Warehouse Operation & Management

Warehouse Operation & Management Warehouse Operation Consult and Training Service

25/08/2026

သူတို့ ဘာ ပြောကြသလဲ....

"ပစ္စည်းရှာမရလို့ အချိန်ကုန်တာ၊ Stock စစ်ရင်း ဘယ်ကစရမှန်းမသိတာ၊ Order နဲ့ Packing လွဲတာ၊ ထားသိုမူစနစ်ကြောင့် အလေအလွင့်ဖြ...
24/08/2026

"ပစ္စည်းရှာမရလို့ အချိန်ကုန်တာ၊

Stock စစ်ရင်း ဘယ်ကစရမှန်းမသိတာ၊

Order နဲ့ Packing လွဲတာ၊

ထားသိုမူစနစ်ကြောင့် အလေအလွင့်ဖြစ်တာ၊
Urgent Order ဝင်လာရင် လုပ်ငန်းခွင် ကစဉ့်ကလျား ဖြစ်သွားတာ…"

ဒါတွေဟာ စားသောက်ကုန် ထုတ်လုပ်/ဖြန့်ဖြူးရေး လုပ်ငန်းတော်တော်များများမှာ ငွေကြေးနဲ့ အချိန်တွေကို တိတ်တဆိတ် ကုန်ဆုံးစေနေတဲ့ အဓိက "အကြောင်းအရင်းများ" ဖြစ်ပါတယ်။

မနေ့က Supersunday မှာတော့ စားသောက်ကုန် ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတွေနဲ့အတူ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ အလေအလွင့် ထိန်းချုပ်ရေး လက်တွေ့အသုံးချ နည်းလမ်းတွေကို အတူတကွ လေ့လာဆွေးနွေးခဲ့ကြပါတယ်။

ဒီသင်တန်းမှာ အဓိက သတိထားမိတာက လုပ်ငန်းတစ်ခုမှာ စနစ်မကျတာ၊ ဝန်ထမ်းတွေ လုပ်ငန်းကျွမ်းကျင်မှု နည်းနေတာဟာ ဝန်ထမ်းတွေရဲ့ ပျင်းရိမှုကြောင့် မဟုတ်ဘဲ "လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ အလေ့အထ (System & Skill standard)" မရှိသေးလို့ဖြစ်တယ်ဆိုတာပါပဲ။

သင်တန်းမှာ ဆရာနဲ့ သင်တန်းသား တသားတည်းဖြစ်အောင် အပြန်အလှန် ဆွေးနွေးရင်း လက်တွေ့ ပြဿနာတွေကို အဖြေရှာနိုင်ခဲ့ကြပါတယ်။

သင်တန်းအပြီးမှာတော့—

✅ဝန်ထမ်းတွေဆီက စိတ်အားထက်သန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်။

✅လုပ်ငန်းခွင် ပြဿနာတွေကို ကိုယ်တိုင် အဖြေရှာနိုင်မယ့် အသိဉာဏ်နဲ့ နည်းလမ်းတွေ ရသွားကြတယ်။

✅CEO ကိုယ်တိုင်လည်း ဒီသင်တန်းပေးမူအပေါ် ကိုယ်တိုင်လေ့လာပြီး စိတ်ကျေနပ်မူ ရရှိခဲတဲ့ သင်တန်းတခုအဖြစ် ခဲပါတယ်။

💥လုပ်ငန်းတစ်ခုမှာ စနစ်ကောင်းနဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ ရှိလာရင် အလေအလွင့်တွေ လျှော့ချနိုင်ရုံတင်မကဘဲ လုပ်ငန်းတိုးတက်မှုနှုန်းပါ သိသိသာသာ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

အမှားအယွင်းမရှိ၊ အလေအလွင့်နည်းနည်းနဲ့ ထိရောက်စွာ လည်ပတ်နိုင်မယ့် လုပ်ငန်းခွင်တစ်ခုအဖြစ် ဖန်တီးဖို့ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို အစဉ်အမြဲ မြှင့်တင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းကြီးသည်လဲ ဒီထက်မက တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းမေတ္တာပေးပို့ပါတယ်..

U Htwe kyi
Warehouse Operation & Management
(consultant & Trainer )

လုပ်ငန်းတော်တော်များများမှာ "SOP (Standard Operating Procedure) မရှိလည်း အလုပ်ဖြစ်နေတာပဲ" ဆိုတဲ့ အယူအဆရှိတတ်ကြပါတယ်။ ဟုတ...
21/08/2026

လုပ်ငန်းတော်တော်များများမှာ "SOP (Standard Operating Procedure) မရှိလည်း အလုပ်ဖြစ်နေတာပဲ" ဆိုတဲ့ အယူအဆရှိတတ်ကြပါတယ်။ ဟုတ်ပါတယ်၊ လူနည်းစုနဲ့ မိသားစုပုံစံ လည်ပတ်နေချိန်မှာတော့ ဒါက ပြဿနာမရှိသလို ထင်ရပေမဲ့ လုပ်ငန်းချဲ့ထွင်လာတဲ့အခါ ဒါမှမဟုတ် ရေရှည်ရပ်တည်ဖို့ ကြိုးစားတဲ့အခါ SOP မရှိခြင်းက "တိတ်တဆိတ် ထောင်ချောက်ဆင်နေသလို" ဖြစ်လာတတ်ပါတယ်။

SOP မရှိတဲ့အတွက် လုပ်ငန်းတစ်ခုမှာ ရင်ဆိုင်ရနိုင်တဲ့ အဓိကပြဿနာတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ အရည်အသွေး မမှန်ကန်ခြင်း (Inconsistent Quality)
SOP မရှိရင် အလုပ်တစ်ခုကို လူတစ်ယောက်က တစ်မျိုး၊ နောက်တစ်ယောက်က တစ်ဖုံ လုပ်ကြပါလိမ့်မယ်။

• 🚩ဒီနေ့ ဝယ်သူရတဲ့ ဝန်ဆောင်မှုက ကောင်းပြီး၊ နောက်နေ့ကျရင် ညံ့နေတာမျိုး ဖြစ်တတ်ပါတယ်။

🚩• Customer တွေက လုပ်ငန်းအပေါ် ယုံကြည်မှု လျော့နည်းလာပြီး တခြားသော ပုံသေစံနှုန်းရှိတဲ့ ပြိုင်ဘက်တွေဆီ ပြောင်းသွားတတ်ပါတယ်။

၂။ ပိုင်ရှင် သို့မဟုတ် မန်နေဂျာအပေါ် အလွန်အကျွံ မှီခိုရခြင်း (Owner Dependency)

SOP မရှိတဲ့ လုပ်ငန်းတွေမှာ "အရေးကြီးတဲ့ ဆုံးဖြတ်ချက်နဲ့ နည်းလမ်းတွေ" ဟာ ပိုင်ရှင်ရဲ့ ခေါင်းထဲမှာပဲ ရှိနေတတ်ပါတယ်။

• 🚩ပိုင်ရှင် မရှိတဲ့နေ့၊ ဒါမှမဟုတ် ပိုင်ရှင် ဖုန်းမကိုင်နိုင်တဲ့အချိန်မှာ အလုပ်တွေအားလုံး ရပ်တန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
•🚩 ပိုင်ရှင်အနေနဲ့ လုပ်ငန်းကို စနစ်တကျ လွှဲထားခဲ့လို့မရဘဲ အမြဲတမ်း အလုပ်ထဲမှာ နစ်မွန်းနေရပါလိမ့်မယ် (Micromanagement)။

၃။ ဝန်ထမ်းအသစ် သင်တန်းပေးရန် ခက်ခဲခြင်း (Training Challenges)

ဝန်ထမ်းအသစ်တစ်ယောက် ရောက်လာတိုင်း လက်ဟောင်းဝန်ထမ်းတွေက ဘေးကနေ ထိုင်သင်ပေးနေရတာမျိုးဟာ အချိန်ကုန်စေပါတယ်။

•🚩သင်ပေးတဲ့သူရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး အလုပ်သင်ကြားမှုက ကွာခြားသွားပါတယ်။

• 🚩ဝန်ထမ်းအသစ်တွေ အလုပ်ထဲ ရောက်ဖို့ အချိန်အကြာကြီး ယူရသလို၊ အမှားအယွင်းတွေလည်း ခဏခဏ ဖြစ်စေပါတယ်။

၄။ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ခြင်း (Lack of Accountability)

အလုပ်တစ်ခု မှားသွားတဲ့အခါ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ရှာရခက်သွားပါတယ်။

• 🚩ဒါက ငါ့အလုပ်မဟုတ်ဘူး၊ ဟိုလူလုပ်ရမှာ" ဆိုတဲ့ အပြန်အလှန် လက်ညှိုးထိုးမှုတွေ ဖြစ်လာပါတယ်။

• 🚩လုပ်ငန်းခွင်အတွင်း ပဋိပက္ခတွေ များလာပြီး လုပ်ငန်းခွင် ယဉ်ကျေးမှု ပျက်စီးလာပါတယ်။

၅။ လုပ်ငန်းချဲ့ထွင်ရန် (Scaling) မဖြစ်နိုင်ခြင်း

ဆိုင်ခွဲတွေ ထပ်ဖွင့်ချင်တယ်၊ ဒါမှမဟုတ် လုပ်ငန်းကို ဒီထက်ကြီးအောင် လုပ်ချင်တယ်ဆိုရင် SOP မရှိဘဲ မဖြစ်
နိုင်ပါဘူး။

• 🚩ဆိုင်ခွဲတိုင်းမှာ မူလဆိုင်ရဲ့ အရသာ ဒါမှမဟုတ် ဝန်ဆောင်မှုမျိုး မရတော့တာမျိုး ဖြစ်ပါလိမ့်မယ်။

• 🚩လုပ်ငန်းက အကြီးကြီးဖြစ်မလာတော့ဘဲ လက်ရှိနေရာမှာတင် လည်ထွက်နေတတ်ပါတယ်။

SOP ဆိုတာ စာအုပ်ကြီးတစ်အုပ်ကို ရည်ညွှန်းတာမဟုတ်ဘဲ "အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ နည်းလမ်းကို အားလုံးသိအောင် စံသတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။

SOP ရှိခြင်းက အလုပ်သမားတွေကို စက်ရုပ်လို ခိုင်းစေဖို့မဟုတ်ဘဲ "စနစ်တစ်ခုကို တည်ဆောက်ပြီး လူတွေကို လွတ်လပ်ခွင့်ပေးဖို့" ဖြစ်ပါတယ်။

"If you can't describe what you are doing as a process, you don't know what you're doing." –

W. Edwards Deming

Thank for your reading and sharing

htwe

and logistics

Storage မလုပ်ခင် သိထားရမယ့် Golden Rules (သိုလှောင်မှုဆိုင်ရာ ရွှေရောင်စည်းမျဉ်းများ)“ပစ္စည်းဆိုပြီး ရောနှောပြီး ဂိုဒေါင...
19/08/2026

Storage မလုပ်ခင် သိထားရမယ့် Golden Rules

(သိုလှောင်မှုဆိုင်ရာ ရွှေရောင်စည်းမျဉ်းများ)

“ပစ္စည်းဆိုပြီး ရောနှောပြီး ဂိုဒေါင်ထဲ အလွယ်သိမ်းလို့ မရပါဘူး”။ ဂိုဒေါင်တစ်ခုအတွင်း ပစ္စည်းများကို စနစ်တကျ မဟုတ်ဘဲ အလွယ်တကူ ထိုးထည့်လိုက်ပါက Storage နည်းလမ်း မှားယွင်းမှုကြောင့် ပစ္စည်းများ ကျိုးပဲ့ပျက်စီးခြင်း၊ သက်တမ်းလွန်သွားခြင်း၊ ရှာမတွေ့တော့ဘဲ စာရင်းပျောက်ခြင်းနှင့် အစိုဓာတ်/ပိုးမွှားများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များစွာ ရှိခဲ့ပါတယ်။

အထူးသဖြင့် ဆေးဝါးနှင့် အစားအသောက် ကုမ္ပဏီကြီးတစ်ခုတွင် Cold Chain Storage နည်းလမ်း မှားယွင်းပြီး ရိုးရိုး Ambient Storage Area တွင် မှားယွင်းသိုလှောင်မိရာမှ အပူချိန် မထိန်းနိုင်ဘဲ မူလတန်ဖိုး သိန်းပေါင်းများစွာ တန်ဖိုးရှိသော ဆေးဝါးများ တစ်သုတ်လုံး ပျက်စီးသွားခဲ့သည့် ဖြစ်စဉ်မှာ သိုလှောင်မှု စီမံခန့်ခွဲမှု မှားယွင်းခြင်း၏ ဆုံးရှုံးမှု မြင့်မားပုံကို ထင်ရှားစွာ ပြသနေပါတယ်။

ဤကဲ့သို့ သိုလှောင်မှုဆိုင်ရာ ဆုံးရှုံးမှုများကို ရှောင်ရှားနိုင်ရန် Warehouse Operation မစတင်မီ အောက်ပါ Golden Rules (၆) ချက်ကို မဖြစ်မနေ သတိထား စီစဉ်ရမည် ဖြစ်
ပါတယ်။

💥Right Product (မှန်ကန်သော ကုန်ပစ္စည်း ဖြစ်ရမည်)

Inbound ပြုလုပ်ချိန်နှင့် Storage နေရာသို့ မရွှေ့မီ ပစ္စည်း၏ SKU, Part Number နှင့် Specifications များ တိကျစွာ မှန်ကန်ကြောင်း စစ်ဆေးရမည်။ ပစ္စည်းအမှားကို သိုလှောင်မိပါက Picking အချိန်တွင် အမှားမှားအယွင်းယွင်း ဖြစ်စေနိုင်ပါသည်။

💥Right Location (မှန်ကန်သော သိုလှောင်နေရာ ဖြစ်ရမည်)

ကုန်ပစ္စည်း၏ အလေးချိန်နှင့် အရောင်းထွက်နှုန်း (ABC Analysis) ပေါ်မူတည်၍ နေရာမှန် သတ်မှတ်ရမည်။ လေးလံသော ပစ္စည်းများကို အောက်ထပ်တွင်ထားခြင်း၊ အရောင်းသွက်သော (A-Class) ပစ္စည်းများကို Gate နှင့် နီးသော အောက်ထပ် Racking များတွင် ထားရှိခြင်းဖြင့် ရွှေ့ပြောင်းရလွယ်ကူစေပါသည်။

💥Right Quantity (မှန်ကန်သော ပမာဏ ဖြစ်ရမည်)

Location တစ်ခု၏ WMS Stock စာရင်းနှင့် လက်ရှိ Physical Stock တိကျစွာ ကိုက်ညီရမည်။ Rack/Bin တစ်ခုစီတွင် သတ်မှတ်ထားသော ဝန်တင်ဆံ့အား (Weight Limit) ထက် ပိုမိုမတင်ရန်နှင့် Stack Height စည်းမျဉ်းများကို တိကျစွာ လိုက်နာရမည်။

💥Right Condition (မှန်ကန်သော သိုလှောင်မှု အခြေအနေ ဖြစ်ရမည်)

ကုန်ပစ္စည်းတစ်ခုချင်းစီ၏ သဘာဝအတိုင်း Temperature, Humidity, Light နှင့် Ventilation အခြေအနေများကို စနစ်တကျ ထိန်းသိမ်းရမည်။ (ဥပမာ- ဆေးဝါးနှင့် အစားအသောက်များကို သန့်ရှင်း၍ အပူချိန်ထိန်းနေရာတွင် ထားခြင်း၊ Chemical နှင့် Food Safety အတွက် Segregation လုပ်ထားခြင်း)။

💥Right Identification (မှန်ကန်သော မှတ်ပုံတင် စနစ် ရှိရမည်)

ပစ္စည်းတိုင်းနှင့် Storage Location တိုင်းတွင် ကြည့်လိုက်သည်နှင့် ချက်ချင်း ခွဲခြားနိုင်သော Barcode, QR Code သို့မဟုတ် Location Label များ တိကျစွာ တပ်ဆင်ထားရမည်။ Identification မရှိပါက ပစ္စည်းများ ပျောက်ဆုံးခြင်းနှင့် ရှာဖွေချိန် ကြန့်ကြာခြင်းများ ဖြစ်ပေါ်စေပါသည်။

💥Right Rotation (မှန်ကန်သော ပစ္စည်း လှည့်ပတ်မှု စနစ် ဖြစ်ရမည်)

သက်တမ်းရှိ ကုန်ပစ္စည်းများအတွက် FEFO (First Expired, First Out) စနစ်နှင့် ပုံမှန် ပစ္စည်းများအတွက် FIFO (First In, First Out) စနစ်များကို တင်းကြပ်စွာ ကျင့်သုံးရမည်။ သို့မှသာ သက်တမ်းလွန် ပျက်စီးဆုံးရှုံးမှုများကို ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်မည် ဖြစ်ပါတယ်။

Warehouse Internal Storage Flow Dynamic ကို မြှင့်တင်နိုင်ရန်အတွက် ဤ Golden Rules (၆) ချက်သည် မဖြစ်မနေ အခြေခံကျင့်သုံးရမည့် မဏ္ဍိုင်ကြီးများ ဖြစ်
ပါသည်။

17/08/2026

ကဲ့…. ဆရာတို့နဲ့ အတွေ့အကြုံ မေးကြည့်ပါရစေ…

ဂိုဒေါင်ထဲ ပစ္စည်းရှာတဲ့အခါ ဘယ်လို ရှာတွေ့လေ့ရှိလဲ?

၁- Bin Location အတိုင်း လိုက်ရှာတွေ့ရှိခြင်း၊

၂-လူဟောင်း မေးပြီး ရှာမှ တွေ့ရှိခြင်း၊

၃- ဂိုဒေါင်တခုလုံးပတ်ရှာလဲ “ရှေးရေစက်ရှိမှ “ရှာတွေ့ခြင်း၊

၁ ၂ ၃ ထဲမှာ

သင်ရှာတွေ့ခဲသော နံပါတ်က ဘာဖြစ်လဲ

17/08/2026

ကျတော့်ရဲ့ မိတ်ဆွေလုပ်ငန်းများတွင်

Warehouse Supervisor/Manager ရာထူးတွေ လိုအပ်လျက်ရှိပါတယ်...

ကျတော် သင်တန်းသား ဟောင်း/သစ်များ လျောက်ထားနိုင်သည်

နေရာ- ကြည့်မြင်တိုင် ၁ ဉီး

နေရာ- လှိုင်သာယာ ၁ ဉီး

နေရာ -မြောက်ဉက္လာ -၁ ဉီး

Manager ၁ ဉီး -ဘားအံ .

Viber -09420014653 သို့ CV ပို့ပေးနိုင်ပါသည်၊👇

Advanced of Warehouse management day-1 စတင်ပါပြီ
16/08/2026

Advanced of Warehouse management day-1 စတင်ပါပြီ

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ မြေပြင်နဲ့ ကိုက်ညီတဲ့ သင်တန်းဖြစ်ဖို့ ကိုယ်တိုင် ကွင်းဆင်းခဲ့စဉ်က…မြန်မာ့ရိုးရာ စားသောက်ကုန် ထ...
16/08/2026

စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ မြေပြင်နဲ့ ကိုက်ညီတဲ့ သင်တန်းဖြစ်ဖို့ ကိုယ်တိုင် ကွင်းဆင်းခဲ့စဉ်က…

မြန်မာ့ရိုးရာ စားသောက်ကုန် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ လုပ်ငန်းတွေမှာ ဂိုဒေါင်နဲ့ စတိုးစနစ်ဟာ လုပ်ငန်းတစ်ခုလုံးရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။

💥ဂိုဒေါင်ဝန်ထမ်းတွေရဲ့ Skill နဲ့ အရည်အသွေးကို မြှင့်တင်ပေးမယ့် Corporate Training တစ်ခု ဖန်တီးတော့မယ်ဆိုရင် မျက်မှန်းဆပြီး စာအုပ်ကြီးအတိုင်း သင်ပေးလို့ လုံးဝမရပါဘူး။ စားသောက်ကုန် စတိုးတွေရဲ့ သဘောသဘာဝ၊ ပစ္စည်းသိုလှောင်ပုံ၊ လေဝင်လေထွက်၊ သန့်ရှင်းရေးနဲ့ ဝန်ထမ်းတွေရဲ့ လက်ရှိ အလေ့အကျင့်တွေကို သေချာ မသိဘဲနဲ့ အကျိုးရှိတဲ့ သင်တန်းတစ်ခု မဖြစ်
နိုင်ပါဘူး။

💥ဒါကြောင့်မို့လို့ လုပ်ငန်းခွင် အခြေအနေနဲ့ တကယ်ကိုက်ညီပြီး ထိရောက်မှုရှိမယ့် သင်တန်းတစ်ခု ဖြစ်လာဖို့အတွက် ဂိုဒေါင်နဲ့ စတိုး Site များဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါတယ်။

👇မြေပြင်မှာ ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တဲ့အခါ -

💥ရှိပြီးသား အားသာချက်များ ဝန်ထမ်းတွေရဲ့ ကုန်ပစ္စည်းအကြောင်း ကျွမ်းကျင်မှုနဲ့ လက်ရှိ ထိန်းသိမ်းထားနိုင်တဲ့ လုပ်ငန်းအလေ့အထများ။

💥ပြင်ဆင်ရန် လိုအပ်သည့် အားနည်းချက်များ

စားသောက်ကုန် သက်တမ်း (Shelf Life) အလိုက် စီမံမှု၊ အစီအစဉ်တကျ သိုလှောင်မှုနဲ့ အလေအလွင့် နည်းအောင် ထိန်းသိမ်းရမည့် အချက်များ။

စတာတွေကို အသေးစိတ် လေ့လာဆန်းစစ်ခဲ့ပါတယ်။

မျက်မှန်းဆ သင်ကြားတာမျိုး မဟုတ်ဘဲ ဒီလို မြေပြင်အခြေအနေ အမှန်ကို ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုခဲ့တာကြောင့် ဝန်ထမ်းတွေ လက်တွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းပေးနိုင်မယ့်၊ လုပ်ငန်းခွင်နဲ့ တကယ်ကိုက်ညီမယ့် သင်တန်းစနစ်တစ်ခုကို စနစ်တကျ ပုံဖော်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

🔔🔔သင်က မြန်မာ့ရိုးရာ အသင့်စားသောက်ကုန်တွေ ကြိုက်နှစ်သက်တဲ့သူဆိုရင် ….

“ယောကျားကြီး “ရဲ့ page မှာ online/ Offline အလွယ်တကူမှာဝယ်ယူလို့ရတယ်ဆိုတာကိုလဲ
သတင်းစကားလေး ပါးချင်ပါတယ်…

Modern Trade နဲ့ Traditional Trade ဈေးကွက်ထဲမှာ ဘယ်သူက ပိုအရေးပါသလဲ?ယနေ့ခေတ် စီးပွားရေးလောကမှာ ကုန်ပစ္စည်းတွေကို စားသုံး...
16/08/2026

Modern Trade နဲ့ Traditional Trade ဈေးကွက်ထဲမှာ ဘယ်သူက ပိုအရေးပါသလဲ?

ယနေ့ခေတ် စီးပွားရေးလောကမှာ ကုန်ပစ္စည်းတွေကို စားသုံးသူတွေဆီ ရောက်အောင် ဖြန့်ဖြူးတဲ့အခါ **Modern Trade (ခေတ်မီ ကုန်သွယ်မှု)** နဲ့ **Traditional Trade (ရိုးရာ ကုန်သွယ်မှု)** ဆိုတဲ့ Channel နှစ်ခုဟာ ယှဉ်တွဲ တည်ရှိနေပါတယ်။

လုပ်ငန်းရှင်အများစုနဲ့ စားသုံးသူအချို့ စဉ်းစားလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ "Modern Trade တွေ ခေတ်စားလာချိန်မှာ Traditional Trade က ပျောက်ကွယ်သွားတော့မလား" သို့မဟုတ် "ဘယ်စနစ်က ပိုပြီး ယုံကြည်စိတ်ချရသလဲ" ဆိုတာပါပဲ။

၁။ စနစ်နဲ့ စံချိန်စံညွှန်းကို ဦးစားပေးတဲ့ Modern Trade

Supermarket, Hypermarket နဲ့ Convenience Store (ဥပမာ - 24 Hours ဆိုင်) တွေပါဝင်တဲ့ Modern Trade ဟာ စနစ်တကျ တည်ဆောက်ထားတဲ့ ကုန်သွယ်မှု ဖြစ်ပါတယ်။

ယုံကြည်စိတ်ချရမှု ၊ POS စနစ်၊ Barcode Scanner နဲ့ ERP System တွေကို အသုံးပြုတာကြောင့် စာရင်းဇယားနဲ့ ဈေးနှုန်း ပွင့်လင်းမြင်သာမှု ရှိပါတယ်။ Expiry Date နဲ့ FDA စံချိန်စံညွှန်းတွေကို သေချာ စိစစ်ထားလို့ စားသုံးသူတွေဘက်က ပစ္စည်းအရည်အသွေးကို ပိုမို ယုံကြည်ကြပါတယ်။

ဝယ်ယူမှု အတွေ့အကြုံ ၊ သန့်ရှင်းအေးမြတဲ့ ပတ်ဝန်းကျင်မှာ စင်ပေါ်က ပစ္စည်းတွေကို ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ Self-Service အတွေ့အကြုံကို ပေးနိုင်ပါတယ်။

၂။ ရင်းနှီးမှုနဲ့ လွယ်ကူမှုကို အခြေခံတဲ့ Traditional Trade

လမ်းဘေး ကုန်စုံဆိုင်များ၊ ရပ်ကွက်ဆိုင်များနှင့် မြို့နယ်ဈေးများ ပါဝင်သည့် Traditional Trade သည် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ပန်းချီကားထဲတွင် အဓိက ဒေါင်တိုင်အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

လူချင်း ခင်မင်မှု (Personal Relationship) ၊ စနစ်ထက် "လူ" အပေါ်အခြေခံတဲ့ ယုံကြည်မှုကို ပေးပါတယ်။ ဆိုင်ရှင်နဲ့ ဝယ်သူအကြား ရင်းနှီးမှု၊ အကြွေးစနစ် (Credit Facility) ပေးနိုင်မှုတွေဟာ Modern Trade က ပေးလို့မရနိုင်တဲ့ အားသာချက်ပါ။

လွယ်ကူလျင်မြန်မှု၊ အိမ်ရှေ့တင် ရှိနေပြီး မိသားစု လိုအပ်ချက်အရ ပမာဏ အနည်းငယ်စီ (ဥပမာ- ကြက်သွန်နီ အနည်းငယ်၊ ဆီ တစ်ပုလင်း) ခွဲခြား ဝယ်ယူရလွယ်ကူပါတယ်။
**အပြိုင်အဆိုင် မဟုတ်ဘေး အပြန်အလှန် ဖြည့်ဆည်းမှု**

Modern Trade က စနစ်၊ စံချိန်စံညွှန်းနဲ့ ခေတ်မီဆန်းသစ်မှုကို ပေးနိုင်သလို Traditional Trade ကတော့ ရင်းနှီးမှု၊ လက်လှမ်းမီမှုနဲ့ အဆင်ပြေမှုကို ပေးပါတယ်။

ထို့ကြောင့် Modern Trade တိုးတက်လာသော်လည်း Traditional Trade သည် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ စားသုံးသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးရင်း ယှဉ်တွဲ စီးဆင်းနေမည်သာ ဖြစ်ပါသည်။

Sayar U Htwe Kyi

ည ၁၂ နာရီမှာတော့ အပ်ထားတဲ့ Logo ပုံစံလဲ ရခဲပါပြီ...စိတ်တိုင်းမကျလို့ အကြိမ်ကြိမ်ပြင်ဆင်ရင်း...နောက်ဆုံး ကိုယ်လုပ်ချင်တဲ့...
15/08/2026

ည ၁၂ နာရီမှာတော့ အပ်ထားတဲ့ Logo ပုံစံလဲ ရခဲပါပြီ...

စိတ်တိုင်းမကျလို့ အကြိမ်ကြိမ်ပြင်ဆင်ရင်း...

နောက်ဆုံး ကိုယ်လုပ်ချင်တဲ့ ပုံစံလဲ ဖြစ်ခဲပါပြီ..

ကျတော်တို့ service ေပးတဲ့ document & certificate တေွမှာ ဒီ logo လေးကို
စတင် အသုံးပြုသွားမှာဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်..

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Warehouse Operation & Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share