24/09/2026
သိုလှောင်မူတခု ပြုမလုပ်ခင် သိသင်တဲ့ ဆောင်ရန် ရှောင်
ရန်၊
ဂိုဒေါင် သို့မဟုတ် စတိုများအတွက် ကုန်ပစ္စည်းများ သိုလှောင်သိမ်းဆည်းရန် စဉ်းစားကြတဲ့အခါ မဖြစ်မနေ သိသားသင့်တဲအချက်တွေနှင့် လုပ်ရန်၊ မလုပ်ရန်
ဆောင်ရန် ရှောင်ရန်လေးကို မှတ်မိလွယ်အောင်နှင့် နားလည်လွယ်အောင် Shortly basically ဖော်ပြပေးလိုက်ပါတယ်။
ဒီ နည်းလမ်းတွေကို သိထားရုံနှင့် ကုန်ပစ္စည်း၊ သင့်လုပ်ငန်းရဲ့ တန်းဖိုးရှိတဲ့ ကုန်ပစ္စည်း ပျက်စီးခြင်း၊ပျောက်ဆုံးခြင်း၊ လုံခြုံခြင်းများအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် WAREHOSE STORAGE DO & DON’T ကို အောက်မှာ လေ့လာကြည့်လို့ရနိုင်ပါတယ်……
Warehouse Storage - လုပ်သင့်သည်များ (Do's)✅
1. (Categorize) အမျိုးအစားခွဲခြားပါ၊
🔹ကုန်ပစ္စည်းများကို SKUအမျိုးအစား၊ Sizeအရွယ်အစား၊ Sale Volume ရောင်းအား၊ Turnover rate ဥပမာ - Fast-moving, Slow-moving,Non Moving ) စသည်ဖြင့် စနစ်တကျ ခွဲခြားသတ်မှတ်ပါ။
SKU (Stock Keeping Unit) သို့မဟုတ် Barcode စနစ်ကို အသုံးပြုပါ။
2. FIFO / LIFO စနစ်ကို ကျင့်သုံးပါ။
🔹သက်တမ်းကုန်နိုင်သော ကုန်ပစ္စည်းများ (ဥပမာ - အစားအစာ၊ ဆေးဝါး) အတွက် FIFO (First-In, First-Out) စနစ်ကို အသုံးပြုပါ။ ရှေ့ကရောက်တာကို ရှေ့ကထုတ်ရမည်။
သက်တမ်းမကုန်နိုင်သော ကုန်ပစ္စည်းများ (ဥပမာ - အုတ်၊ သံ ပြား၊ခိုင်ခံ့သောပစ္စည်းများ) အတွက် LIFO (Last-In, First-Out) စနစ်ကို သုံးပါ။
3. Storage Strategy နေရာချထားမှု ဗျူဟာချမှတ်ပါ
🔹လူသွားလမ်းများ (Aisles) ကို ရှင်းလင်းမြင်သာအောင် စဉ်းဆွဲထားပါ၊၊
အလေးချိန်များသော ပစ္စည်းများကို အောက်ခြေတွင် (သို့) ပင်မဝင်ပေါက်နှင့် နီးသောနေရာတွင် သိမ်းဆည်းပါ။
မကြာခဏ အသုံးပြုရသော ပစ္စည်းများကို ထုတ်ယူရလွယ်ကူသည့် (Pick & Pack Area) နေရာတွင် ထားပါ။
4. Labeling စနစ်တကျ တံဆိပ်ကပ်ပါ၊
🔹စင် (Racking) နှင့် ပစ္စည်းများပေါ်တွင် ပစ္စည်းအမည်၊ ကုဒ်နံပါတ်၊ သက်တမ်းကုန်ဆုံးရက် စသည်တို့ကို ရှင်းရှင်းလင်းလင်း တံဆိပ်ကပ်ထားပါ။
5. Safety ဘေးကင်းလုံခြုံရေးကို အလေးထားပါ၊
🔹မီးသတ်ပစ္စည်းများ နေရာချထားပါ။
လုံခြုံရေးကင်မရာများ တပ်ဆင်ထားပါ။
လုပ်သားများအား သက်ဆိုင်ရာ လေ့ကျင့်မှုများပေးပါ၊ (ဥပမာ -မီးဘေး၊ရေဘေး၊ငလျှင်ဘေး)
PPE (Personal Protective Equipment) ဝတ်ဆင်ခြင်းကို စည်းကမ်းတကျ၀◌တ်ပါ၊
6. Regular Checking ပုံမှန်စစ်ဆေးပြုပြင်ပါ။
🔹စင်၊ စက်ပစ္စည်းများ ချို့ယွင်းမှုရှိမရှိ ပုံမှန်စစ်ဆေးပါ။
Stock Level ကို ပုံမှန်စစ်ဆေးပြီး မှတ်တမ်းတင်ပါ။
Warehouse Storage - မလုပ်သင့်သည်များ (Don'ts)⛔️
1. လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်း
⛔️လူသွားလမ်းကြောင်းများ၊ စက်ယန္တရားသွားလမ်းများကို ပစ္စည်းများဖြင့် ပိတ်ဆို့မထားရ၊ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းဆောင်တာ နှေးကွေးစေနိုင်ပါတယ်။
2. စင်၏ ဝန်ခံနိုင်ရည်ထက် ပိုမိုတင်ခြင်း။
⛔️စင် (Rack) တစ်ခုစီတွင် သတ်မှတ်ထားသော ဝန်အများဆုံးခံနိုင်ရည် (Weight Capacity) ရှိသဖြင့် ခံနိုင်ရည်ထက် ပိုမိုတင်ခြင်းသည် ပြိုကျပျက်စီးမှုအတွက် အလွန်
အန္တရာယ်များနိုင်ပါတယ်။
3. ပစ္စည်းများကို ရောထွေးသိမ်းဆည်းခြင်း။
⛔️ဓာတ်မတည့်နိုင်သော ဓာတုပစ္စည်းများကို အနီးကပ်သိမ်းဆည်းခြင်း၊ သက်တမ်းကုန်နိုင်သောပစ္စည်းများနှင့် မကုန်နိုင်သောပစ္စည်းများကို ရောနှောထားခြင်းများ မပြုလုပ်ပါနှင့်။
4. မြင့်မားစွာ သိမ်းဆည်းမူ ဂရုစိုက်ရန်၊
⛔️ပစ္စည်းများကို အလွန်အမင်း အမြင့်သို့ တင်သိမ်းသည့်အခါ မတည်ငြိမ်မှုဖြစ်ပေါ်စေနိုင်တာကြောင့် ပစ္စည်းများ ပြုတ်ကျခြင်း၊ စင်ပြိုကျခြင်းများ ဖြစ်နိုင်ပါတယ်။ PalletWrapping အသုံးပြုမှ သင့်တော်မည်။
5. Poor Inventory မှတ်တမ်းအားနည်းခြင်း၊
⛔️ကုန်ပစ္စည်းဝင်ထွက်မှတ်တမ်းကို မှားယွင်းစွာမှတ်သားခြင်း (သို့) မှတ်သားခြင်းမရှိခြင်းသည် Inventory Management ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။
6. ပတ်ဝန်းကျင်သန့်ရှင်းမှုကို လျစ်လျူရှုခြင်း။
⛔️ဖုန်မှုန့်၊ အမှိုက်သရိုက်များ စုပုံနေခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသလို၊ ပိုးမွှားများနှင့် မီးလောင်လွယ်မှုကိုပါ ဖြစ်စေနိုင်ပါသည်။
✳️အထက်ပါ ဖော်ပြချက်ကို အနှစ်ချုပ်ရသော်..
အောင်မြင်သော Warehouse Management သည် စနစ်ကျမှု၊ လုံခြုံမှု နှင့် ထိရောက်မှု တို့အပေါ် အခြေခံပါတယ်။
အထက်ဖော်ပြပါ Do's နှင့် Don'ts များကို အခြေခံကျင့်သုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လူ ကုန်ပစ္စည်း ဘေးကင်းခြင်းနှင့် ဖောက်သည်ကျေနပ်မှုမြင့်မားခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
Thank for your attention reading & Sharing.
htwe
Storage do & don’t