Super Red Monkey Myanmar

Super Red Monkey Myanmar Knowledge Sharing and Gathering between the Same Hobbyists Can supply Super Red Monkey Flowerhorn import from Thailand.

05/08/2026

❤️ Milo
Please be patient with your SRM 😉

04/08/2026

SRM လေးတွေဟာ ငကဲလေးတွေဖြစ်ပြီး ကန်ထဲမှာတစ်ကောင်တည်းမွေးရတဲ့ငါးလေးတွေ ဖြစ်ပါတယ်။ သခင်နဲ့ အပြန်အလှန် တုံ့ပြန်ဆက်သွယ်နိုင်စွမ်းရှိတဲ့၊ ဥာဏ်ကောင်းတဲ့ ငါးလေးတွေ ဖြစ်ပြီး လုပ်စရာမရှိရင် ငြီးငွေ့တတ်ပါတယ်။
အဲ့ဒါကြောင့် သူတို့လေးတွေ နဲ့ အပျင်းပြေ ကစားပေးနိုင်ရင် ပိုကျန်းမာ ဘုကိတ် လှပတဲ့ ငါးလေးတွေ ဖြစ်လာပါမယ်။ ကိုယ့်ငါးရဲ့ သဘာဝ၊ အနေအထားတွေကို ပိုမိုပြီးသိရှိနားလည်လာနိုင်ပြီး ကိုယ့်အတွက်လည်း စိတ်ဝင်စားစရာ ပျော်ရွှင်စရာ အခိုက်အတန့်တွေဖြစ်မှာ အသေအချာပါပဲ။
ဒါဆိုမေးစရာတစ်ခုက -

Q: SRM လေးတွေနဲ့ ဘယ်လို ကစားရမလဲ။
•ငါးကန်ရှေ့/ ငါးကန်ထဲမှာ ကြည့်မှန် ထားပေးခြင်း (၁ နာရီခန့်ကို တနေ့ ၂-၃ ကြိမ် ပြပေးခြင်း) ဖြင့် ငါးရဲ့ အရောင်ပိုမိုတောက်ပလာပြီး၊ ဘုလည်းတက်လာနိုင်ပါတယ်။
•ရေပေါ်ပေါ်တဲ့ ဘောလုံးလေးတွေထဲ့ပေးပြီးကစားပြထားရင်လည်း သူ့ဘာသာသူ ကစားတတ်ပါတယ်။
•အကယ်၍ အချိန်ပေးနိုင်ရင် ငါးကန်ရှေ့ ကြည့်မှန်/ လက်/ အရုပ် တို့ကို ရွေ့လျားပြလရာနောက်သို့ လိုက်ကူးခတ် ရန်တွေ့စေခြင်းဖြင့်လည်း အပျင်းပြေလှပလာနိုင်ပါတယ်။
•ကန်ထဲ SRM ကိုက်ချီနိုင်မဲ့အရွယ် ကျောက်စရစ်ခဲလုံးချောတွေ၊ coral တွေ ထည့်ပေးထားရင်လည်း stable ဖြစ်နေတဲ့ငါး(သို့) သူ့နေတဲ့ကန်လို့ သတ်မှတ်ပြီးတဲ့ ငါးလေးတွေဆိုရင် သူကြိုက်ရာနေရာကို ကိုက်ချီရွှေ့ပြီး စိတ်ကြိုက်အလှဆင်လေ့ရှိပါတယ်။
(သူပြင်ဆင်ထားတဲ့ ကျောက်ခဲလေးတွေကို ဖျက်ဆီးနေရာရွှေ့ရင်မကြိုက်ပါဘူး။ သူ့ပုံစံသူပြန်စီလေ့ရှိပါတယ်။ မယုံရင်စမ်းကြည့်နော် 😁။ ဒါမဲ့ ခနခနတော့ မစမ်းပါနဲ့ depression ဝင်သွားအုန်းမယ် 🤪)

(4.8.2026)

30/07/2026

Playful Milo😍

"ယနေ့ ဒုတိယ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့မှာငါးချစ်သူ/ ငါးမချစ်သူငါးရောင်းသူ/ ငါးသွင်းသူ/ ငါးဖောက်သူငါးအစာ၊ ဆေးနှင်...
29/07/2026

"ယနေ့ ဒုတိယ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့မှာ
ငါးချစ်သူ/ ငါးမချစ်သူ
ငါးရောင်းသူ/ ငါးသွင်းသူ/ ငါးဖောက်သူ
ငါးအစာ၊ ဆေးနှင့် ဆက်စပ်ပစ္စည်းရောင်းသူ
ငါးမွေးသူ /ငါးမွေးသူကိုပံ့ပိုးပေးသော အိမ်သူ၊အိမ်သားများ စတဲ့ မိတ်ဆွေအပေါင်းတို့
ကိုယ်၊စိတ် နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေ" ကြောင်း Super Red Monkey Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
(၂၉၊၇၊၂၀၂၆)

#ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

SRM Facts CheckSRM နဲ့ ပက်သက်ပြီး သို့လောသို့လောဖြစ်နေတဲ့ အချက်အလက်အချို့နဲ့ မေးခွန်းအချို့ကို တတ်နိုင်သလောက် ဖြေပေးသွား...
25/07/2026

SRM Facts Check
SRM နဲ့ ပက်သက်ပြီး သို့လောသို့လောဖြစ်နေတဲ့ အချက်အလက်အချို့နဲ့ မေးခွန်းအချို့ကို တတ်နိုင်သလောက် ဖြေပေးသွားမှာပါ။
Knowledge sharing အနေနဲ့ဖြစ်ပါတယ်။
ကိုယ်သိထားတာလေးတွေရှိရင်လည်း မျှဝေနိုင်ပါတယ်။ သိချင်တာရှိရင် မေးနိုင်ပါတယ်။
တစ်ယောက်ချင်းစီကို ပြန်မဖြေနိုင်တာတွေအတွက်လည်း နားလည်ပေးကြပါလို့ ကြိုတင်ပြီးတောင်းပန်ပါရစေနော်။

Q: SRM ကိုယ်နဲ့အမြီးမှာ ပုလဲပါလား။
Ans: SRM ဆိုတာ မွေးစကနေ သေတဲ့ထိ ပုလဲလုံးဝမရှိတဲ့ ငါးဖြစ်ပါတယ်။ (မကျွတ်ခင်မှာ ကိုယ်မှာစာတန်းရှိလေ့ရှိပါတယ်။ )

**မကျွတ်ခင်/ကျွတ်ပြီးနောက် ကိုယ်မှာ ပုလဲ မပါပါ။

**အမြီးက အစက်ကလေးတွေက ပုလဲ မဟုတ်ပါ။ ငါးအသက်ကြီးလာရင် သူ့အလိုလိုပျောက်သွားပါတယ်။


(25.7.2026)



Sunday ပိတ်ရက်မှာ ကောင်ချောလေး တစ်ကောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူ့နာမည်က "Milo" ပါ။သူ့ကို နေ့တိုင်း ဂရုတစိုက် ပျိုးထောင်...
19/07/2026

Sunday ပိတ်ရက်မှာ ကောင်ချောလေး တစ်ကောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သူ့နာမည်က "Milo" ပါ။
သူ့ကို နေ့တိုင်း ဂရုတစိုက် ပျိုးထောင်ပေးနိုင်မယ့် ဆရာရှိတဲ့ ခရမ်းမြို့က ကိုရဲရဲ့ကျောင်းမှာ ဘော်ဒါနေဖို့ ပို့ထားရတယ်။
ကိုရဲရဲ့ ကျောင်းစကေး အောက်မှာ ပိုလှ လာတဲ့ Milo လေးပါ။

19.7.2026


ကဲ ဒါကတော့ ခရမ်းက ဆရာရဲ ရဲ့ လက်စွမ်း ( ကျောင်းစကေး) နောက်တစ်ကောင်ပါ ခင်ဗျ။👇🏻😎
29/06/2026

ကဲ ဒါကတော့ ခရမ်းက ဆရာရဲ ရဲ့ လက်စွမ်း ( ကျောင်းစကေး) နောက်တစ်ကောင်ပါ ခင်ဗျ။
👇🏻😎

အားလုံးပဲ မင်္ဂလာပါ။✨ကျတော်တို့ ငါးလေးတွေမှာ နာမည်လေးတွေရှိပါတယ်။👇🏻သူကတော့ အသက် ၈ နှစ် လောက်ရှိပြီဖြစ်တဲ့ မိုးဒီ ပါ ခင်ဗ...
23/06/2026

အားလုံးပဲ မင်္ဂလာပါ။✨
ကျတော်တို့ ငါးလေးတွေမှာ နာမည်လေးတွေရှိပါတယ်။
👇🏻သူကတော့ အသက် ၈ နှစ် လောက်ရှိပြီဖြစ်တဲ့ မိုးဒီ ပါ ခင်ဗျ။


ချစ်တော့လည်း ခေါ်ခဲ့လိုက်ရတာပဲ Not for sale !!! 😁ငါးဖိုးနဲ့ Budget ထိခိုက်သွားလို့ မှန်တောင် အကွဲကို ကြိုးနဲ့ ချည်ထားရတယ...
20/06/2026

ချစ်တော့လည်း
ခေါ်ခဲ့လိုက်ရတာပဲ
Not for sale !!! 😁
ငါးဖိုးနဲ့ Budget ထိခိုက်သွားလို့
မှန်တောင် အကွဲကို ကြိုးနဲ့ ချည်ထားရတယ်။

Address

U Tun Nyo Road
Yangon
11401

Alerts

Be the first to know and let us send you an email when Super Red Monkey Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category