Myanmar Sales and Marketing Network

Myanmar Sales and Marketing Network Myanmar sales and Marketing Association

တစ်ခါတစ်ရံ အခွင့်အရေးဆိုတာ.....မထင်မှတ်တဲ့အချိန် .....မထင်မှတ်တဲ့နေရာက ရောက်လာတတ်ပါတယ်....ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင...
15/02/2020

တစ်ခါတစ်ရံ အခွင့်အရေးဆိုတာ.....

မထင်မှတ်တဲ့အချိန် .....

မထင်မှတ်တဲ့နေရာက ရောက်လာတတ်ပါတယ်....
ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင် ရယူတတ်ဖို့ပါပဲ....။
Photo Credit - Jaja Sunisa
Ref - Thein Win Oo

🙂 “အောင်မြင်သူတိုင်းဟာ တစ်ချိန်က ကျရှုံးခဲ့ကြသူချည်းပါပဲ” 🙂“ Anyone who has never made a mistake has never tried new. (E...
13/02/2020

🙂 “အောင်မြင်သူတိုင်းဟာ တစ်ချိန်က ကျရှုံးခဲ့ကြသူချည်းပါပဲ” 🙂

“ Anyone who has never made a mistake has never tried new. (Elbert Einstein) “
“ အမှားမလုပ်ဖူးတဲ့သူဟာ ဘယ်ဟာ အမှန်ဆိုတာကို သိလာမှ မဟုတ်ဘူး ။ “

“ ဘာမှ မလုပ်ရင် သေချာတစ်ခုကတော့ ဘာမှကို ဖြစ်လာမှာ မဟုတ်ပါဘူး “

ကျွန်တော်တို့တတွေ ကမ္ဘာပေါ်က အချမ်းသာဆုံးသူဌေးကြီးတွေ၊ ပညာရှင်ကြီးတွေကို ကြည့်ပြီး အားကျကြ တယ် ၊ သူတို့ရဲ့ အောင်မြင် ၊ ချမ်းသာ ကျော်ကြားမှုတွေကို ကြည့်ပြီး ချီးကျူး ထောမနာပြုကြတယ် ။ အထင်ကြီး ကြတယ် ၊ သူတို့လို ဖြစ်ချင် ကြတယ်။ ဒါပေမယ့် တကယ့်အရေးအကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ သူတို့တွေ ဘယ်လိုကျရှုံးခဲ့ပြီး ၊ ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်ခဲ့ပြီး ၊ ဘယ်နှကြိမ် ၊ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ရပြီးမှ အောင်မြင်မှု ရလာသလဲဆို တာကို ကျွန်တော်တို့ မေ့နေကြတယ် ။

မူလတန်းစာမေးပွဲကို (၂)ကြိမ်ကျတယ်။ တက္ကသိုလ်ဝင်ခွင် စာမေးပွဲကိုလည်း (၂)ကြိမ်ကျတယ်။ အမေရိကန် ဟားဗတ်တက္ကသိုလ် ကိုဝင်ဖို့ (၁၀)ကြိမ်တိုင်တိုင်လျှောက်တယ် (၁၀)ကြိမ်စလုံး အပယ်ခံရတယ်။ ၁၉၈၈ ခုနှစ်မှာဘွဲ့ရလို့ ကုမ္ပဏီ အလုပ်ပေါင်း (၃၀)မှာ ဝင်လျှောက်တယ် ၊ တစ်ခုမှ အရွေးမခံရဘူး။ ရဲတပ်ဖွဲ့ထဲဝင်ဖို့ (၂)ကြိမ်လျှောက်တယ်၊ (၅)ယောက်လျှောက်တာ (၄)ယောက်အရွေးခံရတယ်။ အမေရိကန် KFC ကုမ္ပဏီမှာ အင်တာဗျူး (၂၄)ယောက် အပါ ဝင်လျှောက်တယ် (၂၃)ယောက်အရွေးခံရပြီး သူအရွေးမခံရဘူး။ အဲလို အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တဲ့ ဘီလျံနာ သူဌေး ဂျက်မား ။

အကြိမ်ထောင်ပေါင်းများစွာကြိုးစားခဲ့ပြီးမှ အခု လူသားတွေအကျိုးပြုနေတဲ့ လျှပ်စစ်မီးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ အဲလ်ဘတ်အိုင်းစတိုင်း.... စတဲ့ ပုဂ္ဂိုလ်ကြီးများသည် ကျရှုံးမှုပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီးမှ အရှုံးကနေ အောင်ပွဲကို ပြောင်းလဲယူခဲ့တာဖြစ်ပါတယ် ။
ဘာကြောင့်လဲ .......

“ Anyone who has never made a mistake has never tried new. (Elbert Einstein) “
“ အမှားမလုပ်ဖူးတဲ့ သင်ဟာ ဘယ်ဟာအမှန်ဆိုတာကို တကယ်သိလာမှာ မဟုတ်ဘူး ။ “လို့ အဲလ်ဘတ်အိုင်းစတိုင်းက ပြောခဲ့တာပါ ။
တကယ့်လက်တွေ့ဘဝထဲက အတွေ့အကြုံကနေလှမ်းပြောတာမှန်း သိသာပါ တယ်။ ဒါ့ကြောင့် “ အမှားကိုသိမှ အမှန်ကိုမြင်နိုင်စွမ်းရှိမှဖြစ်ပါတယ် “

သင်အလုပ်တွေလုပ်နေသမျှ မှားချင်မှားနေမယ် ၊ ကျရှုံးချင် ကျရှုံးနေပါမယ်. သို့သော် အဲဒီအမှား ၊ ကျရှုံးမှုကနေ အောင်မြင်မှုကို ပြောင်းယူတတ်ဖို့လိုပါမယ် ။ ဒါ့ကြောင့် အမှားတွေကနေ သင်ခန်းစာယူပြီး အောင်မြင်နိုင်စေဖို့ အောက်ပါအချက်လေးတွေကို ရင်ဘတ်ထဲ ထည့်ထားလိုက်ပါဟု တိုက်တွန်းလိုက်ပါရစေ ......

၁။ တစ်သက်မှာ တစ်ခါ လုပ်ချင်တာကို စမ်းလုပ်ကြည့်စမ်းပါ။ လုပ်ရင်လဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပါ။ ကြိုးစားလို့ အဆိုးဖြစ်တယ်ဆိုတာ မရှိပါဘူး။

၂။ ဒီနေ့ မှောင်နေမယ် ၊ မနက်ဖြန်ဆို ပိုမှောင်မိုက်လိမ့်မယ်။ ဒါပေမယ့် သဘက်ခါကြရင် နေရောင်ခြည် ပေါ်ထွန်းလာလိမ့်မယ်။ ဒီကနေ့ ၊ မနက်ဖြန်မှာ လက်လျှော့လိုက်ရင်တော့ နေရောင်ခြည်ကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ဘူး။

၃။ ပြဿနာတွေလို့ မညည်းပါနဲ့။ ပြဿနာထဲမှာ အခွင့်အလမ်းရှိနေလို့ပါ။

၄။ လက်မလျှော့သေးသရွေ့ မင်းမှာ အလားအလာ အခွင့်အလမ်းရှိသေးတယ်။ လက်လျှော့လိုက်ရင်တော့ အဲဒီအခွင့်အလမ်း မရှိတော့လို့ သင်ဟာ အကြီးမားဆုံး အမှားကို ကျူးလွန်လိုက်တာပဲ။

၅။ ပြိုင်ဘက်ကို လေ့လာပါ။ ဒါပေမယ့် သူတို့ကို ပုံတူ ကူးမချပါနဲ့ ။ ပုံတူကူးချရင်တော့ သင်ကျရှုံးပြီလို့သာ မှတ်ယူလိုက်ပါ။

၆။ ၂၁ ရာစုမျာ အောင်မြင်နေဖို့ မင်းရဲ့ ဝန်ထမ်းတွေဟာ မင်းထက်တော်သူတွေ ဖြစ်ပါစေ။

၇။ ကျွန်တော့ကို အရူး လို့ခေါ်ကြတယ်။ ဟုတ်ပါတယ် ကျွန်တော် အရူးအမူးလုပ်တတ် လို့ အရူးလို့ပြောတာ မနာတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ငတုံးငအ တစ်ယောက်တော့ မဟုတ်ပါဘူး။

၈။ သင်ဟာ ဘယ်လိုအခြေအနေမှာပဲ ရောက်နေပါစေ ၊ ဘယ်ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ပါစေ ၊ ပညာ အရည်အချင်း ဘယ်အဆင့်မှာပဲ ရှိနေပါစေ သင်ကြီးပွားနိုင်ပါတယ်။ အဲဒါ ကံကြောင့်တော့ မဟုတ်ဘူး။ သင့်ရဲ့ ကြိုးစားအားထုတ်မှု ၊ ဇွဲရှိမှု ၊ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့်ပါ။

၉။ လူတွေမလုပ်ချင်ဆုံး အလုပ်ထဲမှာ အခွင့်အလမ်းဆိုတာ ရှိနေပါတယ်။

၁၀။ ဘာမှ မလုပ်ရင် သေချာတစ်ခုကတော့ ဘာမှကို ဖြစ်လာမှာ မဟုတ်ပါဘူး။

အခက်အခဲ အမှားများနှင့် အရှုံးတွေကနေ အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေ ....

🙂လွတ်လပ်စွာ ရှယ်နိုင်ပါသည်🙂





ပြည်ထောင်စုနေ့ သမိုင်း၁၉၄၇ ခုနှစ် ပင်လုံစာချုပ်=================(12-2-1947)မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှအဖွဲ့၀င်...
12/02/2020

ပြည်ထောင်စုနေ့ သမိုင်း
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
=================

(12-2-1947)
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ
အဖွဲ့၀င်အချို့နှင့် စပ်ဖ များအားလုံးတို့အပြင်
ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသ
များနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စား
လှယ်များတို့တက်ရောက်ကြသော ပင်လုံမြို့တွင်
ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်း
အားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေး
ကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေး
တက်ရောက်သူအဖွဲ့၀င်တို့သည် ကန့်ကွက်သူမရှိဘဲ
အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့
(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စား လှယ်များ ၏
ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်
စားလှယ် တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်
ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အ တွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထား
ရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်
ကောင်စီတွင် ဌာနလက်ကိုင်မရှိကောင်စီ ၀င်တဦး
အဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်
များတွင် ထုံးနည်းဥပဒေရ အမှုဆောင်ကောင်စီ၏
အာဏာလက်အောက်သို့ ရောက်ရှိသည့် နည်းတူ
နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်
စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။
ဤ နည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ
အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေး
အပ်ရမည်။

၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်း
မတူသော ဒုတိရအတိုင်ပင်ခံနှစ်ဦးက ကူညီစေ
ရမည်။ ရှေးဦးစွာဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦး
တို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ
၏ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံ
ပုဂ္ဂိုလ်မှာအခြားနယ်စပ်ဒေသအားလုံးတို့၏ကိစ္စရပ်
များကို ဆောင်ရွက်စေရန်ဖြစ်သည်။၎င်းတို့ ထုံးနည်း
ဥပဒေအရ တွဲဖက်တာ၀န်ယူရသည့်မူအတိုင်း ရွက် ဆောင်စေရမည်။

၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီ
တွင် အဖွဲ့၀င်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏
တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါ၀င်ရ မည်
ဖြစ်သော်လည်း ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည်
နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များ ကို
ဆွေးနွေးကြသည့် အခါ အမှုဆောင်ကောင်စီတွင်
တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ ၏အမှုဆောင်ကောင်စီကို…… တိုးချဲ့မည်ဖြစ်သော်
လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေး
တွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို
မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေ
ရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်းမရှိစေရ။
နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေး
တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေ
ရ မည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း
သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ် သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်
တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီး
ခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘော
တူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်ရန်အလို့
ငှာပထမခြေလှမ်းအနေဖြင့်၁၉၃၅ ခုနှစ်မြန်မာနိုင်ငံ
တော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာ
ရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေ
သအတိုင်ပင်ခံပုဂ္ဂိုလ်နှင့်…ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည်
ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ
အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်
ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီ
အစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစု
တွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်
ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်
ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီ
အစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်
တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များ
က ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို
ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်
ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များ
ကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများ
အတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်
သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏
အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်
တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။

#မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း

#ကချင်ကော်မတီ

(ပုံ) ဆမားဒူဝါးဆင်ဝါးနောင်-- မြစ်ကြီးနား။
(ပုံ) ဇော်ရစ်-- မြစ်ကြီးနား။
(ပုံ) ဒိန်ရတန်-- မြစ်ကြီးနား။
(ပုံ) ဇော်လ---ဗန်းမော်။
(ပုံ) ဇော်လွန်း---ဗန်းမော်။
(ပုံ) လဗန်းဂရောင်း---ဗန်းမော်။

#ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း အေတီအမ်၊ အိုင်တီအက်စ် အမ်၊ ဖလမ်း။
(ပုံ) ဦးသောင်ဇာခပ်--အေတီအမ်း၊ တီးတိန်။
(ပုံ) ဦးကွယ်မန်း--အေတီအမ်၊ ဟားခါး။

#ရှမ်းကော်မတီ
(ပုံ) ခွန်းပန်စိန်---တောင်ပိုင်းစပ်ဖလုံ။
(ပုံ) စပ်ရွှေသိုက်--ညောင်ရွှေစပ်ဖလုံ။
(ပုံ) စပ်ဟုံဖ--မြောက်ပိုင်းသိန္နီစပ်ဖလုံ။
(ပုံ) စပ်နွံ---လဲချားစပ်ဖလုံ။
(ပုံ) စပ်စံထွန်း--မိုင်းပွန်စပ်ဖလုံ။
(ပုံ) စပ်ထန်အေး--သာမိုင်းခမ်းစပ်ဖလုံ။
(ပုံ) ဦးဖြူ ---သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။
(ပုံ) ခွန်းဖုံး--မြောက်ပိုင်း သိန္နီ
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး တို့ဖြစ်ကြပါသည်။


#အရှင်နန္ဒမာလာ

Maslow's Need Theory သို့မဟုတ်. .အသုံးအဝင်ဆုံး သီအိုရီတစ်ခုဆရာကောင်းဟိန်းစိုး (Strategic)ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း...
11/02/2020

Maslow's Need Theory သို့မဟုတ်. .အသုံးအဝင်ဆုံး သီအိုရီတစ်ခု
ဆရာကောင်းဟိန်းစိုး (Strategic)

ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း စီမံခန့်ခွဲသူတိုင်း မသိမဖြစ် သိထားရမယ့် Maslow ရဲ့Need Theory အကြောင်း ကို မျှဝေပေးလိုပါတယ်။ Maslow’s Need Theory ဟာ ဝန်ထမ်းတွေကို Motivation ပေးဖို့အတွက် အသုံးဝင် တဲ့ theory တစ်ခုလည်း ဖြစ်သလို Organizational Behavior ဆိုတဲ့ လုပ်ငန်း တစ်ခုလုံး ဆိုင်ရာ အပြုအမူ တွေ ပေါ်မှာလည်း သက်ရောက် မှု ရှိတဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။
ပထမ ဦးဆုံးတော့ ဘာကြောင့်လူတွေ အလုပ်လုပ်နေရသလဲဆိုတဲ့မေးခွန်းကို အရင်စဉ်းစား ကြည့်ရအောင်ပါ။ မိတ်ဆွေရော ဘာကြောင့်အလုပ်လုပ်နေပါသလဲ။ အဖြေက တော့ တစ်ဦးနဲ့တစ်ဦး မတူပဲ ကွဲပြားနေနိုင်ပါတယ်။အချို့ကတော့ ငွေ ကြေး စားဝတ်နေရေး အတွက် အလုပ် လုပ်ကြရသလို အချို့ကတော့ ဂုဏ် ရှိလို့လုပ်ကြပါတယ်။ အချို့ကတော့ အလုပ်တစ်ခုခုပြီး မြောက်သွားရင် ရတဲ့ စိတ်ကျေနပ်မှု အောင်မြင်မှုအရသာ ကို ကြိုက်လို့လုပ်ကြ ပြန်ပါတယ်။ အချို့ကကျတော့ လူ့ပတ်ဝန်းကျင် ကို အကျိုးပြုနိုင်ဖို့လုပ် ပါတယ်။ လူတိုင်းဟာ အလုပ်လုပ် နေကြပေမယ့် အလုပ်လုပ် နေတဲ့ သူတိုင်း ရဲ့အလုပ်လုပ် ရတဲ့ လိုအပ်ချက် Need ကတော့ မတူညီပဲကွဲ ပြားနေတယ်ဆိုတာကို ဆိုလိုတာဖြစ် ပါတယ်။
Maslow ဆိုတဲ့ ပညာရှင်ကတော့ ဒီလို မတူကွဲပြားတဲ့ လိုအပ်ချက် Need တွေကို အဆင့် ငါး ဆင့် နဲ့ပိုင်းခြား လိုက်ပါတယ်။ ဒါတွေ ကတော့ အောက် ဆုံးက Basic Need သို့မဟုတ် Physiological Need ဖြစ်ပြီး သူ့အထက် မှာ အစဉ်လိုက် Safety Need, Social Need, Esteem Need, နဲ့Self actualization Need ဆိုပြီး ရှိနေကြပါတယ်။ ဒီ အဆင့် ငါးဆင့် လုံးဟာ အောက်ကနေအထက်အထိ ပိရမစ် ပုံစံ ဖော်ပြရေးဆွဲထားတာဖြစ်ပါတယ်။ ဆိုလိုတာက အောက် ခြေအဆင့်တွေ မှာ လူအတော်များများ ရှိနေပြီး အထက်ရောက်လေ လူနည်း သွားလေ ဆိုတဲ့ သဘောဖြစ်သလို အောက် ခြေတွေ ခိုင်မာမှ အထက်ကို ဆက်တက် လို့ရနိုင်တယ် ဆိုတဲ့အနေအထားလဲ ဖြစ်ပါတယ်။ ဒါဆို ထပ်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်ပါ။ Need Theory ကိုလေ့လာတဲ့ အခါ လူ့သဘာ၀ လူရယ်လို့ဖြစ်လာတဲ့ အနေအထားနဲ့လုပ်ငန်းခွင် အနေအထားဆိုပြီး နှစ်ခု ခွဲကာလေ့ လာ သုံး သပ်ဖို့လိုအပ်ပါတယ်။
Basic Need or Physiological Need
လူရယ် လို့ဖြစ်လာပြီ ဆိုရင် အရေး တကြီး အခြေခံ အနေနဲ့လိုအပ်တဲ့ လိုအပ်ချက်ကတော့ စားဝတ်နေ မှု သုံးခု ဖြစ်ပါတယ်။ ဒီလိုအပ်ချက် Need ဟာ အူဝဲ ဆိုပြီး စအော် လိုက်တဲ့ ကလေး ဘဝကထဲက အခြေခံ လိုအပ်မှု အနေနဲ့တွဲလျက်ပါလာတာ ဖြစ်ပါတယ်။ ဒီ စားဝတ်နေ ရေး ဆိုတဲ့ အခြေခံ အနေအထား ကို တောင် ပြည့်စုံမှု မရှိဘူး ဆိုရင် သူဟာ အခြားသော safety လုံခြုံမှု၊တို့Social အသိုင်းအဝန်း တို့အပေါ် လိုအပ် မှု အနေနဲ့ဖြစ်လာဖို့မဆိုထားတဲ့ အလေး ထား ဂရုပြုမှုတောင် ဖြစ်ပေါ်လာမှာ မဟုတ်သေးပါဘူး။ ဥပမာ နေစရာ စားစရာမရှိလို့ လမ်းတကာ လှည့်လည် သွားလာနေရတဲ့ အိမ်ခြေရာမဲ့တစ်ဦး ဟာ သူ့ကို သူခိုးခိုး မှာ (Safety Need) တို့ပတ်ဝန်းကျင်(social) က ကဲ့ရဲ့မှာတို့ ကို လုံးလုံးစိတ်ပူမှာမဟုတ်ပါဘူး။ စစ်ဖြစ်မှာ လဲ မကြောက် ရောဂါတွေ ကူးမှာလဲ မကြောက်သလို သေမထူး နေမထူးဆိုတဲ့ စိတ်လဲဖြစ်ပေါ်နေဖို့များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အခြေခံ လိုအပ်ချက် (Basic Need) တွေကို တောင် မရရှိ နေလို့ဖြစ်ပါတယ်။ လူဆိုတာ အသွေးအသားနဲ့တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက် Basic Need တွေ ထဲမှာ S*x ဆိုတဲ့ ကိစ္စကို လည်းထည့်သွင်း ထားပါတယ်။
Safety Need
Safety Need အဆင့်ကိုရောက်နေတဲ့ သူက တော့ basic need အခြေခံလိုအပ်ချက်တွေကို အတိုင်း အတာ တစ်ခု အထိ ပြည့်စုံ လုံလောက်သွားတဲ့ သူဖြစ်ပါတယ်။ Need အဆင့် တွေ အရ တစ်ဆင့်ကို လုံလောက်ပြည့်စုံသွားတော့မှ နောက် ထပ်တစ်ဆင့် လိုအပ်ချက်ကို တက်ပါတယ်။ ဘယ်လောက် ဆိုရင်လုံလောက်မယ်ဆိုတာကတော့ လူတစ်ဦးချင်းစီ အပေါ်မှာ မူတည်လေ့ရှိပါတယ်။ လူတစ်ယောက်ဟာ စားဖို့ ဝတ်ဖို့မပူရတော့ဘူး နေစရာအိမ်လေးလဲ ရှိ ဖြစ် (အငှားဖြစ်ဖြစ်) ဆိုရင်သာ မာန်အားဖြင့် Safety Need အဆင့်ကို တက်လာပါတယ်။ safety need ဆိုတာကတော့ သူ ရရှိထားတဲ့ basic need ပြည့်စုံမှုလေးတွေ ပျောက်ဆုံးမှာ၊ ကို မူတည်ပြီး ဖြစ်လာတာဖြစ်ပါတယ်။ ဒီတော့ သူခိုး ခိုးခံရမှာ ဓားပြတိုက်ခံရမှာ၊ ကိုယ့် နေရာမှာ စစ်ပွဲတွေ ဖြစ်မှာ ၊ရောဂါတွေ ဖြစ်မှာ ၊ကျန်းမာရေး မကောင်းမှာ စတာတွေကို စတင် စိုးရိမ် ပူပန် လာပြီး ဒါတွေ မဖြစ်အောင် သူ တတ်နိုင်သရွေ့စတင် အားထုတ် တဲ့ အဆင့်ကို ရောက် လာ ပါတယ်။ ဒီအဆင့်မှာတော့ လူ့သဘာ၀ အိမ်ထောင် သားမွေးပြုတာတွေ ရှိပေမယ့် အချစ် ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ ရိုဆန်တာတွေ တော့ ရှိမှာ မဟုတ်ပါဘူး။ basic need မှာ ကထဲ ကS*x ဟာ ပါလာတာ ဖြစ်တဲ့ အတွက် အိမ်ထောင်သားမွေးတွေ ရှိ နေတာဖြစ်ပေမယ့် အူမတောင့်မှ သီလ စောင့်နိုင် မယ့် ဆိုတဲ့ မြန်မာ စကားပုံလိုပါပဲ အူမ မတောင့် သေးပဲ ရုန်းကန်လုှပ်ရှားနေရ တဲ့ အချိန်တွေ များတော့ ရိုမန်တစ်တွေ ၊ လူမှုအသိုင်းအဝန်း ထဲဝင် ဆံ့ ဖို့တွေ ဟာ အားနည်း လျက်ရှိ ပါတယ်။ မရှိဘူးလို့တော့ ဆိုတာ မဟုတ်ပါဘူး။ အဓိက လိုအပ်ချက်အနေနဲ့ဖြစ်တည် မလာ သေးဘူး လို့ဆိုလိုချင်တာဖြစ်ပါတယ်။
Social Need
ဒုတိယ အဆင့်ဖြစ်တဲ့ safety need ကို လုံလောက် ပြည့်စုံ သွားတဲ့ သူတွေ ဟာ တတိယ အဆင့်ဖြစ်တဲ့ Social need အဆင့်ထဲကို စတင်ဝင်ရောက်လာပါတယ်။ ဒီနေရာမှာထပ်ပြီး ပြောချင်တာက အဆင့်တစ်ဆင့် ပြည့်စုံလုံလောက်သွားတယ် ဆိုရာမှာ စံသတ်မှတ်ချက်ရယ်လို့ မရှိပဲ လူတစ်ဦး စီရဲ့အပေါ်မှာသာ မူတည်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်လာ ရင်တော့ သူကျင်လည်ရာ ပတ်ဝန်းကျင် မှာ ဒါမှမဟုတ် သူ လေးစား အားကျ တဲ့ အသိုင်းအဝန်းတစ်ခုခုမှာ သူဟာ အရေးပါ အရာရောက် တဲ့ သူအဖြစ်ကို စတင် ဖြစ်လို လာကြတော့တာပါပဲ။ ဥပမာ အားဖြင့် တစ်ချို့တွေက ပရဟိတ အသင်းအဖွဲ့တွေ မှာ လုပ်အားပေး တွေ လုပ်ကြတယ်… အသိုင်းအဝန်းက ချီးကျူးမယ့် အရာတွေ ကိုလုပ်လာကြတယ်။ အသိုင်း အဝန်း က အဝတ်အစား ကောင်းမှ အထင်ကြီးရင် အဝတ်အစားတွေ များများ ဝယ်မယ်. လက်ဝတ်ရတနာဝတ်မှ အထင်ကြီး ရင် လက်ဝတ်ရတနာ တွေ လိုချင်လာမယ် ဒီလို အနေအထားဖြစ် ပါတယ်။
အချို့ကျတော့ လဲ Social Need အဆင့်မှာ ပြင်ပ အသိုင်းအဝန်း ကြီး ရဲ့အရေးပေးမှုကို လိုအပ် တာမဟုတ်ပဲနဲ့မိသားစု ထဲမှာ အားကိုးခံရတဲ့ သူဖြစ်ချင်လာတာ၊ သူငယ်ချင်းတွေ ကြားထဲမှာ လေးစားခံရတာ၊ သူငယ်ချင်း relationship တွေ ပိုရလာချင်တာ၊ စတဲ့ အနေအထား မျိုးလဲ ဖြစ် နိုင်ပါတယ်။
Esteem Need
ဒီအဆင့်ကို ရောက်လာပြီ ဆိုရင်တော့ သူဟာ အသိုင်းအဝန်း ရဲ့လေးစား အားကျတာတွေကို ရိုးသွား လုံလောက်သွားပြီးတဲ့ နောက် သူ့အတွက်က ိုယ့်ကိုကိုယ် ကျေနပ်မှုပေးစေနိုင်တဲ့ အရာတွေကို သာ လုပ်ဆောင်တဲ့ အနေအထား မျိုးကို စတင်လာပါတယ်။ ကိုယ်ကိုကိုယ် ကျေနပ် စေမယ့် အရာတွေ ဆိုပေမယ့် များသောအားဖြင့် ကိုယ့်ရဲ ့လုပ်နိုင် ကိုင်နိုင် စွမ်း အရ ရရှိလာတဲ့ အောင်မြင်မှု achievement တွေကို ပို ပြီးလိုချင် လုပ်ချင်လာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီအဆင့် မှာ ကိုယ့်ကိုကိုယ် လဲ လုပ်ရင်ဖြစ်တယ် ဆိုတဲ့ ယုံကြည် မှုတွေအပြည့် ရှိနေသလို အလုပ်အသစ် တွေ Challenge အသစ် တွေကို မကြာမကြာ ရယူလုပ် ဆောင်ပြီး အောင်မြင်သွားတဲ့ achievement sense ကို ပျော် နေတဲ့ အဆင့်ဖြစ် ပါတယ်။ တစ်ချို့လုပ်ငန်းရှင်တွေက ငွေ ကြေး သက်သက် မဟုတ်ပဲ လုပ်ငန်းခွဲ တွေ အသစ် တွေ တစ်ခုပြီး တစ်ခု ထောင်လိုက် အောင်မြင်သွားရင် ကျေနပ် လိုက်နဲ့ ဟာ ဒီအဆင့် ရဲ့အနေအထား ဖြစ် ပါတယ်။

Self Actualization Need
ဒီအဆင့် ကတော့ မိမိကိုယ့် ကို ဘာဖြစ်ချင်တယ်ဆိုတာကို ကောင်းကောင်းနားလည် သွားပြီး အဲဒီ ရည်မှန်းချက် ကိုသာ ဦး တည် လုပ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီ အဆင့်မှာ ဦးတည်တာတွေ ကလဲ ပြသနာကြီးကြီးမားမားတွေကို ဖြေရှင်းတာ၊ အခြားသူတွေ မတွေ့ရှိသေးတာတွေကို ဖော်ထုတ် တာ၊ အခြားသူတွေ မလုပ်နိုင်ဘူး ဆိုတာတွေကို ရအောင် လုပ်တာ စတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ကိုယ့် ဘဝတစ်လျှောက် ချိုး ခဲ့တဲ့ စံချိန်တွေကို ပြန် ချိုးတာမျိုးလဲဖြစ်သလို၊ တစ်ချို့ကျတော့ လဲ ကိုယ်တစ်သက်လုံး နေချင်တဲ့ ပုံစံမျိုး ကို လုံးလုံးလျားလျားနေလိုက်တာမျိုးလဲရှိပါတယ်။ ဥပမာ တစ်သက်လုံး စာရေးဆရာ ဖြစ်ချင်ပေမယ့် ရုန်းကန်နေရလို့အခြေအနေမပေးပေမယ့် အငြိမ်းစားယူလိုက် တဲ့နောက်မှာ စာတွေ ချည်းရေး ပြီး အေးအေးဆေးဆေး နေထိုင်သွားတယ် ဆိုတာမျိုး လဲဖြစ်နိုင်သလို ဘယ်သူ မှ ထိပ်ဆုံး အထိမတက်ဘူးသေးတဲ့ တောင် ကြီးကို ရအောင်တက်တာ… ဘယ်သူမှ မလုပ်ဖူး တဲ့ မဖြစ်နိုင်လောက်တဲ့ လုပ်ငန်းကြီး ကို စတင်လုပ်ဆောင်တာ စတာတွေ လဲ ဖြစ်နိုင်ပါတယ်။
အထက်က အချက်တွေ ကတော့ Maslow Need Theory ကို လူ့သဘာ၀ အရ အဆင့်ဆင့် သုံးသပ် ထားတာဖြစ်ပြီး လုပ်ငန်းခွင် အတွင်း လေ့လာ သုံးသပ်မှုတွေ နဲ့လက်တွေ့အသုံးချ နည်း တွေကိုတော့ နောက်ထပ် ပိုစ့် မှာ ဆက်ပြီးမျှေ၀ ပေးမှာ ဖြစ်ပါတယ်။ မြန် မြန်ရေး ဖို့အားရှိအောင် ဒီပိုစ့်ကိုလဲ Share ပေးကြပါဦးဗျား။


Kaung Hein Soe
Professional Management Trainer

  (Part-8)Credit Sales Policy အကြောင်းဆက်ကြရအောင်။ကုန်ကြွေးရောင်းချတဲ့ အဖွဲ့အစည်းတိုင်း Credit Sales Policy ရှိသင့်ပါတယ်...
10/02/2020

(Part-8)

Credit Sales Policy အကြောင်းဆက်ကြရအောင်။

ကုန်ကြွေးရောင်းချတဲ့ အဖွဲ့အစည်းတိုင်း Credit Sales Policy ရှိသင့်ပါတယ်။

ကြွေးဆုံးတွေက ကိုယ့်အမြတ်ကို ဆွဲချသွားစေတဲ့အပြင်၊ Policy မရှိတာကြောင့် အကျင့်ပျက်ဝန်ထမ်းတွေရှိလာသလို၊ ကောင်းတဲ့ဝန်ထမ်းတွေပါ အကျင့်ပျက်စေပါတယ်။ ဒီထက်ဆိုးတာက ရဲအမှု့အခင်းဖြစ်ရင် ကုမ္ပဏီ လည်း အလုပ်ရှုတ် ၊ မိမိဝန်ထမ်းလည်း ထောင်ကျ စတာတွေ တွေ့မြင်ခဲ့ရဘူးပါတယ်။ ကုမ္ပဏီ လည်း နာမည်ပျက်ပါတယ်။

Credit Sales Policy ရဲ့ Credit Sales Process အကြောင်းရေးပါမယ်။

Credit ရောင်းချမည့် ဆိုင်တွေကို ကြိုတက်ပြီး ခွင့်ပြုချက်တွေ ရယူထားရပါတယ်။ (ရေးပြီးပါပြီ)
ခွင့်ပြုချက် ကို BOD က ဒါရိုက်တာ တစ်ဦးဦး (သို့) MD က ခွင့်ပြုထားတဲ့ ဆိုင်ကိုသာ ရောင်းလို့ရပါတယ်။ ခွင့်ပြုချက် မှာ Credit Limited (ဆိုင်တစ်ဆိုင်ခြင်းကို ဘယ်ဆိုင်ကို ဘယ်လောက် ကုန်ကြွေး ရောင်းချခွင့်) ရယ်၊ Credit Period (ဆိုင်တစ်ဆိုင်ခြင်း သို့ အားလုံး သို့ ဝယ်ယူမှု့ အပေါ်မူတည်ပြီး ကုန်ကြွေးကာလ သတ်မှတ်ချက်) ပါဝင်ရပါတယ်။

MD သို့ BOD က ဒါရိုက်တာ တစ်ဦးဦးက ခွင့်ပြုချက် (ရုံးတွင်းအမိန့်) ကို အရောင်းဌာနရယ်၊ ငွေစာရင်း ဌာနကို ပေးထားရပါတယ်။

အခုရေးမည့်အပိုင်းက Credit Sales Process ဖြစ်ပါတယ်။

ဆိုင်တစ်ဆိုင်က အရောင်းအမှာစာ (Sales Order) ရပြီဆိုပါစို့။

အရောင်းအဖွဲ့က Sales Order. မှာ သင်ဆိုင်ရာ ၊ အရောင်းမန်နေဂျာလက်မှတ် ရေးထိုးပြီး ငွေစာရင်း (Finance/ Account) ကို လက်မှတ်ရေးထိုးဖို့ သွားရပါတယ်။

ငွေစာရင်းရ အချက် ၃ချက်စစ်ပါတယ်။

၁. ကုန်ကြွေးရောင်းချဖို့ ခွင့်ပြုထားတဲ့ ဆိုင်ဟုတ်မဟုတ်။

၂. ယခင် ဝယ်ယူထားတဲ့ ကုန်ကြွေးရယ်၊ အခု အရောင်းရယ် ပေါင်းလိုက်ရင် Credit Limited ကျော်/မကျော်။

၃. ယခင် ဝယ်ယူထားတဲ့ ကုန်ကြွေးက Credit Period ကျော်ထားခြင်းရှိမရှိကို စစ်ပေးရပါတယ်။

စစ်ပြီးအားလုံး OK ရင် ၊ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ ဒီလက်မှတ်ပါမှ ဂိုထောင် (Warehouse) က ကုန်ပစ္စည်း ထုတ်ပေး သို့ ပို့ပေးတာလုပ်ပါတယ်။

ဒီအချက် ၃ ချက်ထဲက တစ်ချက်ချက် မကိုက်ညီရင် မှတ်ချက်ရေးပြီး၊ ပြန်ပေးလိုက်ပါတယ်။

Sales Policy မှာ အဲဒီ အချက် ထည့်ထားရပါတယ်။ ငွေစာရင်း က ကြားခံ စစ်ပေးရပါတယ်။

ငွေစာရင်း က ခွင့်မပြုဘူး။ မှတ်ချက်နဲ့ ပြန်လာရင် အရောင်းက ကုန်သည်နဲ့ညှိပြီး ၊ ဘယ်နေ့ငွေလွဲပေးပါမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အရောင်းအဖွဲ့ရဲ့တာဝန်ခံက (National Sales Manager သို့ Sales GM) က လက်မှတ်ရေးထိုးတာဝန်ခံရင်လည်းရောင်းလို့ရပါတယ်။

Credit Sales Process မှာ ကုန်ကြွေးရောင်းချတိုင်း ဒီအတိုင်းလုပ်ရပါတယ်။

ဂိုထောင်က Finance/Account လက်မှတ် သို့မဟုတ် Sales GM, NSM လက်မှတ်ပါမှ ကုန်ပစ္စည်း ထုတ်ပေးလို့ရပါမယ်။

အရောင်းတစ်ခုတိုင်း အတွက် ဒီ Process အတိုင်းသွားရပါတယ်။

Credit Period ကျော်ရင် အရင်ကောက်ပြီးမှ ရောင်းလို့ရပါမယ်။ ဒါမှမဟုတ် ရင် တာဝန်ခံက လက်ခံမှရောင်းလို့ရပါမယ်။

မိတ်ဆွေကုမ္ပဏီမှာ ကုန်ကြွေးတွေမကောက်တာ (၆) လ ကျော် ကြာတာတွေ ရှိတယ်လို့ဆိုပါတယ်။ ကုန်ကြွေးကြာရင် ဆုံးဖို့များပါတယ်။

နောက်တစ်ခါ Credit Confirmation အကြောင်းရေးပါအုံးမယ်။

လူကြီးမင်း အဖွဲ့အစည်း အတွက် အသုံးတည့်တယ်ဆိုရင် ၊ Comment box မှာ ❤ ပေးခဲ့ပါလား။ ဆက်ရေးရတာ အားရှိတာပေါ့😁။

မိတ်ဆွေတွေသိစေချင်ရင်၊ ခွင့်တောင်းစရာမလိုဘဲ မျှဝေပေးလို့ရပါတယ်။

မိတ်ဆွေများကြွေးဆုံးကင်းကြပါစေ....




(CLC)
(SMS)

  (Part - 7)ကုန်ကြွေးရောင်းချတဲ့ ကုမ္ပဏီများ အနေနဲ့ Credit Sales Policy ရှိရင် ပိုကောင်းပါတယ်။ဒီနေ့ မျှဝေမည့် အကြောင်းက ...
09/02/2020

(Part - 7)

ကုန်ကြွေးရောင်းချတဲ့ ကုမ္ပဏီများ အနေနဲ့ Credit Sales Policy ရှိရင် ပိုကောင်းပါတယ်။

ဒီနေ့ မျှဝေမည့် အကြောင်းက Credit Sales Policy ရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ အပိုင်းထဲက Credit Limited အကြောင်း ပါ။

အဖွဲ့အစည်း အများစုမှာ Credit Limited မသတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီအချက်က အရေးပါ ပါတယ်။ ကုန်ကြွေး ရောင်းရင်း ရောင်းရင်း နဲ့ ကုန်ကြွေးတွေ များသွားပြီးမှ ကောက်ခံချိန်မှာ အကြိမ်ကြိမ် ခွဲသွင်းတာ၊ ကြွေးဆုံးတာတွေ ဖြစ်တက်ပါတယ်။

ကုန်ကြွေးရောင်းမည့်ဆိုင်တွေကို အရောင်းအဖွဲ့က ရွေးချယ် ၊ စီမံသူတွေက အတည်ပြုပေးရာမှာ ဒီအချက်က မဖြစ်မနေပါ ဝင်ရပါမယ်။

#ဘယ်ဆိုင်ကိုကုန်ကြွေးဘယ်လောက်ထိရောင်းခွင့်ပြုပါရန်ဆိုတာပါ။

ဆိုင်အနေအထား နဲ့ ရောင်းအား အပေါ်ကြည့်ပြီး ဘယ်ဆိုင်ကို ကုန်ကြွေး ဘယ်လောက် ရောင်းမယ်ဆိုတာပါ။

ဥပမာ - A ဆိုတဲ့ဆိုင်ကို ၁၀ သိန်းထိ ကုန်ကြွေးရောင်းမယ်လို့ ခွင့်ပြုထားတယ် ဆိုပါစို့။ ၁၀ သိန်း ကျော်တာနဲ့ ဆက်မရောင်းတော့ဘဲ ကုန်ကြွေးကို အရင်ကောက်ခံတာမျိုး နဲ့ ထပ်ရောင်းမယ်ဆိုရင် သက်ဆိုင်ရာ စီမံသူ ခွင့်ပြုချက်ရမှ ရောင်းခွင့်ပြုမယ်ဆိုတာမျိုး Policy မှာ ထည့်ရေးရပါမယ်။

မိတ်ဆွေ ကုမ္ပဏီ တစ်ခုမှာ ကြုံခဲ့ရတာပါ။ အရောင်းအဖွဲ့က ရောင်းချင်တာရယ်၊ ဝယ်သူနဲ့ ဖောက်သည်ကို မိတ်မပျက်ချင်တာကြောင့် ရောင်းရင်း ရောင်းရင်း ဆိုင် တစ်ဆိုင်မှာ ကုန်ကြွေးတွေ အများကြီး ဖြစ်သွားပါတယ်။ ဒါလည်း တစ်နှစ်လောက်နေမှ သိရတာပါ။ (Credit Sales Policy မရှိတာရယ်၊ Credit Sales ကို Monitoring လုပ်မဲ့သူ မရှိတာရယ်ကြောင့်ပါ)

သိသိခြင်း အရောင်းရပ်ပြီး ကုန်ကြွေးတောင်းတော့ မပေးနိုင်တော့ဘူး ဖြစ်ပါတယ်။ ကုန်ပြန်ရောင်းပေးဖို့နဲ့ အရင်ကုန်ကြွေးကို တဖြည်းဖြည်း ခွဲဆပ်ပါ့မယ် လုပ်ပါတယ်။ သူ့မြို့ထိ လိုက်သွားတော့ ကိုယ့်ပိုက်ဆံနဲ့ ဆိုင်အကြီးကြီး ဆောက်ထားတာ တွေ့ရပါတယ်။ ပိုဆိုးတာက ကုန်သည်က ဒီလိုပြောပါတယ်။ "ကုန်ကြွေးတွေက ကုမ္ပဏီ ကလည်း ပုံမှန်မကောက်လို့ သူတို့ ဒီလောက်အကြွေးများသွားတာ မသိဘူး" တဲ့....

ဆက်မရောင်းရင်လည်း မိတ်ပျက်မယ်။ ကုန်ကြွေးကလည်း တဖြည်းဖြည်း သွင်းတာကိုလည်း လက်ခံရအုံးမယ်။ ကုန်ကြွေးရောင်းတဲ့ ကုမ္ပဏီတွေ မလွယ်ပါဘူး။

Credit Sales Policy မရှိလို့ အရောင်းအဖွဲ့တွေ စိုက်လျော်ရတာတွေ ၊ ကုမ္ပဏီ လည်း ကြွေးဆုံးတာတွေ ၊ ကုန်ကြွေး ကို မသမာမှု့လုပ်လို့ ရဲစခန်းရောက်၊ တရားရုံးရောက် ရတာတွေ နည်းပါးအောင် ၊ အဖွဲ့အစည်းတိုင်း Credit Sales Policy ထားဖို့ တိုက်တွန်းပါရစေ။

မိမိ မိတ်ဆွေတွေ သိစေချင်လည်း မျှဝေပေးပါနော်....




(CLC)
(SMS)

  (Part - 6)Credit Sales Policy မှာ အရေးကြီးဆုံးသတ်မှတ်ချက် (၂) ချက် ရှိပါတယ်။Credit Period နဲ့ Credit Limited တို့ဖြစ်ပ...
08/02/2020

(Part - 6)

Credit Sales Policy မှာ အရေးကြီးဆုံးသတ်မှတ်ချက် (၂) ချက် ရှိပါတယ်။

Credit Period နဲ့ Credit Limited တို့ဖြစ်ပါတယ်။

ကုန်ကြွေးကာလ (Credit Period) နဲ့ ကုန်ကြွေးသတ်မှတ်ချက် (Credit Limited) ဖြစ်ပါတယ်။

ကုန်ကြွေးကာလ (Credit Period) ကို မိမိ ရောင်းချတဲ့ Sales Channel အရ သတ်မှတ်ကြပါတယ်။

လက်ကားကုန်သည် (Wholesales) ၊ လက်လီအရောင်းဆိုင် (Retail) ၊ အရေးကြီးကုန်သည်ကြီးများ (Key Accounts) ကုန်တိုက်ကြီးများ (Modern Trade) ၊ B2B စတဲ့ မတူညီတဲ့ အရောင်းဆိုင်တွေကို မတူညီ သလို ကုန်ကြွေးကာလ သတ်မှတ်ပေးကြပါတယ်။

Credit Period ကို သတ်မှတ်ရာမှာ ၊ Channel အလိုက် တပြေးညီ သတ်မှတ်တာရှိသလို ၊ ကုန်သည်၊ ဧရိယာအလိုက် ခွဲပြီးသတ်မှတ်တာလည်းရှိပါတယ်။

ဥပမာ - Wholesales channel မှာ ကုန်ကြွေးကာလ သတ်မှတ်ချက် ၁၄ ရက် ပေးတယ်ဆိုပါစို့။

Wholesale ကုန်သည် အားလုံးကို ၁၄ ရက်ပေးမှာလား? ကုန်သည် တစ်ဦးချင်း အလိုက် ကုန်ကြွေးကာလ ကို တိုးပေးတာ မျိုးလည်း လုပ်လို့ရပါတယ်။ ဝယ်ယူမှု့ အနည်းအများ အလိုက် ကုန်ကြွေးကာလကို ပိုပေးတာမျိုးပါ။

နောက်တစ်မျိုးက မိမိ ကုန်ပစ္စည်းက ဧရာဝတီမှာ ရောင်းအားနည်းတယ် ဆိုပါစို့။ ဒါဆိုရင် အဲဒီ ဒေသက ဝယ်ရင် ကုန်ကြွေးကာလကို ပိုပေးတာမျိုးပါ ။ ဧရိယာအလိုက် ပေါက်တဲ့ဧရိယာနဲ့ မပေါက်တဲ့ဧရိယာ သတ်မှတ်ပြီး ကုန်ကြွေးကာလ သတ်မှတ်ပေးတာပါ။

မည်​သို့ပင်ဖြစ်စေ
အရောင်းအဖွဲ့အနေနဲ့ မိမိရောင်းချလိုသော ဆိုင်ရဲ့ ကုန်ကြွေးကာလ သတ်မှတ်ချက် (Credit Period) ကို ကြိုပြီးခွင့်ပြုချက် ရယူထားဖို့ လိုအပ်ပါတယ်။ ခွင်ပြုချက် ရယူပြီးသောဆိုင်ကိုသာ ကုန်ကြွေး ပေးအပ်လို့ ရပါမယ်။

ဆက်ရေးပါအုံးမယ်။

အရောင်းကုမ္ပဏီ တွေ အတွက် Credit Sales Policy က အရေးကြီးပါတယ်။

မိမိ မိတ်ဆွေ သူငယ်ချင်း တွေလည်း သိစေချင်ရင် မျှဝေပေးပါနော်...




(CLC)
(SMS)

Address

Yangon

Telephone

+959662288895

Website

Alerts

Be the first to know and let us send you an email when Myanmar Sales and Marketing Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share