17/11/2023
ဟိုတယ်အလုပ်အကိုင်များအကြောင်း သိကောင်းစရာ
အပိုင်း (၃)
ဟိုတယ်အလုပ်အကိုင်တွေအကြောင်းပြောဖြစ်တာ ဒီတခါမှာတော့
ခောတ်စားနေတဲ့ Passenger Ship အကြောင်းသိသလောက်မျှဝေပေးချင်ပါတယ်။
ဒီကြားထဲ အလုပ်တွေများပြီး နေမကောင်းဖြစ်လို့ အပိုင်း (၃) ကိုကြာသွားတာ တောင်းပန်ပါတယ်။ လူသစ်သင်္ဘောသားတွေအတွက် Cruise Ship မှာဆို GS နဲလျှောက်ရပါတယ်။
ဟိုတယ်နဲ့ပါတ်သက်တဲ့ သင်တန်းတခုခုတတ်ထားရပါမယ်။ လုပ်သက်အတွေ့အကြုံ အနည်းဆုံး တနှစ်လာက်ရှိထားရပါမယ်။
Five Star Hotel မျိုးမှာဆိုပိုကောင်းပါတယ်။ English Language ကို Pre-Inter လောက်ရှိရင်ပိုကောင်းပါတယ်။
ပထမအဆင့်အနေနဲ့ သင်တန်းဆင်လက်မှတ်၊ လုပ်သက်တနှစ်လောက်ယူပြီးရင် ပက်စပိုစ့် QR ကိုအရင်လျှောက်ထားပါ။
လျောက်ထားတဲ့အချိန်မှာ BST (Basic Safety Training) ကို 10 ရက် တတ်ထားရပါမယ်။ ပြီးရင် SSA, DSD ကို နှစ်ရက်ဆက်တတ်ထားပါ။ BST လက်မှတ်ရဖို့ သင်တန်းဆင်းပြီးတလလောက်စောင့်ရပါတယ်။ BST လက်မှတ်ရပြီးရင် သင်္ဘောသား ပက်စပိုစ့် SIRB (အရင်ခေါ် CDC) လျာက်လို့ရပါပြီ။ SIRB ရဖို့ တလ (သို့) ငါးပါတ် စောင့်ရပါတယ်။ ပြီးရင်CMC လို့ခေါ်တဲ့ Crowed Management သင်တန်းကို တရက်ခွဲတတ်ရပါမယ်။ CMC လက်မှတ်ရပြီဆိုမှ All in One လျှောက်လို့ရမှာပါ။ All In One ရဖို့ တလစောင့်ရပါမယ်။ ဒါတွေအားလုံးပြီးမှ အလုပ်စလျှောက်လို့ရမှာပါ။
Cruise Ship မှာလဲ Occen နဲ့ River ဆိုပြီးရှိပါသေးတယ်။ Occen ကတော့ သင်္ဘောကြီးပြီး 5 Star Hotel ပုံစံမျိုးနဲ့တူမယ်။ River ကတော့ 3 Star Hotel မျိုးနဲ့တူနိုင်တယ်။ Occen ဆိုရင်တော့ 8 လ အလုပ်လုပ်ပြီး အနည်းဆုံး 2 လနားရတယ်။ River မှာတော့ Contract ချုပ်တဲ့လက ရာသီပေါ်မှာမှုတည်ပြီး အမျိုးမျိုးကွဲတယ်။ အများဆုံးကတော့ 6/ 8 လ ဆိုပေမယ့် တခါတလေ 2/3 လ ဘဲချုပ်တာတွေလဲရှိတယ်။
လစာတွေအနေနဲ့ အကြမ်းဖျင်းကြည်မယ်ဆိုရင် River တွေက လစာပိုကောင်းတတ်ပါတယ်။ Company ပေါ်မှုတည်ပြီး လစာတွေကတော့ အမျိုးမျိုးပေးခေါ်ကြပါတယ်။
အဲ့မှာတချို့ River တွေက PJ လို့ခေါ်တဲ့ ကုန်းပေါ်မှာအလုပ်လုပ်ခွင့်ပြုထားတဲ့ ပါတ်စပိုစ့်နဲ့လဲ လျှောက်လို့ရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် All in One ရထားပြီးသွားတာကတော့ ကိုယ့်အတွက်အခွင့်အလမ်းပိုများတာပေါ့။
အားလုံးအဆင်ပြေကြပါစေဗျာ
သိချင်တာတွေရှိလဲ Chat Box မှာအချိန်မရွှေးမေးထားနိုင်ပါတယ်။
Justin @ Pyae Phyo Kyi
Restaurant & Bar Consultant
အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=122132802692025885&id=61550776576131&mibextid=Nif5oz
အပိုင်း (၂)
https://m.facebook.com/story.php?story_fbid=122134636958025885&id=61550776576131&mibextid=Nif5oz