Aether Solar Engineering

Aether  Solar Engineering Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aether Solar Engineering, Solar Energy Service, Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township, Yangon.
(1)

Aether Solar Engineering ကို 2017 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးမြင့် Solar PV နှင့် Battery Storage ပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ အရည်အသွေးစိတ်ချရဖို့ဖြစ်ပါတယ်။

Luxury Best quality Solar hybrid design တွေက အထဲ ကိုဖွင့်စရာ မလိုအောင်လုပ်ထားတပ်ပါတယ်။ GoodWe inverter
29/08/2026

Luxury Best quality Solar hybrid design တွေက အထဲ ကိုဖွင့်စရာ မလိုအောင်လုပ်ထားတပ်ပါတယ်။
GoodWe inverter

22/08/2026
ဒီတပတ် မိုးတွေ ရွှာတုန်းဆင်ထားတာတွေလေး အမှတ်တယပါ။Tiger1 brand တွေ ( US , EU , Ausi ) မှာသုံးတဲ့ GoodWe, Solis , OMEGA , ...
22/08/2026

ဒီတပတ် မိုးတွေ ရွှာတုန်းဆင်ထားတာတွေလေး အမှတ်တယပါ။
Tiger1 brand တွေ ( US , EU , Ausi ) မှာသုံးတဲ့ GoodWe, Solis , OMEGA , PYLONTECH , DYNESS brand တွေနဲ့ပဲဆင်ပါတယ်။ OMEGA battery ကတော့ EVE call နဲ့ မြန်မာပြည်မှာ KTK ကထုတ်တာ LV ကတော့ မရနိုင်တော့ပါဖူး။ EVE cell တွေ သွင်းလို့မရလို့ပါ။
ကျန်တာကတော့ ရှိပါတယ်။ very Limited stock ပါ။ အများကြီးလဲမရှိတော့ပါဖူး။
installation ကို Tiger1 brand တွေနဲ့ပဲလုပ်ချင်ပါတယ်။ အမြတ်မကျန်ပေမဲ့ Customer တွေ အတွက် ကောင်းပါတယ်။ Error ကြီးကြီးမားမားလဲ installation team ကမတွေ့ရပါဖူး။
Customer အားလုံးကိုလဲကျေးဇူးတင်ပါတယ်။
AETHER Solar Engineering ( Since 2017 )
095152476 , 095017382, 09799799146

မြန်မာပြည်မှာက သိုင်းပြောင်းပြန် ရှိသလို…Solar ဈေးကွက်မှာလည်း ကမ္ဘာ့ပြောင်းပြန် ရှိနေပါတယ်။ Old Model Mono-facial ကLates...
17/08/2026

မြန်မာပြည်မှာက သိုင်းပြောင်းပြန် ရှိသလို…
Solar ဈေးကွက်မှာလည်း ကမ္ဘာ့ပြောင်းပြန် ရှိနေပါတယ်။
Old Model Mono-facial က
Latest Model Bi-facial ထက် ဈေးပိုကြီးနေတယ်ဗျာ…
နည်းပညာကတော့ Bi-facial က ပိုသစ်တယ်၊
Double Glass ဖြစ်တယ်၊
နှစ်ဖက်လုံးက အလင်းကို အသုံးချနိုင်တယ်။
ဒါပေမယ့်…
ဈေးကတော့ Mono > Bi-facial
မို့လဲ တကယ်ကို နားမလည်နိုင်တော့ဘူး ဖြစ်နေတယ်ဗျာ…

ဘာကြောင့်များလဲလို့ ထင်ပါသလဲ?

Please !!!!

16/08/2026

Myanmar မှာ Solar တပ်လိုက်ရင် မီတာခ ပိုကျနိုင်လား?
**********************************************
Solar တပ်လိုက်ပြီးနောက် “မီတာခက အရင်ထက်တောင် ပိုကျလာတယ်” လို့ Customer တချို့က ပြောလာတာရှိပါတယ်။
Customer ရဲ့ တပ်ဆင်ထားတဲ့ System capcity ၊ အသုံးပြုမှုပုံစံနဲ့ ရာသီဥတုအခြေအနေတွေပေါ် မူတည်ပါတယ်။
ဒီလိုပြောတာကို နားလည်ဖို့ အရင်ဆုံး Solar System က ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကြည့်ကြရအောင်။
Residential Solar System တွေမှာ အများအားဖြင့် Hybrid Inverter ကိုသုံးပြီး Off-grid / Backup Function နဲ့ တပ်ဆင်ထားတာများပါတယ်။
ဒီလို System မှာ Solar ရှိတဲ့အချိန် Solar Power ကို အရင်သုံးပါတယ်။ Solar Power မလောက်ရင် EPC Grid ကနေ မီးယူသုံးပါတယ်။ မီးမလာတဲ့အချိန်မှာတော့ Battery ထဲမှာ သိမ်းထားတဲ့ Energy ကို ပြန်သုံးနိုင်ပါတယ်။ မီးပျက်သွားရင်လည်း Battery ကနေ Backup Power ပေးနိုင်ပါတယ်။
Grid ကနေ Electricity ယူသုံးတဲ့အခါတိုင်း Meter က အဲဒီ Energy Consumption ကို မှတ်ပါတယ်။
ဒါဆို Solar တပ်ပြီးနောက် ဘာကြောင့် မီတာခ ပိုကျသွားနိုင်တာလဲ?
အဓိကအကြောင်းရင်းက မီးကို အရင်ကထက် ပိုသုံးလာလို့ ဖြစ်နိုင်ပါတယ်။ battery charging လဲပါလို့ဖြစ်ပါတယ်။
ဥပမာ အရင်က Solar မရှိတဲ့အချိန်မှာ “မီတာခများမှာစိုးလို့” Air Conditioner ကို အချိန်နည်းနည်းပဲ ဖွင့်တယ်၊ Water Pump ကို လိုတဲ့အချိန်ပဲ သုံးတယ်၊ တချို့ Electrical Appliances တွေကိုလည်း အချိန်ကန့်သတ်ပြီး သုံးတယ်ဆိုပါစို့။
Solar တပ်ပြီးသွားတဲ့နောက်မှာတော့ “Solar ရှိပြီ၊ Battery လည်းရှိပြီ” ဆိုပြီး Air Conditioner ပိုသုံးလာတာ၊ ရေတင်စက် ပိုသုံးလာတာ၊ အိမ်သုံး Electrical Appliances တွေကို ပိုကြာကြာသုံးလာတာမျိုး ဖြစ်နိုင်ပါတယ်။
အဲဒီအခါ Solar က နေ့ဘက်မှာ တစ်စိတ်တစ်ပိုင်း ကူပေးနေပြီး Battery က ညဘက်မှာ ကူပေးနေပေမယ့် အိမ်ရဲ့ Total Energy Consumption က အရင်ထက် တိုးသွားရင် EPC ကနေ ယူရတဲ့ Energy လည်း တိုးနိုင်ပါတယ်။
ဒါကြောင့် “Solar တပ်လိုက်တာနဲ့ မီတာခ အလိုအလျောက် လျော့ရမယ်” ဆိုတာလည်း မမှန်ပါဘူး။
အရေးကြီးတာက Solar တပ်ပြီးနောက် အိမ်ရဲ့ Total Energy Consumption ဘယ်လောက်တိုးလာသလဲ၊ Solar က ဘယ်လောက်ပေးနိုင်သလဲ၊ Battery ကို ဘယ်လောက်သုံးသလဲ၊ EPC Grid ကနေ ဘယ်လောက်ယူနေရသလဲ ဆိုတာတွေပါ။
အထူးသဖြင့် အခုလို မိုးတွင်းကာလမှာ နေရောင်ရရှိမှု လျော့သွားတဲ့အတွက် Solar PV က ထုတ်ပေးနိုင်တဲ့ Energy လည်း လျော့နိုင်ပါတယ်။
Solar Generation လျော့သွားရင် Battery ကို Solar နဲ့ Charge လုပ်နိုင်တဲ့ ပမာဏလည်း လျော့လာပြီး Grid ကနေ Electricity ယူရတဲ့ ပမာဏ တိုးလာနိုင်ပါတယ်။
ဒါကြောင့် မီတာခကို ခန့်မှန်းပြီး “Solar တပ်လို့ မီတာခပိုတက်တယ်” လို့ ဆုံးဖြတ်တာထက် EPC Meter Unit နဲ့ လစဉ် Electricity Bill ကို တိုက်စစ်ကြည့်တာက အကောင်းဆုံးပါ။
ဥပမာ ပြီးခဲ့တဲ့လက Meter Reading / kWh ဘယ်လောက်ရှိလဲ၊ ဒီလမှာ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ပါ။
အဲဒီအပြင် Solar Generation, Battery Usage နဲ့ Grid Consumption ကို Inverter Monitoring App ကနေ ကြည့်နိုင်ရင် ပိုပြီးရှင်းပါတယ်။
ကျွန်တော်တို့ဘက်ကလည်း Residential Solar System တွေကို တပ်ဆင်ပေးလာတာ အခုဆို 3,000 နီးပါးသော Homes ရှိလာပါပြီ။ ပြဿနာတွေကလည်း သိပ်မရှိသလောက်ပါပဲ။
တကယ်တော့ Solar တပ်လိုက်တဲ့အခါ မီးသုံးစွဲပုံ ပြောင်းသွားတာကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။
အဲဒီအတွက် Solar တပ်ပြီးနောက် “မီတာခ ဘယ်လောက်ကျသွားလဲ” တစ်ခုတည်း မကြည့်ဘဲ “Solar မတပ်ခင်နဲ့ တပ်ပြီးနောက် Total Energy Consumption ဘယ်လောက်ပြောင်းသွားလဲ” ဆိုတာပါ တွဲကြည့်မှ အမှန်ကို သိနိုင်ပါတယ်။
ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Kyaw Oo

US မှာကြော်ညာတဲ့ PYLONTECH Fidus plus မြန်မာပြည်မှာလဲ ရနိုင်ပါပြီ။ Cycle life 8000 + ပါ။ Discharge 200 Amp ( 300 Amp 15 ...
12/08/2026

US မှာကြော်ညာတဲ့ PYLONTECH Fidus plus
မြန်မာပြည်မှာလဲ ရနိုင်ပါပြီ။
Cycle life 8000 + ပါ။
Discharge 200 Amp ( 300 Amp 15 sec )

ဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးပါ။
Aether Solar Engineering ( Since 2017 )
09 5152476 , 09 5017382

Solar မှာ LiFePo4 မှာ EV Battery နဲ့ ESS Battery — ဘယ်ဟာက ပိုသင့်တော်သလဲ?***********************************************...
11/08/2026

Solar မှာ LiFePo4 မှာ EV Battery နဲ့ ESS Battery — ဘယ်ဟာက ပိုသင့်တော်သလဲ?
******************************************************************
EV Battery ဆိုသည်မှာ Electric Vehicle Battery
ESS Battery ဆိုသည်မှာ Energy Storage System Battery
ဒီအကြောင်းကို ရေးချင်တာက ကျွန်တော်ကိုယ်တိုင် အရင်က နားလည်မှုလွဲခဲ့ဖူးတဲ့ အတွေ့အကြုံတစ်ခုကြောင့်ပါ။
ကျွန်တော်က Oil & Gas Industry မှာ Battery System တွေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးတဲ့သူပါ။ ကမ္ဘာ့အကြီးဆုံး Industrial Battery Manufacturer တွေထဲက SAFT ရဲ့ Engineer တွေဆီမှာလည်း Training တက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ LiFePO₄ Battery Technology ပေါ်လာတဲ့အချိန်မှာတော့ အစကနေ ပြန်လေ့လာခဲ့ရပါတယ်။ Technology အသစ်တစ်ခုကို နားလည်ဖို့ဆိုတာ Experience တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ အဲဒီအချိန်မှာ ပိုသိလာခဲ့ပါတယ်။ ပြောရရင်မြန်မာပြည်မှာ LiFePo4 မူလပထမ EiTai ကို ကျွန်တော် စပြီးဒုက္ခခံပြီး သွင်းလာတာပါ။
မြန်မာနိုင်ငံမှာ LiFePO₄ Battery ကို စတင်မိတ်ဆက်ခဲ့တဲ့ အစောပိုင်းကာလမှာ ကျွန်တော်လည်း EV Battery တွေက အကောင်းဆုံး၊ Solar ESS အတွက်လည်း အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ခဲ့ဖူးပါတယ်။ Supplier အချို့ကလည်း ဒီလိုပဲ ပြောကြပါတယ်။ နောက်ပိုင်း Manufacturer Data, Cell Specification နဲ့ Application Design တွေကို သေချာလေ့လာပြီးမှ EV Battery နဲ့ ESS Battery ဟာ Chemistry တူပေမယ့် Design Philosophy လုံးဝမတူတဲ့ Product နှစ်မျိုးဖြစ်တယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ( တရုတ်တွေ ဂျင်းထည့်ခဲ့တာပါ )
EV Battery နဲ့ ESS Battery ဘယ်ဟာပိုကောင်းလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ဘယ် Battery က ပိုကောင်းလဲ မဟုတ်ဘဲ ဘယ် Application အတွက် အသုံးပြုမလဲဆိုတဲ့ မေးခွန်းကို အရင်ဖြေရမှာ ဖြစ်ပါတယ်။ Sedan နေရာမှာ Truck ကို အစားထိုးသုံးလို့ မရသလို Truck နေရာမှာလည်း Sedan ကို သုံးလို့ မရပါဘူး။ Battery လည်း ဒီသဘောတရားအတိုင်းပါပဲ။
EV LiFePO₄ Battery ကို Electric Vehicle အတွက် အထူးဒီဇိုင်းထုတ်ထားပါတယ်။ ကား Acceleration လုပ်တဲ့အချိန်၊ Overtake လုပ်တဲ့အချိန်၊ High Load ကို ရုတ်တရက်တောင်းတဲ့အချိန်တွေမှာ Power အများကြီးကို အချိန်တိုအတွင်း ထုတ်ပေးနိုင်ရပါတယ်။ ဒါကြောင့် High C-rate Discharge ကို ဦးစားပေးထားပြီး Energy Density မြင့်အောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ Battery အလေးချိန် နည်းနည်းနဲ့ Energy များများသိုလှောင်နိုင်မှ EV ရဲ့ Driving Range ပိုကောင်းလာမှာ ဖြစ်ပါတယ်။ Sprinter တစ်ယောက်လို Short Distance ကို အမြန်ဆုံး ပြေးနိုင်ဖို့ ဦးစားပေးထားတဲ့ Battery လို့ ပြောရင် ပိုနားလည်လွယ်ပါတယ်။
ESS LiFePO₄ Battery ကတော့ Energy Storage System အတွက် သီးသန့်ထုတ်လုပ်ထားတာပါ။ Solar System မှာ နေ့တိုင်း Charge လုပ်၊ ညတိုင်း Discharge လုပ်ဆိုတဲ့ Daily Cycling ကို နှစ်ပေါင်းများစွာ ဆက်တိုက်လုပ်နိုင်ဖို့ အဓိကထား ဒီဇိုင်းထုတ်ထားပါတယ်။ High Power ထက် Long Life, Reliability နဲ့ Stable Performance ကို ပိုဦးစားပေးထားပါတယ်။ Marathon Runner တစ်ယောက်လို အမြန်မပြေးပေမယ့် အချိန်ကြာကြာ တည်ငြိမ်စွာ အလုပ်လုပ်နိုင်အောင် ရည်ရွယ်ထားတဲ့ Battery ဖြစ်ပါတယ်။
LiFePO₄ Chemistry တူပေမယ့် Cell Selection, Internal Resistance, Thermal Management နဲ့ BMS Algorithm တွေက Application အလိုက် ကွာခြားပါတယ်။ ESS Battery တွေကို Daily Charge/Discharge အတွက် Optimize လုပ်ထားတဲ့အတွက် Heat Generation နည်းပြီး Battery Stress လည်း လျော့နည်းပါတယ်။ အဲဒီအတွက် Cycle Life နဲ့ Calendar Life နှစ်ခုစလုံး ပိုကောင်းတတ်ပါတယ်။
လက်ရှိ Industry အတွင်းမှာ EV Battery အများစုက အသုံးပြုပုံပေါ်မူတည်ပြီး 3,000 မှ 6,000 Cycles ဝန်းကျင် ရရှိတတ်ပါတယ်။ ESS Battery တွေကတော့ 6,000 မှ 10,000 Cycles အထိ ရရှိနိုင်ပြီး Manufacturer အချို့က Design Life ကို 15 မှ 20 Years အထိ သတ်မှတ်ထားကြပါတယ်။ အမှန်တကယ် အသုံးခံမခံဆိုတာကတော့ Operating Temperature, Depth of Discharge, Charging Profile နဲ့ Maintenance အပေါ်လည်း မူတည်ပါတယ်။
EV Battery ကို Solar System မှာ သုံးလို့တော့ ရပါတယ်။ ဒါပေမယ့် Solar Application အတွက် Optimize မလုပ်ထားတဲ့အတွက် Communication Compatibility, BMS Integration, Warranty နဲ့ Long-term Performance အပိုင်းတွေကို သေချာစဉ်းစားဖို့ လိုပါတယ်။
ကျွန်တော်အနေနဲ့ Solar Hybrid System အတွက် Battery ရွေးချယ်ရမယ်ဆိုရင် ESS LiFePO₄ Battery ကိုပဲ ရွေးချယ်ဖို့ အမြဲအကြံပြုပါတယ်။ အကြောင်းကတော့ ESS Battery ဟာ 24 Hours, 365 Days Daily Cycling အတွက် အစကတည်းက ဒီဇိုင်းထုတ်ထားတဲ့ Product ဖြစ်လို့ပါ။
Battery နှစ်မျိုးလုံး LiFePO₄ Chemistry ကို အသုံးပြုထားပေမယ့် EV Battery က High Power Performance ကို ဦးစားပေးထားပြီး ESS Battery က Long Life, Daily Cycling, Reliability နဲ့ System Integration ကို ဦးစားပေးထားပါတယ်။ Battery တစ်လုံးရဲ့ အရည်အသွေးကို Chemistry တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ အရေးကြီးဆုံးက ကိုယ့်ရဲ့ Application နဲ့ ကိုက်ညီတဲ့ Battery ကို ရွေးချယ်နိုင်ဖို့ပါပဲ။
ဖတ်ရှုမျှဝေတဲ့အတွက်ကျေ:ဇူးတင်ပါတယ်။
Kyaw Oo

11.08.2026 solar price for Pallet **************************************TRINA solar 620 Bi - 1 pallet price ( 563,000) M...
11/08/2026

11.08.2026 solar price for Pallet
**************************************
TRINA solar
620 Bi - 1 pallet price ( 563,000) MMK
635 Bi -1 pallet price ( 573,000) MMK
Limited stock နဲ့ Limited time ပါ။
ဈေးတန်လို့ installer ထဲကလိုချင် သူရျှရင် ပါ။
ကိုယ်တိုင်သယ် ရပါမယ်။
သယ်ခ ကတော့ around 2 သိန်းခွဲ ကနေ 3 သိန်းကျော်လောက် ရှိနိုင်ပါတယ်။
Solar ဈေးတွေ တက်နေလို့ လိုအပ်တဲ့ သူတွေ အတွက်ပါ။ဈေးအရမ်းတန်ပါတယ်။

ကျေးဇူးပါ

Aether Solar Engineering ( Since 2017)
095152476 , 095017382

ယနေ့ ရရှိနိုင်သော Quality Tier-1 Solar Equipment များ***************************************************ပစ္စည်းတွေ အစုံမ...
10/08/2026

ယနေ့ ရရှိနိုင်သော Quality Tier-1 Solar Equipment များ
***************************************************
ပစ္စည်းတွေ အစုံမရောင်းပါဘူး။ ကောင်းတာတွေပဲ ရောင်းပါတယ်။
ဈေးနှုန်းကလည်း သူများထက် သက်သာအောင် ရောင်းချပေးပါတယ်။

☀️ Tier-1 Solar Panels

✔ Jinko Solar
✔ Trina Solar
✔ LONGi Solar

⚡ Hybrid Solar Inverters

✔ GoodWe
✔ Solis

🔋 LiFePO₄ Battery Energy Storage

✔ Dyness
✔ Pylontech
✔ OMEGA

🔌 Solar Accessories

✔ Suntree Solar Cables
✔ Jiangsu Shangshang Cable
✔ JAVA Solar Rail & Frame Accessories

💧 Solar Water Pump Solutions

✔ INVT Solar Pump Inverters
အားလုံးသည် Tier-1 Brand များကိုသာ ရွေးချယ်အသုံးပြုထားပြီး၊ စက်ရုံတိုက်ရိုက် သို့မဟုတ် တရားဝင် Authorized Partner များထံမှ တင်သွင်းထားသော ပစ္စည်းအစစ်အမှန်များ ဖြစ်ပါသည်။
ဝယ်ယူအားပေးကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
AETHER Solar Engineering (Since 2017)
Ma Thiri Lwin – 09 515 2476
Room 001, Building A-1, Shwe Gabar Housing,
Mindama Road, Mayangone Township, Yangon.

🔋 Tier 1 ကို ယုံကြည်ပါ။ Pylontech ကို ရွေးချယ်ပါ။Pylontech သည် BloombergNEF (BNEF) Energy Storage Tier 1 List – Q3 2026 ...
09/08/2026

🔋 Tier 1 ကို ယုံကြည်ပါ။ Pylontech ကို ရွေးချယ်ပါ။
Pylontech သည် BloombergNEF (BNEF) Energy Storage Tier 1 List – Q3 2026 တွင် ထပ်မံပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ယုံကြည်စိတ်ချရသော Energy Storage Battery Brand တစ်ခုအဖြစ် ထပ်မံအတည်ပြုခံလိုက်ရပါသည်။

✔️ Tier 1 Quality
✔️ LiFePO₄ Technology
✔️ Proven Performance Worldwide
✔️ Long Life • High Safety • Reliable Backup

Solar Battery ဆိုရင် ဈေးသက်သာတာထက် ယုံကြည်စိတ်ချရတာကို ရွေးချယ်ပါ။

📍 AETHER Solar Engineering (Since 2017)
🔹 Genuine Pylontech Batteries
🔹 Official Warranty
🔹 Professional Installation & After-Sales Service

Pylontech – Trusted Worldwide. Powered for the Future.

ဆက်သွယ်ရန်
AETHER Solar Engineering
09 5017382 , 09 5152476

Address

Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595152476

Website

Alerts

Be the first to know and let us send you an email when Aether Solar Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aether Solar Engineering:

Shortcuts

Share