𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 - 𝗬𝗦𝗘

  • Home
  • Myanmar
  • Yangon
  • 𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 - 𝗬𝗦𝗘

𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 - 𝗬𝗦𝗘 Marketing Agency

  never accepts the Truth.
30/05/2022

never accepts the Truth.

 #ခွန်အားဖြစ်စာစုများ_________________________သင်လိုချင်တဲ့  အရာထက်လိုအပ်တဲ့အရာကိုပဲအရင်  လုပ်သင့်တယ်ခဏတာကို  မကြည့်နဲ့တ...
28/05/2022

#ခွန်အားဖြစ်စာစုများ
_________________________

သင်လိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘဝစာကို ကြည့်တတ်ပါစေ

တချို့ အရာတွေက
လိုချင်တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့် သင့်အတွက် အာမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ။

ဘဝကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ။

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ
ဘဝဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ
အရမ်းကိုခက်ခဲပါတယ်။

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရပါလိမ့်မယ်။

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ။

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်အခဲတွေကြုံလို့ လက်လျှော့ချင်လာတဲ့
အခါ သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ
ပြန်သတိရပါ ။

သူများနဲ့မတူတဲ့အခက် အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပြီးတဲ့အခါ

သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်
ဆိုတာ ဧကန်မုချ ယုံကြည်လိုက်ပါ။

ℹ️ လူတိုင်းက
◻️ သင့်အတွက် မိတ်ဆွေကောင်း မဖြစ်နိုင်သလို
ℹ️ လူတိုင်းက
◻️ သင့်ရဲ့ ရန်သူတွေလည်း မဟုတ်ကြပါဘူး။

ℹ️ လူတိုင်းက
◻️သင့်ကို ချစ်ခင်ဖို့ ဆိုတာ မဖြစ်နိုင်သလို
ℹ️ လူတိုင်းက
◻️သင့်ကိုမုန်းနေကြမှာလည်း မဟုတ်ပါဘူး။

ℹ️ လူတိုင်းက
◻️သင့်အကြောင်း စဉ်းစားနေကြမှာ မဟုတ်သလို
ℹ️ လူတိုင်းက
◻️သင့်ကို နားလည်ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ℹ️ လူတိုင်းက
◻️သင် ထင်တဲ့အတိုင်း မဖြစ်နိုင်သလို
ℹ️ လူတိုင်းက
◻️သင်နဲ့ သဘောထားချင်း ထပ်တူမကျ နိုင်ပါဘူး။

ℹ️ လူတိုင်းက
◻️သင့် စိတ်တိုင်းကျ အသက်ရှင်နေကြတာ
◻️မဟုတ်သလို
ℹ️ လူတိုင်းရဲ့
◻️စိတ်တိုင်းကျ ဖြစ်အောင် သင်ကလိုက်လုပ်ဖို့
◻️ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ℹ️ လူတွေက သင့်အပေါ် နားလည်မှုတွေ
◻️ပေးတယ်ဆိုတိုင်း
◻️သင်အမြဲတန်းမှန်နေတာ မဟုတ်သလို
ℹ️ လူတွေက သင့်အပေါ်ကဲ့ရဲ့ ရှုတ်ချတိုင်းလည်း
◻️သင်အမြဲတန်း မှား မနေနိုင်ပါဘူး။

ℹ️ သင့်ကို ချစ်ခင်နေတဲ့ သူတွေက
◻️သင့်ရဲ့ဆိုးကွက်ပေါင်းများစွာကို
◻️အပြစ်လို့ မမြင်ပဲ
◻️နားလည်ခွင့်လွှတ်ပေးကြပါလိမ့်မယ်။

ℹ️ သင့်ကို မနာလိုတဲ့ သူတွေက
◻️သင့်ရဲ့ ကောင်းကွက်ပေါင်း များစွာကို
◻️ချီးမွမ်းစရာလို့ မမြင်ပဲ
◻️နစ်နာစေဖို့ ရည်ရွယ်ပြီး ကဲ့ရဲ့ကြပါလိမ့်မယ်။

ℹ️ တစ်ကယ်တော့

ℹ️ လူတိုင်း လူတိုင်း
◻️တန်ဘိုးရှိတဲ့ လူ့ဘဝ ဆိုတာကို
◻️ထပ်တူမကျ တဲ့ လူတွေကြားထဲမှာ
◻️လိုက်လျောညီထွေ ဖြစ်အောင် ညှိရင်း
◻️တည် ဆောက် နေ ကြ ရ တာ ပါ ပဲ...။

_____________________ဒါကြောင့်---
-------------------

လူတစ်ချို့ကြောင့်
နေထိုင်မှု ပုံစံပြောင်းလဲရမယ် ။

လူတစ်ချို့ကြောင့်
စကားအပြောအဆို ပြောင်းလဲရမယ် ။

လူတစ်ချို့ကြောင့်
ပေါင်းသင်းတာတွေ ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
အကျင့်စရိုက်တွေ ပြောင်းလဲရမယ် ။

လူတစ်ချို့ကြောင့်
ဝတ်စားနေထိုင်ပုံတွေ ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
မာနတွေလည်း ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
ကိုယ့်ကိုယ်ကို အများကြီးပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
လျစ်လျူ ရှုတတ်အောင် ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
ဥပေက္ခာ ပြုတတ်အောင် ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
ဖော်ဖော်ရွေ ရွေ ပြောဆိုတတ်တာကို
ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
အားနာတတ်တာကို ပြောင်းလဲရမယ်။

လူတစ်ချို့ကြောင့်
ဟန်မဆောင်တတ်တာကို ပြောင်းလဲရမယ်။

လူတစ်ချို့က
ကိုယ့်စိတ်လိုမဟုတ်လို့. ပြောင်းလဲသင့်တာ
ပြောင်းလဲရတာပါ ။

ပေးဆပ်ပါ ........
နှင်းအပ်တော့မယ်ဆိုရင်တော့ မိုက်မဲသူလို့
ခေါင်းစဉ်တပ်ကြပါလိမ့်မယ် ။

အနစ်နာခံပါ ..........
လုပ်ချင်ရာလုပ်ပါဆိုရင်တော့ မိုက်ရူးရဲဆန်သူလို့
ခေါင်းစဉ်တပ်ကြလိမ့်မယ် ။

တွယ်တာပါ ............
နွယ်ပမာဖြစ်လာပြီဆိုရင်တော့ ရူးသွပ်သူလို့
ခေါင်းစဉ်တတ်ကြလိမ့်မယ်။

ကြင်နာပါ ........
ဖယ်ခွာမရ. နိုင်တော့ဘူးဆိုရင်တော့
သူရဲဘောကြောင်သူလို့. ခေါင်းစဉ်တတ်ကြလိမ့်
မယ်။

စွဲလမ်းပါ .......
အမြဲတမ်းအတွက်ဆိုရင်တော့
ယဉ်ယဉ်လေးရူးသူလို့. ခေါင်းစဉ်တတ်ကြလိမ့် မယ်။

ချစ်ပါ ........
မပစ်နိုင်တော့ဘူးဆိုရင်တော့
သတ္တိမရှိသူလို့. ခေါင်းစဉ်တပ်ကြလိမ့်မယ်။

အရာအားလုံး သင်ခံစားလို့ရပါတယ်။
ဒါပေမဲ့ လိုအပ်တာထက် မပိုပါစေနဲ့ ။
လိုအပ်တာထက်ပိုပြီးခံစားမိရင် ........
သင့်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ကြလိမ့်မယ်။

တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
ခံစားသင့်တဲ့အချိန်ခံစားပြီး
ဝေဝါးသင့်တဲ့အချိန် ဝေဝါးပစ်လိုက်ပါ ။
မေ့သင့်တဲ့အချိန်ရောက်ရင် မေ့ပစ်လိုက်ပါ။
စိတ်သစ်လူသစ်ဘဝအသစ်နဲ့. အမြဲနေနိုင်မှသာ
လောကမှာ သောကကင်းကင်း
စိတ်ရှင်းရှင်းနဲ့. နေထိုင်နိုင်မှာ ဖြစ် ပါ တယ် ။

to original writer

  Program😂😂😂😂
26/05/2022

Program😂😂😂😂

Accounting နှင့် Finance ကွာခြားပုံ==========================ကျောင်းသားအတော်များများက accounting နဲ့ finance ပညာရပ်ဆိုတာ...
24/05/2022

Accounting နှင့် Finance ကွာခြားပုံ
==========================
ကျောင်းသားအတော်များများက accounting နဲ့ finance ပညာရပ်ဆိုတာ ဆင်တူပြီး အကြွေစေ့တစ်ခုရဲ့ ခေါင်းနဲ့ ပန်းလောက်ပဲ ကွာတယ်လို့ အထင်မှားတတ်ကြပါတယ်။ ပညာရပ် (၂) ခုလုံးက ကိန်းဂဏန်းတွေနဲ့ ဆက်ဆံရတာ မှန်ပေမယ့် သူတို့အသီးသီးအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ အလုပ်ဘောင်တာဝန်တွေကတော့ လုံးဝကို မတူပါဘူး။ ဒီအပတ်မှာတော့ အမက finance နဲ့ accounting ဘာကွာလဲ သိချင်သူတွေ၊ ဘယ်လိုင်းကို ကိုယ်ပိုစိတ်ဝင်စားလဲ သေချာသိချင်သူတွေအတွက် ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်အောင် ဗဟုသုတ မျှဝေပေးလိုက်ပါတယ်နော်။

၁) အလုပ်တာဝန် ကွာခြားချက်

စာရင်းကိုင် (accountant) တစ်ယောက်ဟာ လုပ်ငန်းရဲ့ ရသုံးစာရင်း (transactions) တွေကို မှတ်ရတယ်၊ အနှစ်ချုပ်ရတယ်၊ သက်ဆိုင်ရာတွေကို အစီရင်ခံ တင်ပြရတယ်။ ပြီးသွားတဲ့ ကာလက ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို အစီရင်ခံရတယ်။ ဝန်ထမ်းတွေဟာ ငွေတစ်ကျပ်ကအစ မကွာအောင် အသေးစိတ် မှတ်တမ်းတင် တွက်ချက်ရတယ်။

ဘဏ္ဏာရေးတာဝန်ခံ (finance officer) ကတော့ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုတွေ ငွေကြေး အရင်းအမြစ်တွေကို အစီအစဉ်ဆွဲရတယ်၊ စီမံခန့်ခွဲရတယ်။ လာမယ့် အနာဂါတ်အတွက် စီမံကိန်းချပြီး လုပ်ငန်းရဲ့ အမြတ်ငွေများများ ရနိုင်မယ့် နည်းလမ်းတွေကို ကြံဆရတယ်။

လွယ်လွယ်မှတ်ရရင်တော့ Finance နဲ့ Accounting က အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးနဲ့ အိမ်ရှင်မလိုပါပဲ။ တစ်ဦးက ပိုက်ဆံရှာရမယ်၊ နောက်တစ်ဦးကတော့ ပိုက်ဆံတွေကို ကျစ်ကျစ်ကုတ်ကုတ်နဲ့ အလေအလွင့်မရှိအောင် ထိန်းသိမ်းမှတ်တမ်းတင်ရမယ်ပေါ့။

၂) ဘဏ္ဏာရေး statements တွေ

Finance နဲ့ accounting ပညာရှင်တွေရဲ့ နောက်ထပ် အဓိက ကွာခြားချက်ကတော့ ပညာရှင်တစ်မျိုးစီရဲ့ Financial statements ပေါ်မှာရှိတဲ့ တာဝန်ပါပဲ။ Accountant တွေက ဒီ statement တွေကို ဆွဲပေးရပြီး Finance professional တွေက statement ကို အသေးစိတ် သုံးသပ်ရတာ ဖြစ်ပါတယ်။

၃) သင်ရမယ့် ဘာသာရပ်တွေ

ပညာရပ် တစ်ခုစီ အလိုက် သင်ရတဲ့ ဘာသာရပ်တွေလည်း ကွာခြားသွားပါတယ်။ စာရင်းကိုင် တစ်ယောက်ဟာ Accounting standards (စာရင်းပြုစုနည်း စံသတ်မှတ်ချက်များ)၊ Accounting ethics (စာရင်းကိုင်ကျင့်ဝတ်)၊ Tax Law (အခွန်ဥပဒေ)၊ Accounting theory စတာတွေကို သင်ယူရပြီး Finance ပရော်ဖက်ရှင်တွေကတော့ Financial markets (ဘဏ္ဏာရေးဈေးကွက်), economics (ဘောဂဗေဒ), private equity (ပုဂ္ဂလိက ရှယ်ယာ) နဲ့ risk management (ဆုံးရှုံးမှု အခွင့်အလမ်းများကို စီမံခန့်ခွဲခြင်း) စတာတွေကို သင်ယူရပါမယ်။

၄) ဘွဲ့နှင့် အသိအမှတ်ပြုလက်မှတ်များ

Accounting ပညာရပ်အတွက် အသိအမှတ်ပြုဘွဲ့နှင့် လက်မှတ်များ အဖွဲ့အစည်းများ - Bachelor of Accounting, Master of Accounting, CA (Chief Accountant), CPA (Certified public accountant), ACCA, CIMA, CMA (Certified Management Accountant), LCCI (Quantitative), AAT, AIA (Association of International Accountants)

Finance ပညာရပ်အတွက် အသိအမှတ်ပြုဘွဲ့နှင့် လက်မှတ်များ - Bachelor of Finance, Bachelor of economics, MBA, CFA (Chartered Financial Analyst), FRM (Financial Risk Manager), PRM (Professional Risk Manager), CFP (Certified Financial Planner), CFS (Certified Financial Specialist)

မြန်မာနိုင်ငံမှာ Finance ဘာသာရပ်က အခု နောက်ပိုင်းမှာတော့ စိတ်ဝင်စားလာကြပြီး သင်တန်းတွေလည်း အရင်ကထက်စာရင် ပိုများလာပါပြီ။ Accounting ကတော့ ခေတ်စားတာကြာပြီမို့လို့ ရွေးချယ်စရာကျောင်း ပိုများပါတယ်။

၅) အလုပ်အခွင့်အလမ်း

Finance ဘာသာရပ်ကို အထူးပြု အလုပ်ခေါ်တဲ့ လုပ်ငန်းတွေကတော့ ဘဏ်၊ အာမခံ ကုမ္ပဏီ၊ ဈေးကွက်သုတေသန လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ နဲ့ အခြားစီးပွါးရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

Accounting ဘာသာရပ်ကို အထူးပြု အလုပ်ခေါ်တဲ့ လုပ်ငန်းတွေကတော့ စာရင်းကိုင် လုပ်ငန်း၊ စာရင်းစစ် လုပ်ငန်း၊ အခွန်ပြင်ဆင်ရေး လုပ်ငန်းတွေ နဲ့ အခြားစီးပွါးရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

၆) ဘယ်စရိုက်နဲ့ ဘယ်ဘာသာ

ကွာခြားချက်တွေကို သိပြီးသွားတဲ့အခါ ပေါ်လာမယ့် မေးခွန်းက “ဒါဆို ငါက ဘယ်ပညာရပ်နဲ့ ပိုကိုက်မလဲ” ပေါ့။ တကယ်လို့ မောင်လေးညီမလေးတို့က invoice (ငွေတောင်းခံလွှာ)၊ receipts (ငွေလက်ခံဖြတ်ပိုင်း) နဲ့ အခြား ငွေကြေးဆိုင်ရာ မှတ်တမ်း လိုမျိုး data တွေ အများကြီးကို စုဆောင်းရတာ၊ စနစ်တကျဖြစ်အောင် ပြန်လည်စီစဉ်ရတာတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ စာရင်းကိုင် ပညာရပ်နဲ့ လိုက်ဖက်ပါလိမ့်မယ်။

တကယ်လို့ ကိုယ်က အချက်အလက်တွေကိုကြည့်ပြီး စီးပွါးရေးလုပ်ငန်းရဲ့ အခြေအနေ ကောင်းမကောင်း စိစစ်ရတာ၊ ဒါမှမဟုတ် ဒီထက် ပိုကောင်းအောင် ဘယ်လိုတွေ လုပ်နိုင်မလဲ စဉ်းစားပေးရတာမျိုးကို စိတ်ဝင်စားရင်တော့ Finance ပညာရပ်နဲ့ လိုက်ဖက်ပါလိမ့်မယ်။

တစ်ခုပြောချင်တာကတော့ ဘယ်ပညာရပ်က ပို သာတယ်လို့ မရှိပါဘူး။ နှစ်ခုလုံး သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ အရေးကြီးတာက ဘယ်လိုင်းပဲယူယူ ကိုယ်အားသန်တာ စိတ်ဝင်စားတာကိုပဲ လေ့လာလိုက်စားဖို့ တိုက်တွန်းချင်ပါတယ်။ စာဖတ်သူတွေထဲမှာ accounting တို့ finance တို့ လုပ်နေသူတွေရှိရင် ဘာကြောင့် ရွေးဖြစ်လဲ ဆိုတာလေး ပြောပြသွားဦးနော်။ ပြီးတော့ ဒီပညာရပ်နှစ်ခုရဲ့ ကွာခြားပုံကို သိချင်မယ့်သူရှိရင်လည်း ထပ်ဆင့် share ပေးလိုက်ကြပါ။ အားလုံး အဆင်ပြေကြပါစေ။

from MyanLearn

  Quotes
20/05/2022

Quotes

Leadership ဆိုတာဘာလဲ.....================================Leadership လို့ပြောရင် လွယ်လွယ်ပဲ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်...
18/05/2022

Leadership ဆိုတာဘာလဲ.....
================================
Leadership လို့ပြောရင် လွယ်လွယ်ပဲ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း လို့ အလွယ်ပြောလို့ရပါတယ်။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း ဆိုတာဘာလဲလို့ မေးရင်တော့ အဖွဲ့အစည်း တစ်ခုကို အောင်မြင်အောင်၊ အဖွဲ့ဝင်တွေ လုပ်
ဖော်ကိုင်ဖက်တွေ ပျော်ရွှင်အောင်၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်တဲ့ သူတွေကို ခေါင်းဆောင် အရည်အချင်း ရှိတယ်လို့ ပြောလို့ အကြမ်းမျဉ်း ပြောလို့ရပါတယ်။ leadership အရည်အချင်း ရှိတဲ့လူ အများစုဟာ ကိုယ်ကိုတိုင် မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ရုံ မဟုတ်ပဲ၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေကိုပါ မှန်ကန် တဲ့လုပ်ဆောင်ချက် တွေလုပ်လာအောင် ကူညီအားပေးနိုင်သူလဲ ဖြစ်တယ်။ အများကို ဦးဆောင်တဲ့ အချိန်မှာ မှန်ကန်တဲ့ Management Skill ကိုသုံးပြီး လိုရာ ပန်းတိုင်ကိုရောက်အောင် ဦးဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။ ခေါင်းဆောင် ၁ ယောက်ရဲ့ လိုအပ်တဲ့ အရည်အချင်း တွေကိုမပြောခင်မှာ ခေါင်းဆောင် တွေရဲ့ ကွာခြားတဲ့ အုပ်ချုပ်မှူ စတိုင် လေးတွေနဲ့ ဘယ်လိုအဖွဲ့ အစည်းတွေက ဘယ်လိုစတိုင် နဲ့သင့်တော်လဲ ဆိုတာကို ပြောချင်ပါတယ်။
Passive Leaders (လွတ်လပ်ခွင့်ပေးပြီး ခေါင်းဆောင်သူ )
ယခုကဲ့ သို့ ခေါင်းဆောင် များဟာ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သား များအပေါ် ကို လွတ်လပ်စွာနေ ထိုင်လုပ်ကိုင်ခွင့် ပေးထားသူများဖြစ်ပါတယ်။ အလုပ်လုပ်ရာ မှာ own time own target နဲ့ လုပ်ဆောင်ခွင့်ပေးထားပါတယ်။ ထိုသို့ လုပ်ဆောင်ခြင်းဟာ လုပ်ငန်းပြီးစီး မှူကိုပိုမို ထိရောက်စေပါတယ်။ အထူးသဖြင့် လုပ်ငန်းကျွမ်းကျင်ပြီး အတွေအကြုံ ရှိတဲ့သူတွေ၊ လုပ်ငန်းခွင် စဝင်ပြီး မိမိကိုယ်ကို အားကိုးပြီး လုပ်ကိုင်နိုင်သူတွေ အတွက် သင့်တော်ပါတယ်။ Passive Leader အများစုဟာ အလုပ်ပြီးမြောက်မှူ၊ မပြီးမြောက်မှူ တို့ကို ပုံမှန်အားဖြင့် စောင့်ကြည့်နေပြီး၊ လိုအပ်ချက်များကို ဦးဆောင်မှူပေးလေ့ရှိသည်။ သို့ရာတွင် အဖွဲ့အစည်း အကြီးများ၊ အတွေအကြုံ မရှိသူ အများအပြား ပါသော အဖွဲ့အစည်းများ၊ အသေးစိတ် ရှင်းပြမှသာ နားလည်နိုင်မည့် သူများ ပါက ထိုကဲ့သို့သော ခေါင်းဆောင်များ၏ ဦးဆောင်မှူများ သည် အောင်မြင်ရန် ခက်ခဲပေသည်။
Transactional Leader ( အပေးအယူ ဖြင့် အလုပ်လုပ်သော ခေါင်းဆောင် )
ယခုကဲ့ သို့ ခေါင်းဆောင်များ သည် ဆုပေး၊ ဒဏ်ပေး စနစ်ကို ကျင့်သုံးခြင်း ဖြင့် လူအများစု ၏ အလုပ်လုပ်ချင်စိတ်ကို လှုံ့ဆော်ပေးသည်။ တနည်းအားဖြင့် ပြောရင် ရှင်းရှင်းလင်းလင်း အလုပ်လုပ်တဲ့ စနစ် နဲ့ အုပ်ချုပ်တယ်လို့ မြင်ရနိုင်ပါတယ်။ အကယ်၍ သင်ဟာ ထိုကဲ့သို့သော ခေါင်းဆောင်အုပ်ချုပ်မှူအောက်မှာရှိ ခဲ့မယ်ဆိုရင် သင့်ရဲ့လုပ်ပိုင်ခွင့်အားလုံး ကိုခေါင်းဆောင် ဆီကိုပေးအပ်ထား ရုံပါပဲ။ သင်ဟာ ခေါင်းဆောင်လုပ် ခိုင်းတာကို လုပ်နိုင်ရင် ကြိုတင်သက်မှတ်ထားတဲ့ ဆုလာဒ်၊ bonus ၊ လစာတိုးခြင်း တို့ကိုရရှိမှာ ဖြစ်ပြီး မအောင်မြင်ခဲ့ရင်တော့ အကျိုးခံစားခွင့်တွေ bonus တွေကို ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အခန့်မသင့်ရင် အလုပ်ဆုံးရှုံး သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ထိုကဲ့သို့ Leader အများစုဟာ အလုပ်ပြီးမြောက်မှူ ကိုမြင့်တင် တဲ့နေရာမျိုး၊ ထပ်တလဲလဲ လုဎ်ရတဲ့ တီထွင်မှူ မပါတဲ့ အလုပ်မျိုး၊ အတွေ့ အကြုံ သိပ် မရှိသေးတဲ့ လူတွေကို အုပ်ချုပ်ရာမှာ အကျိုးရှိ အသုံးဝင်ပါတယ်။ ဒါပေမယ် အတွေ့အကြုံများပြီး ၊ တီထွင်ကြံဆ လုပ်ချင်သူများ၊ အလွန်ကျွမ်းကျင်သော ဝန်ထမ်းများ နဲ့ flexibility ပေါ်မှာမူတည်ပြီး အလုပ်လုပ်လိုတဲ့ကျွမ်းကျင် ဝန်ထမ်း အများ စုကို တော့ ထိုကဲ့ သို့ကောင်း ဆောင်မျိုး က ထိန်းသိမ်းထား နိုင်ဖို့ခက်ခဲပါလိမ့်မယ်။
နောက်ဆုံးတယောက်ကတော့ Transformational Leader (လိုအပ်သည်များကို ပြောင်းလဲယူပြီး အသင်းလိုက်အောင်မြင်အောင် လုဎ်တဲ့ ခေါင်းဆောင်)
Transformational Leader သူ့အသင်းသား တွေကို အမြဲတန်း စိတ်ဓာတ် မြင့်တင်ပေးလေ့ ရှိပြီး ဆုပေးဒဏ်ပေး စနစ်ကို လုံးဝ မကျင့်သုံးပါဘူး။ အသင်းအနေနဲ့ ဖြစ်သင့်တဲ့ပန်းတိုင်၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ကို အသင်းသားတွေ နားလည်သဘောပေါက်လာအောင် ပြောပြပြီး လိုရာကိုရောက်အောင် လမ်းပြတဲ့သူမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သူဟာခေါင်းဆောင် တယောက်၊ အရာရှိတယောက် လိုနေလေ့မရှိပါဘူး။ အသင်းသား တွေရဲ့တာဝန်တွေ နဲ့ အသင်းသားတွေရဲ့ လုပ်ပိုင်ခွင့်တွေကို မျှပေးမျှယူ လုပ်တဲ့သူမျိုးဖြစ်ပါတယ်။ ထိုခေါင်းဆောင်မျိုးဟာ ဘယ်တာဝန်နဲ့ မဆိုထမ်းဆောင်နေတဲ့သူတွေကို စိတ်ဓာတ် တက်ကြွမှူ ရရှိအောင်လုပ်ဆောင်ပေးနိုင်သူမျိုးဖြစ်ပါတယ်။


ရခိုင်အမျိုးသားနေ့ အား  ကြိုဆိုဂုဏ်ပြုလိုက်ပါရေ။.............................................အေနီရာမှာ အမှတ်ရစရာ တခုအနေန...
15/05/2022

ရခိုင်အမျိုးသားနေ့ အား ကြိုဆိုဂုဏ်ပြုလိုက်ပါရေ။.............................................
အေနီရာမှာ အမှတ်ရစရာ တခုအနေနဲ့ ပြောရမယ်ဆိုကေ အေနေ့သည် ကျွန်တော်ရို့ အမြတ်တနိုး တန်ဖိုးထားရရေ မဟာမုနိဘုရားကြီးနဲ့ တိုက်ရိုက်ပတ်သက်နီစော်ကို တွိရဖို့ပါ။

လွန်ခရေ ၂၀၁၄ မှာ ကျင်းပခရေ ရခိုင်အမျိုးသားညီလာခံမှာ ကျွန်တော်ရို့ ရခိုင်အမျိုးသားနေ့ကို တိတိပပသတ်မှတ်ဖို့ အဆိုတင်သွင်းပြီးကေ ဓညဝတီပြည့်ရှင် စန္ဒာသူရိယမင်းကြီးက မဟာမုနိ ရုပ်ပွားတော်ကြီးကို သွန်းလုပ်ပြီးစီးခရေနိကို အများသဘောတူ သတ်မှတ်ခပါရေ။

ဗုဒ္ဓဘုရားရှင်ရေ ရခိုင်ပြည် ကျောက်တော်တောင်ကို ကြွရောက်ခစော်ကို
၁) ယခုတိ တွိနေရရေ ကကောင်း ရှေးကျရေ အဝိုင်းပုံစံ မြို့ဟောင်းဖြစ်တေ ဓညဝတီမြို့
၂) ကျောက်စာတိမှာ တွိရရေ ရှေးဟောင်း အက္ခရာဖြစ်တေ ဗြဟ္မီအက္ခရာ
၃) ပျောက်လခသော်လေး အိန္ဒိယကျောက်စာဝန်ဌာနမှာ မှတ်တမ်းတင်ပြီးဖြစ်တေ တောင်ကြီးပေါက်ကျောက်စာ
၄) အခုချိန်ထိ ရခိုင်ပြေမှာ သုံးစွဲရေ သက္ကရာဇ်ဖြစ်သော ဘုရားရှင်ရဲ့ အဘိုး ဘိုးတော် အဉ္ဇနမင်းကြီး ဖြိုခရေ မဟာသက္ကရာဇ် ကို သုံးစွဲနိသိရေ ဆိုသိ အချက်တိ အထောက်အထားတိကို ကြည့်ရေ သိနိုင်ပါရေ။

ယင်းအတွက်နဲ့ We Love Rakine မိသားစုများက အေပိုင် ရခိုင်လူမျိုးတိ အားလုံးအတွက် ကြီးမားရေ နေ့ထူးနေ့မြတ်တခု ဖြစ်သိ ရခိုင်အမျိုးသားနေ့ကို လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါကြောင်း နှင့် ရခိုင်အမျိုးတိအားလုံး အဖရခိုင်ပြေကြီး တိုးတက်စီဖို့ လက်တွဲကြိုစားဖို့ ထပ်လောင်းတိုက်တွန်းအပ်ပါရေ....


Address

No. 60, 4Floor, Hledan Street, Kamayut Township
Yangon
11041

Telephone

+959783015550

Website

Alerts

Be the first to know and let us send you an email when 𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 - 𝗬𝗦𝗘 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗰𝗵𝗼𝗼𝗹 𝗼𝗳 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 - 𝗬𝗦𝗘:

Share