16/06/2021
Page အသုံးပြု့  သူများအတွက်
Facebook ပေါ်မှာ ကြော်ငြာတယ် ကြော်ငြာတက်မလာဘူး၊ တစ်ခါတစ်ခါ Ad Account က disabled ကျသွားလို့ တစ်ခါခါကြ deactivate d အပြီးပါပျက်သွားတယ်၊ Card သုံးမရတော့ဘဲ Suspended ဖြစ်သွားတယ် ဆိုတဲ့သူတွေအတွက် Facebook Ads Policy ကို ဘာသာပြန်ပေးလိုက်ပါတယ် ။
လိုအပ်မယ်ထင်ရတဲ့ 90% လောက်အထိဘာသာ ပြန်ပေးထားပါတယ် 👍👍
(လိုရင်းကို တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်သည့်အတွက် ဖတ်လို့တော့ သိပ်မကောင်းပါ)
=========================
*** ကြော်ငြာကို လက်မခံသောအခါ ***
(Disapproved)
ကြော်ငြာ Run ထားပြီး Approved ဖြစ်မသွားပဲ ကြော်ငြာရပ်ဆိုင်းခံရခြင်း၊ ကြော်ငြာအကောင့် Disabled ဖြစ်သွားခြင်း၊ ကြော်ငြာအကောင့်နှင့် ချိတ်ဆက်အသုံးပြုနေသည့် Credit Card ကိုပါ Suspended ဖြစ်ပြီး Burn ခံထိသွားတဲ့အထိဖြစ်နိုင်ပါတယ်...
ပြစ်ဒဏ်တွေကတော့ ကိုယ်က ဘယ် Policy ကို ချိုးဖောက်မိလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်...
အခုကတော့ Policy အကြောင်းကို ဦးစားပေးပြောချင်တာမို့ Complain ကိစ္စ ကျော်ခဲ့ပါရစေ...
🔽Policy များကတော့🔽
*** ပိတ်ပင်ထားသည့် လုံးဝ ကြော်ငြာခွင့်မပြုသည့် အကြောင်းအရာများ ***
(Prohibited Contents)
၁။ facebook ဆိုင်ရာ အဖွဲအစည်းစည်းမျဉ်းများ
Facebook မှာ ကြော်ငြာမယ်ဆိုရင် သူ့ရဲ့ App စည်းမျဉ်းတွေကိုလိုက်နာရမယ်ဖြစ်ပါတယ်။ စည်းမျဉ်းထဲက တစ်ခုခုနဲ့ငြိနေရင် Boost တင်လို့မရနိုင်ပါ။
၂။ တရားမ၀င် ကုန်ပစ္စည်း(သို့) ၀န်ဆောင်မှုများ
တရားမ၀င်သော ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ၊ လှုပ်ရှားမှုများကို ဖွဲ့စည်းခွင့်၊ ၀န်ဆောင်မှုပေးခွင့်နှင့် ကြော်ငြာခွင့်မပြုပါ။
၃။ လူတန်းစားခွဲခြားခြင်းဆိုင်ရာများ
ဇတ်နိမ့်/မြင့်၊ ဒေသစွဲ၊ အသားအရောင်၊ နိုင်ငံသား၊ ကိုးကွယ်မှု၊ အသက်၊ လိင်ပိုင်း၊ မိသားစုဆိုင်ရာ၊ မသန်မစွမ်း၊ ဆေးကုသမှု စသည့် ခွဲခြားနိမ့်ချသော အကြောင်းအရာများ။
၎။ မူးယစ်စေသည့်ကုန်ပစ္စည်းများ
မူးယစ်ဆေးနှင့် ဆက်စပ်သော စိတ်ကြွရူးသွပ်ဆေးများနှင့် ဆက်စပ်သော အရောင်းအ၀ယ် Post များ။
၅။ ဆေးဝါးနှင့် ဆေးဝါးဆိုင်ရာဆက်စပ်ပစ္စည်းများ
တရားမ၀င်ဆေးဝါးများ၊ recreational ဆေးဝါးများ။
၆။ စိတ်မချရသော ဖြည့်စွက်စာများ
အရပ်ရှည်ဆေး၊ ဝဆေး၊ ကျား အားတိုးဆေး၊ ကြွက်သားအားဆေးစသည်။
၇။ လက်နက်များ၊ ခဲယမ်းမီးကျောက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ
လက်နက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ အသုံးပြုပြခြင်း၊ ရောင်းချခြင်း၊ လက်နက်အတွက် ပြုပြင်သည့် အပိုပစ္စည်းများ ကြော်ငြာခြင်း၊ (ဥပမာ- ဓါးလက်ကိုင်ရိုးအလှများ)
၈။ လိင်ပိုင်းဆိုင်ရာပစ္စည်းများ
ကွန်ဒုံး စသည့်ပစ္စည်းများကို ကြော်ငြာရာတွင် လုံခြုံမှုနှင့် ကျန်းမာရေးအတွက် ရည်ရွယ်ချက်ဖြင့် ကြော်ငြာရမည်ဖြစ်ပြီး၊ သာယာမှုနှင့် လိင်အသားပေးဘက်ကို ဦးစားပေးရေးသားခြင်း ခွင့်မပြုပါ။ ၁၈ နှစ်အောက်ကို လုံးဝ Target မထားရပါ။
ဥပမာ။ ။
(လုပ်သင့်) သင့်ဘ၀၊ သင့်ကျန်းမာရေးအတွက် Condon သုံးပါ။
(မလုပ်သင့်) Condon သုံးပြီး အကောင်းဆုံးခံစားမှုကို ရယူပါ။
၉။ ညစ်ညမ်း အကြောင်းအရာများ
ညစ်ညမ်း၊ လိင်ဆိုင်ရာအသားပေးရုပ်ပုံများ၊ အလားတူသော Position များ၊ လိင်စိတ်နှိုးဆော်စေသည့် ရုပ်ပုံ Video များ။
၁၀။ မူပိုင်ခွင့်ဆိုင်ရာများ
အခြားသော လုပ်ငန်းများ၏ မူပိုင်ခွင့်များ၊ အမှတ်အသားများ၊ စည်းမျဉ်းများ၊ တရားဝင်ပစ္စည်းများကို ထိပါးသော ကူးယူသော အကြောင်းအရာများ။
၁၁။ ခံစားချက်ဆိုင်ရာများ
အထိတ်တလန့်ဖြစ်စေသော၊ ၀မ်းနည်း၊ စိတ်ထိခိုက်စေသော၊ အထိကရုဏ်းဖြစ်နိုင်သော စသည့် အကြောင်းအရာများ။
၁၂။ တစ်ကိုယ်ရည် အချက်အလက်များ
မိမိ (သို့မဟုတ်) တစ်ဦးတစ်ယောက်၏ Personal အချက်အလက်များကို ထုတ်ဖော်ပြောထားသည့် Post များ ကြော်ငြာခွင့်မပြုပါ။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းဖြင့် လူတစ်ဦးတစ်ယောက်၏ လူမျိုး၊ ဘာသာ၊ အသက်၊ လိင်၊ မှတ်ပုံတင်၊ မသန်မစွမ်းမှု၊ ဆေးကုသမှုစစ်တမ်း၊ စသည်တို့ကို အတိအကျ သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းဖြင့် ဖော်ပြထားသော အကြောင်းအရာများ။
၁၃။ လိမ်ညာသော၊ မှားယွင်းသော အကြောင်းအရာများ
ကြော်ငြာဝန်ဆောင်မှု သုံးနေသော Page များသည် လိမ်ညာခြင်း၊ သတင်းမှား၊ ပစ္စည်းအတုများ၊ လမ်းမှားပြသခြင်း စသည့် အကြောင်းအရာများကို တင်ထားခြင်း၊ ကြော်ငြာခြင်း ခွင့်မပြုပါ။
၁၄။ အငြင်းပွားဖွယ်ရာ အကြောင်းအရာများ
မိမိ အကျိုးအတွက် လူမှုရေး၊ စီးပွားရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စများကို ခုတုံးလုပ် ကြော်ငြာခြင်းများ။
၁၅။ နည်းစနစ်မမှန်၊ မူမမှန်သော Page များ
- ပြုပြင်ဆဲ Page များ
- PDF နှင့် JPEG ဖိုင်များသာရှိသည့် Page များ
- Ad တွင် ကြော်ငြာထားသည်နှင့် မသက်ဆိုင်သော Page များ
- အသုံးပြုသူ၏ ကွန်ပျူတာမှ ဖိုင်များကို အလိုအလျောက် ဒေါင်းလုပ်ရယူသည့် Page များ
- Page တွင်ရှိသည့် အကြောင်းအရာကို ကြည့်ရန် ဒေါင်းလုပ်ပြုလုပ်ခွင့်တောင်းသည့် Page များ
- စိတ်ချယုံကြည်ရသည့် Web စာရင်းတွင် အဆင့်နိမ့်သည့် (အတုအယောင်) Page များ
- လျှို့ဝှက် Group အတွင်းသို့ ၀င်ရန် လမ်းညွှန်သည့် page များ
- www.facebook.com သို့သာ ပြန်ပို့နေသည့် Page များ
၁၆။ စောင့်ကြည့်ပစ္စည်းများ
လျှို့ဝှက်ကင်မရာ၊ ဖုန်းခြေရာခံနှင့် အခြားခြေရာခံပစ္စည်းများ၊ လျှို့ဝှက် ပစ္စည်းများ ရောင်းချသည့် အကြောင်းအရာများ။
၁၇။ Grammer မှားယွင်း၊ အနှောင့်အယှက်ပေးသည့် Post များ။
Ads စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးသည့် Code များပါဝင်သော Post များ၊ သဒ္ဒါနှင့် စာလုံးပေါင်း လုံးဝမှားယွင်းနေသော Post များ။
၁၈။ တကယ်အလုပ်မလုပ်သော အတုအယောင် ရုပ်ပုံများ။
တကယ့် Button အစစ်ကဲ့သို့ ပြုလုပ်ထားသော “Play” စသည့်ဓါတ်ပုံပေါ်မှ ခလုတ် အတုများ၊ ဗီဒီယိုမဟုတ်ပဲ ဓါတ်ပုံကို နှိပ်မိစေရန် Video ကဲ့သို့ ပုံစံတူ အတုပြုလုပ်ထားသော Post များ၊ Facebook ၏ Button အစစ်များနှင့် တူအောင်လုပ်ထားသော ခလုတ်အတုများ။
၁၉။ တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာများ
- ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုတည်းကို ချဲ့ပြထားသောရုပ်ပုံများခွင့်မပြုပါ။
- ညည်းညူ စိတ်ပျက်နေသည့်ပုံများ ခွင့်မပြုပါ။
- အားလျော့ဖွယ်ပုံများ ခွင့်မပြုပါ။
- Before and After ပုံများ ခွင့်မပြုပါ။
၂၀။ လပေးချေးငွေများ၊ ငွေကြိုထုတ်ပေးခြင်းများ၊
လစာထုတ်ပါက ပြန်ဆပ်လို့ရသည့် လပေးချေးငွေများနှင့် ကာလတိုချေးငွေများ၊ ကြိုတင်လစာထုတ်ပေးခြင်းများ အကြောင်း။
၂၁။ Multilevel Marketing
ဝင်ငွေအခွင့်အလမ်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများတွင် သက်ဆိုင်သော ကုန်ပစ္စည်းနှင့် လုပ်ငန်းအမျိုးအစားကို အသေးစိတ်ဖော်ပြရမည်ဖြစ်သည်။ အလျင်အမြန်ချမ်းသာစေမည်၊ အရင်းနည်းနည်းနှင့် အမြတ်များများရမည်၊ စသည့် Multilevel Marketing ဆက်စပ်သော အကြောင်းအရာများကို ခွင့်မပြုပါ။
၂၂။ လေလံ
လေလံပစ်ဈေးရောင်းသည့် Page များ၊ အခြား ဆင်တူ Page များ။
၂၃။ စာရွက်စာတမ်းအတုများ
စာရွက်စာတမ်းအတုများ၊ ဘွဲ့လက်မှတ်အတုများ၊ Passport အတုများ၊ နိုင်ငံကူးလက်မှတ်အတုများ
၂၄။ အရည်အသွေးနိမ့်သော၊ ကွဲလွဲသော အကြောင်းအရာ
Ad သည် အကြောင်းအရာတစ်ခုကိုဖော်ပြနေပြီး အဆိုပါ Ad မှ ခေါ်ဆောင်သွားသည့် ပြင်ပ Website မှာ အခြား အကြောင်းအရာဖြစ်နေခြင်း။
မှုန်ဝါးသောပုံ၊ တစ်ပိုင်းတစ်စ မပြည့်စုံသောပုံကို တင်ထားပြီး အပြည့်ကြည့်လိုပါက Ad ကိုကလစ်ခိုင်းသည့် Post မျိုး။
၂၅။ Spyware or Malware
လူလုပ် Virus များဖြစ်သော Spyware, Malware စသည်တို့ ကြော်ငြာတွင် မပါဝင်ရပါ။
၂၆။ အလိုအလျောက် လုပ်ဆောင်သည့် Animation များ
တစ်စုံတစ်ယောက်က မနှိပ်ပဲ အလိုအလျောက် Play သည့်၊ ပျံ့နှံ့သည့် Animation များ၊ Music များ။
၂၇။ ခွင့်မပြုထားသော ထုတ်လွှင့်ခြင်းများ
မီဒီယာများထံမှ တရားဝင်ခွင့်ပြုချက်မရဘဲ Facebook တွင် ပြန်လည် လွှင့်တင်သည့် Streaming များ။
၂၈။ လှည့်စားထားသောစနစ်များ
Ad Review Process နှင့် အခြားသော စနစ်များမှ စစ်ဆေးခြင်းမပြုနိုင်အောင် လှည့်စားထားသည့် ကြော်ငြာများ။ ပြောလိုသည့်စာသားများကို စစ်ဆေးမရအောင် သင်္ကေတများဖြင့် ဖော်ပြခြင်း၊ မူလ ကြော်ငြာ Page ကို Facebook မှ ကြည့်လို့မရအောင်လုပ်ထားခြင်း၊ Ad အကောင့် ကို Facebook မှ စည်းကမ်းဖောက်ခြင်းအတွက် ပိတ်ပင်ထားချိန်တွင် အခြားအကောင့်အသစ် ဖွင့်ရန်ကြိုးစားခြင်း။
၂၉။ တားမြစ်ထားသော စီးပွားရေဆိုင်ရာ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ
နည်းလမ်းမမှန်သော၊ လိမ်ညာ လှည့်စားသော ကုန်ပစ္စည်းများ ရောင်းချခြင်း။
၃၀။ခန္ဓာကိုယ်အစိတ်အပိုင်းများရောင်းခြင်း
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ သွေး စသည်များ ရောင်းခြင်း။
*** ကန့်သတ်ထားသော အကြောင်းအရာများ ***
(Restricted Contents)
၁။ Alcohol (အရက်)
အရက်နှင့် ဆက်စပ် ကုန်ပစ္စည်းများကြော်ငြာရာတွင် အရက်သေစာသောက်စားခွင့်ပြုသည့် နိုင်ငံအလိုက် အသက်အပိုင်းအခြားပေါ်တွင်သာ ကြော်ငြာခွင့်ပြုထားပါသည်။ ဥပမာ- အချို့နိုင်ငံတွင် အသက် ၁၈နှစ် ကျော်သည်နှင့် အရက်သောက်သုံးခွင့်ပြုသော်လည်း အချို့နိုင်ငံများတွင် ၂၁ နှစ်ကျော်သည်မှ စ၍ သောက်သုံးခွင့်ပြုပါသည်။ လုံးဝ ကြော်ငြာခွင့်မပြုသောနိုင်ငံများမှာ - Afghanistan, Brunei, Bangladesh, Egypt, Gambia, Kuwait, Libya, Lithuania, Norway, Pakistan, Russia, Saudi Arabia, Turkey, United Arab Emirates and Yemen.
၂။ Dating
အမျိုးသား၊ အမျိုးသမီးများချိန်းတွေ့ဖို့ရာ ၀န်ဆောင်မှုပေးသည့် Dating Service များ၊ Website များ အနေဖြင့် မကြော်ငြာမီ Facebook သို့ တရားဝင် ခွင့်တောင်စာတင်ရပါမည်။ ခွင့်ပြုချက်ရမှ ခွင့်ပြုချက်ရသောအတိုင်းအတာအတွင်း ကြော်ငြာရပါမည်။
၃။ အွန်လိုင်းပေါ်မှ တကယ့်ပိုက်ဆံဖြင့်ကစားရသော လောင်းကစားနည်းများ
Online real money casino, sports books, bingo or poker များအတွက် ကြိုတင်ပြီး ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ ကြော်ငြာခွင့်ပြုပါသည်။
၎။ ဆေးဝါးပစ္စည်းများ
ဆေးဝါးပစ္စည်းရောင်းချသော ကြော်ငြာများအတွက် မကြော်ငြာမီ ကြိုတင်ပြီး ခွင့်ပြုချက်ရယူပါမည်။
၅။ Supplements (ဖြည့်စွက် အစာ၊ အားဆေးများ)
Supplement များအားလုံး သဘာဝ Supplements များအပါအ၀င် ပစ္စည်းများကို အသက် (၁၈)နှစ် ပြည့်ပြီးသူများကိုသာ ကြော်ငြာရပါမည်။
၆။ Subscription ၀န်ဆောင်မှုများ
Subscription ၀န်ဆောင်မှုများဖြစ်သည့် အလိုအလျောက် ငွေကောက်ခံခြင်း၊ မိုဘိုင်း ကြော်ငြာ ၀န်ဆောင်မှုများ၊ စသည်တို့သည် အောက်ဖော်ပြပါ လိုအပ်ချက်များ ပြည့်စုံရပါမည်။
(၁) ၀န်ဆောင်မှုသည့်ပတ်သတ်သည့် စည်းမျဉ်းစည်းကမ်းများ စနစ်များ (Terms and Conditions ) ကို အသုံးပြုသူမှ အမှန်ခြစ် ရွေးခြယ်နိုင်သည့် Checkbox တစ်ခုပါဝင်ရမည်။ (အမှန်ခြစ်ပြီးသား Default အနေအထားမျိုး မထားရှိရပါ)
(၂) Privacy Policy များကို အလွယ်တကူ ဖတ်ရှုနိုင်ရန် အဆိုပါ Page တွင် Link ထားရှိပေးရပါမည်။
(၃) ကြော်ငြာတွင် မိမိဝန်ဆောင်မှုမှ ကောက်ခံမည့် ငွေပမာဏကို အတိအကျ ထည့်သွင်းဖော်ပြထားရပါမည်။
Terms and Conditions တွင် ဈေးနှုန်းထားများ ပါဝင်သည့်တိုင် ကြော်ငြာ ကလစ်နှိပ်လိုက်၍ ရောက်ရှိလာသည့် မူလ စာမျက်နှာတွင်လည်း ဈေးနှုန်းဖော်ပြထားပေးရပါမည်။
(၄) Subscription နှင့် ပတ်သက်သည့် ၀န်ဆောင်မှုဆိုင်ရာ ကြော်ငြာများကို အသက် ၁၈ နှစ် အထက်ပြည့်ပြီးသူများကိုသာ ကြော်ငြာခွင့်ရှိပါသည်။
(၅) Subscription ၀န်ဆောင်မှုရယူရန်လိုအပ်သည့် အကြောင်း ထင်ရှားစွာ ဖော်ပြထားရမည် (ဥပမာ- Subscription Required)
(၆) ကြော်ငြာ Post တွင် ၀န်ဆောင်မှု၊ ကုန်ပစ္စည်းအကြောင်း ရိုးသားစွာ ပြည့်ပြည့်စုံစုံ ဖော်ပြထားရမည်။ Subscription ပြုလုပ်ပြီးကာမှ ငွေပမာဏ ကောက်ခံမှု ပိုများနေခြင်းမျိုးမဖြစ်ရပါ။
(၇) အစမ်းသုံးကာလ ပါရှိပါက အဆိုပါ ကာလပြီးဆုံးသည့်အခါ Subscriber ထံသို့ဖြစ်စေ Landing Page (မူလ Web Page) မှ ဖြစ်စေ ၀န်ဆောင်မှုကိုခေတ္တရပ်ဆိုင်းပြီး အသုံးပြုသူထံမှ ငွေကောက်ခံတော့မည်ဖြစ်ကြောင်း သဘောတူညီချက် ရယူပြီးမှသာ ဆက်လက် Subscription ပြုလုပ်ရမည်။
၇။ ငွေကြေး ၀န်ဆောင်မှုများ
တရားဝင်ခွင့်ပြုထားသောလုပ်ငန်းဌာနများမှ အကြွေးဝယ်ကဒ်၊ ငွေကြေး ၀န်ဆောင်မှု၊ စသည်တို့ကို ကြော်ငြာလိုလျှင် ကြော်ငြာ၏ ပထမဆုံးခေါ်ဆောင်သွားသည့် စာမျက်နှာတွင် အတိုးနှုန်းများ၊ နှစ်စဉ်ကြေးများ၊ အခြားဝန်ဆောင်ခများအားလုံးကို ပြည့်ပြည့်စုံစုံဖော်ပြပေးထားရမည်ဖြစ်ပြီး ကြော်ငြာတွင် ချေးငွေအသုံးပြုသူ၏ ချေးငွေဆိုင်ရာ အချက်အလက်များ၊ အကြွေးဝယ်ကဒ်ဆိုင်ရာ အချက်အလက်များကိုတိုက်ရိုက် မတောင်းဆိုရပါ။
၈။ Branded Content
ဒီတစ်ခုကတော့ ကြော်ငြာတော်တော်များများကို တက်မလာစေတဲ့အဓိက အထိနာစေတဲ့ စဉ်းမျဉ်းပါပဲ။ Facebook ပေါ်မှာ အမည်ပေါက်ပြီးသား Brand တစ်ခုကို ကိုယ့် ကိုယ်ပိုင် Page မှာတင်ရောင်းလို့ရပေမယ့်၊ ကြော်ငြာလို့တော့မရပါဘူး၊ အကယ်၍ ကြော်ငြာချင်ရင်တော့ Official Company နဲ့ ချိတ်ပြီး Branded Content ပုံစံနဲ့ မူရင်း Brand ကို Tag တွဲ ပြီးကြော်ငြာလို့ပဲရပါမယ်။ သဘောတရားက Tag တွဲတဲ့ သဘောတရားပေမယ့် Branded Content Tool ကို သုံးပြီး Post တင်၊ ပြီးမှ ကြော်ငြာလို့ရမှာပါ။
*** Video Ads ***
၁။ မျက်စိရှုပ်စေသော အကြောင်းအရာများ
ဗီဒီယို ကြော်ငြာများတွင် အမြင်အာရုံ ရှုပ်ထွေးစေမည့် အပိုင်းများမပါရပါ၊ ဥပမာ။ ။ Screen Flashing စခရင်တွင် အရောင်များ တဖျတ်ဖျတ်ကစားခြင်း
၂။ ဖျော်ဖြေရေးနှင့် ပတ်သက်သော ကန့်သတ်ချက်များ
ရုပ်ရှင် ထွေလာများ၊ တီဗွီ အစီအစဉ်များ၊ ဂိမ်းထွေလာများ၊ အခြားဆက်စပ်သော အသက်ပြည့်ပြီးသူများကို ရည်ရွယ်သည့် ဗီဒီယိုကြော်ငြာများကို ၁၈ နှစ်ပြည့်ပြီးသူများကို သာ ကြော်ငြာရမည်ဖြစ်ပြီး ဗီဒီယိုများတွင် မူးယစ်ဆေးနှင့် အရက်သုံးစွဲခြင်း၊ ၁၈+ အခန်းများ၊ ဘာသာရေး၊ ဆူပူမှု စသည့်အကြောင်းအရာများ မပါဝင်ရပါ။
*** Targeting ***
၁။ ပစ်မှတ်ထားရာတွင် ရွေးချယ်မှုများကို လူမျိုးခွဲခြားခြင်း၊ နှိပ်စက်ခြင်း၊ အထင်အမြင်သေးစေခြင်း၊ မကောင်းမှုကို လှုံဆော်အားပေးခြင်းမဖြစ်စေရန် ရွေးခြယ်ပေးရပါမည်။ ဥပမာ- ဈေးအလွန်ကြီးသည့်ပစ္စည်းများကို ဆင်းရဲသားများကို Target ထားခြင်းဖြင့် ကဲ့ရဲ့သကဲ့သို့ ခံစားရစေခြင်း။
၂။ ပစ်မှတ်ထားရာတွင် ကျပမ်းရွေးချယ်ပေးသည်စနစ်ကို အသုံးပြုပါက (FACEBOOK မှ ခန့်မှန်းပေးသည့် ပစ်မှတ်) facebook မှသတ်မှတ်ထားသည့် သတ်မှတ်ချက်များကို သဘောတူရပါမည်။
*** Positioning ***
၁။ စာသား၊ ရုပ်ပုံနှင့် အခြားမီဒီယာများအားလုံးသည် မိမိ ရောင်းချမည့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှု အကြောင်းနှင့် တူညီပြီး ကြော်ငြာကို မြင်ရမည့် Audience နှင့်လည်း သက်ဆိုင်ရပါမည်။
၂။ ကြော်ငြာသည် ကုမ္ပဏီ၊ ပစ္စည်း၊ ၀န်ဆောင်မှုနှင့် Brand များနှင့် ရှင်းရှင်းလင်းလင်း ကိုယ်စားပြုနေရပါမည်။
၃။ ကြော်ငြာတွင် ပါဝင်သည့်ကုန်ပစ္စည်းမှသည် ကြော်ငြာကို ကလစ်၍ ခေါ်ဆောင်သွားသည့် Website(landing page) စာမျက်နှာတွင် ကြော်ငြာနှင့် လုံးဝ မသက်ဆိုင်သည့် အခြားပစ္စည်းကို ရောင်းချခြင်းမပြုရပါ။
*** ပုံများတွင် စာသားပါဝင်မှု ***
ကြော်ငြာတွင်အသုံးပြုမည့် ရုပ်ပုံများတွင် စာသားမြောက်မြားစွာပါဝင်နေပါက ကြည့်ရှုသူ စိတ်အနှောက်အယှက် ဖြစ်နိုင်သည့်အတွက် Facebook မှ ကြော်ငြာရုပ်ပုံတစ်ခုတွင် အများဆုံး စာသား ၂၀ ရာခိုင်နှုန်း (၅ပုံ ၁ပုံ) ခန့်ထိသာသုံးရန် သတ်မှတ်ပေးထားပြီး စာသားများစွာပါဝင်နေပါက ကြော်ငြာပြသပေးသည့် လူအရေအတွက်လျှော့ချခြင်း (Post reach decreasing) နှင့် နောက်ဆုံး Post ကိုလုံးဝ ကြော်ငြာခွင့်မပြုသည်အထိ တားမြစ်ထားပါသည်။
*** မေးခွန်းမေးသည့် ကြော်ငြာများ ***
Leads Ad Questions (မေးခွန်းမေးသည့် ကြော်ငြာပုံစံ)များတွင် အောက်ပါမေးခွန်းများ လုံးဝ မမေးရပါ။
၁။ အကောင့်နံပါတ်များ
Facebook မှ ခွင့်ပြုချက်ရယူထားခြင်းမရှိပဲ အကောင့်နံပါတ်များ၊ အာမခံနံပါတ်များ၊ တယ်လီဖုန်းနံပါတ်များ တောင်းခံခြင်းမပြုရပါ။
၂။ ပြစ်မှုနောက်ခံအကြောင်းများ
Facebook မှ ခွင့်ပြုချက်ရယူထားခြင်းမရှိပဲ အသုံးပြုသူများ၏ ပြစ်မှုနောက်ခံရှိမရှိကို မေးမြန်းခြင်းမပြုရပါ။
၃။ ငွေကြေးဆိုင်ရာ အချက်အလက်များ
Facebook မှ ခွင့်ပြုချက်ရယူထားခြင်းမရှိပဲ အသုံးပြုသူများ၏ ဘဏ်အကောင့်၊ အကြွေးဝယ်ကဒ်နံပါတ်၊ အကြွေးရယူထားမှု၊ ၀င်ငွေ၊ အခြားသူဆီမှ ရရန်ရှိသော အကြွေး စသည်တို့ကို မေးမြန်းခြင်း မပြုရပါ။
၎။ အစိုးရမှ ထုတ်ပေးထားသော သက်သေခံအချက်အလက်များ
Facebook မှ ခွင့်ပြုချက်ရယူထားခြင်းမရှိပဲ အစိုးရမှထုတ်ပေးထားသော မှတ်ပုံတင်နံပါတ်၊ လူမှုဖူလုံရေးနံပါတ်၊ Passport နံပါတ်၊ ယာဉ်မောင်းလိုင်စင်နံပါတ် စသည်တို့ကို မေးမြန်းခြင်းမပြုရပါ။
၅။ ကျန်းမာရေး ကောင်း၊ မကောင်း နှင့် ကျန်းမာရေးအခြေအနေ ဆိုင်ရာများ
၆။ အာမခံ အချက်အလက်များ
၇။ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက်များ၊ လုပ်ဆောင်ချက်များ၊ ဘယ်ပါတီကို စိတ်ဝင်စားလဲ စသည်တို့ မမေးရပါ။
၈။ လူမျိုးရေးနှင့် ကျင့်ဝတ်ဆိုင်ရာခံယူချက်များ
၉။ ကိုးကွယ်သည့်ဘာသာအကြောင်း
၁၀။ လိင်ပိုင်းဆိုင်ရာ အချက်အလက်များ
၁၁။ Username or Passwords များကို အကောင့်သစ်ဖြစ်စေ အဟောင်းဖြစ်စေ မတောင်းခံရပါ၊ မိမိ Website တွင် Register ပြုလုပ်စေလိုလျှင် Website ဆီသို့သာ ဦးတည်ပေးပြီး ထိုကျမှသာ မှတ်ပုံတင်ရန် တောင်းခံပါ။
*** Facebook Brand များကို ကြော်ငြာခြင်း၊ တစ်စိတ်တစ်ပိုင်း အမည်ကိုပင် ထည့်သွင်းအသုံးပြုခြင်း မပြုရပါ ***
ကဲ အခုဆို စာတော်တော်လေးရှည်သွားပါပြီ Translator တစ်ယောက်မဟုတ်တာကြောင့် ကိုယ်နားလည်သလို ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်...
Ad အကောင့်ပျက်ခြင်းကင်းဝေးပြီး ရှောင်နိုင်ရှားနိုင်ကြပါစေ။
ခုတလော Ad အကောင့်တွေ ခဏခဏပျက်နေကြလို့ policy ဘာသာပြန်ပိုစ့်ကို ကော်ပီယူပြီး လိုအပ်တာလေးတွေ ဖြည့်စွက်ထားတာပါ။
Hand Gel နဲ့ Mask ကြော်ငြာသူများ အထူးသတိထားကြပါ... Fb က Ad အကောင့်တွေ ပိတ်ပစ်နေပါတယ်။
&