AHKHARA SOLUTION

AHKHARA SOLUTION Consulting, Setting Up, Developing Policy & SOP for all Management functions . Corporate Training Services for SMEs and Corporates.

၂၀၂၇ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက် ၃၄ ရက် သတ်မှတ်၊ မြန်မာနှစ်သစ်ကူးကာလ ၉ ရက်အထိ ရုံးပိတ်မည်။ ၂၀၂၇ ခုနှစ်အတွင်း မြန်မ...
25/08/2026

၂၀၂၇ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက် ၃၄ ရက် သတ်မှတ်၊ မြန်မာနှစ်သစ်ကူးကာလ ၉ ရက်အထိ ရုံးပိတ်မည်။

၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ရုံးများ၏ ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကို လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ၂၀၂၇ ခုနှစ်အတွင်း အများပြည်သူအလုပ်ပိတ်ရက် စုစုပေါင်း ၃၄ ရက် သတ်မှတ်ထားပြီး မြန်မာနှစ်သစ်ကူးကာလတွင် ရုံးပိတ်ရက် ၉ ရက်အထိ ဆက်တိုက်ရရှိမည်ဖြစ်သည်။

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြား ကျရောက်သည့် ရုံးပိတ်ရက် လေးရက်ကိုလည်း အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ထပ်မံသတ်မှတ်ပေးထားသည်။

ယင်းသို့ ရက်ရှည်ရုံးပိတ်ရက်များ သတ်မှတ်ပေးထားမှုနှင့်အတူ မတ် ၁ ရက်အတွက် မတ် ၆ ရက်၊ မေ ၂၁ ရက်အတွက် မေ ၂၉ ရက်၊ နိုဝင်ဘာ ၂၂ ရက်အတွက် နိုဝင်ဘာ ၂၇ ရက်နှင့် ဒီဇင်ဘာ ၂၇ ရက်အတွက် ၂၀၂၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တို့ကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်ထားသည်။

အီဒလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့နှင့် ဒီပါဝလီနေ့တို့ ကျရောက်မည့် ရက်စွဲများကို သီးခြားထပ်မံကြေညာမည်ဖြစ်ပြီး ဘဏ်ပိတ်ရက်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက သီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

#အက္ခရာ



 ှိတယ်ဝန်ထမ်းတွေမလိုက်နာဘူးကုမ္ပဏီတချို့မှာ ပြောလေ့ရှိတယ်။“ဆရာရေ Policy တွေလည်း ရေးထားပါတယ်။ SOP တွေလည်းရှိပါတယ်။ ဒါပေမယ...
24/08/2026

ှိတယ်ဝန်ထမ်းတွေမလိုက်နာဘူး

ကုမ္ပဏီတချို့မှာ ပြောလေ့ရှိတယ်။

“ဆရာရေ Policy တွေလည်း ရေးထားပါတယ်။ SOP တွေလည်းရှိပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေက မလိုက်နာကြဘူးဗျာ” တဲ့။

ဒီလိုဆိုရင် ဝန်ထမ်းတွေက စည်းကမ်းမရှိလို့လား?

ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျုပ်ကတော့ ဝန်ထမ်းတွေဘက်ကို လက်ညှိုးမထိုးခင် တခြားအချက်တွေကို အရင်ပြန်ကြည့်စေချင်တယ်။

ပထမဆုံးက
ရေးထားတဲ့ Policy ကို ဝန်ထမ်းတွေ တကယ်သိကြရဲ့လား

Policy စာအုပ်ထုတ်ထားတာနဲ့ ပဲ ဝန်ထမ်းတွေ Policy ကို သိတယ်လို့ ပြောလို့မရဘူး။

ဝန်ထမ်းတွေကို ရှင်းပြထားသလား။
လိုအပ်တဲ့ Orientation / Awareness လုပ်ထားသလား။
သိရှိလိုက်နာမယ်ဆိုတာ Acknowledge လုပ်ထားသလား။ ဒါတွေရှိဖို့လိုတယ်။

နောက်တချက်
ရေးထားတဲ့ Policy ကို တကယ်လိုက်နာလို့ရရဲ့လား?

ဥပမာ ရုံးစားပွဲမှာ ထမင်းမစားရဘူးလို့ စည်းကမ်းထုတ်ထားပြီး ထမင်းစားဖို့နေရာ မစီစဉ်ပေးထားဘူးဆိုရင် စဉ်းစားစရာရှိလာပြီ။
စည်းကမ်းထုတ်ရုံနဲ့ မပြီးဘူး။
လိုက်နာလို့ရမယ့် Condition ကိုလည်း ဖန်တီးပေးရတယ်။

နောက်တခုက ပိုအရေးကြီးတယ်
Management တွေကိုယ်တိုင် လိုက်နာကြရဲ့လား?

အောက်ကဝန်ထမ်းကိုတော့ Policy အတိုင်းလုပ်ခိုင်းပြီး Management ကတော့ ခြွင်းချက်ဖြစ်နေတယ်ဆိုရင် ဒီ Policy က ကြာကြာခံဖို့ခက်တယ်။

ပြီးတော့

မလိုက်နာတာတွေ့ရင် ဘယ်သူက ကြီးကြပ်မလဲ?

ဘယ်သူ့ကို Report လုပ်မလဲ?

ဘယ်လို Correct လုပ်မလဲ?

ထပ်ခါတလဲလဲ ဖောက်ဖျက်ရင် ဘယ်လိုအရေးယူမလဲ?

ဒီလို Responsibility, Reporting Line, Monitoring နဲ့ Enforcement တွေလည်း ရှိရမယ်။

ဆိုတော့...

Policy ရှိပေမယ့် လူတွေမလိုက်နာတာကို

“ဝန်ထမ်းတွေ စည်းကမ်းမရှိလို့”

ဆိုပြီးတခါတည်း ပြောချလိုက်တာက နည်းနည်းစောပါတယ်။

တခါတလေ Policy ကိုယ်တိုင် မကောင်းတာ ဖြစ်နိုင်တယ်။

တခါတလေ Communication မကောင်းတာ ဖြစ်နိုင်တယ်။

တခါတလေ Management က မလိုက်နာတာ ဖြစ်နိုင်တယ်။

တခါတလေ Monitoring & Enforcement မရှိတာ ဖြစ်နိုင်တယ်။

ကျုပ်တို့ Policy ရေးတဲ့အခါ စာရွက်ပေါ်မှာ Policy တခုရှိသွားဖို့ထက် တကယ်အလုပ်လုပ်တဲ့ Policy ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ မြင်တယ်။

Policy ရှိခြင်းနဲ့ Policy အလုပ်လုပ်ခြင်းက မတူပါဘူး။

ခဗျားတို့လုပ်ငန်းမှာရော

Policy မရှိတာက ပြဿနာလား?

ရှိပြီး မလိုက်နာတာက ပိုပြဿနာဖြစ်နေလား?

#ဇေယျာမင်းဦး #အက္ခရာ

 #လုပ်ငန်းရှင်မရှိရင်အလုပ်တွေရပ်သွားရောလားလုပ်ငန်းရှင်တချို့နဲ့ စကားပြောဖြစ်တဲ့အခါ ကြားရလေ့ရှိတာတခုရှိတယ်။“ကျုပ်မရှိရင် ...
22/08/2026

#လုပ်ငန်းရှင်မရှိရင်အလုပ်တွေရပ်သွားရောလား

လုပ်ငန်းရှင်တချို့နဲ့ စကားပြောဖြစ်တဲ့အခါ ကြားရလေ့ရှိတာတခုရှိတယ်။

“ကျုပ်မရှိရင် အလုပ်မဖြစ်ဘူး။”

ဝယ်တာလည်း သူပါမှ။
ရောင်းတာလည်း သူ့ကိုမေးရဦးမယ်။
ဈေးနှုန်းဆုံးဖြတ်တာလည်း သူ။
Discount ပေးမယ်ဆိုလည်း သူ့ကိုမေး။
ငွေထုတ်မယ်ဆိုလည်း သူ့ဆီတင်။
ပစ္စည်းဝယ်မယ်ဆိုလည်း သူ့ Approval စောင့်။
Customer နဲ့ ပြဿနာဖြစ်လည်း သူရှင်း။
ဝန်ထမ်းကိစ္စဖြစ်လည်း သူဆုံးဖြတ်။

ဆိုတော့ မနက်မိုးလင်းကနေ ညအထိ အလုပ်တွေရှုပ်နေတာပေါ့။

ဒီလိုဆိုရင် လုပ်ငန်းရှင်က အလုပ်အရမ်းလုပ်တဲ့သူ၊ လုပ်ငန်းအပေါ် အရမ်းတာဝန်ယူတဲ့သူလို့ မြင်လို့ရနိုင်တယ်။

ဒါပေမယ့် တခြားဘက်က ပြန်ကြည့်ရင်တော့ စဉ်းစားစရာရှိလာတယ်။

ခဗျားမရှိရင် ခဗျားရဲ့လုပ်ငန်းက ဘယ်လောက်ကြာကြာ ပုံမှန်လည်ပတ်နိုင်မလဲ?

တရက်လား။
သုံးရက်လား။
တပတ်လား။

ခဗျား ဖုန်းပိတ်ပြီး တပတ်လောက် ခရီးသွားလိုက်ရင် ဘာတွေဖြစ်ကုန်မလဲပေါ့။

ဒီအချိန်မှာ—
ဆုံးဖြတ်ချက်တွေ ရပ်သွားတယ်။
Approval တွေ စောင့်နေရတယ်။
ဝန်ထမ်းတွေ ဘာဆက်လုပ်ရမလဲ မသိဘူး။
Manager တွေက ဆုံးဖြတ်ချက်မချရဲဘူး။
Customer Issue တွေ ခဗျားပြန်လာတဲ့အထိ စောင့်နေရတယ်။
ဆိုတာမျိုး ဖြစ်လာရင်တော့ ဒါကို ဝန်ထမ်းတွေရဲ့ အားနည်းချက်လို့ တခုတည်းလို့ ပြောဖို့ခက်လာပြီ။

တကယ်တမ်း ပြန်စစ်ကြည့်သင့်တာက-
Role တွေ ရှင်းရဲ့လား?
လုပ်ငန်းစဉ် Process တွေ သတ်မှတ်ထားရဲ့လား?
ဘယ်သူက ဘာကို ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတဲ့ Authority ရှင်းရဲ့လား?
ဘယ်လိုကိစ္မမျိုးဆိုရင် အထက်အဆင့်ကို တင်ပြ ခွင့်ပြုချက်တောင်းဆိုတာမျိုး သေချာ ချထားရဲ့လား
Manager တွေကို Decision Making လုပ်နိုင်အောင် လုပ်ပိုင်ခွင့်ပေးရောပေးထားရဲ့လား?
လိုအပ်တဲ့ Information နဲ့ Reporting System ရှိရဲ့လား?

ဒါတွေမရှိဘဲ “ဝန်ထမ်းတွေက ဘာမှဆုံးဖြတ်မလုပ်တတ်ဘူး၊ အကုန်ငါပဲ လုပ်နေရတယ်” ဆိုရင်တော့ ဝန်ထမ်းဘက်ကိုချည်း လက်ညှိုးထိုးလို့ မရပြန်ဘူး။

ဘာလို့လဲဆိုတော့ သူတို့ကို ဆုံးဖြတ်တတ်အောင်၊ လုပ်တတ်အောင်၊ တာဝန်ယူတတ်အောင်၊ သင်ပေး ကြားပေးတာမျိုး၊ စနစ် ဇယား တည်ဆောက်ပေးတာမျိုး လုပ်ထားသလား ဆိုတာလည်း ပြန်မေးရမှာကြောင့်ဖြစ်တယ်။

လုပ်ငန်းစစချင်းမှာ Owner ကိုယ်တိုင် အရာရာဝင်လုပ်ရတာ သဘာဝပါပဲ။ လုပ်ကိုလုပ်ရမယ်လို့တောင် ပြောလို့ရတယ်။

ဒါပေမယ့် လုပ်ငန်းက ကြီးလာပြီး၊ ချဲ့လာပြီ။
လူတွေကလည်းများလာပြီ။
အဲဒီအချိန်အထိ အရာရာကို Owner ကိုယ်တိုင် ဆုံးဖြတ်နေရတုန်းဆိုရင်တော့-
Business က ကြီးလာပေမယ့် Management System က လိုက်မတက်လာတာမျိုး ဖြစ်နေနိုင်တယ်။

ကျုပ်အမြင်အရ လုပ်ငန်းရှင်တယောက်ရဲ့ အရေးပါမှုဆိုတာ အလုပ်တိုင်းကို ကိုယ်တိုင်လုပ်နိုင်တာ နဲ့ချည်း တိုင်းတာမျိုးမဟုတ််ဘူး။
ကိုယ်မရှိတဲ့အချိန်မှာတောင် သတ်မှတ်ထားတဲ့ စနစ်အတိုင်း လူတွေက ဆုံးဖြတ်၊ ဆောင်ရွက်၊ Report လုပ်ပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်အောင် တည်ဆောက်ထားနိုင်တာကအဓိကဖြစ်မယ်။

ဆိုတော့ ခဗျား လုပ်ငန်းကို စမ်းသပ်ကြည့်ချင်ရင် မေးခွန်းတခုတည်း မေးကြည့်ပါ။

“ကျုပ် မရှိဘဲ ဒီလုပ်ငန်းက ၃ ရက် ပုံမှန်လည်ပတ်နိုင်မလား?”
အဖြေက မရဘူး ဆိုရင်တော့...

လူတွေကို အရင်အပြစ်မတင်သေးဘဲ စနစ် ဘက်ကိုပါ တချက်ပြန်ကြည့်သင့်ပြီ။

ခဗျားတို့ရဲ့ လုပ်ငန်းကရော
ဘာလုပ်လုပ် သဌေးကို မှီခိုနေရတဲ့
Owner-Dependent Business လား?
အလုပ်အများစုကို စနစ်ကပဲ ထိန်းကြောင်းသွားတဲ့
System-Driven Business လား?

#ဇေယျာမင်းဦး #အက္ခရာ

 ိုHRတွေပဲသိဖို့လိုတာလားကုမ္ပဏီတွေမှာ Labor Law နဲ့ပတ်သက်လာရင် HR သိထားရမယ့်အရာ၊ HR နဲ့ပဲဆိုင်တဲ့အရာလို့ မြင်တတ်ကြတာရှိတ...
21/08/2026

ိုHRတွေပဲသိဖို့လိုတာလား

ကုမ္ပဏီတွေမှာ Labor Law နဲ့ပတ်သက်လာရင် HR သိထားရမယ့်အရာ၊ HR နဲ့ပဲဆိုင်တဲ့အရာလို့ မြင်တတ်ကြတာရှိတယ်။

ဒါလည်း မမှားဘူး။
HR လုပ်နေပြီး Labor Law ကိုမှ မသိလို့လည်း မဖြစ်ဘူးပေါ့။

ဒါပေမယ့် ကျုပ်တို့ နည်းနည်းပြန်စဉ်းစားကြည့်ရအောင်။

ဝန်ထမ်းတွေကို နေ့စဉ်နဲ့အမျှ အလုပ်ခိုင်းနေတာ HR လား?

ခွင့်ပေးတာ၊ OT ဆင်းခိုင်းတာ၊ Performance ကို ကြီးကြပ်တာ၊ အလုပ်တာဝန်ပေးတာ၊ စည်းကမ်းမလိုက်နာရင် ဆုံးမတာ၊ အရေးယူဖို့ တင်ပြတာတွေကို HR တယောက်တည်းက လုပ်နေတာလား?

မဟုတ်ဘူးဗျ။

တကယ်တမ်း ဝန်ထမ်းတွေနဲ့ နေ့စဉ်အနီးကပ် ထိတွေ့ပြီး Manage လုပ်နေရတာက Supervisor တွေ၊ Manager တွေ၊ Department Head တွေ ဖြစ်တယ်။

ဒီတော့ Labor Law ကို HR ပဲသိပြီး Manager တွေ မသိရင် ဘာဖြစ်မလဲ?

Manager က ကိုယ့်အမြင်နဲ့ကိုယ် ဆုံးဖြတ်မယ်။
HR က Law နဲ့ Policy အရ ပြန်တည့်ပေးရမယ်။
မတည့်ရင် HR နဲ့ Manager ကြား ပြဿနာဖြစ်မယ်။
ပိုဆိုးရင် Manager ရဲ့ ဆုံးဖြတ်ချက်တခုက Company ရဲ့ Legal Risk ဖြစ်သွားနိုင်တယ်။

နောက်တဆင့်မှာ MD, CEO နဲ့ လုပ်ငန်းရှင်တွေ ရှိသေးတယ်။

ဝန်ထမ်းခန့်တာ၊ လစာနဲ့အကျိုးခံစားခွင့် သတ်မှတ်တာ၊ Working Conditions ပြောင်းတာ၊ Disciplinary Action လုပ်တာ၊ ဝန်ထမ်းကို အလုပ်ကထုတ်ပယ်တာလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရဲ့ နောက်ဆုံး Decision Maker က ဘယ်သူတွေလဲဆိုတာ စဉ်းစားကြည့်ကြပေါ့။

HR က Labor Law သိပြီး အကြံပေးနိုင်တယ်။

ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့သူက မသိဘူးဆိုရင်လည်း အခက်သားလား။

ဝန်ထမ်းတွေကရော မသိလို့ရလား?

သူတို့လည်း သိထားသင့်တာပေါ့။

ကိုယ့်မှာ ဘယ်လို Rights တွေရှိတယ်ဆိုတာ သိထားဖို့လိုသလို၊ အလုပ်ရှင်နဲ့ ချုပ်ဆိုထားတဲ့ Employment Contract၊ Company Rules၊ ကိုယ်လိုက်နာရမယ့် Responsibilities တွေကိုလည်း သိထားဖို့လိုတယ်။

ဒီတော့ ကျုပ်အမြင်ပြောရရင်-
Labor Law ဆိုတာ HR Department တခုတည်း သိထားရမယ့် Knowledge မဟုတ်ဘူး။

လုပ်ငန်းရှင်၊ MD၊ CEO တွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ သိထားရမယ်။

Manager တွေက ဝန်ထမ်းတွေကို မှန်ကန်စွာ ထိန်းကြောင်းနိုင်ဖို့ စီမံခန့်ခွဲနိုင်ဖို့ ကိုယ့် team အတ္ွက် ရသင့်ရထိုက်တဲ့ ခံစားခွင့် ရပိုင်ခွင့်တွေကို တောင်းပေးနိုင်ဖို့ သိထားသင့်တယ်။

HR တွေက ဥပဒေနဲ့ကိုက်ညီတဲ့ Policy, Procedure နဲ့ HR System တွေ တည်ဆောက်ပြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် မဖြစ်မနေ သိထားရမှာဖြစ်တယ်။

ဝန်ထမ်းတွေကလည်း ကိုယ့်ရဲ့ Rights နဲ့ Responsibilities ကို နားလည်ဖို့ သိထားသင့်တယ်။

တကယ်တော့ Labor Law ကို သိတယ် နားလည်ထားတယ်ဆိုတာ ပြဿနာဖြစ်ပြီး အငြင်းပွားကြတဲ့အခါ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ငြင်းဖို့တင် မဟုတ်ပါဘူး။

ပြဿနာမဖြစ်ခင်ကတည်းက မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ဖို့အတွက်က ပိုအရေးကြီးတာပါ။

ခဗျားတို့လုပ်ငန်းမှာရော Labor Law ဆိုရင် HR ရဲ့အလုပ်လို့ပဲ မြင်နေကြသေးလား?

#သင့်ရင်ယူပါမသင့်ရင်ပယ်ပါ
#ဇေယျာမင်းဦး #အက္ခရာ

ဝန်ထမ်းတွေ Performance မကောင်းတာဝန်ထမ်းတွေရဲ့ ပြဿနာပဲလား?အလုပ်ထဲမှာ Performance ကျလာပြီဆိုရင် ဒီလိုမျိုးစကားသံတွေ ကြားရလ...
20/08/2026

ဝန်ထမ်းတွေ Performance မကောင်းတာ
ဝန်ထမ်းတွေရဲ့ ပြဿနာပဲလား?

အလုပ်ထဲမှာ Performance ကျလာပြီဆိုရင် ဒီလိုမျိုးစကားသံတွေ ကြားရလေ့ရှိတယ်။

“ဝန်ထမ်းတွေ အလုပ်ကို သေချာမလုပ်ဘူး…”
“တာဝန်ယူမှု မရှိဘူး…”
“ပြောထားတာလည်း မလိုက်နာဘူး…”
“အခုခေတ် လူကောင်းရှာရတာ ခက်တယ်…”
"သင်ပေးလည်း ခဏပဲ..." စသည်ပေါ့။

ဒါကြောင့် လူသစ်ခန့်တယ်။
လူပြောင်းတယ်။
Training ပေးကြတယ်။

ဒါပေမယ့် ပြဿနာက ပြန်ဖြစ်နေတုန်းပဲဆိုရင်ရော?

ဒီနေရာမှာ မေးခွန်းတစ်ခု ပြန်မေးဖို့လိုလာပါပြီ။

လူက မကောင်းတာလား၊
လူတွေကောင်းကောင်း အလုပ်လုပ်နိုင်မယ့်
စနစ် System မရှိတာလား?

သေသေချာချာ ဆန်းစစ်ကြည့်မယ်ဆိုရင် Performance Problem တချို့ရဲ့ နောက်ကွယ်မှာ-

Role မရှင်းတာ၊ ဘယ်သူက ဘာအတွက် တာဝန်ရှိတာလဲ မရှင်းဘူး။

Expected Performance မရှင်းတာ၊ ဘယ်လောက်လုပ်နိုင်ရင် စွမ်းဆောင်ရည်ကောင်းတယ်ဆိုတာမျိုး တိတိကျကျ မသတ်မှတ်ထားဘူး။

Authority နဲ့ Responsibility မကိုက်တာ၊ အလုပ်တွေခိုင်း တာဝန်ယူခိုင်း တာဝန်ခံခိုင်းပေမယ့် လုပ်ပိုင်ခွင့်ကျမရှိဘူး။

Policy / SOP မရှင်းတာ၊ လူတစ်ယောက်နဲ့တစ်ယောက် လုပ်ပုံလုပ်နည်းက မတူဘူး။ တယောက်တမျိး ဖြစ်နေတာမျိုး။

Manager ရဲ့ Direction နဲ့ Follow-up အားနည်းတာ၊ အလုပ်ခိုင်းလိုက်တယ်၊ ဒါပေမယ့် monitor လုပ်တာ၊ follow-up လိုက်တာ၊ ကောင်း၏ဆိုး၏ Feedback ပေးတာတွေ ရှိမနေဘူး။

Performance Management System မရှိတာ၊ ရှိပေမယ့္်လည်း စနစ်မကျတာ။ Appraisal လုပ်ပြီး performance မကောင်းရင်၊ ကျရင်သာ ဆူတာ အရေးယူတာလုပ်တယ်၊ တိုးတက်အောင် ဘာလုပ်ပေးမယ်ဆိုတာမျိုး ပါမလာတာမျိုး။

ဒီလိုအခြေအနေမျိုးတွေမှာ လူတယောက်ပြောင်းလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။

လူကြောင့်ဖြစ်နေတာသာဆိုရင် လူတွေကို Develop or Change လုပ်ရမှာဖြစ်တယ်။

System ကြောင့်ဆိုရင်တော့ System ကို ပြင်ရမှာ။

မဟုတ်ရင်…

လူဟောင်းထွက်
လူသစ်ဝင်
ပြဿနာဟောင်းပြန်ဖြစ် ဆိုတဲ့ သံသရာထဲမှာပဲ လည်နေမှာဖြစ်တယ်။
ငကန်းတွေ ငဆွေတွေနဲ့ လုံးချာလည်နေဦးမှာပဲ။

ဒါကြောင့်

Performance နဲ့ ပတ်သက်တဲ့ ပြဿနာတိုင်းကို People Problem လို့ မသတ်မှတ်ကြပါနဲ့။
လူကိုမပြောင်းခင် System ကို အရင်စစ်ကြည့်ပါလို တိုက်တွန်းချင်တာပါပဲ။

သင့်လုပ်ငန်းမှာရော—
People Problem ဖြစ်နေတာလား၊ System Problem ဖြစ်နေတာလား?

#ဇေယျာမင်းဦး
#အက္ခရာ

Labor Law ကို ပြဿနာဖြစ်မှ ရှာဖတ်တာထက်ပြဿနာမဖြစ်ခင် HR System ထဲ ထည့်ထားတာက ပိုပြီး smart ကျစေပါတယ်။Labor Law ကို သိထားတာ...
19/08/2026

Labor Law ကို ပြဿနာဖြစ်မှ ရှာဖတ်တာထက်
ပြဿနာမဖြစ်ခင် HR System ထဲ ထည့်ထားတာက ပိုပြီး smart ကျစေပါတယ်။

Labor Law ကို သိထားတာနဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်းမှာက HR Process ထဲမှာ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။

ဝန်ထမ်းတစ်ယောက်ကို စတင်ခေါ်ယူတဲ့ Recruitment & Hiring ကနေ နောက်ဆုံး Resignation / Termination / Separation အထိ HR ရဲ့ လုပ်ငန်းစဉ်တော်တော်များများဟာ Labor Law နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်နေတာဖြစ်ပါတယ်။

ဥပမာ—

Hiring & Employment

ဝန်ထမ်းခန့်အပ်ခြင်း၊ Probation သတ်မှတ်ခြင်း၊ Employment Contract ချုပ်ဆိုခြင်းတွေမှာ ဥပဒေဆိုင်ရာ သတ်မှတ်ချက်တွေကို ထည့်စဉ်းစားရပါတယ်။

Attendance, Working Hours & Leave

အလုပ်ချိန်၊ နားချိန်၊ အချိန်ပို၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်တွေကို Company Policy တစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ သက်ဆိုင်ရာ ဥပဒေသတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

Payroll & Employee Benefits

လုပ်ခလစာပေးချေမှု၊ Overtime Payment၊ Social Security၊ Personal Income Tax စတာတွေဟာလည်း HR နဲ့ Finance Process တွေထဲမှာ Compliance Control အဖြစ် ထည့်သွင်းထားရမယ့် အပိုင်းတွေပါ။

Discipline & Employee Relations

ဝန်ထမ်းတစ်ယောက် စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး ချက်ချင်းအရေးယူတာထက် Warning, Documentation, Investigation, Disciplinary Action စတဲ့ လုပ်ငန်းစဉ်တွေကို Policy နဲ့ Law နှစ်ခုလုံးနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့လိုပါတယ်။

Employee Separation

Resignation, Termination, Dismissal ဖြစ်လာတဲ့အခါမှာလည်း “အလုပ်ထွက်သွားပြီ” ဆိုတာနဲ့ Process ပြီးသွားတာမဟုတ်ပါဘူး။ Notice, Final Payment, Documentation နဲ့ သက်ဆိုင်ရာ Legal Requirements တွေကို စနစ်တကျ ဆောင်ရွက်ရပါတယ်။

ဒါကြောင့် HR အတွက် Labor Law ဆိုတာ ပြဿနာဖြစ်မှ ဖွင့်ဖတ်ရတဲ့ ဥပဒေစာအုပ်တစ်အုပ် မဖြစ်သင့်ပါဘူး။

နေ့စဉ် HR Management System ထဲမှာ ချိတ်ဆက်ထားနိုင်ဖို့ လိုပါတယ်။

ဥပဒေက ဘာလုပ်ရမလဲ၊ ဘာမလုပ်ရဘူးလဲ ဆိုတဲ့ boundary ကို သတ်မှတ်ပေးတယ်။
HR Policy က အဖွဲ့အစည်းရဲ့ rule ဖြစ်လာတယ်။

Procedure က အဲဒီ rule ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာ သတ်မှတ်ပေးတယ်။
Form နဲ့ Record တွေကတော့ လုပ်ခဲ့ကြောင်း သက်သေ ဖြစ်လာပါတယ်။

ဒီလိုချိတ်ဆက်ထားနိုင်မှ HR က ဝန်ထမ်းကိစ္စနဲ့ ပြဿနာဖြေရှင်းပေးနေတဲ့ Function တစ်ခုကနေ Legal Compliance ရှိပြီး Systematic ဖြစ်တဲ့ Management Function တစ်ခု ဖြစ်လာနိုင်မှာဖြစ်ပါတယ်။

#ဇေယျာမင်းဦး
#အက္ခရာ​

Labor Law Mastery: Practical Guide for Managers and Business Ownersအလုပ်သမားဥပဒေတွေကို လက်တွေ့ HR လုပ်ငန်းစဉ်တွေနဲ့ ချိတ...
14/08/2026

Labor Law Mastery:
Practical Guide for Managers and Business Owners

အလုပ်သမားဥပဒေတွေကို လက်တွေ့ HR လုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ပြီး နားလည်ချင် အသုံးချင်ချင်တယ်။
ဒါပေမယ့် Labor law တွေကို ဥပဒေစာသားအတိုင်း ဖတ်ရတာအဆင်မပြေဘူး၊
သင်တန်းတက်မယ်ဆိုပြန်တော့လည်း
ဥပဒေအကြောင်းတွေပြောနေတာ ပျင်းဖို့ကောင်းတယ်
Payroll တွက်ဖို့လောက်နဲ့ ခွင့်ကိစ္စလောက်ပဲ သင်ပေးကြတာ မလုံလောက်ဘူးဆိုတဲ့သူတွေအတွက်ပါ။

ဝန်ထမ်းကို စတင်ခေါ်ယူချိန်မှ နောက်ဆုံး အလုပ်နဲ့ ဝန်ထမ်း လမ်းခွဲသည့်အချိန်အထိ Legal Compliance ရှိရှိ၊ System ကျကျ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်လိုက်တဲ့ Labor Law Mastery Applied Workshop ဖြစ်ပါတယ်။

အလုပ်သမားဥပဒေတွေကို စာလိုမသင်ဘူး၊
ဥပဒေစာပိုဒ်ကြီးတွေ အတုံးလိုက် အတစ်လိုက် မပြောဘူး၊
ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်လို့ လက်တန်းမပြောဘူး။

တကယ့်လုပ်ငန်းခွင်ထဲက ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာဆွေးနွေးမယ်။
လက်တွေ့လုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေတွေကို ဘယ်လို အသုံးချကျင့်သုံးရမယ်ဆိုတာကို ဆွေးနွေးမယ်။
HR policy တွေ၊ Employee Handbook တွေကို ရေးသားတဲ့အခါမှာ Legal compliance ဖြစ်အောင် ဘယ်လို စဉ်းစားရမယ်ဆိုတာ ဆွေးနွေးမယ်။

ဒီ ဆွေးနွေးပွဲ-သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်တွေအနေနဲ့ကတော့ -
• ဝန်ထမ်းအသစ် ခေါ်ယူချိန်မှစ၍ အလုပ်ရှင်ရော အလုပ်သမားပါ ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ရရှိစေရန်။
• လုပ်ငန်းခွင်တွင်း နေ့စဉ်အငြင်းပွားမှုအများဆုံးဖြစ်သည့် အလုပ်ချိန်၊ အချိန်ပိုလုပ်ခနှင့် ခွင့်ရက်နှင့် အားလပ်ရက်များဆိုင်ရာ ရှုပ်ထွေးသော ပြဿနာများကို စနစ်တကျ ကိုင်တွယ် ရှင်းလင်းနိုင်စေရန်။
• စည်းကမ်းဖောက်ဖျက်မှုများ ပေါ်ပေါက်လာပါက အမှားအယွင်းမရှိစေဘဲ ဥပဒေဘောင်အတွင်းမှ စနစ်တကျ အရေးယူနိုင်ရန်။
• အလုပ်သမားအခွင့်အရေးများကို နားလည်သဘောပေါက်လာနိုင်စေရန်။
• လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်းနှင့် ထိပါး နှောင့်ယှက်ခြင်းမှကာကွယ်လာနိုင်စေရန်။
• တရားမျှတမှုမရှိသော အလုပ်ထုတ်ပယ်ခြင်းကို ရှောင်ကြဉ်လာနိုင်စေရန်။
• ဝန်ထမ်းအနေဖြင့် အလုပ်ခွင်မှ စွန့်ခွာသည့်အခါ ရသင့်ရထိုက်သည့် ရပိုင်ခွင့်၊ ခံစားခွင့်များကို ရရှိစေရန်။
• ဝန်ထမ်းနှင့် လမ်းခွဲရသည့်အခါ အလုပ်ရှင်ဘက်က တရားစွဲဆိုခံရမှုနှင့် ငွေကြေးဆုံးရှုံးမှုများမှ ကာကွယ်ရန် ဖြစ်ပါတယ်။

ဦးဆောင်ဆွေးနွေးပို့ချပေးမယ့်သူက

🧑‍🏫 Sayar Zayar Minn Oo
Founder and Lead Consultant at AHKHARA SOLUTION Consulting Firm

● Master of Development Studies
● BE (Mechanical)
● B.Sc. (Mathematics)
● Internal Audit for QMS (ISO 9001-2015)
● Six Sigma Yellow Belt
● Certified ILO-SCORE Trainer cm Consultant
● Certified ILO-SIYB Trainer
● Certified Covid Safety Trainer

ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းများစွာကို အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပေးခဲ့သည့် အတွေ့အကြုံကောင်းများကို စုစည်းထုတ်နှုတ်၍ ဥပဒေ အကိုးအကားများ၊ လက်တွေ့ Practical Case Study များနှင့်တကွ စနစ်တကျ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

📚 သင်ကြားပေးမည့် ခေါင်းစဥ်များ

Module 1: မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများ မိတ်ဆက်ခြင်း
Module 2: အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာများ၊ အစမ်းခန့်ကာလသတ်မှတ်ချက်များနှင့် EC စာချုပ် ဆက်စပ်အကြောင်းအရာများ
Module 3: အလုပ်ချိန်သတ်မှတ်ချက်၊ အချိန်ပို၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ
Module 4: လူမှုဖူလုံရေးမှတ်ပုံတင်ခြင်းဆိုင်ရာများ၊ လစာဝင်ငွေခွန်နှင့် လုပ်ခလစာ ပေးချေခြင်းဆိုင်ရာ သတ်မှတ်ချက်များ
Module 5: လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး (OSHA)
Module 6: Bond ထိုးခြင်းနှင့် မှတ်ပုံတင်သိမ်းယူခြင်းဆိုင်ရာ ကိစ္စရပ်များ
Module 7: အလုပ်နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်းဆိုင်ရာများနှင့် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားများ

✅ ဘယ်သူတွေ တက်ရောက်သင့်သလဲ ?

Business Owners & Entrepreneurs (လုပ်ငန်းရှင်များ)
Department Managers & Executives များ
HR Professionals & Admin Staff များ
စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှုအပိုင်း တာဝန်ယူထားသူများ

📅 သင်တန်းအသေးစိတ်အချက်အလက်များ

သင်တန်းစတင်မည့်ရက်: 19 September 2026
သင်ကြားမည့်နေ့ရက်: စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)
သင်ကြားမည့်အချိန်: ည ၈ မှ ၁၀
သင်တန်းကာလ: ၁ လ
သင်ကြားမှုစနစ်: Zoom မှတစ်ဆင့် Face to Face တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပြီး သင်ခန်း စာ တိုင်း၏ Recording Video များကို Telegram Group ထဲတွင် ပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။

⚠️ မှတ်ချက်: သင်တန်းတက်ရောက်သူများအနေဖြင့် Telegram Account ရှိရန် လိုအပ်ပါသည်။

ပုံမှန်သင်တန်းကြေး: 200,000 MMK
🔥 Early Bird Discount (ပထမဆုံးအပ်နှံသူ အယောက် ၃၀ အတွက်): [30]% Off - 140,000 MMK
🔥 NSMS & AHKHARA SOLUTION ကျောင်းသားဟောင်းများအတွက် သီးသန့်: [40]% Off - 120,000 MMK

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးအတွက် ဥပဒေကြောင်းအရ အပြည့်အဝ အကာအကွယ်ရရှိပြီး စနစ်ကျတဲ့ စီမံခန့်ခွဲမှုမျိုး ဖန်တီးနိုင်ဖို့ ဒီသင်တန်းလေးကို အမြန်ဆုံး အပ်နှံထားလိုက်တော့နော် 📣

ဒီနေ့ည ၈ နာရီAdmin အကြောင်းOffice Management အကြောင်း ပြောကြပါမယ်။မေးချင်တာတွေရှိရင် ဖြေပေးမယ်မရှင်းတာရှိရင် ရှင်းပေးမယ်...
12/08/2026

ဒီနေ့ည ၈ နာရီ

Admin အကြောင်း
Office Management အကြောင်း ပြောကြပါမယ်။

မေးချင်တာတွေရှိရင် ဖြေပေးမယ်
မရှင်းတာရှိရင် ရှင်းပေးမယ်
အကြံတောင်းချင်ရင် ကူညီပေးမယ်။

ခဗျားတို့မှာ မေးစရာ မေးခွန်းတွေ ပါလာဖို့ပဲလိုတယ်။

*Join မယ်ဆို ပုံမှာလည်း zoom ID, passcode ပါတယ်။*

Join Zoom Meeting
https://us02web.zoom.us/j/83437269452?pwd=UYx84g9zbYU5D5SGeBUbHrz59ISGw3.1

Meeting chat link
https://us02web.zoom.us/launch/jc/83437269452

Meeting ID: 834 3726 9452
Passcode: 594381

#ဇေယျာမင်းဦး
#အက္ခရာ @

ရုံးခန်းတစ်ခုထဲမှာ ဝန်ထမ်းတွေ ဘယ်လောက်ပဲတော်တော်၊ နောက်ကွယ်ကနေ ပံ့ပိုးပေးရတဲ့ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် Office Admi...
05/08/2026

ရုံးခန်းတစ်ခုထဲမှာ ဝန်ထမ်းတွေ ဘယ်လောက်ပဲတော်တော်၊ နောက်ကွယ်ကနေ ပံ့ပိုးပေးရတဲ့ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုစနစ် Office Administration သာ အားနည်းနေရင် ရုံးက ပရမ်းပတာဖြစ်ပြီး အလုပ်တွေ ကြန့်ကြာတတ်ပါတယ်။

စာရွက်စာတမ်းတွေ ပျောက်တာ၊ ရုံးတွင်း ပစ္စည်းကိရိယာတွေ စနစ်တကျ မရှိတာကအစ လုပ်ငန်းလည်ပတ်မှုတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေနဲ့ Admin ပိုင်းမှာ ပိုပြီး Pro ကျကျ လုပ်ကိုင်ချင်သူတွေအတွက် အထူးရည်ရွယ်တဲ့ "Office Administration" FREE WEBINAR ကြီးကို NSMS နဲ့ AHKHARA​ SOLUTION​ တို့ ပူးပေါင်းပြီး စီစဉ်ပေးလိုက်ပါတယ်။

ဒီ Webinar မှာတော့ လုပ်ငန်းခွင်အတွေ့အကြုံရင့်ကျက်ပြီး ရုံးတွင်းစီမံခန့်ခွဲမှုစနစ်တွေကို လက်တွေ့ကျကျ လမ်းညွှန်ပြသပေးမယ့် ဆရာဇေယျာမင်းဦး ကိုယ်တိုင် အသေးစိတ် ဝေမျှဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

💡 ဒီ Webinar ကနေ ဘာတွေ လေ့လာခွင့်ရမလဲ?
Office Management Principles - ရုံးခန်းတစ်ခုလုံးရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စနစ်တကျနဲ့ အချိန်ကုန်သက်သာအောင် ဘယ်လိုစီမံမလဲ။
Filing & Documentation - အရေးကြီးတဲ့ စာရွက်စာတမ်းနဲ့ Data တွေကို ရှာရလွယ်ကူပြီး စနစ်ကျအောင် ဘယ်လို သိမ်းဆည်းမလဲ။
Task Prioritization - ရုံးတွင်း အရေးကြီးအလုပ်တွေကို ဦးစားပေးအလိုက် အမှားအယွင်းမရှိအောင် ဘယ်လို ကိုင်တွယ်မလဲ။
Resource Optimization - ရုံးတွင်းအသုံးစရိတ်နဲ့ ပစ္စည်းကိရိယာတွေကို အလေအလွင့်မရှိအောင် ဘယ်လို စီမံခန့်ခွဲမလဲ။

📅 Event Details
Speaker: ဆရာဇေယျာမင်းဦး
နေ့ရက်: ၁၂ ဩဂုတ် ၂၀၂၆ (ဗုဒ္ဓဟူးနေ့)
အချိန်: ညနေ ၈:၀၀ နာရီ မှ ၁၀:၀၀ နာရီ အထိ
နေရာ: Zoom Live (Face to Face တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်ပါသည်)

သင်တန်းကြေး: လုံးဝ (FREE) >
⚠️ မှတ်ချက်: ဆရာနဲ့ Zoom ကနေ တိုက်ရိုက် Face to Face ဆွေးနွေးရမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ထားတာမို့ အခုကတည်းက စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်နော။

📩 စာရင်းပေးသွင်းရန်
Webinar တက်ရောက်ဖို့အတွက် အခုပဲ Comment မှာ "ADMIN FREE" လို့ မန့်ပေးပြီး message box
m. me/ahkharasolution ကနေ Zoom info. တောင်းယူနိုင်ပါတယ်။

ရုံးလုပ်ငန်းခွင်ကို ချောမွေ့စနစ်ကျပြီး ပိုမိုအဆင့်အတန်းရှိအောင် ဦးဆောင်နိုင်ဖို့ ဆရာဇေယျာမင်းဦး ရဲ့ Live Webinar ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#အက္ခရာ​

Admin ပညာကို ဌာန်ကရိုဏ်းကျကျ လေ့လာသင်ယူလိုတယ်ဆိုရင် ဒီသင်တန်းက အသင့်လျော်ဆုံးပဲ ဖြစ်ပါတယ်။စနစ်ကျတဲ့ လေ့လာမှုလက်တွေ့ကျတဲ့...
03/08/2026

Admin ပညာကို ဌာန်ကရိုဏ်းကျကျ လေ့လာသင်ယူလိုတယ်ဆိုရင် ဒီသင်တန်းက အသင့်လျော်ဆုံးပဲ ဖြစ်ပါတယ်။

စနစ်ကျတဲ့ လေ့လာမှု
လက်တွေ့ကျတဲ့ project တွေနဲ့အတူ လေ့လာသင်ယူရမှာဖြစ်ပါတယ်။

သင်ယူလိုစိတ်အပြည့်နဲ့သာ သင်ယူခဲ့ရင် Admin နဲ့ ပတ်သက်လို့ လက်မထောင်နိုင်တဲ့ Admin professional တဦးဖြစ်လာစေမှာပါ။

Address

Yangon

Alerts

Be the first to know and let us send you an email when AHKHARA SOLUTION posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AHKHARA SOLUTION:

Shortcuts

Share