Aether Solar Engineering

Call Directions Contact the business

Aether  Solar Engineering Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aether Solar Engineering, Solar Energy Service, Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township, Yangon.

Aether Solar Engineering ကို 2017 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရည်အသွေးမြင့် Solar PV နှင့် Battery Storage ပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ အရည်အသွေးစိတ်ချရဖို့ဖြစ်ပါတယ်။

14/10/2026

Jinko 620 bi-facial
Trina 635 bi-facial
ရပါမယ်။

Aether Solar ( since 2017)
095152476 please

C &I -Commercial & Industrial Solar + ESS Workshop for Owners***********************************************************...
14/10/2026

C &I -Commercial & Industrial Solar + ESS Workshop for Owners
*************************************************************
စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုလုပ်ငန်းသုံး Solar + ESS စနစ်များအကြောင်း ကိုဆွေးနွေးမည့် Workshop တစ်ခုမှာ ကျွန်တော်လည်း Panelist/Speaker တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။
SEC Myanmar Company Limited က Huawei Digital Power Myanmar နှင့် ပူးပေါင်းကျင်းပမယ့် ဒီ Workshop ဟာ Solar တပ်ဆင်ဖို့ စဉ်းစားနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စက်ရုံပိုင်ရှင်များအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
• နေ့ရက် — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ သောကြာနေ့
• အချိန် — နံနက် ၉:၃၀ မှ နေ့လယ် ၁၂:၀၀ အထိ
• နေရာ-CSIC Exhibition Hall၊ ၁၈ လွှာ၊ Myanmar Centre Tower 1၊ ရန်ကုန်မြို့
ကျွန်တော် ပါဝင်ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့—
“How to Build and Choose Suitable C&I Solar + ESS Solutions”
Renewable Energy ဟာ အနာဂတ်စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုအရေးပါလာမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ Solar ဆိုတာနဲ့ အားလုံးအတွက် အဖြေမှန်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်စနစ်က ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မလဲ၊ ဘယ်လိုတိုက်ရိုက်နဲ့ သွယ်ဝိုက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မလဲ၊ ဘယ်လိုအန္တရာယ်နဲ့ ကန့်သတ်ချက်တွေကို ကြိုတင်စဉ်းစားရမလဲဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက စီးပွားရေးလုပ်ငန်းသုံးနဲ့ စက်မှုလုပ်ငန်းသုံး Solar + ESS စနစ်တွေကို ဘယ်လိုတည်ဆောက်မလဲ၊ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်တဲ့စနစ်ကို ဘယ်လိုရွေးချယ်မလဲဆိုတာပါ။
ကျွန်တော် အဓိကထားပြောချင်တာက Technical အကြောင်းအရာတွေကို နားလည်ရခက်တဲ့ Engineering ဘာသာစကားတွေနဲ့ ပြောဖို့မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေ လက်တွေ့ဆုံးဖြတ်ချက်ချနိုင်အောင် ရိုးရှင်းပြီး နားလည်လွယ်တဲ့ပုံစံနဲ့ မျှဝေသွားဖို့ ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ လျှပ်စစ်သုံးစွဲမှုပုံစံက ဘယ်လိုရှိသလဲ၊ နေ့ခင်းပိုင်းနဲ့ ညပိုင်းမှာ ဘယ်လောက်သုံးသလဲ၊ မီးပျက်ရင် ဘယ်လိုထိခိုက်နိုင်သလဲ၊ Solar သီးသန့်နဲ့ လုံလောက်သလား၊ Battery Energy Storage System (ESS) ပါ ထည့်သွင်းဖို့ လိုအပ်သလားဆိုတာတွေကို အရင်ဆုံး သုံးသပ်ရမှာ ဖြစ်ပါတယ်။
Solar + ESS စနစ်တစ်ခုမှာလည်း အကျိုးကျေးဇူးတွေ ရှိသလို သတိပြုရမယ့်အချက်တွေ ရှိပါတယ်။ လျှပ်စစ်ဓာတ်အားခ သက်သာနိုင်မှု၊ လုပ်ငန်းလည်ပတ်မှု ပိုမိုတည်ငြိမ်လာနိုင်မှုနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်တွေကို စဉ်းစားရသလို၊ အစပိုင်းရင်းနှီးငွေ၊ Battery သက်တမ်း၊ Maintenance နဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်ရမယ့်ကာလ Return on Investment (ROI) နဲ့ Payback Period တို့ကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုကတော့ PPA (Power Purchase Agreement) ဖြစ်ပါတယ်။
PPA ဆိုတာ Customer က Solar System အတွက် အစပိုင်းမှာ ရင်းနှီးမြှုပ်နှံငွေ အပြည့်အဝ မစိုက်ထုတ်ဘဲ သတ်မှတ်ထားတဲ့ စာချုပ်စည်းကမ်းချက်များအတိုင်း Solar ကထုတ်လုပ်ပေးတဲ့ လျှပ်စစ်ဓာတ်အားကို ဝယ်ယူသုံးစွဲနိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးကို အခြားလုပ်ငန်းလိုအပ်ချက်တွေအတွက် အသုံးချနိုင်မယ့် အခွင့်အလမ်းလည်း ရှိလာနိုင်ပါတယ်။
ဒီဆွေးနွေးပွဲမှာတော့—
Moderator — Ko Aung Thet Paing (Chairman, Energy & Renewable Energy Committee, Federation of Myanmar Engineering Societies (Fed. MES)
Panelists
ကျွန်တော် — Kyaw Oo
Huawei မှ CTO
Smart Power Myanmar မှ ကိုယ်စားလှယ်
Coca-Cola မှ Engineer ကိုယ်စားလှယ်
တို့က မိမိတို့ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ အမြင်တွေကို အခြေခံပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမျှဝေသွားကြမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့လည်း Solar လုပ်ငန်းနယ်ပယ်မှာမိတ်ဆွေ တွေ့ကြုံခဲ့ရတဲ့ လက်တွေ့အတွေ့အကြုံတွေကို မျှဝေရင်း လုပ်ငန်းရှင်များအတွက် တကယ်အသုံးဝင်မယ့် အသိပညာနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ရရှိစေဖို့ အတတ်နိုင်ဆုံး ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Kyaw Oo
Oil and Gas Electrical/Instrument/HVAC Engineer
Founder of AETHER Solar Engineering ( since 2017 )

See less

GoodWe 5 KW 100 Ah  51.2 Vdc battery ရဲ့ normal charge /Discharge current ကတော့ တလုံးကို 60 Amp ရှိပါတယ်။  3 လုံး parall...
13/10/2026

GoodWe 5 KW 100 Ah 51.2 Vdc battery ရဲ့ normal charge /Discharge current ကတော့ တလုံးကို 60 Amp ရှိပါတယ်။ 3 လုံး parallel ဆိုတော့ 180 Amp ရှိပါတယ်။
Aether solar ( Since 2017 )

GoodWe Powerwall  — Solar Panel မပါဘဲ အိမ်သုံး Battery Backup System တပ်ဆင်နိုင်ပါပြီ။လက်ရှိ Solar ဈေးကွက်အခြေအနေမှာ အိမ...
12/10/2026

GoodWe Powerwall — Solar Panel မပါဘဲ အိမ်သုံး Battery Backup System တပ်ဆင်နိုင်ပါပြီ။
လက်ရှိ Solar ဈေးကွက်အခြေအနေမှာ အိမ်ခေါင်မိုးပေါ် Solar Panel မတပ်ဆင်သေးဘဲ Battery Backup System ကို အရင်တပ်ဆင်အသုံးပြုချင်သူတွေအတွက် GOODWE Power Wall Package ကို မိတ်ဆက်ပေးလိုက်ပါတယ်။
⚡ Package Price — 126 သိန်း
Package မှာ ပါဝင်တာတွေကတော့
✅ GoodWe 6 kW Hybrid Inverter
✅ GoodWe Lithium Battery — 15 kWh
✅ Inverter နဲ့ Battery အတွက် 5 Years Warranty
💰 တပ်ဆင်ခနဲ့ အခြားကုန်ကျစရိတ်များ
Installation Fee၊ Transportation၊ Electrical Protection Equipment နဲ့ Accessories များအတွက် သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။
ဒါကြောင့် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်က သိန်း ၁၄၆ ဝန်းကျင် ဖြစ်ပါတယ်။
မှတ်ချက် — အမှန်တကယ်ကုန်ကျစရိတ်ဟာ Site Condition၊ Electrical Installation နဲ့ လိုအပ်တဲ့ Equipment များပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
📍 Site Survey ဘယ်လိုလုပ်မလဲ?
စိတ်ဝင်စားတယ်ဆိုရင် AETHER Solar Engineering ကို ဖုန်းဆက်လိုက်ပါ။ ကျွန်တော်တို့ရဲ့ Survey Team က အိမ်မှာ လာရောက်စစ်ဆေးပြီး လိုအပ်တဲ့ System Design နဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပေးပါမယ်။
Site Survey Fee — 50,000 ကျပ်
System တပ်ဆင်ဖြစ်ပါက Survey Fee ကို ပြန်လည်နုတ်ပေးပါမယ်။
ကိုယ့်အိမ်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံနဲ့ ကိုက်ညီတဲ့ System ကို အရင်စစ်ဆေးတွက်ချက်ပြီးမှ ဆုံးဖြတ်နိုင်ပါတယ်။
AETHER Solar Engineering (Since 2017)
📞 09 5152476
📞 09 5017382
Quality Equipment. Proper Engineering. Reliable Solar Solutions.
ကျေးဇူးတင်ပါတယ်။

GOODWE SOLAR FOR HOMEအခုလို အခြေအနေမျိုးမှာ Luxury brand 6 kW Hybrid Solar System — သိန်း ၂၈၀ ဝန်းကျင်ဖြင့် တပ်ဆင်နိုင်ပ...
12/10/2026

GOODWE SOLAR FOR HOME
အခုလို အခြေအနေမျိုးမှာ Luxury brand 6 kW Hybrid Solar System — သိန်း ၂၈၀ ဝန်းကျင်ဖြင့် တပ်ဆင်နိုင်ပါပြီ!
အိမ်တစ်အိမ်အတွက် Solar System တပ်ဆင်မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်လို့ မရပါဘူး။ Inverter ကောင်းဖို့၊ Battery Capacity လုံလောက်ဖို့၊ Solar Panel အရည်အသွေးကောင်းဖို့နဲ့ Electrical Protection စနစ် ပြည့်စုံဖို့လည်း အရေးကြီးပါတယ်။
အခု AETHER Solar Engineering ကနေ မိသားစုအိမ်သုံးအတွက် GoodWe 6 kW Hybrid Solar System ကို စနစ်တကျ တွက်ချက်တပ်ဆင်နိုင်မယ့် Package တစ်ခုအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။
ဘာတွေပါဝင်မလဲ?
✅ GoodWe 6 kW Hybrid Inverter — 1 Unit
✅ Lithium Battery 15 kWh — စုစုပေါင်း Capacity
✅ 635 Wp Solar Panel 10 ချပ် — စုစုပေါင်း 6.35 kWp
✅ Solar Mounting Frame
✅ DC/AC Breakers နှင့် Electrical Protection Equipment များ
✅ သတ်မှတ်ထားသော Cable များ၊ Installation နှင့် Transportation
စနစ်တစ်ခုလုံးကို အရည်အသွေးရှိတဲ့ Equipment တွေနဲ့ စနစ်တကျ တပ်ဆင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
စုစုပေါင်း ဘယ်လောက်ကျမလဲ?
GoodWe 6 kW Inverter + 15 kWh Battery Package — 126 သိန်း
Solar Panel 635 Wp × 10 ချပ် — 97 သိန်း
Frame, Installation, Breakers, Cables, Protection Equipment နဲ့ Transportation — 50–60 သိန်းခန့်
အကြမ်းဖျင်းအားဖြင့် သိန်း ၂၈၀ ဝန်းကျင် လို့ မှန်းဆနိုင်ပါတယ်။
မှတ်ချက် — ဈေးနှုန်းများသည် လက်ရှိဈေးကွက်အခြေအနေ၊ ရွေးချယ်အသုံးပြုမည့် Equipment အရည်အသွေးနဲ့ Site Condition ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ Earthing System အသစ်တပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ် မပါဝင်သေးပါ။ ရှိပြီးသား Earthing System က သင့်တော်မှုရှိပါက ပြန်လည်အသုံးပြုနိုင်ပါတယ်။
ဒီ System နဲ့ ဘာတွေသုံးနိုင်မလဲ?
သာမန်အိမ်တစ်အိမ်အတွက် နေ့ခင်းဘက် Solar Generation ကောင်းတဲ့အချိန်မှာ—
🍳 ထမင်းဟင်းချက်ပြုတ်ခြင်း
❄️ Aircon အသုံးပြုခြင်း
🧊 ရေခဲသေတ္တာ၊ TV၊ မီး၊ ပန်ကာနဲ့ အခြားအိမ်သုံးပစ္စည်းများ အသုံးပြုခြင်း
🚗 EV ကို Level 1 Charging ဖြင့် အားသွင်းခြင်း
စတဲ့ အသုံးပြုမှုတွေကို သင့်တော်တဲ့ Load Management နဲ့ အသုံးပြုနိုင်ပါတယ်။
တစ်နေ့တာ Solar Energy ထုတ်လုပ်မှုက အခြေအနေကောင်းတဲ့နေ့တွေမှာ 25 kWh ဝန်းကျင် သို့မဟုတ် ပိုမိုထုတ်လုပ်နိုင်ခြေရှိ ပါတယ်။
မှတ်သားထားဖို့ — 6 kW ဆိုတာ Inverter ရဲ့ Power Rating ဖြစ်ပြီး 15 kWh ဆိုတာ Battery ရဲ့ Energy Storage Capacity ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Load နဲ့ Backup Duration က သုံးစွဲမှုပုံစံပေါ် မူတည်ပါတယ်။
🛡️ Warranty ဘယ်လောက်ရမလဲ?
GoodWe Inverter & Battery — ဖော်ပြထားသော Package Warranty 5 နှစ်
Solar Panel — Product Warranty 12 နှစ် + Performance Warranty 30 နှစ်
Warranty သတ်မှတ်ချက်များ၊ Coverage နဲ့ Claim Conditions ကို သက်ဆိုင်ရာ Manufacturer Warranty Terms အတိုင်း အတည်ပြုပေးပါမယ်။
🌍 ဘာကြောင့် AETHER Solar ( 2017) ကို ရွေးချယ်သင့်သလဲ?
AETHER Solar Engineering ဟာ Since 2017 ကတည်းက Solar for Home System များကို အတွေ့အကြုံနဲ့အတူ ဆောင်ရွက်လာတဲ့ Solar Engineering Team ဖြစ်ပါတယ်။
ကျွန်တော်တို့အတွက် Solar System ဆိုတာ ပစ္စည်းတွေ ရောင်းချတပ်ဆင်ပေးရုံသာ မဟုတ်ပါဘူး။ Customer ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံ၊ Budget၊ Load Requirement နဲ့ Safety ကို ထည့်သွင်းစဉ်းစားပြီး သင့်တော်တဲ့ System Design ရရှိဖို့က ပိုအရေးကြီးပါတယ်။
📍 တပ်ဆင်မယ်ဆိုရင် ဘာလုပ်သင့်သလဲ?
အကောင်းဆုံးနည်းလမ်းကတော့ Installation Engineer Team နဲ့ Site Survey ပြုလုပ်ပြီး Load Calculation၊ Solar Panel Layout၊ Battery Backup နဲ့ Electrical Protection Design တွေကို အတိအကျတွက်ချက်ခြင်း ဖြစ်ပါတယ်။
ကိုယ့်အိမ်ရဲ့ အသုံးပြုမှုပုံစံနဲ့ Budget ကိုက်ညီတယ်ဆိုရင် GoodWe Solar for Home System ဟာ စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခုပါ။
AETHER Solar Engineering — Quality Equipment. Proper Engineering. Reliable Solar System.
အသေးစိတ်ဈေးနှုန်းနဲ့ Site Survey အတွက် AETHER Solar Engineering : Ma Thiri Lwin ( 09 5152476 ) ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

10/10/2026

GoodWe

GoodWe — solar brand ဆိုတာဘာလဲ ? **************************************AETHER Solar Engineering (Since 2017) ရဲ့ ရည်ရွယ်...
10/10/2026

GoodWe — solar brand ဆိုတာဘာလဲ ?
**************************************
AETHER Solar Engineering (Since 2017) ရဲ့ ရည်ရွယ်ချက်ဟာ Solar ပစ္စည်းများ ရောင်းချတပ်ဆင်ပေးရုံ သာမကပါဘူး။
Customer တစ်ဦးချင်းစီ၏ လျှပ်စစ်အသုံးပြုမှု ပုံစံနှင့် ကိုက်ညီသည့် Best Solar System ကို ရွေးချယ်နိုင်ရန်အတွက် Technical Knowledge နှင့် Engineering Approach များကို အခြေခံ၍ စနစ်တကျ အကြံပြုဆွေးနွေးပေးခြင်း Knowledge sharing ပင် ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ Solar System တစ်ခု တပ်ဆင်တော့မည်ဆိုပါက Inverter ရဲ့ kW Capacity နဲ့ ဈေးနှုန်းတစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်ရုံဖြင့် မလုံလောက်တော့ပါဘူး။
ရေရှည်ခိုင်မာစွာ အသုံးပြုနိုင်မှု Brand performance
Energy Management နည်းပညာ အဆင့်မြင့်မားမှု
Battery Integration စနစ် ကောင်းမွန်မှု
System Reliability (စနစ်၏ စိတ်ချအားကိုးရမှု)
စသည့် အရေးကြီးသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။ ထိုသို့ စဉ်းစားသည့်အခါ ကမ္ဘာ့ Solar Industry တွင် ထိပ်တန်းစာရင်းဝင် GoodWe Brand ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
🌍 GOODWE — GLOBAL SOLAR TECHNOLOGY BRAND
GoodWe Technologies ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Solar Inverter နှင့် Smart Energy Solutions များကို အဓိက သုတေသနပြု ဖွံ့ဖြိုးထုတ်လုပ်နေသည့် worldtop ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
GoodWe ၏ ထင်ရှားသည့် အချက်များ ခိုင်မာစွာ ရှိနေခြင်း -
🔹 Founded in 2010 — Solar Technology နယ်ပယ်တွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိခြင်း။
🔹 100+ Countries — ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုထားခြင်း။
🔹 100 GW+ Installation — ကမ္ဘာပေါ်တွင် စုစုပေါင်း Inverter Installation Capacity 100 GW ကျော်အထိ တပ်ဆင်ထားနိုင်ခြင်း။
🔹 Listed Company — ၂၀၂၀ ပြည့်နှစ်တွင် Shanghai Stock Exchange ၌ စာရင်းဝင် ကုမ္ပဏီဖြစ်လာခြင်း။
🔹 Global Tier 1 Recognition — S&P နှင့် BloombergNEF (BNEF) တို့၏ Tier 1 PV Inverter Supplier / Brand စာရင်းများတွင် ဖော်ပြခံထားရခြင်း။
ထို့ကြောင့် မြန်မာနိုင်ငံတွင် တရားဝင် ဖြန့်ဖြူးပေးနေသည့် GoodWe Inverter Brand ကို စိတ်ချလက်ချ ယုံကြည်စွာ သုံးစွဲနိုင်ပါတယ်။ တင်သွင်းသူ ကုမ္ပဏီမှလည်း Warranty အပြည့်အဝ တာဝန်ယူ ပေးအပ်ထားပါတယ်။
GoodWe ရဲ့ အဆင့်မြင့် နည်းပညာများနှင့်အတူ လူကြီးမင်းတို့ မိသားစုနှင့် စီးပွားရေးလုပ်ငန်းများအတွက် အသင့်တော်ဆုံး Solar Energy Solution ကို AETHER Solar Engineering ( Since 2017 တွင် လာရောက်ဆွေးနွေး ရွေးချယ်လိုက်ပါ။
📞 အသေးစိတ် စုံစမ်းမေးမြန်းရန် ဆက်သွယ်ရန် ဖုန်းနံပါတ်များ -
📱 09 5152476 📱 09 5017382 📱 09 799799146

Solutions

AETHER Solar Engineering မှ Solar For Home  System package ****************************************************လေးစားရပါ...
10/10/2026

AETHER Solar Engineering မှ Solar For Home System package
****************************************************
လေးစားရပါသော customer များအတွက် GoodWe Inverter & Battery ( အခုအချိန်မှာ Tier 1 Luxury inverter brand မှာ အတော်တန်တဲ့ package ပါ )
အိမ်သုံး Solar System တပ်ဆင်ဖို့ စဉ်းစားနေကြတဲ့ မိတ်ဆွေများအတွက် AETHER Solar Engineering (Since 2017) မှ GoodWe Hybrid Inverter၊ GoodWe Lithium Battery နဲ့ ကမ္ဘာ့ဈေးကွက်မှာ လူသိများတဲ့ Trina Solar / Jinko Solar Panel တို့ကို ပေါင်းစပ်ထားတဲ့ Solar for Home Special Package များကို မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
ဒါကြောင့် မိမိအိမ်ရဲ့ Power Demand နဲ့ ကိုက်ညီစွာ ရွေးချယ်တပ်ဆင်နိုင်ဖို့ GoodWe 6kW နဲ့ 8kW Hybrid Solar Package နှစ်မျိုး ကို စီစဉ်ပေးထားပါတယ်။
PACKAGE 1 — GOODWE 6kW HYBRID SOLAR SYSTEM
ပါဝင်ပစ္စည်းများ
🔹 GoodWe ES G2 Hybrid Inverter (LV) 6kW — ၁ လုံး
🔹 GoodWe Lynx A Lithium Battery (LV) 5.0kWh — ၃ လုံး (Total Battery Capacity — 15kWh)
☀️ Solar Panel ရွေးချယ်နိုင်မှု
မိမိလိုအပ်ချက်အလိုက် အောက်ပါ Solar Panel များကို ရွေးချယ်တပ်ဆင်နိုင်ပါတယ်။
▪️ Trina Solar 635Wp and Jinko Solar 620Wp
Solar Panel Quantity — 6 မှ 14 Panels အထိ
Panel အရေအတွက်ကို မိမိအိမ်ရဲ့ နေ့စဉ်လျှပ်စစ်သုံးစွဲမှုပမာဏ၊ ခေါင်မိုးအကျယ်အဝန်းနဲ့ Inverter ရဲ့ PV Input Specification တို့အပေါ် မူတည်ပြီး တွက်ချက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
PACKAGE 2 — GOODWE 8kW HYBRID SOLAR SYSTEM
လျှပ်စစ်အသုံးပြုမှု ပိုမိုများပြားတဲ့ အိမ်များအတွက်
ပါဝင်ပစ္စည်းများ
🔹 GoodWe ES Uniq Hybrid Inverter (LV) 8kW — ၁ လုံး
🔹 GoodWe Lynx A Lithium Battery (LV) 5.0kWh — ၄ လုံး( Total Battery Capacity — 20kWh)
မိမိလိုအပ်ချက်အလိုက် အောက်ပါ Solar Panel များကို ရွေးချယ်တပ်ဆင်နိုင်ပါတယ်။
▪️ Trina Solar 635Wp and Jinko Solar 620Wp
Solar Panel Quantity — 10 မှ 18 Panels အထိ
ပိုမိုများပြားတဲ့ Solar Generation နဲ့ Battery Storage လိုအပ်တဲ့ အိမ်များအတွက် မိမိရဲ့ Load Requirement အလိုက် System ကို Design ပြုလုပ်တပ်ဆင်ပေးနိုင်ပါတယ်။
SITE SURVEY & ENGINEERING DESIGN
Solar System တစ်ခုကို စနစ်တကျ တပ်ဆင်နိုင်ဖို့အတွက် Inverter နဲ့ Battery ရွေးချယ်ရုံသာမက အိမ်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံကိုပါ သိရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် AETHER Solar Engineering မှ ကျွမ်းကျင်တဲ့ Solar Engineer များက Site Survey ပြုလုပ်ပြီး စနစ်တစ်ခုလုံးအတွက် ကုန်ကျစရိတ်အသေးစိတ် စစ်ဆေးတွက်ချက်ပေးမှာ ဖြစ်ပါတယ်။
Site Survey Fee — 50,000 MMK
တပ်ဆင်မှုအတွက် AETHER Solar Engineering နဲ့ ဆက်လက်အတည်ပြုဆောင်ရွက်ဖြစ်ပါက Survey Fee ကို ပြန်လည် Refund ပေးမှာ ဖြစ်ပါတယ်။
LIMITED STOCK ဖြစါလို့ အမြန်ဆုံး ကြိုတင်ဆက်သွယ်မှာယူနိုင်ပါပြီ။
AETHER Solar Engineering (Since 2017)
☀️ Solar for Home • Hybrid Solar System • Battery Storage
📞 ဆက်သွယ်ရန်
09 5152476
09 5017382
09 799799146
ဝယ်ယူအားပေးကြတဲ့ Customer များအားလုံးကို AETHER Solar Engineering မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။


08/10/2026

လေးစားရပါသော AETHER Solar (Since 2017) Customer များခင်ဗျာ
**************************************************
လက်ရှိ Solar Market အခြေအနေမှာ ဈေးနှုန်းတွေ တက်လာတာထက် ပစ္စည်း Stock တွေက Out of Stock ဖြစ်လုနီးပါးအခြေအနေ ရောက်နေပါတယ်။
အဓိကအကြောင်းရင်းကတော့ Import License တွေ မရရှိသေးတာကြောင့် ပစ္စည်းအသစ်တွေ ပုံမှန်ပြန်လည်တင်သွင်းနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်ခင်ဗျာ။
ဒါကြောင့် လက်ရှိရှိတဲ့ Stock တွေကိုလည်း အတတ်နိုင်ဆုံး ထိန်းပြီး ရောင်းချနေရပါတယ်။ဈေးကတော့ အရင်ကလိုမဟုတ်ပဲ ပေါက်ဈေးအတိုင်းဖြစ်ပါမယ်။
ကျွန်တော်တို့အနေနဲ့လည်း ပစ္စည်းပြန်ဝယ်တဲ့အချိန်မှာ အရင်ဈေးနဲ့ ပြန်ဝယ်လို့မရတော့တာ၊ တချို့ပစ္စည်းတွေဆို ရှာဖို့တောင် ခက်ခဲလာတာ တွေရှိပါတယ်။
အရင်က Customer တွေအတွက် အဆင်ပြေအောင် အရှုံးခံပြီး ရောင်းပေးခဲ့တာတွေ လည်း အချိန်တော်တော်ကြာပါပြီ။ အခုလို Market အခြေအနေမှာတော့ အဲဒီလို ဆက်ပြီးရောင်းဖို့က ကျွန်တော်တို့အတွက်လည်း ခက်ခဲလာပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ ဈေးနှုန်း Inquiry လုပ်တဲ့အခါ အရင်ကနဲ့မတူဘဲ အဆင်မပြေမှုတွေ ရှိလာခဲ့ရင် လက်ရှိ Market အခြေအနေအရ နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။
AETHER Solar ကိုလည်း ဝါသနာနဲ့ စိတ်ပါဝင်စားမှုအပြည့်နဲ့ 2017 ကတည်းက လုပ်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုလို အခြေအနေမျိုးမှာ လုပ်ငန်းကို ဆက်လက်ရပ်တည်ဖို့က ကျွန်တော်တို့အတွက်လည်း မလွယ်ကူပါဘူး။
ဒါပေမယ့် Customer တွေအတွက်တော့ အတတ်နိုင်ဆုံး ဆက်ပြီးကူညီပေးသွားမှာပါ။
ရနိုင်သမျှ Source တွေကို ရှာပေးပါမယ်။
လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်နိုင်မယ့် Solution ကို စဉ်းစားပေးပါမယ်။
ပြီးတော့ Quality ကောင်းတဲ့ Equipment တွေကိုပဲ Recommend လုပ်ပေးသွားပါမယ်။
အခုလို ပစ္စည်းရှားပါးနေတဲ့အချိန်မှာ ဈေးသက်သာတာတစ်ခုတည်းကိုကြည့်ပြီး Quality မကောင်းတဲ့ Equipment ကို ရွေးချယ်မိရင်—နှစ်ခါ စိတ်ဆင်းရဲရနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က—
“ရတာကို ရောင်းမယ်” မဟုတ်ဘဲ
“Customer အတွက် သင့်တော်တာကို Recommend လုပ်မယ်”
ဆိုတဲ့ မူနဲ့ ဆက်လက်ရပ်တည်သွားပါမယ်။
အခုအချိန်အထိ AETHER Solar ကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့ Customer များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
Market အခြေအနေ ဘယ်လောက်ခက်ခဲပါစေ၊ Customer ရဲ့အကျိုးကို ထည့်စဉ်းစားပြီး ရနိုင်သမျှထဲက အကောင်းဆုံး Solution ကို ဆက်လက်ရှာပေးသွားပါမယ်။
AETHER Solar Engineering (Since 2017 )
📞 09 5152476 | 09 5017382

ယုံယုံကြည်ကည်နဲ့ဝယ်ယူအားပေးတပ်ဆင်ကြတဲ့Customerတဦးချင်းစီတိုင်းကိုကျေးဇူးအထူးအထူးဘဲတင်ရှိပါတယ်ရှင်😊
06/10/2026

ယုံယုံကြည်ကည်နဲ့ဝယ်ယူအားပေးတပ်ဆင်ကြတဲ့Customerတဦးချင်းစီတိုင်းကိုကျေးဇူးအထူးအထူးဘဲတင်ရှိပါတယ်ရှင်😊

Address

Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595152476

Website

Alerts

Be the first to know and let us send you an email when Aether Solar Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aether Solar Engineering:

Shortcuts

Share