Pyae Sone Aung

Pyae Sone Aung Offset Printing Service, Vinyl, Sticker, One Stop Printing Solution

ပိုက်ဆံဆိုတာ လက်ထဲက စက္ကူစုတ် မဟုတ်ဘူး၊ ဦးနှောက်ထဲက "အကြံဉာဏ်" ပဲ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမရှိတာက ပြဿနာမဟုတ်ဘူး၊ ဦးနှော...
19/01/2026

ပိုက်ဆံဆိုတာ လက်ထဲက စက္ကူစုတ် မဟုတ်ဘူး၊ ဦးနှောက်ထဲက "အကြံဉာဏ်" ပဲ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမရှိတာက ပြဿနာမဟုတ်ဘူး၊ ဦးနှောက်ထဲမှာ "အတွေးအခေါ်" မရှိတာကမှ တကယ့်ပြဿနာ။

အတွေးအခေါ် ပြောင်းလဲလိုက်တာနဲ့ မင်းမြင်နေရတဲ့ လောကကြီးက ငွေတွင်းကြီး ဖြစ်သွားလိမ့်မယ်။

မင်းတို့က "ငါ့မှာ အရင်းအနှီးမရှိလို့ ပိုက်ဆံမရှာနိုင်တာ" လို့ အကြောင်းပြနေသလား။ အဲဒါ "ဆင်ခြေ" ပဲ။

"မင်းက ရေခဲတောင်ကြီးကို ကြည့်ပြီး 'အေးလိုက်တာ' လို့ပဲ တွေးနေရင် အေးနေမှာပဲ။ ဒါပေမဲ့ 'ဒီရေခဲတွေကို ရေငတ်နေတဲ့ သဲကန္တာရထဲ သွားရောင်းရင် ပိုက်ဆံရမှာပဲ' လို့ တွေးလိုက်တာနဲ့ ရေခဲတောင်က မင်းအတွက် ငွေတောင်ကြီး ဖြစ်သွားရော။ ပစ္စည်းက အတူတူပဲ၊ တွေးပုံပြောင်းသွားတာနဲ့ တန်ဖိုးက ကွာသွားတာ"။

အတွေးအခေါ် ပြောင်းလိုက်တာနဲ့ ပိုက်ဆံက ဘယ်လို ရောက်လာမလဲ ရှင်းပြမယ်။

"ငါ မဝယ်နိုင်ဘူး" အစား "ငါ ဘယ်လို ဝယ်နိုင်မလဲ" လို့ ပြောင်းတွေးပါ။ "ငါ မဝယ်နိုင်ဘူး" လို့ ပြောလိုက်တာနဲ့ မင်းရဲ့ ဦးနှောက်က အလုပ်လုပ်တာ ရပ်သွားပြီ။ သူက အိပ်ပျော်သွားပြီ။ ဒါပေမဲ့ "ငါ ဒါကိုရအောင် ဘယ်လိုလုပ်ရမလဲ" လို့ မေးခွန်းထုတ်လိုက်ရင် မင်းရဲ့ ဦးနှောက်က "ငွေရှာနည်း" တွေကို မအိပ်မနေ လိုက်ရှာတော့တာပဲ။ ပိုက်ဆံဆိုတာ မေးခွန်းထုတ်တတ်တဲ့သူဆီကိုပဲ လာတာ။ ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်ထားနဲ့။

ပြဿနာကို အောင်မြင်မှုလို့ မြင်အောင်ကြည့်ပါ။ လူအများစုက ပြဿနာတွေ့ရင် ညည်းကြတယ်။ "ဒုက္ခပါပဲ၊ လမ်းတွေကလည်း ပိတ်လိုက်တာ" လို့ ပြောကြတယ်။ သူဌေးဖြစ်မယ့်သူကကျတော့ "လမ်းပိတ်နေရင် လမ်းပေါ်မှာ ဗိုက်ဆာနေတဲ့သူတွေအတွက် မုန့်ရောင်းရင် ကောင်းမှာပဲ" လို့ တွေးတယ်။

ပိုက်ဆံဆိုတာ "သူများတွေရဲ့ ဒုက္ခကို ဖြေရှင်းပေးခြင်း" ရဲ့ ရလဒ်ပဲ။ မင်းက ဒုက္ခတွေကိုပဲ လိုက်ကြည့်နေမလား၊ အဲဒီဒုက္ခတွေကို ဖြေရှင်းပြီး ပိုက်ဆံအဖြစ် ပြောင်းမလား မင်းအတွေးပေါ်မှာပဲ မူတည်တယ်။

လုပ်အားနဲ့ မရှာနဲ့၊ တန်ဖိုးနဲ့ ရှာပါ။ "ပင်ပင်ပန်းပန်း လုပ်မှ ပိုက်ဆံရမယ်" ဆိုတဲ့ အတွေးဟောင်းကြီးကို လွှင့်ပစ်လိုက်တော့။ လမ်းဘေးမှာ ကျောက်ထမ်းနေတဲ့သူက မင်းထက် အဆတစ်ရာ ပိုပင်ပန်းတယ်။

ဒါပေမဲ့ သူက မင်းထက် ပိုမချမ်းသာဘူး။ ဘာလို့လဲဆိုတော့ သူက "လုပ်အား" ကိုပဲ ရောင်းနေလို့။ သူဌေးတွေက "အကြံဉာဏ် (တန်ဖိုး)" ကို ရောင်းတာ။ တစ်နေ့ကို ၁၀ နာရီ ကုန်းရုန်းလုပ်တာထက်၊ ၁ မိနစ်လောက် အကြံကောင်းတစ်ခု ထွက်လာတာက မင်းကို ပိုချမ်းသာစေလိမ့်မယ်။

ဒါ့ကြောင့် ပြောချင်တာကတော့ ပိုက်ဆံရှိတဲ့သူတွေနဲ့ ပေါင်းပါ။ သူတို့ ဘယ်လိုတွေးလဲ ဆိုတာ ကူးစက်ခံရအောင်။

"မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားလုံးကို မင်းရဲ့ အဘိဓာန်ထဲက ဖျက်ထုတ်လိုက်။ နေ့တိုင်း အိပ်ရာဝင်ခါနီး "ငါ့ဆီကို ပိုက်ဆံတွေ ပိုဝင်လာဖို့ ဘာတွေ ပြောင်းလဲရမလဲ" လို့ တွေးပြီးမှ အိပ်လိုက်ပါ။

မင်းရဲ့ အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိတာက ခဏပါပဲ။ ဒါပေမဲ့ မင်းရဲ့ အတွေးအခေါ်က ဆင်းရဲနေရင်တော့... မင်းတစ်သက်လုံး ဆင်းရဲနေမှာပါ။

ပိုက်ဆံဆိုတာ "အတွေးအခေါ်ရဲ့ ရလဒ်" သက်သက်ပါပဲ။ အတွေးကို အရင်ချမ်းသာအောင် လုပ်လိုက်ပါ။ လက်တွေ့မှာ ပိုက်ဆံတွေက မင်းနောက်ကို "အပြေးအလွှား" လိုက်လာပါလိမ့်မယ် မိတ်ဆွေ။



ကြိုးစားလိုက်ရသည်👍အားပေးလို့ကျေးဇူးအထူးတင်ပါသည်🌹🙏🌹
10/11/2025

ကြိုးစားလိုက်ရသည်👍
အားပေးလို့ကျေးဇူးအထူးတင်ပါသည်🌹🙏🌹



မေတ္တာအကျိုး ဆယ့်တစ်မျိုးကုံလုံပြည့်ဝ ရစေသော်🌹🙏🙏🙏🌹
07/08/2025

မေတ္တာအကျိုး ဆယ့်တစ်မျိုး
ကုံလုံပြည့်ဝ ရစေသော်🌹🙏🙏🙏🌹


🌧️😔🌧️   #အာဇာနည်နေ့
19/07/2025

🌧️😔🌧️

#အာဇာနည်နေ့

🙏သန္ဓေတောထွက် ဓမ္မစက် မိန့်မြွတ်သံချို လဝါဆို🙏🙏အေးချမ်းသာယာ‌သော အခါသမယဖြစ်ကြပါစေ.🙏  #ဓမ္မစကြာနေ့
09/07/2025

🙏သန္ဓေတောထွက် ဓမ္မစက် မိန့်မြွတ်သံချို လဝါဆို🙏
🙏အေးချမ်းသာယာ‌သော အခါသမယဖြစ်ကြပါစေ.🙏

#ဓမ္မစကြာနေ့

ဖွား၊ပွင့်၊ဟော၊စံ၊ဗျာဒိတ်ခံ ကဆုန်လပြည့် ဗုဒ္ဓနေ့🌹🙏🙏🙏🌹  _1387
11/05/2025

ဖွား၊ပွင့်၊ဟော၊စံ၊ဗျာဒိတ်ခံ
ကဆုန်လပြည့် ဗုဒ္ဓနေ့🌹🙏🙏🙏🌹
_1387

တစ်သုံးရှစ်‌ခြောက်ခုနှစ်ပျောက်နှစ်သစ်ချိန်ခါရောက်နှစ်ဟောင်းပြောင်းပစ်ချိန်ခါသစ်နှစ်သစ်မင်္ဂလာဖြစ်စေသော် . . .၇-ရက်သားသမီ...
11/04/2025

တစ်သုံးရှစ်‌ခြောက်
ခုနှစ်ပျောက်
နှစ်သစ်ချိန်ခါရောက်
နှစ်ဟောင်းပြောင်းပစ်
ချိန်ခါသစ်
နှစ်သစ်မင်္ဂလာဖြစ်စေသော် . . .
၇-ရက်သားသမီးအပေါင်း
ဘေးဘယာဝေးကွာ၍ကိုယ်စိတ်အေးချမ်းကြပါစေ . . .
🌹🙏🙏🙏🌹

🌹🙏🌹
04/01/2025

🌹🙏🌹

ပျော်ရွှင်စရာ နှစ်​ဟောင်းမှသည်.....2️⃣0️⃣2️⃣4️⃣⤵️​ပျော်ရွှင်စရာ နှစ်သစ်ဆီသို့...➡️....2️⃣0️⃣2️⃣5️⃣စိတ်ချမ်းသာကိုယ်ကျန်းမ...
31/12/2024

ပျော်ရွှင်စရာ နှစ်​ဟောင်းမှသည်.....2️⃣0️⃣2️⃣4️⃣⤵️
​ပျော်ရွှင်စရာ နှစ်သစ်ဆီသို့...➡️....2️⃣0️⃣2️⃣5️⃣
စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ​🙏🙏🙏
လောကအကျိုး​ သယ်ပိုးရွက်​ဆောင်နိုင်ကြပါ​​စေ🙏ဘေးအန္တရာယ်အ​ပေါင်းမှ
ကင်း​ဝေးနိုင်ကြပါ​စေ🙏🙏🙏
စီးပွားဥစ္စာဒီ​ရေအလား တိုးတက်ကြပါ​​စေ🙏🙏🙏

👉😊
02/12/2024

👉😊

ဝိုင်းဝန်းလှူဒါန်း​ပေးကြ​သောမိတ်​ဆွေသူငယ်ချင်းအ​ပေါင်းတို့အား​ကျေးဇူးအထူးတင်ရှိပါသည် . . .🌹🙏🙏🙏🌹🙏မြတ်နိဗ္ဗာန်၏ အ​ထောက်အပံ...
14/11/2024

ဝိုင်းဝန်းလှူဒါန်း​ပေးကြ​သော
မိတ်​ဆွေသူငယ်ချင်းအ​ပေါင်းတို့အား
​ကျေးဇူးအထူးတင်ရှိပါသည် . . .🌹🙏🙏🙏🌹

🙏မြတ်နိဗ္ဗာန်၏ အ​ထောက်အပံ့ဖြစ်ပါ​စေ🙏
အလှူ​တော်​ငွေ-653000/ကျပ်ရရှိပါသည်။
၁၃၈၆ ခုနှစ်၊ တန်​ဆောင်မုန်းလပြည့်​နေ့၌
15-11-2024
#ဇေယျသုခကျောင်းတိုက်
(ဆယ်အိမ်တန်းကမ်း​​​ခြေအနီး)
ဝါဆိုဝါကပ်​တော်မူကြကုန်​သော
သံဃာ​တော်များအတွက်
ပစ္စည်း​လေးပါအလှူဖြစ်​စေရန် ရည်ရွယ်လျက်
မိသားစုမှ
မ,တည်အလှူ​ငွေ(3)သိန်းကျပ်၊
မိတ်​ဆွေသင်္ဂဟအ​ပေါင်းတို့အလှူနှင့်

''၁၂-ကြိမ်​မြောက် မဟာဘုံကထိန်​ငွေပ​ဒေသာပင်"

သွား​ရောက်စိုက်ထူလှူဒါန်းမည်ဖြစ်ပါသည် . . ။
နှစ်စဥ်လှူဒါန်း​ပေးကြ​သော . . .
ဓမ္မမိတ်​ဆွေသင်္ဂဟအ​ပေါင်းတို့အား
နိဗ္ဗာန်​ဆော်​​သြလိုက်ပါသည် . . .
🌹🙏🙏🙏🌹
ကထိန်အကျိုး ငါးပါးမျိုးနှင့်
ပြည့်ဝ​စေ​ကြောင်း ဆုမွန်​တောင်းအပ်ပါသည် . . . .
🌹🙏🙏🙏🌹

၁၃၈၆ ခုနှစ်၊ တန်​ဆောင်မုန်းလပြည့်​နေ့၌15-11-2024 #ဇေယျသုခကျောင်းတိုက် (ဆယ်အိမ်တန်းကမ်း​​​ခြေအနီး)ဝါဆိုဝါကပ်​တော်မူကြကုန်...
13/11/2024

၁၃၈၆ ခုနှစ်၊ တန်​ဆောင်မုန်းလပြည့်​နေ့၌
15-11-2024
#ဇေယျသုခကျောင်းတိုက်
(ဆယ်အိမ်တန်းကမ်း​​​ခြေအနီး)
ဝါဆိုဝါကပ်​တော်မူကြကုန်​သော
သံဃာ​တော်များအတွက်
ပစ္စည်း​လေးပါအလှူဖြစ်​စေရန် ရည်ရွယ်လျက်
မိသားစုမှ
မ,တည်အလှူ​ငွေ(3)သိန်းကျပ်၊
မိတ်​ဆွေသင်္ဂဟအ​ပေါင်းတို့အလှူနှင့်

''၁၂-ကြိမ်​မြောက် မဟာဘုံကထိန်​ငွေပ​ဒေသာပင်"

သွား​ရောက်စိုက်ထူလှူဒါန်းမည်ဖြစ်ပါသည် . . ။
နှစ်စဥ်လှူဒါန်း​ပေးကြ​သော . . .
ဓမ္မမိတ်​ဆွေသင်္ဂဟအ​ပေါင်းတို့အား
နိဗ္ဗာန်​ဆော်​​သြလိုက်ပါသည် . . .
🌹🙏🙏🙏🌹
ကထိန်အကျိုး ငါးပါးမျိုးနှင့်
ပြည့်ဝ​စေ​ကြောင်း ဆုမွန်​တောင်းအပ်ပါသည် . . . .
🌹🙏🙏🙏🌹

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959421421009

Website

Alerts

Be the first to know and let us send you an email when Pyae Sone Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyae Sone Aung:

Share