Ayeyarwaddy Business Center - ABC

Ayeyarwaddy Business Center - ABC We offer quality education with fair price. We have serveral subject to offer for our students and

“စည်းရုံးတတ်ကြပါစေ”▪️▪️▪️▪️▪️▪️▪️▪️ဆေးရုံကဆင်းတော့ အားနေလို့ မနေနိုင် စာလေးတစ်ပုဒ်တော့ ရေးချင်တယ် 😁😁😁ဟိုတစ်လောက ကုမ္ပဏီတ...
19/08/2026

“စည်းရုံးတတ်ကြပါစေ”
▪️▪️▪️▪️▪️▪️▪️▪️

ဆေးရုံကဆင်းတော့ အားနေလို့ မနေနိုင် စာလေးတစ်ပုဒ်တော့ ရေးချင်တယ် 😁😁😁

ဟိုတစ်လောက ကုမ္ပဏီတွေ ကော်ပရိတ်တွေ လုပ်ငန်းတွေမှာ

ဝန်ထမ်းတွေကောင်းတွေရဖို့ ရှားလာတယ်

ဝန်ထမ်းတွေမြဲဖို့ ခက်လာတယ်

သက်ဆိုင်ရာ တာဝန်ရှိသူတွေ
သူဌေးတွေ
HR တွေလဲ ကြိုးစားကြတာပါပဲ

တလောက ကျော်ဟိန်းရဲ့ ရုပ်ရှင်ကားအတိုလေး ကြည့်လိုက်ရတယ်

ရုပ်ရှင်ထဲမှာ ကျော်ဟိန်းက ရွာက အိမ်ဖော်ကလေးမလေးကို

သူဌေးအိမ်တစ်အိမ်မှာ အိမ်အကူလုပ်ကိုင်ဖို့ ခေါ်ပေးလာတာ အိမ်အကူပွဲစားပေါ့

အိမ်ရှင်အဒေါ်ကြီးက

“အိမ်သားခုနှစ်ယောက်ရှိတယ်

အားလုံး အဝတ်ညည်းလျှော်ရမယ်

ဘာညာ ဘာညာပေါ့ ရေကိုလဲ အများကြီးမသုံးနဲ့ ဆပ်ပြာကိုလဲ အတိုင်းအတာနဲ့ပေးမှာ

လျှော်ပြီးသားအဝတ်တွေကို ငါက သေသေချာချာကြည့်မှာတဲ့

မကြိုက်ရင် ကျေနပ်တဲ့အထိ ပြန်လျှော်ပေးရမယ်

အိမ်အကူကို အင်္ကျီပြဲတာစုတ်တာမသိချင်ဘူး သန့်သန့်ရှင်းရှင်း ဝတ်ဖို့ပါမှာတယ်

ပစ္စည်းတစ်ခုခုပျက်စီးရင် လခထဲက လျော်ရမယ်” စသဖြင့် တောက်လျှောက်စည်းကမ်းတွေချည်း ဖြတ်မယ် တောက်မယ်ချည်းလွှတ်ပွါးတာ

အဲ့မှာ ကျော်ဟိန်းပြောတဲ့ စကားလေးသိပ်သဘောကျတာ

“သူက အမကြီးအိမ်က ဝေယျာဝစ္စတွေ လုပ်ပေးဖို့လာတာ အမကြီး အနေနဲ့ ကိုယ့်အိမ်မှာ အလုပ်လာလုပ်တဲ့ လူကို စည်းရုံးတာ ပုံစံသိပ်မကျဘူး”

“သူက ငွေဝယ်ကျွန်မဟုတ်ဘူး
သူက သူ့လုပ်အားကိုလာရောင်းတာ

ကိုယ့်အိမ်မှာ အလုပ်လာလုပ်တဲ့သူကို တကယ့်စေတနာနဲ့ အလုပ်လုပ်ပေးတာလိုချင်တယ်ဆိုရင်

အမကြီးတို့ဘက်က မျှမျှတတနဲ့ ကိုယ်ချင်းစာစိတ်လေးထားပြီးတော့ ဆွေးနွေးရင်ပိုကောင်းမယ်တဲ့”

အမကြီးပြောတာနားထောင်ရင်းကျွန်တော် ပူအိိုက်ပြီး စိတ်ဒုက္ခ တော်တော်ဖြစ်တယ်

ကျွန်တော်တို့ရွာကကလေးမလေးကို

ကျွန်တော်ပွဲခရပြီးရော ဒီစည်းကမ်းတွေအောက်မှာထားရမှာ ကျွန်တော်စိတ်ထဲတော်တော်အားနာတယ် ပြန်ခေါ်သွားမယ်ဆိုပြီး ပြန်ခေါ်သွားတယ်

ဒါလေးကြည့်ပြီး

ကောင်းလိုက်တာလို့ မက်ဆေ့ချ်လေးက တွေးမိတယ်

အရင်ကလဲ HR မန်နေဂျာဘဝနဲ့ ဟိုတယ်တစ်ခုမှာအလုပ်ဝင်တုန်း ဝန်ထမ်းတွေခေါ်တော့

Housekeeping ဌာနအတွက် ဝန်ထမ်းအင်တာဗျူးလုပ်တော့ သက်ဆိုင်ရာလိုင်းမန်နေဂျာနဲ့ ကိုယ်နဲ့ နှစ်ယောက် ဝန်ထမ်းတွေကိုဗျူးတာပေါ့

မန်နေဂျာက
အိမ်သာဆေးရမယ်
အန်ဖတ်ဆေးရမယ်
ဟိုဟာကျုံးရမယ်
ဒီဟာကျုံးရမယ်
ညစ်ညစ်ပတ်ပတ် ကိုင်တွယ်နိုင်ရမယ်

စသဖြင့်တစ်တစ်ခွခွတွေပြောတာ

အမှန်ဆို ဝန်ထမ်းအသစ်တစ်ယောက်ကို ဌာနရောက်လာဖို့

စည်းရုံးရမယ်
သိမ်းသွင်းရမယ်
စိတ်ခွန်အားပေးရမယ်
သင်ပေးမယ်
ကူပေးမယ်
တစ်ယောက်တည်းမဟုတ်ဘူး အများနဲ့လုပ်ရမယ်

စသဖြင့် စည်းရုံးရမှာ အလုပ်ထဲမှာ အထက်ပါကိစ္စရပ်တွေ လုပ်ရမှာရှိပင်ရှိသော်ငြားလဲ

ဒဲ့ တစ်တစ်ခွခွပြောပြီး ငါတို့က ဒဲ့ပဲ မှန်တဲ့ အတိုင်းပဲပြောတတ်တယ်ဆိုပြီး ဒုတ်ထိုးအိုးပေါက်ပြောလို့မရဘူး

အခုမှ လုပ်ငန်းခွင်ထဲဝင်မယ့် သူအနေနဲ့ အမြဲတမ်းဒါတွေလုပ်ရမယ်လို့ထင်သွားနိုင်တယ်

မရှိတာမဟုတ်ဘူး ရှိနိုင်တယ်

ဒါပေမယ့် အမြဲမဟုတ်ဘူး ကိုင်တွယ်တဲ့နေရာမှာ ပစ္စည်းကိရိယာ တန်ဆာပလာနဲ့ စနစ်တကျ သန့်ရှင်းရေးစည်းစနစ်အတိုင်းစနစ်တကျလုပ်ရတာ

အဲ့ဒါကိုတွေ့တော့

သူဌေးတွေ
HR Manager တွေ
Line Manager တွေ
အလုပ်ရှင်တွေ အနေနဲ့

မိမိခေါ်မယ့် ဝန်ထမ်းကို ကိုယ်ချင်းစာတရားနဲ့ စည်းရုံးသိမ်းသွင်းနိုင်ဖို့လိုတယ်

ပေးတဲ့လစာ
ခိုင်းတဲ့ အလုပ်
ပြောဆိုတဲ့ စကားစတာတွေကို ထိန်းသိမ်းနိုင်ဖို့လိုတယ်

အလုပ်ရှင်ဆိုတာ ကျေးဇူးရှင်မဟုတ်ပါဘူး

Demand နဲ့ Supply သဘောတရားပါပဲ

ဝန်ထမ်းကလုပ်အားရောင်းတယ်
အလုပ်ရှင်က လုပ်အားဝယ်တယ်

ကြိုက်ရောင်းကြိုက်ဝယ်သဘောတရားပါပဲ

မိတ်ဆွေတို့ကော ဘယ်လိုမြင်သလဲ ဘယ်လိုကြုံဖူးသလဲ မျှဝေသွားပါအူး


#ကိုယ်ချင်းစာတတ်ကြပါစေ🙏

13/08/2026

“ငမွှေထိုးတွေကိုဘယ်လိုကိုင်တွယ်မလဲ”
#တွေးစရာပဲ #စီးပွါးရေးတွေတိုးတက်ကြပါစေ #စီးပွါးရေး

12/08/2026

“စီးပွါးရေးလုပ်ငန်းရှင်များအတွက်”

“လုပ်ငန်းခွင်အောင်မြင်ဖို့ ကိုယ်ပိုင်သင်တန်းနည်းပြတွေမွေးထုတ်ပါ”▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️အခုနောက်ပိုင်း ကုမ္ပဏီ...
12/08/2026

“လုပ်ငန်းခွင်အောင်မြင်ဖို့ ကိုယ်ပိုင်သင်တန်းနည်းပြတွေမွေးထုတ်ပါ”
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အခုနောက်ပိုင်း ကုမ္ပဏီတွေ Corporate Training ကို TOT လို့ခေါ်တဲ့ Training of Trainer Program တွေတော်တော်လေးလုပ်လာတယ်

ကုမ္ပဏီတစ်ခုမှာ Training of Trainers (TOT) အစီအစဉ် လုပ်ဆောင်ပေးတာဟာ ရေရှည်အတွက် အလွန် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ အဓိကရရှိနိုင်တဲ့ ကောင်းကျိုးကတော့

(1) ပြင်ပက သင်တန်းဆရာတွေကို ခဏခဏ ငှားရမ်းစရိတ် မလိုတော့ဘဲ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ခြင်းပါပဲ။

(2)ဒါ့အပြင် ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်၊ ယဉ်ကျေးမှုနဲ့ လိုအပ်ချက်တွေကို သေချာနားလည်ထားတဲ့ အတွင်းဝန်ထမ်းတွေကပဲ ပြန်လည်သင်ကြားပေးတာဖြစ်လို့ ပြင်ပသင်တန်းတွေထက် ပိုပြီး လက်တွေ့ကျကာ ထိရောက်မှု ရှိစေပါတယ်။

(3) အတွေ့အကြုံရှိတဲ့ Senior ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို ကုမ္ပဏီအတွင်း လက်ဆင့်ကမ်း မျှဝေနိုင်တဲ့ ယဉ်ကျေးမှုတစ်ခု ပေါ်ပေါက်လာပြီး ဝန်ထမ်းသစ်တွေကို လေ့ကျင့်ပေးရာမှာလည်း ပိုမို မြန်ဆန်လာပါလိမ့်မယ်။

(4)တစ်ချိန်တည်းမှာပဲ သင်တန်းဆရာအဖြစ် လေ့ကျင့်ခံရတဲ့ ဝန်ထမ်းတွေဟာ ပြောဆိုဆက်ဆံရေး၊ တင်ပြမှုစွမ်းရည်နဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ တိုးတက်လာပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာကြပါတယ်။

(5) ဒါ့အပြင် ကုမ္ပဏီရဲ့ စံချိန်စံညွှန်းနဲ့ SOP တွေကို ဝန်ထမ်းအားလုံးထံ တစ်ပြေးညီ တိတိကျကျ ရောက်ရှိအောင် ပို့ချပေးနိုင်တာကြောင့် အဖွဲ့အစည်းတစ်ခုလုံးရဲ့ လုပ်ဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

(6) TOT ဟာ ဝန်ထမ်းတွေကြားမှာသာမက ဖောက်သည်နဲ့ ဆက်ဆံရေး မိမိ Clients တွေနဲ့ ဆက်ဆံရေးကိုပါ ပိုမိုတိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

ကဲမိမိရဲ့ ဝန်ထမ်းတွေကို In house trainer ကောင်းတွေအဖြစ်မွေးထုတ်နိုင်ဖို့

Ayeyarwaddy Business Center က နေ TOT Corporate Training လေးရယူလို့ရပါတယ်

Presentation Skills
Adult Learning Principle
Training Need Analysis
Lesson Planning and Curriculum Design
Role Play, Case Study, Group Discussion and Gamification
Questioning and Facilitation Techniques
Class Room Management & Evaluation စတာတွေကိုပါ

လေ့လာသင်ကြားရမှာမို့ ABC ကနေ TOT Package လေးယူလို့ရပါတယ်

စုံစမ်းဖို့ - 09964016243, 09421016243

အကောင်းဆုံး Training Partner - Ayeyarwaddy Business Center



The Art of Business Mastermind — လုပ်ငန်းခွင်သုံး စီးပွားရေး လက်တွေ့သင်တန်းသင့်လုပ်ငန်းကို စနစ်တကျနဲ့ ရေရှည်တိုးချဲ့ဖို့...
11/08/2026

The Art of Business Mastermind — လုပ်ငန်းခွင်သုံး စီးပွားရေး လက်တွေ့သင်တန်း

သင့်လုပ်ငန်းကို စနစ်တကျနဲ့ ရေရှည်တိုးချဲ့ဖို့ ပြင်ဆင်နေပါသလား?

လူတွေ့တိုက်ရိုက် သင်ကြားပေးမည့် (၂) ရက်တာ The Art of Business Mastermind သင်တန်းမှာ Strategic Leadership ကနေ System & Operations အထိ စီးပွားရေးအတွက် တကယ်လိုအပ်တဲ့ နည်းလမ်းများကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်ပါပြီ။

ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ -
မဟာဗျူဟာမြောက် ခေါင်းဆောင်မှု (Strategic Leadership): အကျပ်အတည်းများကို ကျော်လွှားပြီး ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း

ဝန်ထမ်း ခေါ်ယူခြင်းနှင့် ထိန်းသိမ်းခြင်း (Talent Acquisition & Retention): အရည်အချင်းရှိ ဝန်ထမ်းများကို ဆွဲဆောင်ပြီး ရေရှည် လက်တွဲနိုင်မည့် စနစ်များ တည်ဆောက်ခြင်း

ဈေးကွက်ဗျူဟာနှင့် Brand တိုးချဲ့ခြင်း (Marketing & Brand Scaling): Data-driven မဟာဗျူဟာများဖြင့် Branding နှင့် Customer ထိန်းသိမ်းခြင်း

လုပ်ငန်းစဉ် စနစ်များ ရေးဆွဲခြင်း (System & Operations): SOP များ၊ KPI/OKR စနစ်များဖြင့် လုပ်ငန်းကို Automation စနစ်သို့ ကူးပြောင်းခြင်း

စီးပွားရေး တိုးချဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု (Business Growth & Expansion): Joint Venture များ၊ Strategic Partnerships များဖြင့် လုပ်ငန်းတိုးချဲ့ခြင်း

ဘယ်သူတွေ တက်ရောက်သင့်သလဲ -
၁) စီးပွားရေး လုပ်ငန်းရှင်များ
၂) စီမံခန့်ခွဲသူများနှင့် မန်နေဂျာများ
၃) စွန့်ဦးတီထွင်သူများနှင့် လုပ်ငန်းစတင်လိုသူများ

တက်ရောက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ -

လက်တွေ့ကျသော ဗျူဟာများ: လုပ်ငန်းမှာ ချက်ချင်း ပြန်လည် အသုံးပြုနိုင်မည့် လုပ်ငန်းစဉ်များ ရရှိခြင်း

Networking အခွင့်အလမ်းများ: အခြား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး ချိတ်ဆက်နိုင်ခြင်း

တိုက်ရိုက် ဆွေးနွေးခွင့်: သင်တန်းဆရာနှင့် မိမိလုပ်ငန်း အကြောင်း တိုက်ရိုက် တိုင်ပင် အကြံဉာဏ် ရယူနိုင်ခြင်း

သင်တန်း အသေးစိတ် -
ရက်စွဲ: ၁၉ - ၂၀ စက်တင်ဘာ ၂၀၂၆
အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ အထိ
နေရာ: Summer Palace Hotel
သင်တန်းကြေး: ၅၀၀,၀၀၀ ကျပ်

(ကော်ဖီ၊ လက်ဖက်ရည်နှင့် နေ့လယ်စာ အစီအစဉ်များ ပါဝင်ပါသည်)

Special Promotion:

ပထမဦးဆုံး အပ်နှံသူ ၁၅ ဦးအတွက် ၂၀% Discount ရရှိမည်ဖြစ်ပါသည်!

ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းရန် -
ဖုန်း: 09964016243

“လူဦးရေ ကန့်သတ်ထားပါသည်”

06/08/2026

“ဖောက်သည်ကိုသိပါစေ” #အရောင်းသမား #စီးပွါးရေးတွေတိုးတက်ကြပါစေ #စီးပွါးရေး

05/08/2026

“အတုတွေဝယ်မိနေပြီလား”
#အတု #အတုအစစ် #စီးပွားရေးအကြံပေး

04/08/2026

“ဝန်ထမ်းကောင်းမွေးပါ”
#စီးပွားရေးအကြံပေး

03/08/2026

“ရွေးချယ်မှုမှန်ကန်ပါစေ” #တိုးတက်ဖို့အမြဲကြိုးစားပါ #တွေးစရာပဲ #အောင်မြင်ပါစေ

02/08/2026

“ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပါ”

Address

No (51), Thamine Train Station Road, Mayangone Township
Yangon
11191

Telephone

+959890067549

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy Business Center - ABC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwaddy Business Center - ABC:

Shortcuts

Share