Kan Thar Yar

Call Directions

Kan Thar Yar best price and best service.

14/10/2026

H-o-p-e [2026] ရှယ်ပေါက် ရုံတင်ကားကြီး
နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေခဲ့ရတဲ့ The Wailing ဒါရိုက်တာ Na Hong-Jin ရဲ့ သိပ္ပံစိတ်ကူးယဉ်နဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။မင်းသား Hwang Jung-Min, Zo In-Sung နဲ့ မင်းသမီး Jung Ho-Yeon အစရှိတဲ့ ကိုးရီးယား ထိပ်တန်း မင်းသား၊ မင်းသမီးတွေအပြင် ဟောလိဝုဒ် နာမည်ကျော် အနုပညာရှင်များစွာကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ဝေးလံခေါင်သီတဲ့ ရွာငယ်လေးတစ်ရွာရဲ့ လမ်းမအလယ်မှာ အစိမ်းလိုက် ကိုက်ဖြဲသတ်ဖြတ်ထားခံရတဲ့ နွားထီးတစ်ကောင်ရဲ့ အလောင်းကို စတင်တွေ့ရှိရာကနေ ဇာတ်လမ်းစထားပါတယ်။
စစ်ကူအင်အားစုကလည်း တောမီးငြှိမ်းသတ်ဖို့ ထွက်သွားကြပြီ။ ဆက်သွယ်ရေးလိုင်းတွေကလည်း ပြတ်တောက်လို့... ရွာထဲမှာ ကျန်ရစ်နေခဲ့သူတွေကလည်း အကုန်လုံး သက်ကြီးရွယ်အိုတွေသာ...ကျား ဒါမှမဟုတ် သတ္တဝါဆိုးတစ်ကောင်ရဲ့ လက်ချက်များလားဆိုပြီး စခန်းမှူး ဂိုဘုမ်းဆော့ (Hwang Jung-Min)၊ အမဲလိုက်မုဆိုး ဂိုဆောင်းဂီ (Zo In-Sung)၊ ရဲမေ အင်ဆောင်းအယ် (Jung Ho-Yeon) တို့က အဆိုပါ သတ္တဝါကြီးကို လိုက်လံဖမ်းဆီးဖို့အတွက် တောထဲ ဝင်သွားကြပါတော့တယ်။ဒါပေမဲ့ သူတို့ ထင်ထားသလို သာမန် တောရိုင်းတိရစ္ဆာန်ရဲ့ လက်ချက်မဟုတ်ဘဲ တခြားကမ္ဘာက ဂြိုဟ်သားတစ်စုရဲ့ ကျူးကျော်မှုတစ်ခု ဖြစ်နေရာ..အမဲလိုက်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ သားကောင်နေရာ ရောက်သွားရတဲ့ သူတို့ ၃ ဦးက ရွာငယ်လေးကို ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ကာကွယ်သွားကြမလဲ...မသိနားမလည်မှုနဲ့ ပေါ့ဆမှုတို့ကနေ စတင်ခဲ့တဲ့ အမှားတစ်ခုဟာ စကြဝဠာနဲ့ချီတဲ့ ဘေးဒုက္ခဆိုးကြီးအဖြစ် ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ရင်တမမနဲ့ ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Credit..... Bioscope
Telegram Link.....https://t.me/skynetterminator1

13/10/2026
06/10/2026
04/10/2026

K-u-n-g F&u S-o-c-c-e-r (2026)
အားလုံးစောင့်မျှော်နေတဲ့ စတီဖင်ချောင်ရိုက်ကူးထားတဲ့ Kung Fu Soccer ကား Digital အကြည်ထွက်ပါပြီ......... ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer" (功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ
အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ(Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
Credit..... Bioscope
Telegram Link.....https://t.me/skynetterminator1

03/10/2026

Online ကနေ ရထားလက်မှတ်ဖြတ်ရင် DEMU (စပိန်)၊ DEMU (ဂျပန်) နဲ့ လေအိတ်/ရိုးရိုးရထားဘယ်လိုခွဲခြားရလဲဆိုတာပြောပြထားပါတယ်နော်🥰

🚂 ၁။ ရန်ကုန် - #မန္တလေး - ရန်ကုန် လမ်းပိုင်း🚂
🚃 လေအိတ်ရထား (ရိုးရိုး)
👉 အမှတ် (၁၁) အဆန် (ရန်ကုန် ➔ မန္တလေး): ⏰ နံနက် ၀၅:၃၀ ထွက် ➔ ညနေ ၂၀:၀၀ ဆိုက်
👉 အမှတ် (၁၂) အစုန် (မန္တလေး ➔ ရန်ကုန်): ⏰ နံနက် ၀၅:၃၀ ထွက် ➔ ညနေ ၂၀:၄၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ရိုးရိုးတန်း ၁၆,၀၀၀ ကျပ် / အထက်တန်း ၂၇,၀၀၀ ကျပ် / အထက်တန်း (Aircon) ၄၅,၀၀၀ ကျပ်

🇪🇸 DEMU (SPAIN)
👉အမှတ် (၃) အဆန် (ရန်ကုန် ➔ မန္တလေး): ⏰ နံနက် ၀၆:၀၀ ထွက် ➔ ညနေ ၁၆:၀၀ ဆိုက်
👉အမှတ် (၄) အစုန် (မန္တလေး ➔ ရန်ကုန်): ⏰ နံနက် ၀၆:၀၀ ထွက် ➔ ညနေ ၁၆:၁၀ ဆိုက်
🎟️️ လက်မှတ်စျေးနှုန်း: ပထမတန်း ၃၄,၀၀၀ ကျပ် / အထက်တန်း ၄၈,၀၀၀ ကျပ်

🇯🇵 DEMU (JAPAN)
👉 အမှတ် (၅) အဆန် (ရန်ကုန် ➔ မန္တလေး): ⏰ နံနက် ၀၇:၀၀ ထွက် ➔ ညနေ ၁၇:၀၀ ဆိုက်
👉 အမှတ် (၆) အစုန် (မန္တလေး ➔ ရန်ကုန်): ⏰ နံနက် ၀၇:၀၀ ထွက် ➔ ညနေ ၁၇:၁၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ပထမတန်း ၃၄,၀၀၀ ကျပ် / အထက်တန်း ၄၈,၀၀၀ ကျပ်

🇪🇸 DEMU (SPAIN)
👉 အမှတ် (၉) အဆန် (ရန်ကုန် ➔ မန္တလေး): ⏰ နံနက် ၀၈:၃၀ ထွက် ➔ ညနေ ၁၈:၃၀ ဆိုက်
👉အမှတ် (၁၀) အစုန် (မန္တလေး ➔ ရန်ကုန်): ⏰ နံနက် ၀၈:၃၀ ထွက် ➔ ညနေ ၁၈:၄၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ပထမတန်း ၃၄,၀၀၀ ကျပ် / အထက်တန်း ၄၈,၀၀၀ ကျပ်

🏛️ ၂။ ရန်ကုန် - #နေပြည်တော် - ရန်ကုန်လမ်းပိုင်း
🇪🇸 DEMU (SPAIN)
👉 အမှတ် (၇) အဆန် (ရန်ကုန် ➔ နေပြည်တော်): ⏰ နေ့လည် ၁၂:၃၀ ထွက် ➔ ညနေ ၁၇:၃၀ ဆိုက် 👉 အမှတ် (၈) အစုန် (နေပြည်တော် ➔ ရန်ကုန်): ⏰ နေ့လည် ၁၂:၃၀ ထွက် ➔ ညနေ ၁၇:၃၀ ဆိုက် 🎟️ လက်မှတ်စျေးနှုန်း: ပထမတန်း ၁၉,၀၀၀ ကျပ် / အထက်တန်း ၂၈,၀၀၀ ကျပ်

🇪🇸 DEMU (SPAIN)
👉 အမှတ် (၃၁) အဆန် (ရန်ကုန် ➔ နေပြည်တော်):
⏰ နံနက် ၁၀:၀၀ ထွက် ➔ ညနေ ၁၅:၀၀ ဆိုက်
👉 အမှတ် (၃၂) အစုန် (နေပြည်တော် ➔ ရန်ကုန်):
⏰ နံနက် ၁၀:၀၀ ထွက် ➔ ညနေ ၁၅:၀၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ပထမတန်း ၁၉,၀၀၀ ကျပ် / အထက်တန်း ၂၈,၀၀၀ ကျပ်

🌊 ၃။ ရန်ကုန် - #မော်လမြိုင် - ရန်ကုန် လမ်းပိုင်း
🚃 လေအိတ် / ရိုးရိုး အမြန်ရထား
👉 အမှတ် (၈၁) အဆန် (ရန်ကုန် ➔ မော်လမြိုင်): ⏰ နံနက် ၀၇:၃၀ ထွက် ➔ ညနေ ၁၅:၅၀ ဆိုက်
👉 အမှတ် (၈၂) အစုန် (မော်လမြိုင် ➔ ရန်ကုန်): ⏰ နံနက် ၀၇:၃၀ ထွက် ➔ ညနေ ၁၆:၀၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ရိုးရိုးတန်း ၇,၀၀၀ ကျပ် / အထက်တန်း ၁၂,၀၀၀ ကျပ်
💡 မှတ်ချက်: ရိုးရိုး/လေအိတ်တွဲများကို မရက် နှင့် စုံရက် ခွဲခြား၍ ထွက်ခွာပေးပါသည်။

🇪🇸 DEMU (SPAIN)
👉 အမှတ် (၈၃) အဆန် (ရန်ကုန် ➔ မော်လမြိုင်): ⏰ နံနက် ၀၅:၀၀ ထွက် ➔ နေ့လည် ၁၁:၀၀ ဆိုက်
👉 အမှတ် (၈၄) အစုန် (မော်လမြိုင် ➔ ရန်ကုန်): ⏰ နေ့လည် ၁၂:၀၀ ထွက် ➔ ညနေ ၁၈:၀၀ ဆိုက် 🎟️️ လက်မှတ်စျေးနှုန်း: ပထမတန်း ၁၆,၀၀၀ ကျပ် / အထက်တန်း ၂၂,၀၀၀ ကျပ်

🏙️ ၄။ ရန်ကုန် - #ပြည် - ရန်ကုန် လမ်းပိုင်း
🚃 ရိုးရိုး လူစီးအမြန်ရထား
👉အမှတ် (၇၁) အဆန် (ရန်ကုန် ➔ ပြည်): ⏰ နံနက် ၁၁:၀၀ ထွက် ➔ ည ၁၉:၃၀ ဆိုက်
👉 အမှတ် (၇၂) အစုန် (ပြည် ➔ ရန်ကုန်): ⏰ ည ၂၁:၀၀ ထွက် ➔ နံနက် ၀၅:၁၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ရိုးရိုးတန်း ၇,၀၀၀ ကျပ် / အထက်တန်း ၁၂,၀၀၀ ကျပ်

🇪🇸 DEMU (SPAIN)
👉 အမှတ် (၇၃) အဆန် (ရန်ကုန် ➔ ပြည်): ⏰ နံနက် ၀၅:၃၀ ထွက် ➔ နေ့လည် ၁၁:၄၅ ဆိုက်
👉 အမှတ် (၇၄) အစုန် (ပြည် ➔ ရန်ကုန်): ⏰ နေ့လည် ၁၃:၁၅ ထွက် ➔ ည ၁၉:၃၀ ဆိုက်
🎟️ လက်မှတ်စျေးနှုန်း: ပထမတန်း ၁၅,၀၀၀ ကျပ် / အထက်တန်း ၂၀,၀၀၀ ကျပ်

ရထားလက်မှတ်များကို မြန်မာ့မီးရထား၏ တရားဝင် Website မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်ပါသည်။


#ရထား

#ရထားလက်မှတ်ဖြတ်နည်း
#စပိန်ရထား
#ဂျပန်ရထား

26/09/2026

Address

Yangon. Shwe Pyi Thar. No 4 Main Road. Kan Thar Yar Store
Yangon
11411

Telephone

+959752253279

Website

Alerts

Be the first to know and let us send you an email when Kan Thar Yar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share