအစာ ပုပ်မပုပ် ကြည့်ရုံမဟုတ်ပါဘူး။
တစ်ချို့ virus တွေက…
❌ အနံ့မရှိ
❌ အရသာမပြောင်း
❌ မျက်စိနဲ့မမြင်ရဘဲ
လူကို‌နေမကောင်းခြင်းမှသည် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

“Looks good”
≠
“Microbiologically safe”


12/05/2026
သရက်ယို အမျိူမျိုးစမ်းကြည့်နေတာ စမ်းရင်း မြည်းရင်းနဲ့ကုန်ကုန်သွားလို့ သိမ်းတဲ့ဆီမရောက်ဘူး။
22/04/2026

သရက်ယို အမျိူမျိုးစမ်းကြည့်နေတာ စမ်းရင်း မြည်းရင်းနဲ့ကုန်ကုန်သွားလို့ သိမ်းတဲ့ဆီမရောက်ဘူး။

ကော်ဖီအတု ဗီယက်နမ်နိုင်ငံရဲ့ အဓိကကော်ဖီစိုက်ပျိုးရာဒေသဖြစ်တဲ့ လမ်ဒေါင် (Lam D**g) ပြည်နယ်မှာ ကော်ဖီအတု (၇)တန်ကျော်ကို ရဲ...
21/04/2026

ကော်ဖီအတု
ဗီယက်နမ်နိုင်ငံရဲ့ အဓိကကော်ဖီစိုက်ပျိုးရာဒေသဖြစ်တဲ့ လမ်ဒေါင် (Lam D**g) ပြည်နယ်မှာ ကော်ဖီအတု (၇)တန်ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကို အခြေခံပြီး ကော်ဖီအတုလုပ်ဆောင်ပုံနဲ့ ပညာပေးအချက်အလက်တွေကို ရေးပေးထားပါတယ်။

☕ကော်ဖီအတုကို ဘယ်လိုလုပ်ကြသလဲ? (ပညာပေး Post)
ကော်ဖီစစ်စစ်သောက်နေရတာ ဟုတ်ရဲ့လား? ☕⚠️

ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီထုတ်လုပ်ရာ ဗီယက်နမ်နိုင်ငံမှာတောင် ကော်ဖီအတု ထုတ်လုပ်တဲ့ ဂိုဒေါင်ကြီးတစ်ခုကို မကြာသေးခင်ကမှ ဖမ်းဆီးရမိခဲ့ပါတယ်။ ကော်ဖီမှုန့်အတု တန်ချိန် (၇) တန်ကျော်အထိ ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်ပုံတွေက တကယ်ကို ကြောက်စရာကောင်းပါတယ်... 😨

🚫 ဘယ်လိုအတုလုပ်ကြသလဲ?
• ကော်ဖီစေ့ဈေးထက် (၃) ဆလောက် ပိုသက်သာတဲ့ ပဲပိစပ်တွေ၊ ပြောင်းဖူးတွေကို အဓိက ကုန်ကြမ်းအဖြစ် သုံးပါတယ်။
• ပဲပိစပ်တွေကို ကော်ဖီနဲ့ဆင်တူအောင် အမည်းရောင်သန်းတဲ့အထိ လှော်ပြီး ကော်ဖီစေ့အနည်းငယ်နဲ့ ရောစပ်ပါတယ်။
• ကော်ဖီနံ့ အစစ်အတိုင်းရအောင် ဓာတုဗေဒ အနံ့တု (Flavoring agents) တွေနဲ့ အမြှုပ်ထွက်စေတဲ့ ဓာတုပစ္စည်းတွေကို သုံးပြီး စားသုံးသူတွေ အထင်မှားအောင် ပြုလုပ်ပါတယ်။

🧪 ဘာကြောင့် အန္တရာယ်ရှိတာလဲ? ☠️

🛘ကော်ဖီအတုမှာ သုံးတဲ့ ပဲပိစပ် ဒါမှမဟုတ် ပြောင်းဖူးတွေဟာ လှော်တဲ့အခါ အလွန်အမင်း တူးသွားတတ်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာနိုင်ပါတယ်။
ဒါ့အပြင် အနံ့တု၊ အရသာတုတွေဟာလည်း ကျန်းမာရေးအတွက် ရေရှည်မှာ စိုးရိမ်စရာ ဖြစ်ပါတယ်။
ကော်ဖီအတုဟာ ကျန်းမာရေးကိုဆိူရွားစွာထိခိုက်စေမှာဖြစ်ပါတယ်။

🧐 ကော်ဖီအတုအစစ်ဘယ်လိုခွဲခြားမလဲ?♟️

1. ကော်ဖီစစ်စစ်ဟာ ပေါ့ပါးပြီး ပွပါတယ်။ ပဲပိစပ်နဲ့ ရောထားတဲ့ အမှုန့်တွေက ပိုလေးပြီး စေးကပ်တတ်ပါတယ်။

2. ကော်ဖီစစ်စစ်မှုန့်ကို ရေအေးထဲထည့်ရင် ချက်ချင်းမနစ်ဘဲ အပေါ်မှာ ခေတ္တမျောနေတတ်ပါတယ်။ အတုဆိုရင်တော့ ပါဝင်တဲ့ ဓာတုပစ္စည်းနဲ့ ပဲမှုန့်တွေကြောင့် ရေထဲကို ချက်ချင်းနစ်ဆင်းသွားပြီး အရောင်ပြောင်းသွားတတ်ပါတယ်။

3. ကော်ဖီစစ်စစ်ရဲ့ အနံ့ဟာ သဘာဝအတိုင်း သင်းပျံ့ပါတယ်။ အတုဆိုရင်တော့ အနံ့က စူးရှလွန်းတာမျိုး ဒါမှမဟုတ် ဓာတုနံ့ ထွက်နေတတ်ပါတယ်။

မိသားစုနဲ့ ကိုယ့်ကျန်းမာရေးအတွက် ကော်ဖီဝယ်ယူတဲ့အခါမှာ ခိုင်မာတဲ့ Brand တွေနဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ ပစ္စည်းတွေကိုပဲ သေချာရွေးချယ် သောက်သုံးကြပါစို့။
ပြည်တွင်းဖြစ်ကော်ဖီများက အရည်အသွေးပိုကောင်းပါတယ်။ ✨☕

မိတ်ဆွေတို့ရော ကော်ဖီအတုနဲ့ပက်သက်တဲ့အတွေ့အကြုံရှိရင်မျှဝေပေးပါ။

Partners

17/04/2026

မြန်မာသက္ကရာဇ်ရဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ရောက်ရှိချိန်မှစ၍ ခုနှစ်ရက်သားသမီးအားလုံး ဘေးရန်ခပ်သိမ်း...ရောဂါခပ်သိမ်း...သောကခပ်သိမ်း...ကင်းဝေးကြပါစေ...ကုသိုလ်ကောင်းမှုများ အမြဲမပြတ်ပြုလုပ်နိုင်ပြီး စိတ်၏ လိုအင်ဆန္ဒများ တောင့်တတိုင်းပြည့်စုံနိုင်ကြ၍...နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်နိုင်ကြပါစေ...

မြန်မာသက္ကရာဇ်ရဲ့နှစ်သစ်ရောက်ရှိချိန်မှစ၍ ခုနှစ်ရက်သားသမီးအားလုံး ဘေးရန်ခပ်သိမ်း၊ ရောဂါခပ်သိမ်း၊ သောကခပ်သိမ်း ကင်းဝေးကြပ...
17/04/2026

မြန်မာသက္ကရာဇ်ရဲ့နှစ်သစ်ရောက်ရှိချိန်မှစ၍
ခုနှစ်ရက်သားသမီးအားလုံး
ဘေးရန်ခပ်သိမ်း၊ ရောဂါခပ်သိမ်း၊ သောကခပ်သိမ်း
ကင်းဝေးကြပါစေ။
ကုသိုလ်ကောင်းမှုများ အမြဲမပြတ်ပြုလုပ်နိုင်ပြီး
ကောင်မွန်သော လိုအင်ဆန္ဒများ တောင့်တတိုင်းပြည့်စုံနိုင်ကြ၍
နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်နိုင်ကြပါစေ...

15/04/2026

♻️သယံဇာတအလေအလွင့်မရှိတဲ့ Circular Food Systemကို ကိုယ့်အိမ်ကနေ စတင်ရအောင် ♻️

✳️ဒီစနစ်ဟာ မူဝါဒချမှတ်သူတွေရဲ့ အခန်းထဲမှာပဲ ရှိနေတာမဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ ထမင်းဝိုင်းကနေ စတင်နိုင်ပါတယ်။

🚻နေ့စဉ်ပြုလုပ်တဲ့ သေးငယ်တဲ့ ရွေးချယ်မှုတွေကနေ "ယူမယ် - လုပ်မယ် - စွန့်ပစ်မယ်" ဆိုတဲ့ သံသရာကို ဖြတ်တောက်ပြီး ပြောင်းလဲမှုတွေ ဖန်တီးနိုင်ပါတယ်။

ပြောင်းလဲနိုင်မယ့် နည်းလမ်းများ-
🛒 ဒေသထွက်နှင့် ရာသီစာများကို ဝယ်ပါ ။
လတ်ဆတ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေပါတယ်။
အစားအစာ လေလွင့်မှုကို လျော့နည်းစေပြီး ကာဗွန်ထုတ်လွှတ်မှုကို သက်သာစေပါတယ်။

🍽 အစားအစာ လေလွင့်မှုကို လျှော့ချနိုင်ရန် စီစဉ်ပြီးမှဝယ်ပါ။
လိုသလောက်ပဲ ချက်ပြုတ် စားသောက်ပါ။
ဒါဟာ ထိရောက်မှုအရှိဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

♻️ မြေဆွေးလုပ်ပြီး အာဟာရဓာတ်များ ပြန်ဖြည့်ပါ။
အစားအစာ အကြွင်းအကျန်များကို မြေဆွေးပြုလုပ်ခြင်းဖြင့် အကျိုးရှိအောင်အသုံးချပါ။
အာဟာရဓာတ်တွေကို သဘာဝဆီ ပြန်လည်ရောက်ရှိစေပါတယ်။

📦 ပြန်လည်အသုံးပြုနိုင်သော ထုပ်ပိုးမှုများကို ရွေးချယ်ပါ
ပလတ်စတစ်နဲ့ အပိုထုပ်ပိုးမှုတွေကို ရှောင်ကြဉ်ပါ။
အရင်းအမြစ်တွေကို စနစ်အတွင်းမှာပဲ ဆက်ရှိနေအောင် ထိန်းသိမ်းပါ။

♻️"သင်ဟာ Circular Food System ဆိုတဲ့ သံသရာရဲ့ အစိတ်အပိုင်းတစ်ခုပါ"♻️
Dr. Susanne Bodach TUM University ရဲ့ ဟောပြောချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Address

Mayangone
Yangon
11601

Website

Alerts

Be the first to know and let us send you an email when LeanFood Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share