15/07/2026
****အမှတ်တရ များစွာနဲ့ အဓိပ္ပာယ်ရှိသော အဖိုးတန် နေ့ရက်များ****
၂၀၂၆ ခုနှစ် မေလ တလလုံးနီးမှာ ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ သင်တန်းအစီအစဉ်များကို "KWEKABAW HOSPITAL" ရဲ့ ဌာန အသီးသီး မှ အဆင့်ဆင့်သော ကျွမ်းကျင် ဝန်ထမ်းများအတွက် ဆောင်ရွက် ပေးခွင့်ရရှိခဲ့ပါတယ်။
"Team Synergy and Effective Customer Service Management Training"
"Office Administration and Management Training"
"Human Resource Management Training"
များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါ။
တိုးတက် ပျော်ရွှင်စရာ လုပ်ငန်းခွင်ဖြစ်ဖို့ အရေးပါတဲ့ Teamwork, Communication အကြောင်းအရာများကို Exercises များပြုလုပ်ပြီး ပျော်ရွှင်စွာ သင်ယူဆွေးနွေးခဲ့ကြရသလို "Customers" များအတွက် အဓိကအလေးထားဆောင်ရွက်ပေးရမယ့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် "Customer Service" အကြောင်းအရာများကိုလည်း စနစ်တကျ သင်ကြား အဖြေရှာခဲ့ကြပါတယ်။
လုပ်ငန်းခွင်အတွက် မပါမဖြစ် စနစ်ကျတဲ့ စီမံခန်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများစွာကို "Case Study" ပုံစံများနဲ့ အတူတကွ အဖြေရှာ ဆွေးနွေး ခဲ့ကြရလို့ လုပ်ငန်းခွင်အတွက် အထောက်အပံ့ဖြစ်စေမယ့် ရလာဒ်ကောင်းများစွာ ရရှိခဲ့ကြပါတယ်။
လုပ်ငန်းခွင်အတွက် အရေးပါတဲ့ လူသားအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာများကိုလည်း စနစ်တကျစီမံနိုင်အောင် လေ့လာသင်ယူခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်တွေရရှိခဲ့ကြပါတယ်။
ချစ်ခင် လေးစာစရာ ဝန်ထမ်းများရဲ့ တက်ကြွစွာ ပါဝင်မှုကြောင့် တလတာ ကာလကို အကောင်းဆုံးပြီးမြောက်အောင်မြင်စွာ အတူတကွ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
အားလုံးနဲ့ အတူတကွ "Happy Study Environment" တခုကို လက်တွဲ ညီညီတည်ဆောက်နိုင်ခဲ့လို့ အထူးဝမ်းမြောက် ဂုဏ်ယူရတဲ့ အချိန်တခု ဖြစ်ခဲ့ပါတယ်။
"KWEKABAW HOSPITAL" လုပ်ငန်းကြီး ပို၍ပို၍ အောင်မြင်တိုးတက်ပါစေ။
Visionary Team.