18/09/2020
#အချိန်ကောင်းတစ်ခုပါ....
#မိရိုးဖလာစီးပွားရေးအဖွဲ့အစည်းများတွင်...
မိရိုးဖလာစီးပွားရေးလုပ်ငန်းမှအောင်မြင်လာသည့်စီးပွားရေးအဖွဲ့အစည်းများတွင်...
#လူအပေါ်မှီခိုအားထားကြခြင်း။
မိရိုးဖလာစီးပွားရေးအဖွဲ့အစည်းတွင်လူယုံများရှိကြပါသည်။၄င်းလူယုံများသည်၊သူဌေးကိုယ်စားစေခိုင်းသူများဖြစ်ကြသည်။
မန်နေဂျာလားဆိုရင်လည်းမဟုတ်ပေ။
ရာထူးတာဝန်အားဖြစ် "ငယ်" သောလည်း၊လုပ်ပိုင်ခွင့်မှာများကြသည်။
ထိုသူများသည် တစ်ချို့အဖွဲ့အစည်းများတွင်ပိုင်ရှင်သူဌေး၏အမျိုးအဆွေများဖြစ်ကြသည်။
အချို့အဖွဲ့အစည်းတွင် နှစ်သက်ကြာ ဝန်ထမ်းကြီးများဖြစ်ကြသည်။
တစ်ခါတစ်ရံတွင် သူဌေးကိုယ်တိုင်ပါဝင်ဦးစီးကြသည်။
သူဌေး (သို့) လူယုံများမရှိရင်၊ အလုပ်မဖြစ်တော့ပေ။အမြဲသူတို့ပါဝင်မှလုပ်ငန်းမှာလည်ပတ်နေတော့သည်။
မိရိုးဖလာစီးပွားရေးလုပ်အဖွဲ့အစည်းတွင် "လူပေါ်မှီခိုအားထားကြလေသည်"။
#စုပေါင်းလုပ်ကိုင်၊စုပေါင်းတာဝန်ယူကြသည်။
အလုပ်အားလုံးသည်၊အားလုံးနှင့်ဆိုင်သည်။
တစ်ခုခုအမှားအယွင်းဖြစ်ပါက၊လုပ်ငန်းတစ်ခုလုံးကသူများမနေရတော့။အားလုံးအဆူခံရလေတော့သည်။
အားလုံးမှာတာဝန်ရှိသောအခါ၊အားလုံးတွင်တာဝန်မရှိသလိုဖြစ်လာသည်။
တစ်ခုခုဖြစ်ပါက ဟိုလူ့လွဲချ၊ဒီလူ့လွဲချဖြစ်ကြကုန်သည်။
#တစ်ဦးချင်းတာဝန်သတ်မှတ်ချက်မရှိခြင်း။
တစ်ဦးချင်းတာဝန်သတ်မှတ်ချက်၊သတ်သတ်မှတ်မှတ်မရှိကြပေ။
ကိုယ့်နှင့်သင့်ရာ (သို့) ကိုယ့်ခိုင်းလို့ရသောသူ (သို့) ကိုယ့်ခိုင်းရတာစိတ်တိုင်းကျသူများကိုသာအလုပ်များဖိခိုင်းတော့သည်။
ထိုသူများမှာလည်း အလုပ်များပိလာပြီး၊ဟိုဟာမပြီး၊ဒီဟာမပြီးဖြစ်တက်ကြသည်။
သို့သော်...
တစ်ခုခုဖြစ်လာပါကသူ့တွင်တာဝန်မရှိ။ခိုင်းသူတွင်သာတာဝန်ရှိသလိုဖြစ်လာသည်။
အလုပ်ပေါ့သူများ၊ပေါ့ပြီး၊အလုပ်များသူများမှာများကြလေသည်။
#ဆုံးဖြတ်ချက်များသည်အပေါ်မှလာသည်။
မိရိုးဖလာအဖွဲ့အစည်းများတွင်၊ခိုင်းတာကိုဘဲလုပ်ကြသည်။
မခိုင်းရင်မလုပ်တော့ပေ။မခိုင်းဘဲလုပ်လိုက်လို့မှားရင်အဆူခံရနိုင်သည်။
ခိုင်းတာလုပ်လိုက်တာကမှားလည်းအပေါ်ကခိုင်းတာလုပ်တာလို့အကြောင်းပြလိုက်ရုံသာရှိသည်။
ဒီတော့အမြဲတမ်းခိုင်းနေရသည်။
အလုပ်တစ်ခုလုပ်တိုင်းဆုံးဖြတ်ချက်မှာအပေါ်ကလာသည်။
အပေါ်ကလာသောညွှန်ကြားချက်မလာဘဲမလုပ်ကြတော့ပေ။
#အစီအစဉ်တကျမရှိခြင်း
အလုပ်လုပ်ရာတွင်၊အစီအစဥ်တကျမရှိကြပေ။
စိတ်ကူးရှိရာချက်ခြင်းအကောင်အထည်ဖော်ကြသည်။
အဓိကမှာပြိုင်ဘက်ဘာလုပ်လဲ?
ပြိုင်ဘက်တစ်ခုခုလုပ်ရင်၊ပြန်တုံ့ပြန်တဲ့နည်းလမ်းကိုရှာကြသည်။
#အချက်အလက်အားနည်းခြင်း
မိရိုးဖလာအဖွဲ့အစည်းတွင်၊အချက်အလက်စုစောင်းသိမ်းဆည်းတာအားနည်းကြသည်။ဦးနှောက်ဖြစ်မှတ်ကြသည်။ခန့်မှန်းပြောဆိုကြလေသည်။
#ဝင်ငွေ၊ထွက်ငွေမှတ်တမ်းစာရင်းအားနည်းခြင်း
မိရိုးဖလာအဖွဲ့အစည်းများတွင်၊လစဥ်ဝင်ငွေ၊အသုံးစရိတ်များ၊ရရန်ရှိ၊ပေးရန်ရှိများကိုမှတ်တမ်းအားနည်းကြသည်။
အကြွေးဆုံးများသည်။ငွေကြေးမလည်ပတ်တက်ပေ။
ထို့အတူ ကုန်လက်ကျန်စာရင်းများလည်းမှတ်တမ်းအားနည်းသည်။
ဂိုထောင်ထဲတွင်မရောင်းရဘဲ၊ပျက်စီးဆုံးရှုံးမှု့များလည်းရှိတက်သည်။
#အရှုံးအမြတ်စာရင်းလစဥ်မသိရ
မိရိုးဖလာစီးပွားရေးအဖွဲ့အစည်းတွင် အရှုံးအမြတ်စာရင်းလစဥ်မသိရတက်ပေ။
စီးပွားရေးလုပ်ကိုင်ရာတွင်ဆုံးဖြတ်ချက်ပေးရာတွင်၊ခန့်မှန်းစိတ်ကူးနှင့်သာပေးနေရသည်။
ထို့ကြောင့်အရင်းနှီးငွေမှာထပ်ထပ်ထည့်နေရတာမျိုးကြုံရတက်သည်။
အခုအချိန်အလုပ်ပါးချိန်တွင်၊စနစ်တစ်ခုပေါ်အခြေခံပြီးသွားသောအဖွဲ့အစည်းမျိုးသွားရန်အချိန်ကောင်းပင်ဖြစ်ပါသည်။
မိတ်ဆွေလုပ်ငန်းရှင်တစ်ယောက်ကမေးသည်။
"စနစ်မရှိတာနဲ့စနစ်ရှိတာဘာကွာလဲ?မေးသည်"
"စနစ်မရှိတော့အရာရာကိုယ်ပါနေရတာပေါ့"လို့ ကျွန်တော်ဖြေလိုက်ပါသည်။
လုပ်ငန်းရှင်များသည်အရာရာပါဝင်နေရသည်။ညညအိပ်မပျော်ဖြစ်ကြသည်။
အားလုံးသည်သူက "စမှစ" ကြသည်။အချို့လုပ်ငန်းရှင်များသည်အရာရာကိုယ့်ပါရတာကြိုက်ကြလေသည်။
ဒီ့တော့
လုပ်ငန်းက"ခွာ" လို့မရတော့ပေ။
လုပ်ငန်းသေးချိန်မှန်ပင်မဲ့၊လုပ်ငန်းကြီးလာသောအခါဝန်ထမ်းများကိုတာဝန်ခွဲပေးရန်လိုအပ်ပါသည်။
သူ့တာဝန်ဖြစ်သူလုပ်ကိုင်စေရန်ဆောင်ရွက်သင့်သည်။လူမှန်နေရာမှန်တော့ဖြစ်ဖို့လိုအပ်ပါသည်။
လူအပေါ်အခြေခံတာထက်၊စနစ်ပေါ်အခြေခံတာကပိုပြီးကောင်းပါသည်။
စနစ်ကိုအကောင်အထည်ဖော်သောသူများလည်းကောင်းဖို့လိုအပ်ပါသည်။
မိတ်ဆွေများယူဆချက်တစ်ခုခု Comment တွင်ရေးခဲ့ပေးစေလိုပါသည်။ အယူမဆတူရင်တော့ "Yes" လို့ရေးခဲ့ပါ။
အခြားမိတ်ဆွေလည်းသိစေချင်ပါက၊လွတ်လပ်စွာမျှဝေနိုင်ပါသည်။
မိတ်ဆွေများလုပ်ငန်းစနစ်တကျရှိကြပါစေ...
ကိုအောင်စည်လင်း
၁၈.၀၉..၂၀၂၀
Credit - ဆရာ Si Lin