06/05/2026
Software Development/Engineering တက်ဖို့ တက်သင့်မတက်သင့် စဥ်းစားနေတဲ့ ကျောင်းသူကျောင်းသားတွေအတွက်မျှဝေပေးတာပါ။
ဒီနေ့ည Coursera မှာ ကမ္ဘာ့လူသုံးအများဆုံး cloud platform AWS က စီစဥ်ထားတဲ့ Junior Software Developer Course ကို စတက်တော့ ဒီ chart လေးကိုတွေ့တာပဲ။
The US ရဲ့ Bureau of Labour Statistics (လုပ်သားအစိုးရဌာန) က ခန့်မှန်းတာက ၂၀၃၂ ခုနှစ် (နောက်ထပ် ၆ နှစ်) ထိ Software Engineer အလုပ်က ၂၅ ရာခိုင်နှုန်းတိုးလာအုံးမယ် ဆိုတာလေးပါ။
အခုခေတ်က AI ခေတ် - AI နဲ့ ဘာပြုတယ် ညာပြုတယ် ဆိုပေမယ့် AI ကို ခိုင်းနိုင်ဖို့ "Domain Knowledge" လို့ခေါ်တဲ့ Software Development မှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ expert တွေ ကျင့်သုံးတဲ့ အလေ့အကျင့်ကောင်းတွေ (best practices) ကိုသိဖို့လိုပါသေးတယ်။
ဆရာ့အနေနဲ့လည်း လွန်ခဲ့တဲ့ ၁၁ နှစ် - Bachelor of IT တုန်းက တတ်ထားခဲ့တဲ့ အခြေခံတွေရှိပေမယ့် ခုခေတ်နဲ့အမှီ၊ ခေတ်နဲ့အညီဖြစ်အောင်လို့ အတန်း ပြန်တက်၊ ပြန်လေ့ကျင့်ဖို့ ဒီ course ကို တက်လိုက်တယ်။
ဒီနေရာမှာ ကြုံတုန်း ပညာရေးရှုထောင်ကတခုပြောချင်တာက "နှစ်ချို့အတွေ့အကြုံရှိလို့ ဆရာကြီး ဆရာမကြီး" လို့ အမြင်မှားနေတာလေးကို နည်းနည်းပြင်ပေးချင်တာပါ။
ဆိုလိုတာက စာသင်နှစ် နှစ် ၂၀ အထက် ရှိတဲ့ ဆရာကြီး ဆရာမကြီး လို့ကြော်ငြာတွေတွေ့ရင် သူတို့ကို "ခေတ်နဲ့မှီအောင် ဘာလုပ်နေလဲ" လို့ မေးပါ။ ဘာမှမလုပ်နေဘူး ဒီတိုင်းပဲ နှစ်ချို့တာကြီးကို စတယ်ကြီးနဲ့ ထိုင်ရောင်းနေတယ်ဆိုလို့ကတော့ ပြေးသာပြေး 😝
နည်းပညာခေတ်မှာ အသိပညာတွေ၊ အတတ်ပညာတွေက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ နှစ်ချို့အတွေ့အကြုံတွေရှိတာက ကောင်းတယ်၊ လေးစားထိုက်တယ်ဆိုပေမယ့် 'နှစ်ချို့' နေတယ်ဆိုတဲ့ စကားလုံးမှာ 'ခေတ်မမှီတော့ဘူး၊ ခေတ်နောက်ကျနေပြီ' လို့လည်း အဓိပ္ပာယ်ရတယ်ဆိုတာလေးလည်း မမေ့စေချင်ပါဘူး။
ဒီသဘောတရားကို သိတဲ့၊ ကျင့်တဲ့ နိုင်ငံတကာက ပညာရေးစနစ်တွေ (ဥပမာ GED) တွေက ၁ နှစ် ၁ ခါ၊ ဒါမှမဟုတ် ၃ - ၄ နှစ် ကို ၁ ခါ၊ သင်ခန်းစာ၊ အကြောင်းအရာ အသစ်သစ်တွေ ထပ်ဖြည့်ကြတာပါပဲ။
ပြောရင်းနဲ့ အနှောင့်အသွားမလွတ်သလိုဖြစ်သွားလည်း လွန်တာရှိ ဝန်တာမိ - ပြောစရာရှိတာပြောလိုက်ပါပြီ။ ဆောတီး နော့ ဆောတီး။
လောလောဆယ်တော့ အဓိကမှာချင်တာက Australia က Bachelor ဘွဲ့နဲ့ Master ဘွဲ့ - ၂ ဘွဲ့ ရထားပြီး Australia နိုင်ငံ ပညာရေးအတွေ့အကြုံ၊ မြန်မာနိုင်ငံ ပညာရေးအတွေ့အကြုံ ပေါင်း ၁၂ နှစ်ကျော်ရှိတဲ့ ဆရာဝင်စတန်လည်း ခေတ်နဲ့လျော်ညီအောင်၊ ခေတ်နောက်ကျ မကျန်ခဲ့အောင် အမြဲမပြတ်သင်ယူနေရပါတယ်။
ရှေ့မှာ Creativity, Innovation, Design Thinking course ၃ ခုနဲ့ ဒါနဲ့ဆိုရင် ၄ ခုမြောက်ရှိပါပြီ။ AI ခေတ်မှာ နောက်ကျ မကျန်နေခဲ့ဖို့ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့ ၁ ရက်ကို ၂ နာရီ အနည်းဆုံးအချိန်ပေးဖြစ်တယ်။
#စာလုပ်ပါ #သင်ယူပါ #ခေတ်နောက်မကျပါစေနဲ့