Yagami နဲ့ ရင်တွင်းဖြစ်

Yagami နဲ့ ရင်တွင်းဖြစ် မြန်မာစာဂုဏ်ထူးမထွက်ပါ တတ်သလောက်သာရေးတင်သည်။

12/02/2025

တစ်ခါပဲအသက်ရှင်ရတဲ့ဘ၀မှာ ဉီးနှောက်ကို ဘာလို့ Idgaf Nonchalant personality ကြီးထိုးကျွေးပြီး delusional အဖြစ်ခံနေမှာလဲ။

အရှိကို အရှိတိုင်း လက်ခံပြီး ဖော်ပြတာ
ခံစားတဲ့အတိုင်း ထွက်ဆိုတာကို လေးလံနေရရင် မပြောနိုင်ခဲ့တဲ့စကားအချို့အတွက်‌ နောင်တဆိုတာ လိုက်လာမှာပဲ။

ဒါနဲ့ ပတ်သက်လို့ လူတစ်ချို့ကပြောလိမ့်မယ်။ မှန်းထားသလိုမဖြစ်လာတဲ့ Outcome ကိုရင်မဆိုင်ချင်လို့ expectations တွေလျော့ချချင်လို့ ဘာညာပေါ့။
Action Reaction ကို ရင်မဆိုင်ချင်လို့ စသဖြင့်ပေါ့။

အခုခေတ်ရည်းစားထားကြတယ် လူတစ်ယောက်ကိုချစ်ကြိုက်တဲ့အခါမှာ action အတွက်အားစိုက်ပေမယ့် အငြင်းခံရ အပစ်ခံရတော့ reaction ကဘယ်မှာလဲ ဆိုပြီး lads တစ်ချို့ Newton laws ကို ပြောင်တာမြင်ရတယ်။

Newtons Third law မှာ Particles နဲ့ဖွဲ့စည်းထားသမျှ matter တိုင်းမှာ particles imbalance ဖြစ်ရင် action reaction ဖြစ်တည်တယ်။
ဆိုပေမယ့် metaphysics ဆိုတာ physically တည်ရှိမှုကို ရည်းညွန်းတာကြောင့် စိတ်ဆိုတဲ့ အရာအတွက် reaction တစ်စုံတစ်ရာကို ခန့်မှန်းတွက်ချက်နေလို့မရဘူး။ ကျနော်တို့အတွေးတွေက ထိတွေ့မရပဲ billion ချီတဲ့ neurons တွေကနေလာတဲ့ electrical တွန်းအားလေး‌သာသာပဲ.. ဆိုတော့ နိုး.. ကျုပ်တို့က လူ့စိတ်တွေနဲ့ universal laws တွေသွားသုံးလို့မရဘူး။

Philosophy မှာတော့ စိတ်နဲ့ပတ်သက်ပြီး Action Reaction ကို.. အတွေးကြောင့်ဖြစ်လာတဲ့ emotion က Action.. emotion ကြောင့်ဖြစ်လာတဲ့ outcome က Reaction ဆိုပြီးပြောတယ်။ Emotions တွေက ကျုပ်တို့ Ego နဲ့ Soul ကနေဖြစ်တည်တယ်။

အတိုချုပ်ရရင်.. လူတစ်ယောက်အပေါ် ခံစားမိတာက action ဖြစ်ပြီး အဲ့လူတစ်ယောက်အတွက် အားထုတ်တာက reaction ဖြစ်တယ်ဆိုတဲ့သဘောဖြစ်ပါလိမ့်မယ်။

ဒီမှာတင် ပြီးသွားလိမ့်မယ်။
ဆိုတော့ စိတ်ဆိုတဲ့နေရာမှာ တန်ပြန်သဘောဆိုတာမရှိဘူး။ တစ်ခုခုပြန်ရဖို့ မျှော်‌မှန်း‌နေတာက ‌ခွက်အပေါက်နဲ့ရေခပ်နေသလိုပဲ... ဆိုတော့ စဉ်းစားကြည့်ရင် တန်ပြန်မှုမရှိတာ လူ့စိတ်သဘော၀ပဲ ဒါတွေက တခြားသူရဲ့ Ego နဲ့ Soul အပေါ်မူတည်နေလိမ့်မယ်။

မျှော်လင့်တာတွေ မဖြစ်တိုင်း Reaction ကဘယ်မှာလဲ မမေးနဲ့။ Matters တွေမှာတောင် action ကြောင့် Reaction ဖြစ်ရင်တောင် Opposite reaction လည်း ဖြစ်တည်နိုင်တယ်။

တိုတောင်းလှတယ် တစ်ခါတလေမှာ မျှော်လင့်ချက်မထားပဲ ကိုယ့်ကိုယ်ကို ဓာတ်ပြုပြီး ပုံစံအသစ်ကိုဖန်တီးရတဲ့ အခါမျိုးတွေရှိတယ်။ လူက ကိုယ့်ကိုယ်ကို ဓာတ်ပြုပြီးပြောင်းလဲရတယ်..

"Expecting things can be tired, instead do what you feel is right without expecting"

‌တန်ပြန်သဘောကို ခေါင်းထဲမထည့်ပဲ ကိုယ့်ခံစားချက်နောက်ကို‌လိုက်ပြီး react လိုက်ပါ။

ပင်ပန်းရသမျှက တစ်ချိန်မှာ နောင်တတစ်ခုပြောင်းသွားရင် လူဘ၀က ပိုအဓိပ်ပယ်မဲ့ရတတ်တယ်။

26/07/2024

ဖိတ်စင်လာတဲ့ အနောက်နေရောင်ကျချိန်ရောက်တိုင်း လိပ်ပြာအချို့က၀တ်ရည်စုပ်လို့ ပျံ၀ဲနေတဲ့ ဆည်းဆာချိန် ၊
မိုးစက်တို့ကြောင့် ဖြာထွက်လာတဲ့ သက်တန့်တောင် အရောင်ခုနစ်စင်းစုံနေပြီး.. ရေစီးသံတွေတောင် သဘာ၀ကျကျစီးဆင်းနေပါလျက်နဲ့ မပြီးပြည့်စုံတဲ့ အာသီသသာ ထင်ကျန်နေရတယ်။
ကောင်းကင်ကြီးကို လွှမ်းထားတဲ့ ရွှေရောင်ဆန်ဆန် အကာအကွယ်တစ်ခုက နောက်ကွယ်က ညို့မှိုင်းနေတဲ့ တိမ်ထုကို ဖုံးကွယ်ထားတယ်... အင်မတန် ထိရှတဲ့၀မ်းနည်းစရာဖြစ်တည်မှုတစ်ခုပါလား... လွမ်းရမယ့်သူ နာမည်တပ်ခေါ်စရာမလိုပဲ အတိတ်မှာဖိသိပ်ခဲ့တဲ့ နောင်တနဲ့ အဆွေးတစ်ချို့ မသိလိုက်ခင်မှာ အသက်၀င်သွားရာက စက္ကန့်ပိုင်းအတွင်း ထို "သူ"နဲ့ကိုရဲ့ကြားက ကံမစပ်ခဲ့တဲ့ "ကံ"ဆိုတဲ့အပေါ် အမုန်းနဲ့နာကျည်းမှုတွေ ဖုံးလွှမ်းလာတယ်။ ဖြေသိမ့်ဖို့ အနွေးနဲ့ထွေးပိုက်ခံချင်ပေမယ့် ချမ်းစိမ့်စိမ့်လေထုအောက်မှာ... တစ်ဉီးတည်း ကွေးနေအောင်ထိုင်ပြီး အထက်အောက်သွားတွေရိုက်ခတ်နေတယ်။

စွန့်ခွာသွားတဲ့ လက်တစ်စုံကို တမ်းတနေရင်း မှန်သားပြင်ကိုကြည့်သလို ထူထပ်နေတဲ့ တိမ်တစ်သိုက်က ရောင်ပြန်ဟပ်နေတယ်။ လူက ရူးဖူးတယ် မိုက်မဲဖူးတယ် .. အရှိကိုအရှိတိုင်းမထားနိုင်လို့ ဘုရားနဲ့စကားစစ်ထိုးနိုင်လောက်တဲ့အရည်ချင်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုထင်ကြေးတွေပေးမိတယ်။ ​နောင်ဘ၀ဆိုတာရှိတာကို ဘုရားဟောလို့ပဲ ယုံကြည်ပြီး အခွင့်ရေး ရှိတယ်ဆိုတဲ့မိုက်ရူးရဲဆန်လွန်းတဲ့ အကျင့်ရှိခဲ့တယ်။ ကိလေသာမီးငြိနေရင် နိဗ္ဗာန်မရောက်ဘူးဆိုတော့ မျက်နှာသေနဲ့ သရော်ခဲ့သေးတယ် ...ဖြတ်သန်းခဲ့တဲ့စက္ကန့်တိုင်းဟာ ပုထုစဉ်တစ်ယောက်ရဲ့ကို အမြစ်ခိုင်မာစွာတွယ်နေပြီး.. နိဗ္ဗာန်ဆိုတာရှိခဲ့ရင်တောင် ဘဝအဆက်ဆက် သံသရာမှာပဲ ပြေးလွှားချင်မိတယ်... ဘ၀အခါတစ်ရာမှာ တစ်ခါလောက် "မစပ်ခဲ့တဲ့ကံ"သာ ကံစပ်ခဲ့ရင် ကမ္ဘာချီတဲ့ ထီတစ်စောင်ပေါက်တယ်လို့ သတ်မှတ်မိလိမ့်မယ်။

အကြောင်းအရင်းက ကြောက်ဖို့အကောင်းဆုံးသံသရာမှာပြေးလွှားတာထက် ဟောဒီ.. လယ်ကွင်းတစ်ထောက်မှာ "သူ"နဲ့မပြေးလွှားရတဲ့ "ကံ"ကို လက်မခံနိုင်လို့သာဖြစ်တယ်။

18/07/2024

The Cycle of life events has its own connections linked with sequences, followed by a path of accepting what is waving in front through which one will grab the ultimate law of nature,a path of getting repaired into a new leaf or refurbished as a new sculpture and a path of nurturing oneself through which one might potentially get led to a certain enlightenment.

Hypothetically, a seed buded out from a fruit of a tree will no longer be useful for the host-tree.However, a more healthy and sturdier tree could trigger from the seed itself.
Human tends to remorse for what happened in the past and concern the future that is far too abseless to turn out as this Dimensional world is a form of two side blades, which is past and future. As the saying goes,None of these will certainly help you out of pains and problems.

A tree, for example, there was none to take the blame for the fragmentary taste of the fruit but the tree itself.
But Human,instead of picking the seeds of that tree and starting to plant for a better taste,no sooner had they tasted and discerned the incompletement,they judged and left.

Cycle of life events...
In each event, lesson to learn has always been there for us.
If you found out the tree produced tasteless and tart fruits, since you got a seed, it's easy for you or essentially means that you got the chance to grow a tree with tastier fruits. In terms of endurance, you are likely able to make it double or even triple.. That's utterly based on what you have learned from the last tree such as "how you have grown it, or is the soil the problem, or the weather?".

To conclude, the seed will undoubtedly not be useful for the host-tree, as the sequences of the present time,resulted from the past is neither useful for the present nor can be changed.
The seed we are talking is the same as the results of the past. We tend, albeit impossibly, to change the bad results and outcomes that has already been laid out.
But instead of letting the seed grow for better, we judge and regret, denying the outcomes, directly meaning we are fools and chuckleheads who are uneducated enough to neglect to take lessons left behind from an event which is to boost our immaturity. Thus, people like them will not able to comprehend the essences of life lessons, becoming a used-to thing to them, letting the life event effect downfall.

:ref from the novels I have read..

06/07/2024

ဘာသာရေးစကားအဆို‌တွေထဲမှာ သဘောအကျရဆုံးက "ဘယ်အရာမှမမြဲဘူး"ဆိုတာပဲ။

ဖြစ်တည်မယ် ပျက်စီးမယ်။
မွေးဖွားမယ် သေဆုံးမယ်။
ကြုံရမယ် ခွဲရမယ်။

အချိန်အတိုင်းတာတစ်ခုကုန်ဆုံးသွားရင် တည်မြဲတဲ့အရာဆိုတာ လောကကြီးမှာ ‌မတည်ရှိဘူး။

စိတ်ဆန္ဒတွေ အိမ်မက်တွေ၊ ချမ်းသာမှု၊ဆင်းရဲမှု ၊ဂုဏ်၊ ခံစားချက်တွေဟာ လူတစ်ယောက်သေဆုံးသွားတာနဲ့အမျှ အဲ့လူနဲ့အတူ ကမ္ဘာရဲ့ မြေအောက်မှာတင် အဆုံးသတ်သွားပြီး တည်ရှိမှုကအစပျောက်သွားရတယ်။

နာမည်တစ်ခုနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို လူအများရဲ့ နှလုံးသားထဲထားနိုင်ခဲ့ရင်တောင် ကမ္ဘာတည်ပြီး ထာ၀ရကျန်ခဲ့နိုင်မယ်ဆိုတာလည်း မရှိပါဘူး။ ဘာလို့ဆို လူအများဆိုတာလည်း ကိုယ့်နည်းတူ ပျက်စီးကြရမှာ ဖြစ်လို့ပဲ။

လူ့ဘ၀က ticket တစ်ခုပဲ။
လူ့ဘ၀ဆိုတဲ့ Ticket ကိုအသုံးပြုပြီးရင် အသစ်ကပြန်စရင် စရမယ်။ ဒါမှမဟုတ် ထာ၀ရအဆုံးသတ်သွားမယ်။ ပြန်စရမယ်ဆိုတာကလည်း ဘာသာရေးအတွေးအရပါပဲ ပြန်၀င်စားတယ်ဆိုတာလည်း ဘာသာရေးအတွေးမြင်တစ်ခုပါပဲ..
သေပြီးရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူ့မှမသိသလို သိတဲ့သူရှိရင်တောင် သက်သေမရှိ အခြေအမြစ်မဲ့ အတွေးအမြင်တစ်ခုသာသာပဲ။

နောက်ဆုံး မတည်မြဲခြင်းနိယာမကို နှလုံးသွင်းတတ်သွားရင် ခေါင်းထဲပေါ်လာတဲ့အဖြေက "မတည်မြဲတဲ့အရာတွေအပေါ်အစွဲလန်းကိုဖျောက်ပြီး လက်လွှတ်တတ်ဖို့"ပဲ။

လက်လွှတ်တတ်ဖို့သင်ယူပါ။

တစ်ခုခုကို အစွဲလန်းဖျောက်ဖို့ကြိုးစားရမှာလည်း ကောင်းစွာ လက်လွှတ်ခြင်းနဲ့ ဒေါသနဲ့ဖြေရှင်း အစွဲလန်းကိုဖိသိပ်ပြီး လက်လွှတ်ခြင်း (တစ်နည်းအားဖြင့် Ego နဲ့ Negativity ကိုမဖယ်ရှားနိုင်ဘဲ ကို့ဘက်ကမလွှဲသာလို့ လက်လွှတ်လိုက်ရတယ် ဆိုတဲ့ အဖြစ်မျိုး) ဆိုပြီး နှစ်မျိုးရှိတယ်။

အတိတ် ပစ္စုပ္ပန် အနာဂတ် က ဒွန်လျက်တွဲရှိနေတယ်။
သို့ပေမယ့် အတိတ်နဲ့ အနာဂတ်ရဲ့ ထိုးနှက်ခြင်းကိုခံရတာ အလယ်မှာရှိတဲ့ "ပစ္စုပ္ပန်"ပဲ။

အတိတ်ကပေးတဲ့ နောင်တနဲ့ အနာဂတ်ကပေးတဲ့ စိုးရိမ်စိတ်က လူတစ်ယောက်ရဲ့ ပစ္စုပ္ပန်
ကာလကို အမြဲထိုးနှက်လေ့ရှိတယ်။

လက်လွှတ်တတ်ဖို့ နှလုံးသွင်းရာမှာ "အတိတ်နဲ့ အနာဂတ်" ကြီးမားတဲ့ ဆူး‌ညှောင့်ခလုတ်တွေပဲ။

ဆိုပါစို့ လူတစ်ယောက်ကထွက်သွားပြီဟေ့ဆိုရင် အတိတ်မှာအတူတူရှိခဲ့တဲ့ အမှတ်တရတွေကို နှမြောတဿဖြစ်ပြီး အနာဂတ်အတွက်လည်း မမြင်ရ မတွေ့ရ သူစိမ်းဖြစ်သွားမယ့် uncertain scenario ကိုကြိုတွေးပြီး ပစ္စုပ္ပန်မှာ မျက်ကန်းတစ်ယောက်လို ကိုင်ထားတဲ့လက်ကို လွှတ်ရင် လမ်းပျောက်မှာ အင်မတန်ကြောက်နေရတတ်တယ်။

ဒါကြောင့် အကြီးမားဆုံးဆူးခလုတ်က ဘာလဲလို့ဆိုရင် အတိတ်နဲ့အနာဂတ်မှာ စိတ်ကိုနေရာချထားခြင်းဆိုတဲ့ ဘူတာပဲ ဆိုက်ပါလိမ့်မယ်။

ဗုဒ္ဓဘာသာက အတွေးမြင်ဘာသာတစ်ခုဖြစ်ပြီး ကျင့်သုံးတတ်သူတွေက အနှောင့်အဖွဲ့ကင်းပြီး စိတ်ချမ်းသာရတယ်။ လရှိနေသရွေ့ ငြိမ်နေတဲ့ သမုဒ်ဒရာဆိုတာမရှိသလိုပဲ အနှောင်အဖွဲ့ရှိနေသရွေ့ အေးချမ်းတဲ့ဘ၀ဆိုတာမရှိနိုင်ဘူး။

ဆိုတော့ နိဂုံးချုပ်ရရင် အခိုက်တန့်တိုင်းအတွက် ကျေးဇူးတင်ပါ။ ပစ္စုပ္ပန်အချိန်မှာ ရှိနေတုန်း ထွေးပိုက်တန်ဖိုးထားတတ်အောင်ကျင့်ပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် မတည်မြဲနိုင်တာမလို့ တစ်ချိန်လက်လွှတ်ရတော့မယ်ဆိုရင် "နောင်တ"ဆိုတာ ကျန်မှာမဟုတ်ဘူး။ ကောင်းသောလက်လွှတ်ခြင်းအနေနဲ့ အဆုံးသတ်သွားပြီး ပူလောင်စရာဆိုတာမျိုး မခံစားရမှာအမှန်ပဲ။

27/05/2024

"အတောင်ပံစုံတိုင်း ထွက်သွားကြေးဆိုလျင်......"

မင်းဟာ ရင့်ကျက်သွားတယ်။
ရင့်ကျက်သွားတဲ့ မင်းဟာ အတွေ့ကြုံအသစ်တွေနဲ့ လူအသစ်တွေရဲ့ကြားမှာ ကြီးကြီးမားမားပြောင်းလဲသွားတယ်။

ငါမမှတ်မိနိုင်လောက်အောင်
ငါမယုံနိုင်လောက်အောင်

ယခင်က ငါ့ဆီမှာ မှီခိုထားရာက ငါ့ကိုစွန့်နိုင်တဲ့အထိ မင်းရဲ့ရင့်ကျက်မှုက မင်းရဲ့ဘ၀အသစ်ဆီခေါ်ဆောင်သွားတယ်။

အဲ့ဒီ ရင့်ကျက်သွားတဲ့မင်းကို မမက်မောဘူး။
ချွဲတတ်တဲ့ ကလေးဆီက... တင်းမာနေတဲ့မျက်နှာထားနဲ့ အသံကိုမြင်ရကြားရမှာ သိပ်ကြောက်တယ်။

အချိန်က စကားပြောပါလိမ့်မယ်ဆိုရင် အဲ့ကလေးလေးရဲ့ ရင့်ကျက်သွားမယ့်အချိန်ကို ကျနော်မခံစားလိုပါ။
အင်မတန်တကိုယ်ကောင်းဆန်တဲ့လူလို့ ခေါင်းစဉ်တပ်လိုက ခံရပေမည်။

22/05/2024

အမှန်တရား ဆိုတာ တကယ်မရှိဘူး လို့ပြောမယ်။
တွေ့သမျှ အမှန်တရားနဲ့ပက်သက်ပြီး အငြင်းအခုံသမျှကို လျစ်လျူရှူထားမယ်။
အတွေးတွေကနေ ကူးခပ်လာတဲ့ အတွေးတစ်ချို့က ဖြစ်နိုင်ချေများလာတဲ့အခါ "အမှန်တရား"လို့ သတ်မှတ်ကြပြီး ကွဲပြားမှုတွေဖန်တီးလာကြတယ်။
အတွေးတစ်ခုပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကြတယ်။ ဖြစ်နိုင်ချေများတဲ့ဟာကို အံတုကြတယ်။
Pointlessဖြစ်တဲ့ အခြေအမြစ်မဲ့ အငြင်းခုံ
တစ်ခုကို အပင်ပန်းခံစဉ်းစားကြတယ်။

နောက်ဆုံးမှာ လက်ကြားညှပ်ထားတဲ့ ဆေးလိပ်တစ်ခုက ပေးစွမ်းနိုင်တဲ့ မူးယစ်မှု လောက်တောင် မစစ်မှန်တဲ့ "အမှန်တရား"ဆိုတာကို စိတ်ကုန်လာတယ်။

ခေါင်းရှောင်ထားလိုက်မယ်။
ထင်ရာမိုက်နိုင်တဲ့လောကကြီးမလို့ adversarial အငြင်းခုံတွေကိုအဆုံးသတ်ဖို့မလွယ်ကူလှလို့... နားပိတ်ထားလိုက်မယ်။

စစ်မှန်သောအမှန်တရားတစ်ခုထက် စစ်မှန်တဲ့ ငြိမ်းချမ်းမှုကသာ အရေးကြီးတယ်လို့ ခံယူထားလို့ပဲ။

15/04/2024

မင်းဟာ ဆယ်လ်မွန်ငါးတစ်သိုက်နဲ့ ပါသွားမလား...ရေစုန်‌ဆင်းနေတဲ့ကိုယ်နဲ့ ဆန့်ကျင်ဘက်‌ရေဆန်ကိုကူးခပ်သွားမလား..

အိမ်မက်တွေကိုယ်စီနဲ့တို့တွေ နေ့နဲ့ညကွဲတဲ့နေ့တွေ.. မင်းအိပ်စက်နေချိန် နိုးထ‌နေရမယ့် နေ့တွေနဲ့ ကိုယ်နိုးထနေချိန် အိပ်စက်နေမယ့် မင်း

လမ်း‌တကွေ့မှာ ကြုံရင် တည့်တည့်မတ်မတ်ပြေးပြီး ဖက်ထားရရင်ကောင်းမယ်...တို့တွေဘယ်လောက်ထိပိုဝေးသွားမယ် ခန့်မှန်းလို့မရတဲ့ ဘ၀ကြီးမို့...

13/04/2024

Mature ဖြစ်ဖို့ရာ Point of View ပြောင်းကြည့်တတ်ရမယ်တဲ့။

လူအများပြောတဲ့ ကိုယ်ချင်းစာ စိတ် ထားပါ ထားပါ ဆိုတာကလည်း စဉ်းစားကြည့်ရင် လူ့စိတ်ဆိုတာကလည်း “ကိုယ့်စိတ်တောင် ကိုယ်နားမလည်နိုင်တဲ့ အထိ” ကိုယ့်ကိုယ်တောင် နားမလည်နိုင်တာ သူများနေရာ နားလည်ခံစားဖို့ဆိုတာ ဘုရားဖြစ်ဖို့ကျင့်ခိုင်းနေသလိုပဲ။ ခက်ခဲလွန်းတယ်။

ခက်ခဲလွန်းတော့ အများပြောတဲ့ ကိုယ်ချင်းစာတရားက “ကိုယ့်ကိုယ်ကို first priority, first serve လုပ်ပြီး ကျန်တဲ့အပိုတစ်ခုကို လိုအပ်နေတဲ့လူကို Share လုပ်ပေးတာမျိုးဖြစ်နေတယ်။” ဒါကို ကိုယ်ချင်းစာနာတတ်တယ်ထင်ရင်မှားမယ်..ကိုယ်လွှတ်ရုန်းပြီး ကိုယ် save ဖြစ်ပြီဆိုတော့မှ တခြားသူအတွက်ကြည့်တတ်တာကလည်း တနည်းအားဖြင့် ကိုယ်ချင်းမစာတာပါပဲ။ တစ်ကိုယ်ကောင်းဆန်တာပါပဲ။

Point Of View ပြောင်းကြည့်တတ်တာလေးကတကယ်ကောင်းတဲ့ နည်းလေးတစ်ခု။ ဒါက ဒီလို… လူတစ်ယောက်မွေးလာခဲ့ကတည်းက သူတို့ရဲ့ perspective နဲ့ သူတို့မြင်တဲ့ ကမ္ဘာတစ်ခုဆိုတာရှိတယ်။ ကိုယ်က ခွေးတွေကို ချစ်ရင် သူက‌ကြောင်ကိုချစ်ပြီး ခွေးကိုမုန်းတယ်ဆိုတာ မတူညီတဲ့ ရှုထောင့်တွေနဲ့မွေးလာကြတယ်။ ဆိုရရင် 8 billions နီးပါးလောက်ရှိတဲလူတွေက အတွေးတစ်မျိုး ကမ္ဘာတစ်မျိုးနဲ့ ရှင်သန်နေကြတယ်။ ကွဲပြားနိုင်တယ် တူညီကောင်းတူညီနိုင်တယ်။ တူညီတဲ့သူအချင်းချင်း‌တော့ အဆင်ပြေပေမယ့် ကွဲပြားမှုတွေများလာရင် ငြိမ်းချမ်းမှုကအစပျောက်သွားတတ်တယ်။

အများပြောတဲ့ “life is the way it is”ဆိုတာထက် “life is the way that you see it”လို့ဆိုရင်ပိုမှန်လိမ့်မယ်။

ကမ္ဘာ့တစ်ခုတည်းပေါ်မှာ တူတူနေကြပေမယ့် ရှုထောင့်မျိုးစုံက တည်ရှိနေပါတယ်။

လူတစ်ယောက်ရင့်ကျက်ဖို့ ပြဿနာအတော်များကိုဖြေရှင်းနိုင်ဖို့ POV ပြောင်းပြီးကြည့်တတ်ရပါမယ်။

ကိုယ်မြင့်တဲ့ view ကို ကိုယ်မှန်တဲ့ ထင်တဲ့ ego နဲ့ သူများpov ကိုအမှားလို့ထင်စေတဲ့ သံသယက ကိုယ့်ကိုယ် မျက်ကန်းတစ်ယောက်ဖြစ်စေပါတယ်။

ကိုယ်ချင်းစာတရားနဲ့ လူအများ pov ကနေကြည့်ပြီး creative ဖြစ်ပြီးဖြေရှင်းခြင်းကသာ ပြဿနာတစ်ခုမှာ အမှန်တကာအမှန်ဆုံးလုပ်ရပ်သာဖြစ်ပါလိမ့်မယ်။

သားလတ်ရေ မင်းထမင်းစားပြီးပြီလား" ဟူ၍ အဖေကမေးသည်ကို ကြားသော်သားလတ်မှာ အလွန်ပျော်သွား၏။ သို့သော်လည်း သားလတ်မှာ ၀မ်းနည်း၏။ ...
05/12/2023

သားလတ်ရေ မင်းထမင်းစားပြီးပြီလား"

ဟူ၍ အဖေကမေးသည်ကို ကြားသော်

သားလတ်မှာ အလွန်ပျော်သွား၏။

သို့သော်လည်း သားလတ်မှာ ၀မ်းနည်း၏။ ဤသည်မှာ အကြီးမ နှင့် အငယ်ကောင်‌တို့စားပြီးမှ သူ့အား သတိရသောကြောင့်ဖြစ်သည်။

သားလတ်အား မိဘတို့မှာ မေ့မေ့လျော့လျော့ရှိနေရာ သားလတ်မှာ "သူ့ကိုမချစ်" ဟု ညရောက်တိုင်း စဉ်းစားလေ့ရှိသည်။ စဉ်းစားတိုင်း ငိုမိ၍ ငိုငိုဖြင့် အိပ်တတ်သည်။

ငိုထား‌သောအရှိန်ဖြင့် ကိုးနှစ်သားပီပီ သားလတ်ဟာ အိပ်မောကျသွားသည်မှာ နေဖင်ထိုးသွားသည်။

ထိုချိန် အမေက ဆူ၏။

"ကျက်သရေ တုံးသတဲ့ အလတ်ကောင်၊ နေဖင်ထိုးမှ ထ… လာဘ်ပိတ်လို့ ငွေမ၀င် ထလေတော့ အလတ်ကောင်" ဟူ၍ ဒေါသတကြီး နိုး၏။

သားလတ် နိုးသော် ထမင်းစား၏။

အကြီးမ နှင့် အငယ်ကောင်တို့မှာ ဖခင်နှင့်အတူ စပါးရိတ်လိုက်သွားသည်။

သားလတ် မပါသွားသည်မှာ သူအိပ်မောကျနေသောကြောင့်မဟုတ်။ ဖခင်မှာ သားလတ်ကို မေ့လျော့နေသောကြောင့်ဖြစ်သည်။

မိသားစုလက်စုံထမင်းစားဝိုင်းမှာ ဆူညံလှသည်။ ‌ယင်းတို့ လေးယောက်မှာ တစ်ခွန်းစီ တစ်ယောက်တစ်လှည့် တုံ့‌နေသော်လည်း သားလတ်မှာ ထမင်းသာစား၏။ ပါးစပ်ပြည့်တဲ့ထိ ပလုတ်ပလောင်းထည့်စားတတ်၏။

ထိုချိန် သားလတ်၏ နာမည်အား အဖေခေါ်လိုက်သည်။

"အလတ်ကောင်.. ကျောင်းတက်ရတာ ဘယ်နှယ့်တုန်း" အဖေမေး၏။

သားလတ်မှာ သူ့ကိုမေးသောကြောင့် ၀မ်းသာအားရဖြင့် စာရကြောင်း၊ ဆရာမက ချစ်ကြောင်း ကြွားလုံးထုတ်သကဲ့‌သို့ပြော၏။

သားလတ်မှာ ယုံကြည်ချက် ပြည့်၏။ စာလိုက်နိုင်၏။

"အငယ်ကောင်က သွတ်တယ်၊ အကြီးမက တော်တယ် သိတတ်တယ်၊ မင်းက အနေအေးတယ်၊ မင်းညီ အဲ့ကောင်က မင်းကိုအရူးလုပ်သွားမယ်။" ဟု ပြော၏။

သားလတ်၏ စာရသည့်အကြောင်းကို နားထဲမရောက် သူပြောချင်သည်ကို သားလတ်အားပြော၏။

ထိုချိန် အငယ်ကောင်ကပြော၏ "ဖေကြီး သားတောင် ကိုလတ်ထက် အရပ်ရှည်တော့မယ်။"

ထိုစဉ် ‌ဖခင်မှာ ချက်ချင်းပင်

"ဝေ..ဟုတ်လား၊ မှတ်တပ်ရပ် ယှဉ်ကြစမ်း" ဆိုသော်

တစ်နှစ်သာ ခြားသည်အလျောက် မတိမ်းမရိမ်းရှိရာ ဖခင်မှာ အငယ်ကောင်အတွက် ဂုဏ်ယူသကဲ့သို့ ဖြစ်‌နေ၏။

ဖခင်ကိုကြည့်၍ သားလတ်မှာ လွန်စွာ၀မ်းနည်း၏။

အနာရင့်သောကြောင့် ချက်ချင်းမငိုသော်လည်း တစ်ယောက်တည်းရှိချိန်တွင် တိတ်တခိုး ငို၏။

အကြီးမက လာချော့လေ့ရှိသောကြောင့် ဖြေသာရသော်လည်း.. သားလတ်မှာ ဆက်လက်၍ အနာရင့်သထက်ရင့်ဖို့ ကြိုးစားရပေတော့မည်။

(မိဘတို့ဆိုဆုံးမရယတွင် တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ပြီး ဆုံးမခြင်းအားဖြင့် သားသမီး ကလေးတွေငယ်တွေကို စိတ်ဒဏ်ရာ ရစေနိုင်ပါတယ်။)





စာများများဖတ်" ခေါင်းစဉ်ကိုမြင်တော့ ပြောနေလိမ့်မယ် "‌‌စာဖတ်ခြင်းအကျိုးကျေးဇူးတွေပဲ ထိုင်ဟောတော့မှာမလား" ပေါ့ စာဖတ်ခြင်းအ...
04/12/2023

စာများများဖတ်"

ခေါင်းစဉ်ကိုမြင်တော့ ပြောနေလိမ့်မယ် "‌‌စာဖတ်ခြင်းအကျိုးကျေးဇူးတွေပဲ ထိုင်ဟောတော့မှာမလား" ပေါ့

စာဖတ်ခြင်းအကျိုးတွေက မနည်းတဲ့အလျောက် တစ်ခုခြင်းထောက်ပြနေလို့ကတော့ ပရိသတ်တို့ပျင်းကုန်လိမ့်မယ်။

ကျုပ်ရေးတာကို အမှန်တကယ် ဖတ်ဖို့ နှစ်မိနစ်ပဲကြာပါမယ်။

စာဖတ်ပါ အတွေးမြင်ကို ချဲ့ကြည့်ပါ။ လူသားတွေ ဉီးနှောက်က ကွန်ရက်တစ်ခုဖြစ်ပြီး စာဖတ်ခြင်းဖြင့် ချိတ်ဆက်မှတ်သားပါ။

"ဉပမာ-သဘာ၀အကြောင်းဖတ်ရင်းက Science ဆက်နွယ်လာတဲ့ခါ Science နဲ့ပက်သက်ပြီး ကိုယ်ဖတ်ဖူးတာက ခေါင်းထဲမှာ ချိတ်ဆက် မှတ်မိနေတယ်" ဆိုတဲ့ ကွန်ရက်နဲ့ မှတ်သားနိုင်စွမ်းလေးတစ်ခုပါ။

လူသားတွေ ဉီးနှောက်က ကွန်ရက်တစ်ခုလို မှတ်နိုင်စွမ်းရှိပါတယ်။ အဲ့လိုကွန်ရက်တွေကြောင့် အိမ်မက်တစ်ခုမက်ခဲ့တာ မေ့နေရင်တောင် အိမ်မက်ထဲက ပါလာတဲ့ ကိုယ်မှတ်မိတဲ့ တစ်ခုတည်းသော အဖြစ်ပျက်‌လေးကို ဆက်စပ်တွေးရင် အိမ်မက်တစ်ခုလုံး ပြန်မှတ်မိလာတတ်ပါတယ်။

ကွန်ရက်လိုမျိုး ဖွဲ့စည်းထားတဲ့ ဉီးနှောက်အတွက် အသိပညာ ဗဟုသုတကြိုးတွေနဲ့ ကွန်ရက်ကို ပိုပြီး ကြီးမားအောင်နဲ့ ရှိပြီးသား ကွန်ရက်ကို ပိုသန်မာအောင် လုပ်နိုင်ပါတယ်။ ဒါကတော့ ချိတ်ဆက်မှတ်သားနိုင်စွမ်းရှိတဲ့ ဉီးနှောက်ကို အသိပညာတွေနဲ့ ကြိုးတံတားဆက်ပေးတာပါပဲ။ စာဖတ်ခြင်းဟာ အသိပညာတိုးပွားစေပြီး ဉီးနှောက်ကွန်ရက်ကို ကြီးမားအောင်နဲ့ ကွန်ရက်ကောင်းတစ်ခုဖြစ်အောင် ထောက်ပံ့ပေးပါတယ်။

ထိုကွန်ရက်ကြောင့် ဗဟုသုတတိုးပွား‌ စေရုံမကပဲ အသက်‌ဘေးအ‌န္တရာယ်တွေကို ရှောင်ကြဉ်နိုင်စွမ်းနဲ့ ဆင်ခြင်တုံတရားတွေကိုပါ တိုးတက်စေတာ သတိပြုရပါမယ်။ အဲ့အတွက်‌ကြောင့် စာဖတ်ခြင်းဖြင့် သင့်ဉီးနှောက် ချိတ်ဆက်နိုင်စွမ်းကို မြင့်တင်ပါ။

"ထိုးဖောက်လာတဲ့ Side Hustle များအကြောင်း တစေ့တစောင်း"အခုခေတ်မှာ Digital Marketing တွေက ခေတ်စားလာတဲ့အလျောက် Online ပေါ်ကန...
30/11/2023

"ထိုးဖောက်လာတဲ့ Side Hustle များအကြောင်း တစေ့တစောင်း"

အခုခေတ်မှာ Digital Marketing တွေက ခေတ်စားလာတဲ့အလျောက် Online ပေါ်ကနေပဲ အရောင်း၀ယ်လုပ်တာမျိုးတွေ၊ Online ပေါ်ကနေပဲ Decision making တွေလုပ်ပြီး အရောင်းအ၀ယ် decision ချတာမျိူး လုပ်နေကြပါတယ်။ ဒီအချိန်မှာ အရောင်း၀ယ်ဖြစ်မြောက်ဖို့အတွက် အဓိကအားဖြင့် social Platform တော်တော်များများကို တီထွင်လာကြပြီး company အများစုက Digital marketing ပိုင်းမှာ အတော်အများ ခြေဆန့်လာကြပါတယ်။

Side Hustle ဆိုတာ ငွေအရင်းအနှီးအနည်းငယ်နဲ့ သင့်ဆီမှာရှိတဲ့ လူကြိုက်များနိုင်တဲ့ Bussiness Idea ကို ကိုယ်တိုင်အသုံးချခြင်းအားဖြင့် သင့်ရဲ့ income ကို boost လုပ်ပေးတာမျိုးဖြစ်ပါတယ်။ အဲ့လိုမျိုးသိထားရင်လုံလောက်ပါတယ်။ အခုခေတ်မှာ အောင်မြင်နေတဲ့ Side Hustle ပေါင်းများစွာရှိပြီး အဲ့ဒီက Side hustler တော်တော်များများက အကျိုးမြတ်ရှာနေကြပါတယ်။

အဲ့ထဲမှာမှ လူအများအကျိုးမြတ် အများဆုံးရှာ‌နေကြတဲ့ side hustle သုံးခုကို တင်ဆက်ပေးသွားပါမယ်။ သင်က ကိုယ်ပိုင် income အပြင် တခြားသော side income မျိုးလိုနေတယ် ပိုပြီး သုံးချင်သူ စုချင်သူ တစ်ယောက်ဆိုရင် ကျနော် အခုပြောပြမယ့် Side hustle လေးတွေအကြောင်း သေချာနားလည်အောင် ဖတ်သင့်ပါတယ်။

Click to read >>>>>

Address

Yangon

Telephone

+959972263309

Website

Alerts

Be the first to know and let us send you an email when Yagami နဲ့ ရင်တွင်းဖြစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share