28/05/2023
တရုတ်သိုင်းကား ကြိုက်နှစ်သက်သူတွေအတွက်
Back From the Brink/护心(2023)
💙ကြမ္မာထုံးဖွဲ့လေသော မေတ္တာနှလုံးသား💙
"လောကကြီးမှာလူသားတွေရဲ့နှလုံးသားက အန္တရာယ်အများဆုံးလို့ပြောကြတဲ့အတိုင်းပဲ ကိုယ်အရင်ကချစ်ရတဲ့သူက ကိုယ့်ခန္ဓာကိုယ်ကို တစ်စစီဖြုတ်ပြီးချိပ်ပိတ်ခဲ့တယ်"
"ဒါဆိုရင်...ရှင်ကဘာလို့ အခုထိအသက်ရှင်နေသေးတာလဲ"
"မင်းနဲ့တွေ့ဆုံဖို့အတွက်လေ💙"
မင်္ဂလာပါ ဒီတစ်ခါ Soulers တို့ကို တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ချစ်ရတဲ့သူက သစ္စာဖောက်လို့ နှလုံးသားထဲမှာ ဒဏ်ရာဗလပွနဲ့ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ နဂါးကြီးနဲ့ သူ့ဘဝထဲကိုဝင်ရောက်လာမဲ့ လျှို့ဝှက်ချက်တွေနဲ့ ကောင်မလေးတစ်ယောက်တို့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ စလာကတည်းက ခွေးသွေးအပြည့်နဲ့ ဒီဇာတ်လမ်းတွဲလေးက Xianxia, Romance, Drama အမျိုးအစားဖြစ်ပြီး
🐲ဇာတ်လမ်းအညွှန်းလေးကတော့🐲
ချစ်ရသူဆီက ရင်ဝတည့်တည့်ကို ဓားစိုက်ခံလိုက်ရတဲ့ ထျန်းယောက်ဟာ ခန္ဓာကိုယ်မှာ ဒဏ်ရာအမာရွတ်အပြည့်နဲ့အပြင် နှလုံးသားထဲမှာပါ နာကြည်းချက်တွေနဲ့ ပြန်လည်မွေးဖွားလာတဲ့ နဂါးနတ်ဆိုးတစ်ပါးပါ။ သူချစ်ရတဲ့ အမျိုးသမီးက သူ့ရဲ့နဂါးခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာဖြုတ်ပြီး အရပ်လေးမျက်နှာမှာ ချိပ်ပိတ်ပစ်ခဲ့တဲ့အထိ လုပ်ရက်ခဲ့ပြီး ကံကောင်းစွာနဲ့ သူ့ရဲ့စိတ်ဝိညာဉ်လေးပဲ လွတ်မြောက်သွားခဲ့ပါတယ်။
ပြန်လည်ရှင်သန်လာတဲ့ ဒီဘဝမှာတော့ ပျောက်ဆုံးနေတဲ့ သူ့ခန္ဓာအစိတ်အပိုင်းတွေကို ပြန်ပြီးရှာဖွေရင်း သူ့ကို ကာကွယ်ပေးပါမယ်လို့ဆိုလာတဲ့ ယန့်ဟွေဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါ...
နဂါးအရိုးတွေကို ချိပ်ပိတ်ထားတဲ့ ချိပ်စည်းတွေကို ယန့်ဟွေပိုင်ဆိုင်တဲ့ နဂါးတစ်ကောင်က ဖျက်ဆီးပေးနိုင်တာကို သိလိုက်ရတဲ့ ထျန်းယောက်က ယန့်ဟွေကို အသုံးချဖို့တွေးပါတော့တယ်။
ကံကြမ္မာကတစ်ပတ်ပြန်လည်ရင်း ထျန်းယောက်က ယန့်ဟွေကို ထပ်ပြီးချစ်မိသွားမှာလား
အစကတည်းက လျှို့ဝှက်ချက်တွေနဲ့ ယန့်ဟွေတစ်ယောက် သူ့ရဲ့မူရင်းသရုပ်မှန်ကိုသိရှိပြီးတော့ ဘာဆက်ဖြစ်ကြမှာလဲ
အနှောင်အဖွဲ့တွေ၊ သစ္စာဖောက်မှုတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နေတဲ့ ဒီဇာတ်လမ်းလေးမှာတော့ Soul ချစ်သူများနဲ့ မစိမ်းကြမဲ့ When We Were Young နဲ့ A girl like me ထဲက မင်းသားချော Hou Min Hao နဲ့ Word of Honor ထဲက ပရိသတ်အားလုံးချစ်ကြတဲ့ Zhou Ye တို့က သရုပ်ဆောင်ထားပါတယ်
ဇာတ်ကားလေးကို အောက်ကလင့်မှာဝင်ကြည့်နိုင်ပါတယ်
တရုတ်သိုင်းကား၊ မှော်ကား၊ ရာဇဝင်များ
ရုပ်ရှင်ဇာတ်ကားများကိုတင်ဆက်ပေးသွားပါမည်
https://t.me/China_movie_myanmar
-Business_Service #သောက #မေတ္တာဖြင့်