How Much Online

How Much Online How Much , online ပစ္စည်းများ လက်ကားစျေးဖြင့် ?

💵 💰 တရုတ်ကြီးဈေးရောင်းနည်း 💴 💵💰💰💰💰💰💴💵💰💰💰💰💰ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ✍️၁။...
07/06/2020

💵 💰 တရုတ်ကြီးဈေးရောင်းနည်း 💴 💵

💰💰💰💰💰💴💵💰💰💰💰💰

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ✍️

၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။

၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊စော်ကားတာနဲ့ အတူတူပဲ။

၁၂။ ဈေးနူန်းတစ်ခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ။

၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါစေ။



Crd: Original owner

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when How Much Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share