Law of Generation

Law of Generation Rule of law

16/06/2024

လွယ်မယောင်နဲ့ခက်တဲ့အမွေဆိုင်အိမ်နဲ့ခြံအရောင်းအဝယ်
အဲဒီလိုဖြစ်ကြတာမျိုးကများသောအားဖြင့် ဂရံမှာမိဘအမည်ပေါက်အိမ်နှင့်ခြံတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

မြေနှင့်အိမ်ဆိုတာ မိဘနှစ်ပါးမရှိအခါ မောင်နှမအများထဲမှ အဆင်ပြေသူ ဒါမဟုတ် ယုံကြည်ရပြီး ဩဇာညောင်းသောသူက မြေနှင့်အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို ထိန်းသိမ်းပေးထားတတ်ကြပါတယ်။

👉မိဘပိုင်ဂရံမြေအမည်ပေါက်ဝယ်တဲ့အခါ ဝယ်သူတွေအနေနဲ့ အထူးသတိထား ဝယ်သင့်ပါတယ်။အရင်ကာလများဆီကလွယ်သလောက် ယခုကာလမှာတော့ ပြောသလောက်မလွယ်ကူကြပါဘူး။လုပ်ကိုင်ရတဲ့အဆင့်ဆင့်များတဲ့အပြင် အချိန်တွေပါပိုပေးရတတ်ပါတယ်။

👉မောင်နှမများတဲ့အိမ်ဆိုပိုဆိုးပါတယ်တစ်ယောက်တစ်ပေါက် ကိုယ်လိုချင်တာပြောတတ်တာကြောင့် ညှိနှိုင်းရတာ စိတ်ရှည်ရပါတယ်။
👉ရောင်းမယ်၊ မရောင်းဘူး၊
👉ပေးတဲ့ဈေးက နည်းလွန်းတယ်၊ တစ်ယောက်နဲ့တစ်ယောက်ခွဲတဲ့အခါများများလိုချင်ကြတာကလည်းလူ့သဘာဝဆိုတော့လဲ တခါတလေငြင်းခုံတတ်ကြပါတယ်။
ရောင်းတော့ရောင်းချင်တယ် နည်းမှာလဲကြောက်တတ်ကြပါတယ်။ရောင်းလို့ရမှအမွေခွဲလို့ရ မှာဆိုတော့လဲ စိတ်ညစ်ပြီးမဝယ်ကြမှာလဲစိတ်ပူကြပြန်ပါသေးတယ်။
အမွေဆိုင်များက ရောင်းမယ်လို့သာ ပြောနေတာ

ဝယ်သူဘက်က မြေနဲ့အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ကြည့်ပါရစေလို့မေးလိုက်တဲ့အခါကျတော့၊

🔹ပိုင်ဆိုင် မှု စာရွက်စာတမ်းမစုံတာတို့၊
🔹မိဘနှစ်ပါးသေစာရင်း(မူရင်း)မပြနိုင်တာ တို့
🔹မိသားစုအိမ်ထောင်စုစာရင်း(မူရင်း)မပြနိုင်တာတို့
🔹မောင်နှမအားလုံးရဲ့ မှတ်ပုံတင်(မူရင်း )တွေ အားလုံးမပြနိုင်တာတို့ ဖြစ်တတ်ပါတယ်။
ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းတွေ ပြနိုင်ရင် အမွေဆိုင်တွေအားလုံးစုံပြီး အရောင်းအဝယ်စရန်ပေးစာချုပ်ချုပ်လို့ရပါတယ်။

အပြီးအပိုင် စာချုပ်ဖို့အတွက် အရောင်း မြေပုံ/မြေရာဇဝင်၊ပိုင်ဆိုင်ကြောင်းမြေပုံမြေ ရာဇဝင်တွေကူးတဲ့အခါမှာလည်း ပြောသလောက်မလွယ်ကူလှပါ။

တကယ်တော့ အမွေဆိုင်တွေအာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ဖို့နဲ့ အရောင်းအဝယ်စာချုပ်ဖို့ မြေပုံ၊ မြေရာဇဝင်တွေက မြို့တော်စည်ပင်က အလွယ်တကူ ထုတ်ပေးတာမရှိဘူး။
❗အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန်
❗အဖေ အမေတို့ရဲ့ သေစာရင်း(မူရင်း)
❗ဂရံမူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်း စားပေးကြတာပါ။
❗ဒါအပြင်ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့လိုအပ် သေးတယ်။
တခါတလေ ဘဏ်မှာငွေချေးခဲ့ဖူးရင်၊ ဒါမှမဟုတ် တခြားအကြောင်းတခုခုကြောင့် သက်ဆိုင်ရာက မြေပုံ/ မြေရာဇဝင် (ပုံစံ ၁၀၅၊၁ဝ၆)ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ်။
သူတို့ရဲ့ အရှုပ်အရှင်းများကို ဖြေရှင်းပြီးမှသာ ကန့်ကွက်ချက်ကိုပြန်လည်ရုပ်သိမ်းပေး ကြတယ်။
ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးကြတယ်။

ဒါကြောင့် ဝယ်သူဘက်ကစာရွက်စာတမ်းတွေစစ်ဆေးမယ်ဆိုရင်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✅ ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးရဲ့ သေစာရင်း (မူရင်း)
✅အမွေဆိုင်မောင်နှမတွေ ရဲ့ မှတ်ပုံတင်(မူရင်း)နဲ့ အိမ်ထောင်စု စာရင်း(မူရင်း)ကိုကြည့်ရပါမယ်။
✅စရန်ငွေပေးပြီးပြီဆိုတာနဲ့အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ပေးဖို့အတွက်အမွေဆိုင်များအား” ပိုင်ဆိုင်ကြောင်းမြေပုံ/ မြေရာဇဝင်“အရင်ကူးခိုင်းရမယ်။
မြို့မြေစာရင်း မှာ ရှုပ်နေတာရှိရင်လည်းအမွေဆိုင်တွေပဲ ရှင်းခိုင်းပြီးသားဖြစ်သွားပါတယ်။

✅အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။

✅အဲဒီအမွေ ဆက်ခံကြောင်းစာချုပ်ရရင် မြို့တော်စည်ပင်ရုံးမှာအမွေဆက်ခံသူတွေနာမည်ပြောင်းရပါမယ်။ (📌📌📌ယခုသတ်မှတ်လိုက်တဲ့ပုံစံပါ📌📌📌)
အဲဒီအမွေဆက်ခံသူတွေရဲ့ဂရန်အမည်ပြောင်းတာ(၁)လခန့်ကြာတတ်ပါတယ်။

✅စည်ပင်ကအမွေဆက်ခံသူတွေရဲ့နာမည်ပေါက်စာချုပ်ထုတ်ယူပြီးရင် စည်ပင်ရုံးမှာပဲ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးရန်အတွက်”အရောင်းမြေပုံထပ်မံကူးရပြန်ပါတယ်။
(📌📌တစ်လခန့်ကြာနိုင်ပါတယ်)

✅အရောင်းမြေပုံရရင်ကာလရာဖြတ်တန်ဖိုးအခွန်ဆောင်ဖို့
တိုင်းအခွန်ရုံးက
1-ယာယီစာချုပ်(မိတ္တူ(၃-စုံ)
2-အရောင်းမြေပုံ
3-မြေဂရန်
4-မှတ်ပုံတင်
5-အိမ်ထောင်းစုစာရင်း
6-အဆောက်အဦအတိုင်းအတာနှင့်ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုစာရင်း
7-မြေ/အိမ်/အဆောက်အဦးတို့ရဲ့ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ(၄)ပုံ တိုကို့တင်ပြရပါတယ်။

✅သက်ဆိုင်ရာကိုတင်ပြပြီးတာနဲ့ မြေနဲ့အိမ်ကို သက်ဆိုင်ရာကလာပြီးစစ်ပါတယ်။ပြီးမှသက်ဆိုင်ရာဌာနအရာရှိများအစည်းအဝေးထိုင်ကာကာလတန်ဖိုးဖြတ်ပေးပါတယ်
အဲဒီအစည်းဝေးရဲ့ဆုံးဖြတ်ချက်အတိုင်း
မြေနဲ့အိမ်တည်ရှိရာမြို့နယ်အခွန်ဦးစီရုံးသွားပြီး ဝင်ငွေခွန်တံဆိပ်ခေါင်းခွန်ဆောင်ရပါတယ် ။

✅မြို့နယ်အခွန်ရုံးက တန်ဖိုးကြီးတံဆိပ်ခေါင်းတွေနဲ့”ဝင-၈”လို့ခေါ်တဲ့အခွန်ဆောင်ပြီးကြောင်းပြေစာတွေရမှ မြေနဲ့အိမ်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ပေးဖို့ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ဆက်ပြီးတင်ပြရပါတယ်။
အဲဒီမှတ်ပုံတင်ရုံးမှာ အခွန်ပြေစာ/အမွေက်ဆက်ခံသူတွေရဲ့အမည်ပြောင်းပြီးမြေဂရန်/နဲ့ဆက်စပ်တဲ့အထောက်အထားတွေတင်ပြမှ ရောင်းသူ/ဝယ်သူလက်မှတ်ထိုး၍မှတ်ပုံတင်ခွင့်ရပါတယ် ။

✅ပြီးတော့စာချုပ်မှတ်ပုံတင်ခ(0.5%)ပေးဆောင်ပြီးမှသာရောင်းသူ(အမွေဆက်ခံသူ)တွေရဲ့တာဝန်ပြီးဆုံးပါတယ် ။

✅စည်ပင်မှာဝယ်သူအမည်ပြောင်းလျှောက်တဲ့အခါရောင်းသူအမွေဆိုင်များလိုက်စရာမလိုတော့ပါ။
ဝယ်သူကိုယ်တိုင်ရဲ့မှတ်ပုံတင်/ အရောင်းအဝယ်စာချုပ်/မြေဂရန်နဲ့အခွန်ပြေစာတို့ကို့တင်ပြရပါတယ်။
စည်ပင်မှကန့်ကွက်ရန်ရှိ/မရှိသတင်းစာကြော်ငြာပေးပါတယ်။ရက်ပြည့်လို့ကန်ကွက်သူမရှိရင်ဝယ်သူနာမည်ပြောင်းပေးပါတော့တယ်။
ဒါမှသာ အမွေဆိုင် အိမ်နှင့်ခြံအရောင်းအဝယ်ဟာပြီးဆုံးမှာဖြစ်ပါတယ်။

အဲဒါကြောင့် အမွေဆိုင်အိမ်နဲ့ခြံဝယ်ရတာ အရင်ကဒီလောက်မခက်ပေမယ့် ယခုအခါမှာတော့ လုပ်ရတဲ့အဆင့်တွေများလာတဲ့အပြင် အချိန်တွေပါပိုပေးရတာကြောင့် လွယ်မယောင်နဲ့ခက်လိုဆိုလိုခြင်းဖြစ်ပါတယ်......

Crd

Credit:လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

စာအုပ်မေတ္တာလက်ဆောင်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုအား ဖော်ပြပေးလိုက်ပါသည်။🙏🙏🙏
01/06/2024

စာအုပ်မေတ္တာလက်ဆောင်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုအား
ဖော်ပြပေးလိုက်ပါသည်။

🙏🙏🙏

12/01/2024
သံသယအကျိုးတရားခံ ခံစားပါ​စေ။
18/09/2020

သံသယအကျိုးတရားခံ ခံစားပါ​စေ။

စရိတ်တွေတိုးသည်
09/09/2018

စရိတ်တွေတိုးသည်

ရှေ့နေရှေ့ရပ်များအတွက် ..ဂုဏ်ယူစရာပါ..ရှေ့နေရှေ့ရပ်လူမျိုးစုထဲမှာလည်း...ဝဏ္ဏကျော်ထင်ဆိုသောဘွဲ့...ရှိဖူးတယ်ဗျို့..
05/09/2018

ရှေ့နေရှေ့ရပ်များအတွက် ..ဂုဏ်ယူစရာပါ..ရှေ့နေရှေ့ရပ်လူမျိုးစုထဲမှာလည်း...ဝဏ္ဏကျော်ထင်ဆိုသောဘွဲ့...ရှိဖူးတယ်ဗျို့..

ပညာယူသင့်သော...သတင်းစာကြေညာခြင်းတစ်ရပ်...အများနှင့်သက်ဆိုင်သောစာရွက်စာတမ်းဖြစ်၍ဖော်ပြခြင်းသာဖြစ်ပါသည်။
05/09/2018

ပညာယူသင့်သော...သတင်းစာကြေညာခြင်းတစ်ရပ်...
အများနှင့်သက်ဆိုင်သောစာရွက်စာတမ်းဖြစ်၍
ဖော်ပြခြင်းသာဖြစ်ပါသည်။

ရာဇသတ်ကြီးပုဒ်မများ...
01/09/2018

ရာဇသတ်ကြီးပုဒ်မများ...

မူကြမ်း...ဒုကြိမ်။
25/08/2018

မူကြမ်း...ဒုကြိမ်။

နှစ်စဉ်နှစ်တိုင်း...အထက်တန်းရှေ့နေများ..သက်တမ်းတိုးရမည့်အချိန်သည်...၁ရက် ..စက်တင်ဘာလကစသည်။တစ်လအတွင်းဆောင်ရွက်ကြရန်။တရားလ...
24/08/2018

နှစ်စဉ်နှစ်တိုင်း...အထက်တန်းရှေ့နေများ..သက်တမ်းတိုးရမည့်အချိန်သည်...၁ရက် ..စက်တင်ဘာလကစသည်။တစ်လအတွင်းဆောင်ရွက်ကြရန်။

တရားလွတ်တော်ရှေ့နေဖြစ်မှ...သက်တမ်းတိုးဖို့မလိုတော့မှာဖြစ်ပါတယ်။

Address

Mingalartaungnyunt Township
Yangon

Website

Alerts

Be the first to know and let us send you an email when Law of Generation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share