AHKHARA SOLUTION

Call Directions Website Contact the business

AHKHARA SOLUTION Consulting, Setting Up, Developing Policy & SOP for all Management functions . Corporate Training Services for SMEs and Corporates.

Policy, SOP ရေးဖို့ သိထားရမယ့် conceptကွဲပြားခြားနားချက်၊လက်တွေ့ implement လုပ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ​အကြောင်း​ သိချ...
13/10/2026

Policy, SOP ရေးဖို့ သိထားရမယ့် concept
ကွဲပြားခြားနားချက်၊
လက်တွေ့ implement လုပ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေ​အကြောင်း​ သိချင်ဆွေးနွေးချင်ရင်
14.10.2026 ရက်နေ့ webinar ကို join ။

ဝန်ထမ်းတွေ ဘာကြောင့်အလုပ်ထွက်ကြလဲ
ဘယ်လို retain လုပ်မလဲ
ဘယ်လို​စည်းရုံး​ဆွဲဆောင်​မလဲဆိုတာကို
သိချင်တယ် ဆွေးနွေး​ချင်တယ်ဆိုရင်
16.10.2026 ရက်နေ့ webinar ကို join ။

ပုံတွေမှာ info တွေပါဝင်ပါတယ်။



#အက္ခရာ

 #ဒီသင်တန်းကိုမတက်ပါနဲ့Policy မရေးပါနဲ့။ SOP လည်း မလုပ်ပါနဲ့။👉​ဝန်ထမ်းအသစ်ရောက်လာတိုင်း အစကနေ ပြန်သင်ရတာကို ကျေနပ်နေတယ်ဆ...
26/09/2026

#ဒီသင်တန်းကိုမတက်ပါနဲ့
Policy မရေးပါနဲ့။ SOP လည်း မလုပ်ပါနဲ့။

👉​ဝန်ထမ်းအသစ်ရောက်လာတိုင်း အစကနေ ပြန်သင်ရတာကို ကျေနပ်နေတယ်ဆိုရင်...
👉​ #ဒီလိုပဲလုပ်လာတာ ဆိုတဲ့ စကားနဲ့ ရှင်းလို့ရနေတယ်ဆိုရင်...
👉​ဌာနတခုချင်းစီက သူတလူငါတမင်း လုပ်နေရတာကို သဘောကျနေတယ်ဆိုရင်...
👉​ဌာနတစ်ခုနဲ့တစ်ခု အလုပ်လုပ်တဲ့အခါ အချိတ်အဆက်မရှိတာကို ပြဿနာလို့ မမြင်ဘူးဆိုရင်...
👉​Decision တိုင်းကို Owner ကပဲ ဝင်ပါချင်နေတယ်ဆိုရင်...
👉​Audit လာမှ စာရွက်တွေ လိုက်ရှာရတာ၊ "On-table Audit" နဲ့ပဲ ပြီးနေတယ်ဆိုရင်...
👉​ဝန်ထမ်းထွက်သွားတာနဲ့ Knowledge တွေပါ ထွက်သွားတာကို ပုံမှန်လို့ ထင်နေတယ်ဆိုရင်...
Policy နဲ့ SOP မလိုပါဘူး။ ဆက်သာ Do ပါ။

ဒါပေမယ့်...
⚠️​လုပ်ငန်းကြီးလာတဲ့အခါ ပြဿနာတွေလည်း များလာမယ်လို ကြိုတွေးမိလာရင်...
⚠️​လုပ်ငန်းကြီးလာတာရဲ့ အကျိုးဆက် Growth Pain ကို ကြိုတင်ကာကွယ်ချင်လာရင်...
⚠️​လုပ်ငန်းက လူကောင်း လူဟောင်းတွေရှိနေပေမဲ့ သူတိုမရှိတော့တဲ့အခါလို စဉ်းစားမိရင်…
⚠️ "လူကောင်း" ထက် "စနစ်ကောင်း" ကို တည်ဆောက်ချင်လာရင်...
⚠️​Department တွေကို Professional Governance နဲ့ စီမံခန့်ခွဲချင်လာရင်...
⚠️​Internal Control, Accountability နဲ့ Standardization ကို တည်ဆောက်ချင်လာရင်...
⚠️​Audit အတွက် မဟုတ်ဘဲ Organization ရေရှည်တည်တံ့ဖို့ Documentation System တစ်ခု လိုအပ်တယ်လို့ ယုံကြည်လာရင်...
ဒီသင်တန်းက သင့်အတွက် ဖြစ်ပါတယ်။

#ဒီသင်တန်းမှာဘာတွေသင်ရမလဲ?
✍️ Departmental Functions ကို Governance Perspective နဲ့ နားလည်နိုင်ဖို့
✍️​Policy, Manual, SOP, Work Instruction နှင့် Job Safety Standard တို့ရဲ့ ကွာခြားချက်
✍️​Policy တစ်စောင်ကို ဘယ်ကစပြီး ဘယ်လိုရေးရမလဲ
✍️​Policy ရေးဖို့ Idea Generate လုပ်နည်း
✍️ Policy နဲ့ SOP ကို ချိတ်ဆက်တည်ဆောက်နည်း
✍️​SOP Structure နှင့် Professional SOP Writing
✍️ SOP Flowchart ရေးနည်း
✍️ SOP ကို လက်တွေ့ရေးသားခြင်း

#ဒီသင်တန်းပြီးရင်...
Policy ကို Template ဖြည့်ရုံ မဟုတ်ဘဲ Design လုပ်တတ်လာမယ်။
SOP ကို Copy/Paste မဟုတ်ဘဲ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီအောင် ရေးတတ်လာမယ်။
လက်တွေ့အသုံးချနိုင်တဲ့ Documentation System ကို တည်ဆောက်နိုင်လာမယ်။

လူပေါ်မူတည်တဲ့ အဖွဲ့အစည်းကနေ စနစ်အပေါ်မူတည်တဲ့အဖွဲ့အစည်း ကို ပြောင်းလဲချင်သူတွေအတွက် ဒီသင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အသေးစိတ်သိလိုတယ်ဆိုရင်...AHKHARA SOLUTION ရဲ့ Message Box ကနေ စုံစမ်းလို့ရပါတယ်နော။

#အက္ခရာ


လုပ်ငန်းခွင်မှာ အလုပ်သမားရေးရာ ပြဿနာတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ ခက်ခဲနေပါသလား? အလုပ်သမားဥပဒေ (Labor La...
15/09/2026

လုပ်ငန်းခွင်မှာ အလုပ်သမားရေးရာ ပြဿနာတွေကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ ခက်ခဲနေပါသလား?

အလုပ်သမားဥပဒေ (Labor Law) ကို သေချာ မသိထားဘူးဆိုရင် လုပ်ငန်းရှင်တွေရော မန်နေဂျာတွေပါ ဆုံးဖြတ်ချက်မှားပြီး နစ်နာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းကို စနစ်တကျနဲ့ ရေရှည်ခိုင်မာအောင် လည်ပတ်နိုင်ဖို့ အလုပ်သမားဥပဒေဆိုင်ရာ Practical နည်းလမ်းတွေကို တိတိကျကျ နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် NSMS ကနေ လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် HR Professional များအတွက် Labor Law Mastery: Practical Guide for Managers & Business Owners Free Live Webinar လေး စီစဉ်ပေးထားပါတယ်။

💡Webinar မှာ ဘာတွေ လေ့လာရမလဲ?
• လုပ်ငန်းရှင်များနှင့် မန်နေဂျာများ မဖြစ်မနေ သိထားရမည့် အလုပ်သမားဥပဒေ အခြေခံများ
• လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရလေ့ရှိသော အလုပ်သမားရေးရာ ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းနည်းများ
• အလုပ်ခန့်ထားမှု စာချုပ်များ၊ စည်းကမ်းချက်များနှင့် ပြသဒ္ဓါများ ကာကွယ်နည်းများ

Speaker: Sayar Zayar Minn Oo

Webinar အသေးစိတ်
📅 နေ့ရက်: 16 September 2026 (Wednesday)
⏰ အချိန်: ည 8:00 PM မှ 10:00 PM ထိ
📍 နေရာ: Zoom Live (Face to Face Interactive)
🎟 သင်တန်းကြေး: အခမဲ့ (Free)

👉 တက်ရောက်လိုပါက:
ခုပဲ ဒီ Post ရဲ့ Comment မှာ "LAW FREE" လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ အခမဲ့ တက်ရောက်ခွင့်ရမယ့် Webinar ဖြစ်တာမို့ လူဦးရေ မပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။

#အက္ခရာ

labor law ကို မြင်နေကြားနေကျ ပုံစံကနေ ပြောင်းလဲပြီး ဆွေးနွေးကြည့်ရအောင်ပါ။ဝန်ထမ်းခေါ်ယူခန့်ထားတာကနေ အလုပ်က ထွက်ခွာတဲ့အထိ...
05/09/2026

labor law ကို မြင်နေကြားနေကျ ပုံစံကနေ ပြောင်းလဲပြီး ဆွေးနွေးကြည့်ရအောင်ပါ။

ဝန်ထမ်းခေါ်ယူခန့်ထားတာကနေ အလုပ်က ထွက်ခွာတဲ့အထိ labor law နဲ့ HR Functions တွေကို ချိတ်ဆက်ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။
မနက်ဖြန် Sunday, 6.9.2026 ည ၈ နာရီမှာ ဆုံကြပါမယ်။

Topic: Legal Compliance Across HR Functions
Time: Sep 6, 2026 08:00 PM Rangoon
Join Zoom Meeting
https://us06web.zoom.us/j/84771302811?pwd=qYt2lDsUBaZ88miUUtlmDfgFL25KG5.1

Meeting ID: 847 7130 2811
Passcode: LC2026

Labor law နဲ့ ပတ်သက်ပြီး ဆွေးနွေးလိုသူ၊ လေ့လာလိုသူတွေကို ဖိတ်ခေါ်လိုက်ပါတယ်နော။

#အက္ခရာ

 From Recruitment to SeparationHR တစ်ယောက်အနေနဲ့ Labor Law သိထားဖို့လိုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ဒါပေမယ့် သိထား...
02/09/2026


From Recruitment to Separation

HR တစ်ယောက်အနေနဲ့ Labor Law သိထားဖို့လိုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။
ဒါပေမယ့် သိထားရုံနဲ့ လုံလောက်ပြီလား?

ဝန်ထမ်းခေါ်တာ၊ အလုပ်ခန့်တာကနေ
EC Contract ချုပ်တာ၊ အလုပ်ချိန်၊ အချိန်ပို၊ ခွင့်၊ လစာ၊ Disciplinary Action နဲ့ နောက်ဆုံး အလုပ်ကထွက်တဲ့အထိ...
HR Function တခုချင်းစီမှာ Legal Compliance ရှိဖို့လိုတာဖြစ်ပါတယ်။

ကျုပ်တို့ သိထားတဲ့ Labor Law ကို HR Policy, Procedure နဲ့ နေ့စဉ် HR Practices တွေထဲ ဘယ်လိုထည့်သွင်းအသုံးချမလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ဒီအကြောင်းကို—
LEGAL COMPLIANCE ACROSS HR FUNCTIONS
From Recruitment to Separation
Webinar မှာ အတူ ဆွေးနွေးကြရအောင်ပါ။

ဥပဒေစာသားတွေကို တခုပြီးတခုဖတ်ပြမယ့် Webinar မဟုတ်ဘဲ HR လုပ်ငန်းတွေနဲ့ Labor Law ကို ချိတ်ဆက်ပြီး လက်တွေ့ဘယ်လိုအသုံးချမလဲ ဆိုတာ အဓိကဆွေးနွေးကြပါမယ်။

📅 6 September 2026
🕗 8:00 PM – 9:30 PM
💻 Zoom
🎙 Zayar Minn Oo
မိတ်ဆွေက HR တစ်ယောက်ဆိုရင်
Manager ဒါမှမဟုတ် လုပ်ငန်းရှင်/ MD/ CEO ဆိုရင် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ လို့ မန့်ပေးပြီး m.me/ahkharasolution ကနေ meeting info တောင်းယူနိုင်ပါတယ်နော။

#ဇေယျာမင်းဦး #အက္ခရာ

30.8.2026 ရက်နေ့က ပြုလုပ်ခဲံတဲ့  SMART SYSTEM, SMART GROWTH webinar ရဲ့ PowerPoint ကို ရယူလေ့လာလိုသူများအနေနဲ့ အက္ခရာရဲ့...
01/09/2026

30.8.2026 ရက်နေ့က ပြုလုပ်ခဲံတဲ့
SMART SYSTEM, SMART GROWTH webinar ရဲ့ PowerPoint ကို ရယူလေ့လာလိုသူများအနေနဲ့

အက္ခရာရဲ့ Telegram Channel https://t.me/AHKHARA_SOLUTION ကို
subscribe လုပ်ပြီး ရယူနိုင်ပါတယ်။


#အက္ခရာ

Labor Law ကို သိရုံမဟုတ်ဘဲ လုပ်ငန်းခွင်မှာ တကယ်အသုံးချတတ်ချင်ရင်Labor Law Masteryအလုပ်သမားဥပဒေတွေကို လက်တွေ့ HR လုပ်ငန်း...
31/08/2026

Labor Law ကို သိရုံမဟုတ်ဘဲ လုပ်ငန်းခွင်မှာ တကယ်အသုံးချတတ်ချင်ရင်
Labor Law Mastery

အလုပ်သမားဥပဒေတွေကို လက်တွေ့ HR လုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ပြီး နားလည်ချင် အသုံးချင်ချင်တယ်။
ဒါပေမယ့် Labor law တွေကို ဥပဒေစာသားအတိုင်း ဖတ်ရတာအဆင်မပြေဘူး၊
သင်တန်းတက်မယ်ဆိုပြန်တော့လည်း
ဥပဒေအကြောင်းတွေပြောနေတာ ပျင်းဖို့ကောင်းတယ်
Payroll တွက်ဖို့လောက်နဲ့ ခွင့်ကိစ္စလောက်ပဲ သင်ပေးကြတာ မလုံလောက်ဘူးဆိုတဲ့သူတွေအတွက်ပါ။

ဝန်ထမ်းကို စတင်ခေါ်ယူချိန်မှ နောက်ဆုံး အလုပ်နဲ့ ဝန်ထမ်း လမ်းခွဲသည့်အချိန်အထိ Legal Compliance ရှိရှိ၊ System ကျကျ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်လိုက်တဲ့ Labor Law Mastery Applied Course ဖြစ်ပါတယ်။

အလုပ်သမားဥပဒေတွေကို စာလိုမသင်ဘူး၊
ဥပဒေစာပိုဒ်ကြီးတွေ အတုံးလိုက် အတစ်လိုက် မပြောဘူး၊
ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်လို့ လက်တန်းမပြောဘူး။

တကယ့်လုပ်ငန်းခွင်ထဲက ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာဆွေးနွေးမယ်။
လက်တွေ့လုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေတွေကို ဘယ်လို အသုံးချကျင့်သုံးရမယ်ဆိုတာကို ဆွေးနွေးမယ်။
HR policy တွေ၊ Employee Handbook တွေကို ရေးသားတဲ့အခါမှာ Legal compliance ဖြစ်အောင် ဘယ်လို စဉ်းစားရမယ်ဆိုတာ ဆွေးနွေးမယ်။


သင်တန်းကို ၂၀၂၆, စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်မယ်။
သင်တန်းကာလ တစ်လအတွင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ ည ၈ နာရီမှ ၁၀ နာရီ ထိ
Zoom မှတဆင့် Face to Face တိုက်ရိုက် သင်ကြားမှာဖြစ်တယ်။

ပုံမှန်သင်တန်းကြေးက ၂ သိန်းကျပ်ပါ။
ပထမဆုံးအပ်နှံသူ ၁၀ ဦးအတွက် 30 % Off နဲ့ တစ်သိန်းလေးသောင်းကျပ်
NSMS နဲ့ AHKHARA SOLUTION ကျောင်းသားဟောင်းတွေအတွက် သီးသန့် 40% Off နဲ့ တစ်သိန်းနှစ်သောင်းကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

သင်တန်းပြီးသွားရင် အဓိက ဥပဒေကောက်နှုတ်ချက်တွေကို လိုအပ်လာတိုင်း ပြန်လည် ကိုးကားနိုင်စေဖို တပါတည်း ပေးအပ်လိုက်မှာလည်းဖြစ်ပါတယ်။

Labor Law ကို သိရုံမဟုတ်ဘဲ လုပ်ငန်းခွင်မှာ တကယ်အသုံးချတတ်ချင်ရင် Labor Law Mastery မှာ တွေ့ကြမယ်။

#အက္ခရာ



ဝန်ထမ်းကို အလုပ်တွေ ပိုခိုင်းနေတာလားDevelop ဖြစ်စေဖို့ အခွင့်အလမ်းတွေပေးနေတာလား❓ကျုပ်တို့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တာ...
29/08/2026

ဝန်ထမ်းကို အလုပ်တွေ ပိုခိုင်းနေတာလား
Develop ဖြစ်စေဖို့ အခွင့်အလမ်းတွေပေးနေတာလား❓

ကျုပ်တို့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တာတော်တဲ့သူ၊ တာဝန်ယူတတ်တဲ့သူ၊ ပြောစရာမလိုဘဲ အလုပ်ပြီးအောင်လုပ်နိုင်တဲ့သူတွေ ရှိကြတယ်။

ဒီလိုလူတွေကို တွေ့ပြီဆိုရင် အထက်လူကြီးတချို့က ဘာလုပ်လေ့ရှိတတ်လဲဆိုရင် ဒီလူက အလုပ်ဖြစ်တယ်၊ ခိုင်းကောင်းတယ်၊ ဖျင်ပေါ့တယ်ဆိုပြီး
အလုပ်တွေ ထပ်ချပေးတယ်။
တာဝန်တွေ ထပ်ပေးတယ်။
Target တွေ ထပ်တိုးတယ်။

နောက်ဆုံးတော့...
အလုပ်တော်တဲ့သူက အလုပ်အများဆုံးလုပ်ရတဲ့သူ ဖြစ်သွားတယ်။ ဂျပန်ခေတ် ထန်းတက်လက်မှတ်ရသလိုဖြစ်သွားပါလေရော။

ဒီနေရာမှာ ကျုပ်တို့ ခွဲပြီး မြင်ကြည့်ဖို့လိုတာ တစ်ခုရှိတယ်။

အလုပ်တွေ ထပ်ထပ်တိုးပေးတာ ခိုင်းတာနဲ့ Opportunity ပေးတာက မတူဘူး။ ဒါကိုပဲ တချို့က မင်းကို ယုံလို၊ မင်းပဲလုပ်နိုင်တာမလို့၊ မင်းလုပ်တာစိတ်ချလို့ ဒီတာဝန်ပေးတာဆိုတဲ့ စကားလုံးတွေနဲ့ ညာခိုင်းတာမျိုး လုပ်တတ်သေးရဲ့။

Boss တစ်ယောက်က ဝန်ထမ်းရဲ့ လက်ရှိ Performance ကိုပဲ ကြည့်တတ်တယ်။
“သူ ဘယ်လောက်လုပ်နိုင်သလဲ”
“သူ့ကို နောက်ထပ် ဘာတွေ ခိုင်းလို့ရသေးလဲ”
ဆိုတာကို စဉ်းစားတယ်။

Leader ကောင်းတစ်ယောက်ကတော့ ဝန်ထမ်းရဲ့ လက်ရှိ Performance တင်မဟုတ်ဘဲ သူ့ရဲ့အလားအလာ Potential ကိုပါ ကြည့်တယ်။
“ဒီလူ နောက်ထပ် ဘယ်အဆင့်ထိတက်လာနိုင်လဲ”
“ဘယ်လို Skill တွေ ထပ်ဖြည့်ပေးရမလဲ”
“ဘယ်လို Experience တွေ ရအောင်လုပ်ပေးရမလဲ”
“ဘယ်လို Decision တွေ ကိုယ်တိုင်ချခွင့်ပေးသင့်လဲ”
"ဘယ်အပိုင်းတွေကို Delegate လုပ်လို့ရမလဲ"
“နောက်တစ်ဆင့်မြင့် Role အတွက် ဘယ်လိုပြင်ဆင်ပေးရမလဲ”
ဆိုတာကို စဉ်းစားတယ်။

ဒါကြောင့် Delegation လုပ်တာတောင် ရည်ရွယ်ချက်ချင်း မတူနိုင်ပြန်ဘူး။
တစ်ယောက်က
“ငါ့အလုပ်တွေ လျော့သွားအောင် မင်းလုပ်ပေး” ဆိုတဲ့သဘောနဲ့ Delegate လုပ်တယ်။
နောက်တစ်ယောက်က
“မင်းရဲ့ Capability တက်လာအောင် ဒီတာဝန်ကို မင်းယူကြည့်” ဆိုတဲ့သဘောနဲ့ Delegate လုပ်တယ်။

အပြင်ပန်းကြည့်ရင် နှစ်ယောက်စလုံးက ဝန်ထမ်းကို အလုပ်တွေပိုပြီး တာဝန်ပေးတာပဲ။

ဒါပေမယ့် ရလဒ်ကတော့ တော်တော်ကွာခြားလှတယ်။
ပထမပုံစံမှာ ဝန်ထမ်းက ပိုပြီးအလုပ်များလာ ရှုပ်လာတယ်။
ဒုတိယပုံစံမှာ ဝန်ထမ်းက ပို Capable ဖြစ်လာတယ်။

ဒီတော့ အလုပ်များနေတာ ရှုပ်နေတာကို Development ပါဆိုပြီး ပြောလို့မရတော့ဘူး။
Workload တိုးလာတာနဲ့ Capability တိုးလာတာ မတူဘူး။

ဝန်ထမ်းတစ်ယောက်ကို တကယ် Develop လုပ်ပေးချင်တယ်ဆိုရင် အလုပ်ပိုပေးရုံနဲ့ မပြီးဘူးဆိုတာ တွေ့ရမှာဖြစ်တယ်။
Exposure ကောင်းအောင်လုပ်ပေးရမယ်။
Decision-making authority ပေးရမယ်။
Coaching ပေးရမယ်။
Feedback ပေးရမယ်။
သင်ယူခွင့်ပေးရမယ်။
နောက်တစ်ဆင့်မြင့် Role အတွက် ပြင်ဆင်ပေးရမယ်။

တကယ်တမ်း ခေါင်းဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုကို သူကိုယ်တိုင် ဘယ်လောက်အလုပ်လုပ်နိုင်သလဲဆိုတာနဲ့ပဲ တိုင်းတာလို့မရဘူး။
သူ့အောက်မှာရှိတဲ့လူတွေကို ဘယ်လောက်တိုးတက်လာအောင် ပျိုးထောင်ပေးနိုင်သလဲဆိုတာနဲ့လည်း တိုင်းတာရမှာဖြစ်တယ်။

ခဗျားတို့ Organization မှာလည်း ပြန်ကြည့်ကြည့်ပါ။

High Performer တစ်ယောက်တွေ့ရင်...
အလုပ်တွေပဲ ပိုပိုပြီး ပုံပေးနေကြတာလား❓
ဒါမှမဟုတ်
သူ့ကို နောက်တစ်ဆင့်တက်နိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးနေကြတာလား❓

နှစ်ခုလုံးက “တာဝန်ပိုပေးတာ” လို့ မြင်ရပေမယ့်...
တစ်ခုက Workload ကို တိုးစေတယ်။
နောက်တစ်ခုက လူကို တိုးတက်လာစေတယ်။

ချုပ်ပြောရရင် အားကိုးရတဲ့သူကို အလုပ် တာဝန်တွေ ထပ်တိုးပေးရင်း သူ့ရဲ့ potential ကိုမြင်အောင်ကြည့်ပြီး Develop ဖြစ်လာအောင်ပါ ပျိုးထောင်ပေးဖို့ပါပဲ။

ကျုပ်အမြင်မှာတော့ Leadership ဆိုတာ အလုပ်ပြီးအောင် လူကိုအသုံးချတာထက် လူတစ်ယောက် ပိုကောင်းလာအောင် ပျိုးထောင်ပေးနိုင်ခြင်းနဲ့ ပိုသက်ဆိုင်တယ်ဆိုတာပါလေ။

#ဇေယျာမင်းဦး

#အက္ခရာ





ခေတ်စားနေတဲ့   အကြောင်း ပြောကြပါမယ်။SMART SYSTEM, SMART GROWTHကုမ္ပဏီ/ အဖွဲ့အစည်းတွေအနေနဲ့………System ရှိမှ ဖြစ်မှာလား ❓Sy...
28/08/2026

ခေတ်စားနေတဲ့ အကြောင်း ပြောကြပါမယ်။

SMART SYSTEM, SMART GROWTH

ကုမ္ပဏီ/ အဖွဲ့အစည်းတွေအနေနဲ့………
System ရှိမှ ဖြစ်မှာလား ❓
System ဆိုတဲ့ စနစ်တခုတည်ဆောက်ဖို့ လို/မလို ဘယ်လိုသိနိုင်မလဲ❓
စနစ်တခုကို ဘယ်လို စတင်ထူထောင်မလဲ❓
စနစ်တခု အောင်မြင်ဖို့ ဘာတွေလိုမလဲ ❓

Join Zoom Meeting
https://us06web.zoom.us/j/82001738163?pwd=Glf5qRohyLDnCwkmGDsjIE6VdudTYI.1

Meeting ID: 820 0173 8163
Passcode: 718615

ပုံမှာလည်း Meeting ID and Passcode ပါဝင်ပါတယ်။

#အက္ခရာ

၂၀၂၇ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက် ၃၄ ရက် သတ်မှတ်၊ မြန်မာနှစ်သစ်ကူးကာလ ၉ ရက်အထိ ရုံးပိတ်မည်။ ၂၀၂၇ ခုနှစ်အတွင်း မြန်မ...
25/08/2026

၂၀၂၇ ခုနှစ်တွင် အများပြည်သူရုံးပိတ်ရက် ၃၄ ရက် သတ်မှတ်၊ မြန်မာနှစ်သစ်ကူးကာလ ၉ ရက်အထိ ရုံးပိတ်မည်။

၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ရုံးများ၏ ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကို လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ၂၀၂၇ ခုနှစ်အတွင်း အများပြည်သူအလုပ်ပိတ်ရက် စုစုပေါင်း ၃၄ ရက် သတ်မှတ်ထားပြီး မြန်မာနှစ်သစ်ကူးကာလတွင် ရုံးပိတ်ရက် ၉ ရက်အထိ ဆက်တိုက်ရရှိမည်ဖြစ်သည်။

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြား ကျရောက်သည့် ရုံးပိတ်ရက် လေးရက်ကိုလည်း အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ထပ်မံသတ်မှတ်ပေးထားသည်။

ယင်းသို့ ရက်ရှည်ရုံးပိတ်ရက်များ သတ်မှတ်ပေးထားမှုနှင့်အတူ မတ် ၁ ရက်အတွက် မတ် ၆ ရက်၊ မေ ၂၁ ရက်အတွက် မေ ၂၉ ရက်၊ နိုဝင်ဘာ ၂၂ ရက်အတွက် နိုဝင်ဘာ ၂၇ ရက်နှင့် ဒီဇင်ဘာ ၂၇ ရက်အတွက် ၂၀၂၈ ခုနှစ် ဇန်နဝါရီ ၈ ရက်တို့ကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်ထားသည်။

အီဒလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့နှင့် ဒီပါဝလီနေ့တို့ ကျရောက်မည့် ရက်စွဲများကို သီးခြားထပ်မံကြေညာမည်ဖြစ်ပြီး ဘဏ်ပိတ်ရက်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက သီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

#အက္ခရာ



Address

Yangon

Alerts

Be the first to know and let us send you an email when AHKHARA SOLUTION posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AHKHARA SOLUTION:

Shortcuts

Share