ZMH Motor Control Drawing

ZMH Motor Control Drawing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZMH Motor Control Drawing, Business service, Yangon.

If you want to draw Motor Control single line drawing for your work, you just need to tell me the operation I will draw a simple and easy motor control circuit diagram.

10/06/2020

05/06/2020

Home wiring အတွက် CB drawing ပုံလေးဆွဲ ပေးပါ ဆို သူများ အတွက်
******************************************************************
သာမန် 10/ 30 မီတာ သုံးတဲ့ အိမ်တွေ အတွက်ပါ ။
Breaker တခုရဲ့ Size ကို သိချင်ရင် သုံးတဲ့ watts ကို 200 နဲ့စားလိုက်ပါ ။ ရတာရဲ့ အနီးစပ်ဆုံး breaker size ကိုယူလိုက်ပါ။ ဥပမာ မီးဖို တလုံးက maximum 2000 watts ဆိုပါစို့။ အဲဒါ ကို ၂၀၀ နဲ့ စားရင် ၁၀ ရမယ် ။ အနီးစပ်ဆုံး 16 Amp breaker တပ်ရင် ရပါတယ်။ Breaker တွေ က amp ကပ်လို့လဲ စိတ်မပူပါနဲ့ ။ ကောင်းတဲ့ breaker တွေ က ဘာမှ မဖြစ်ပါဖူး။
Main CB ကိုတော့ မီတာက 30 ပဲ အများဆုံးဖြစ်တဲ့ အတွက် RCBO 32 သာ တပ်သင့်ပါတယ်။
မီတာမှာတော့ ရွယ်တူ သို့မဟုတ် ကြီးတဲ့ 32 or 40 Amp Breaker တပ်လို့ရပါတယ်။ အရမ်း အကြီးကြီး တပ်စရာမလိုပါဖူး။ Main cable ကတော့ 6 mm2 or 10 mm2 တပ်လို့ရပါတယ်။
Connection နေရာတွေ တော့ ကောင်းကောင်း ထိမိပါစေ။ ပြသနာတွေ ရဲ့ ၈၀% လောက်က Connection တွေ မမိတာက စဖြစ်တာပါ။ Screw တွေ ကျပ်တဲ့ အခါ သင့်တော်တဲ့ screw driver နဲ့ ထိထိမိမိ ကျပ်မိ ပါစေ။
နောက်ပြီး အိမ်တွေ မှာ သုံးရင် C curve ပဲ သုံးပါ ။ ကျန်တာတွေ မသုံးပါနဲ့။ အိမ်သုံးက General purpose ဖြစ်တဲ့ C curve တွေ က အသင့်တော်ဆုံးပါ ။
နောက်ဝါယာ ကြိုးတွေ က အစစ် အမှန် Size ပြည့်ရင် ဆို C-10 အတွက် 1.5 mm2 , power အတွက်ဆို C-16 အတွက် 2.5 mm2, C-20 အတွက် 4 mm2 double insulation ကိုသုံးသင့်ပါတယ် ။
ကြိုးတွေ ကမီတာ ၅၀ မကျော်ရင် Volt drop တွက်စရာမလိုပါ ။ဒါကြောင့်အိမ်တွေ မှာ Volt drop calculation တွက်တာတွေ မရှိပါ။
Earthing ကတော့ လုပ်နိုင်ရင်ကောင်းပါတယ် ။တော်တော်များများ က Erath တွေ မပါကျပါဖူး။ ဒါကြောင့်မို့ RCBO ကို ၂ ထပ်ခံတာ ပို safe ဖြစ် ပါတယ်။ လူတွေ အသက်ထက် တန်ဖိုးရှိတာ ဘာမှ မရှိပါဖူး။
လူတွေ အားလုံး သုံးတဲ့ တအိမ်လုံးတပ်တာမှ Breaker တွေ တန်ဖိုးက ဖုန်း အပေါ စား တလုံးစာလောက်တောင် မကျပါဖူး။
ကျေးဇူးတင်ပါတယ်။

Kyaw Oo
EI Engineering

မှတ်ချက်
Wire တွေ ကတော့ size ပြည့်တာတွေ အတွက် ပြောတာပါ ။ မပြည့်ဖူးထင်ရင်တော့ one size တိုးလိုက်ပေါ့။

Safety First

01/06/2020
31/05/2020
(8) လျှပ်စစ် မီတာ တွက်ချက်နည်း=======================ယနေ့ ခေတ် မှာ နေရာ တော်တော် များများ လျှပ်စစ်မီး ရလာ ကြပါ ပြီ ။ ဒါက...
29/05/2020

(8) လျှပ်စစ် မီတာ တွက်ချက်နည်း
=======================

ယနေ့ ခေတ် မှာ နေရာ တော်တော် များများ လျှပ်စစ်မီး ရလာ ကြပါ ပြီ ။ ဒါကြောင့် လျှပ်စစ် အသုံး ပြုခ တွေ မီတာ ကုန်ကျ ခတွေ အကြောင်း လူအများ သိသင့်ပါ တယ် ။

ဘယ်အရာ မဆို ကိုယ်တိုင် တွက်ချက် တတ်ရင် အလိုလို ချင့်ချိန်တတ် လာ မယ် နောက်ပြီး သူများ ညာတာ လဲ မခံရ တော့ ပါ ဘူး ။

မီတာ တွက် တဲ့ အခါ အသုံး ပြုတဲ့ လျှပ်စစ် ပစ္စည်း လေးတွေ ကို အရင် watt (၀ပ်) ဘယ်လောက် နူန်းစား လဲ လို့ သိရပါမယ် ။

မီးလုံး တစ်လုံး ဆိုရင် 60 W လို့ ရေးထားပါ တယ် ။

60 W ( ၀ပ် ) ရှိတဲ့ အဲဒိ မီးလုံးလေး ကို နှစ်နာရီ တိတိ ထွန်းထားမယ် ဆိုရင် ( 60 × 2 = 120 ) ၁၂၀ ပေါ့ ။

သူကို တို့ နာရီနဲ့ မြှောက်ပြီး သား ဖြစ်လို့ ဝပ် နာရီ ( Watt Hours = WH ) လို့ ခေါ်ပါတယ် ။

1000 WH ကို 1 KWH (Kilowatt hour ) ဖြစ်လို့ တစ်ထောင် နဲ့ စားပါ က ကီလိုဝပ်ဟာဝါ ရပါတယ် ။

ဒါကြောင့် ခုနက ၁၂၀ ကို ၁ထောင် နဲ့ စားရင် 0.12 ရမယ် အဲဒါ ကို မီတာခ ကောက်ခံ နူန်းတား ၃၅ကျပ် နဲ့ မြှောက်တဲ့ အခါ 4.2 ရပါတယ် ။

ဒါဆိုရင် 60W မီးသီ လေးကို နှစ်နာရီ ထွန်းရင် ၄ ကျပ် ကျော်ကျော် ကျပါတယ် ။

မီတာခ တွေ ကောက် ခံတဲ့ အခါ အိမ်သုံး နဲ့ လုပ်ငန်းသုံးဆို ပြီး နှစ်မျိုး ရှိပါတယ် ။ အဲဒိ နှစ်မျိုး မှာ လဲ ယူနစ် အသုံးပြု့မူ့ အလိုက် အခ ကြေးငွေ ကွာပါ တယ် ။

ကိုယ် ဘယ်လောက် နူန်း မီတာ ခ အကောက်ခံရတယ် ဆိုတာ ဘောင်ချာမှာ ကြည့်ရင် သိနိူင်ပါ တယ် ။

မိမိ တို့ အသုံး ပြုနေတဲ့ လျှပ်စစ် ပစ္စည်း တိုင်းမှာ မီတာ စားနူန်းလေး တွေ ရေးထား တာ တွေ့ရပါ လိမ့်မယ် ။

တစ်ကောင် အဲယားကွန်း 750 W
ထမင်းပေါင်းအိုး 700 W
လေးပေ မီးချောင်း 40 W
အဲဒီလို လေးတွေ ပါတာ တွေ့မှာပါ။

4to
29/05/2020

4to

28/05/2020
LED
28/05/2020

LED

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ZMH Motor Control Drawing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share