Golden Well Management Consultants CO.,LTD

Golden Well Management Consultants CO.,LTD Finance - Service- Training

ကမ္ဘာ့ ရွှေ,ငွေ,နိုင်ငံခြားငွေကြေး,ရေနံ အစရှိသော ဈေးကွက်အား ၂၄နာရီ ဈေးနှုန်း ကြည့်ရှု ခြင်းတို့ဖြင့် အချိန်တိုအတွင်း ဝယ်ခြင်း၊ ရောင်းခြင်း များကို ပြုလုပ်နိုင်နေပြီဖြစ်ပါသည်။ ထိုကဲ့သို့သော အရောင်းအဝယ်များကို စိတ်ဝင်တစား ရင်းနှီး့မြှပ်နှံ လိုလျှင် Golden Well Management and Consultant Com.,LTD. မှ ဝန်ဆောင်မှု့ပေးလျှက် ရှိပါသည်။

API အချက်အလက်တွေအရ ရေနံစိမ်းသိူလှောင်မှုတွေမြင့်တက်ခဲ့ပြီး  OPEC+ က ထုတ်လုပ်မှုအနည်းငယ်သာတိုးဖို့ဆုံးဖြတ်ခဲ့••••••••••••...
03/08/2022

API အချက်အလက်တွေအရ ရေနံစိမ်းသိူလှောင်မှုတွေမြင့်တက်ခဲ့ပြီး OPEC+ က ထုတ်လုပ်မှုအနည်းငယ်သာတိုးဖို့ဆုံးဖြတ်ခဲ့
••••••••••••••••••••••••••••••••••••••••••••••••

Aug 3.2022(Wed)

OPEC+ ထုတ်လုပ်သူအုပ်စုက ကမ္ဘာ့ရေနံဝယ်လိုအား၏ ၀.၁ ရာခိုင်နှုန်းနှင့်ညီမျှသော တစ်နေ့လျှင် ရေနံစည်ပေါင်း 100,000 (bpd) သာ ပမာဏအနည်းငယ်သာတိုးရန် သဘောတူညီခဲ့ကြတယ်လို့သိရပါသည်။

ထုတ်လုပ်မှုတွေတိုးဖို့အမေရိကန်က တောင်းဆိုနေချိန်မှာ အမေရိကန်ရဲ့မျှော်လင့်ချက်တွေပယ်ချခံရသလိုဖြစ်ခဲ့ပြီး Spare Capacity မှာလဲအကန့်အသတ်ရှိနေကာဆော်ဒီအာရေဗျသည်လည်း OPEC+ မိတ်ဖက်ရုရှား၏စရိတ်ဖြင့် ထုတ်လုပ်မှုတိုးဖို့တွန့်ဆုတ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် အီရန်နှင့် အမေရိကန် ထိပ်တန်းအရာရှိများက အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် ဗီယင်နာသို့ သွားရောက်ခဲ့ကြောင်း၊ အီရန်ရေနံတင်ပို့မှုကို အဟန့်အတားဖြစ်စေသော ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေး မျှော်လင့်ချက်အားလုံးကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။

အစည်းအဝေးမတိုင်မီ OPEC+ သည် ယခုနှစ် ရေနံဈေးကွက်ပိုလျှံမှုအတွက် ခန့်မှန်းချက်ကို 200,000 bpd မှ 800,000 bpd သို့ လျှော့ချခဲ့ကြောင်းသိရပြီးအဆိုပါအစည်းအဝေးကြောင့် Supply ဆိုင်ရာစိုးရိမ်မှုတွေကြောင့်ရေနံအနည်းငယ်ပြန်တက်လာခဲ့ပေမယ့်လည်းတစ်ချိန်တည်းတွင် အမေရိကန်ရေနံအင်စတီကျုမှ အချက်အလက်များအရ အမေရိကန်ရေနံစိမ်းသိုလှောင်မှုသည် ဇူလိုင် ၂၉ ရက်ကုန်ဆုံးသည့်သီတင်းပတ်အတွက် စည်ပေါင်း ၂.၂ သန်းခန့် မြင့်တက်ခဲ့ပြီး ဓာတ်ဆီသိုလှောင်မှုမှာ စည်ပေါင်း ၂၀၀,၀၀၀ ကျဆင်းခဲ့ပြီး ပေါင်းခံဆီ Stock များသည် စည်ပေါင်း ၃၅၀,၀၀၀ ခန့် ကျဆင်းခဲ့ပါတယ်။

သိုလှောင်မှုတွေမြင့်တက်လာတဲ့သတင်းနှင့်အတူ ရေနံစျေးတွေဟာအကျဖက်ပြန်လှည့်လာခဲ့ပြီး WTI Crude Oil သည် တစ်စည်ကို 91.244 ဒေါ်လာထိကျဆင်းခဲ့ပြီး Brent Oilသည် 97.568 ဒေါ်လာထိကျဆင်းခဲ့ပါတယ်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

ကမ္ဘာတစ်ဝှမ်း ဆိုးရွားလာတဲ့စီးပွားရေးအခြေအနေတွေကြောင့်  ရွှေဝယ်လိုအားတက်လာပြီး စျေးမြင့်တက်လာ•••••••••••••••••••••••••••...
02/08/2022

ကမ္ဘာတစ်ဝှမ်း ဆိုးရွားလာတဲ့စီးပွားရေးအခြေအနေတွေကြောင့် ရွှေဝယ်လိုအားတက်လာပြီး စျေးမြင့်တက်လာ
••••••••••••••••••••••••••••••••••••••••••••••••••••
Aug 2.2022 (Tue)

ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေး လှုပ်ရှားမှု အားနည်းနေသည့် လက္ခဏာများကြောင့် ကမ္ဘာ့ရွှေသည် ၅ ရက်ဆက်တိုက်မြင့်တက်လာနေပြီး ယနေ့ အင်္ဂါနေ့မနက်စျေးကွက်အဖွင့် အာရှချိန်အတွင်းမှာတင် တစ်အောင်စကို 1780$ ထိအမြင့်ဆုံးပြန်တက်လာခဲ့သည်။

၎င်းမှာ တစ်လနီးပါးအတွင်း ၎င်းတို့၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည့် Gold Futures သည် ပို၍ အရောင်း အဝယ်ဖြစ်ခဲ့ပြီး $1,800 ထက် ကျော်လွန်သွားခဲ့သည်။

ပိုမို ဆိုးရွားလာသော ကမ္ဘာ့ စီးပွားရေးအခြေအနေများ၏ လက္ခဏာများကြားတွင် ရွှေသည် ဝယ်လိုအားများပြန်လည်ရရှိခဲ့ပြီး အားနည်းသော US GDP ဒေတာကြောင့်ပြီးခဲ့သော သီတင်း ပတ်ကတည်း က ရွှေဟာ Safe Heaven Assets Roleထဲကို ပြီပြင်စွာပြန်လည်ရောက်ရှိလာခဲ့ပါသည်။

တရုတ်စက်ရုံများ လှုပ်ရှားလည်ပါတ်မှုတွေ ကျဆင်းသွားသည့်သတင်းများထွက်ပေါ်လာခြင်းနှင့် အမေရိကန်နှင့် ယူရိုဇုန်တို့မှ ကုန် ထုတ်လုပ်မှုဆိုင်ရာအချက်အလက် များကဈေးကွက်အတွင်း စိတ်ပျက်စရာဖြစ်နေပြီး စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းအတွက် စိုးရိမ်မှုများ တိုးလာစေကာ စိတ်ချလုံခြုံရတဲ့Assetsအဖြစ်ရွှေဟာအဝယ်ပြန်လိုက်လာခဲ့ပါသည်။

အခြားအဖိုးတန်သတ္တုများထဲတွင် Platinum Futures သည် 0.3% တက်လာပြီး Silver Futures သည် အနည်းငယ်ကျဆင်းသွားခဲ့ပြီး ခဲ့ပါသည်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

တရုတ်စက်ရုံတွေရဲ့ လှုပ်ရှားလည်ပါတ်မှုတွေကျဆင်းသွားမှုက ရေနံစျေးကိုထပ်မံအားနည်းစေခဲ့•••••••••••••••••••••••••••••••••••••...
01/08/2022

တရုတ်စက်ရုံတွေရဲ့ လှုပ်ရှားလည်ပါတ်မှုတွေကျဆင်းသွားမှုက ရေနံစျေးကိုထပ်မံအားနည်းစေခဲ့
••••••••••••••••••••••••••••••••••••••••••••••••••••

Aug 1.2022 (Mon)

တရုတ်စက်ရုံတွေရဲ့ လှုပ်ရှားမှုတွေ မမျှော်လင့်ပဲ ကျဆင်းလာပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ၏ ရေနံစိမ်းဝယ်လိုအား နှေးကွေးလာမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိလာတာကြောင့် ယနေ့တနင်္လာနေ့မှာ ရေနံဈေးတွေ ထပ်မံကျဆင်းလာခဲ့ပါသည်။

WTI Crude Oil တစ်စည်လျှင် 96.168 ဒေါ်လာထိ ပြန်လည်ကျဆင်းထားပြီး Brent Oil ကတော့ 102.130 ဒေါ်လာထိကျဆင်းထားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စိတ်ပျက်စရာ ကုန်ထုတ်လုပ်မှု PMI သည် ယနေ့ ရေနံဈေးအပေါ် ဖိအားပေးသည့် အဓိကအချက်ဖြစ်ပြီး Caixin/Markit Manufacturing Purchasing Managers အညွှန်းကိန်း (PMI) သည် ယခင်လတွင် 51.7 မှ ဇူလိုင်လတွင် 50.4 သို့ လျော့ကျသွားပြီး လေ့လာသူများ၏ မျှော်မှန်းသည်ထက် ကျဆင်းခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

ကိုဗစ် ပိတ်ဆို့ထားမှုများကြားမှ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်၏ ပြန်လည်ဦးမော့လာမှုသည် ယခင်မျှော်မှန်းထားသလောက် အပြုသဘောမဆောင်နေကြောင်း အံ့အားသင့်စရာလျော့ကျသွားသည့်ကိန်းဂဏန်းများက သက်သေပြနေပြီး ရေနံစိမ်းဈေးကွက်ရဲ့ ဝယ်လိုအား အလားအလာကို ဝေဝါးသွားစေပါသည်။

Brent နှင့် WTI တို့သည် 2020 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်လဆက်စျေးအကျဖြင့်ပိတ်ခဲ့ပြီး ငွေကြေးဖောင်းပွ မှုနှင့် အတိုးနှုန်းမြင့်လာသည်နှင့်အမျှ လောင်စာဆီဝယ်လိုအားကို တိုက်စားစေမည့် စီးပွားရေးကျဆင်းမှုဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်။

ဗြိတိန်ရှိ ယာဉ်မောင်းများထံ လောင်စာဆီရောင်းချမှု လျော့နည်းသွားကြောင်း ANZ မှ လေ့လာသုံးသပ်သူများက ပြောကြားရာတွင် ယခုနှစ်၏ ငါးနှစ်တာကာလအတွက် ပျမ်းမျှအားဖြင့် ဓာတ်ဆီဝယ်လိုအားအောက်တွင် ရှိနေသည်ဟု ဆိုသည်။

OPEC+ ဟုသိကြသော ရုရှားအပါအဝင် မဟာမိတ်နိုင်ငံများအဖွဲ့ (OPEC) နှင့် ရေနံထွက်ရှိမှုအပေါ် ဆုံးဖြတ်ရန် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးကိုစျေးကွက်ကသတိထားစောင့်ကြည့်နေကြပြီး Reuters စစ်တမ်းတစ်ခုမှ သတင်းအရင်းမြစ်ရှစ်ခုအနက်မှ နှစ်ခုသည် ဩဂုတ်လ ၃ ရက်အစည်းအဝေးတွင် ရေနံ ထုတ်လုပ်မှုအရှိန်အဟုန်ဖြင့် တိုးမြင့်လာမှုကို ဆွေးနွေးမည်ဖြစ်ပြီး ကျန်စစ်တမ်းများကလည်း အဆိုမှာအစည်းအဝေးမှ ‌‌ရေနံအထွက်နှုန်းကို တည်ငြိမ်စေအောင်ဆွေးနွေးကြမည်ဟုဖော်ပြထားလျက်ရှိပါသည်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

ယခုတစ်ပါတ် ထွက်ရှိရန်နှင့် သတိထားစောင့်ကြည့်ရမည့် Economic Dataများ[ Aug 1.2022  To  Aug 5.2022 ]➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖Mon...
31/07/2022

ယခုတစ်ပါတ် ထွက်ရှိရန်နှင့် သတိထားစောင့်ကြည့်ရမည့် Economic Dataများ
[ Aug 1.2022 To Aug 5.2022 ]
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Monday (1.8.2022)
•••••••••••••••••••••••••••••••
All Day 🇦🇺 AUD▪️Bank Holiday

All Day 🇨🇭CHF▪️Bank Holiday

All Day 🇨🇦 CAD▪️Bank Holiday

⏰ 20:30 🇺🇲 USD🔺ISM Manufacturing Index

Tuesday (2.8.2022)
•••••••••••••••••••••••••••••••

⏰ 11:00 🇦🇺 AUD🔺Cash Rate

⏰ 11:00 🇦🇺 AUD🔺RBA Rate Statement

⏰ 20:30 🇺🇲 USD🔺JOLTS Job Openings

Wenesday (3.8.2022)
•••••••••••••••••••••••••••

⏰ 05:15 🇳🇿 NZD🔺Employment Change

⏰ 05:15 🇳🇿 NZD🔸Unemployment Rate

⏰ 13:00 🇨🇭 CHF🔸CPI m/m

⏰ 13:30 🇪🇺 EUR🔸Spanish Services PMI

⏰ 20:30 🇺🇲 USD🔺ISM Services PMI

Thursday (4.8.2022)
•••••••••••••••••••••••••••••

⏰ 15:00 🇬🇧 GBP🔸Construction PMI

⏰ 17:30 🇬🇧 GBP🔺BOE Monentary Policy Report

⏰ 17:30 🇬🇧 GBP 🔺MPC Official Bank Rate Votes

⏰ 17:30 🇬🇧 GBP🔺Monentary Policy Summary

⏰ 17:30 🇬🇧 GBP 🔺Official Bank Rate

⏰ 17:30 🇬🇧 GBP 🔺BOE Gov Bailey Speaks

⏰ 19:00 🇺🇲 USD🔸Unemployment Claims

⏰ 22:30 🇺🇲 USD🔸FOMC Member Mester Speaks

Friday (5.8.2022)
••••••••••••••••••••••

⏰ 08:00 🇦🇺 AUD🔺RBA Monentary Policy Statement

⏰ 19:00 🇨🇦 CAD🔺Employment Change

⏰ 19:00 🇨🇦 CAD🔺Unemployment Rate

⏰ 19:00 🇺🇲 USD🔺Average Hourly Earnings m/m

⏰ 19:00 🇺🇲 USD🔺Non Farm Employment Change

⏰ 19:00 🇺🇲 USD🔺Unemployment Rate


အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Powell ၏ မှတ်ချက်စကားကြောင့် ဒေါ်လာအားနည်းပြီး ရွှေပြန်တက်လာ July 28.2022(Thur)      အနာဂတ်အတိုးန...
28/07/2022

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Powell ၏ မှတ်ချက်စကားကြောင့် ဒေါ်လာအားနည်းပြီး ရွှေပြန်တက်လာ

July 28.2022(Thur)

အနာဂတ်အတိုးနှုန်း တိုးမြှင့်မှုနှင့်ပတ်သက်၍ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell ၏ မှတ်ချက်များ ကြောင့် ရွှေစျေးပြန်တက်လာခဲ့ပါသည်။

US Federal Reserve သည် စျေးကွက်များကမျှော်မှန်းထားသည့်အတိုင်း အတိုးနှုန်းကို Basic Point 75 မှ 2.25-2.5% သို့ မြှင့်တင်ခဲ့သည်။ Fed Chair Jerome Powell က သူ၏ သတင်းစာရှင်းလင်းပွဲတွင် ငွေကြေးဖောင်းပွမှုကို ထိန်းညှိခြင်းအပေါ် ပြောကြားသည့်လေသံသည်အားနည်းနေကာ လာမည့်စက်တင်ဘာအစည်းအဝေးတွင် အတိုးနှုန်းကြီးကြီးမားမားတက်ခြင်းသည် သင့်တော်သော်လည်း အတိုးနှုန်းတက်ရေးအခြေအနေအား နောက်ထပ်ထုတ်ပြန်မည့်စီးပွားရေးဒေတာပေါ်မူတည်၍ဆုံးဖြတ်မည်ဟုပြောကြားခဲ့ပါသည်။

အဆိုပါအခြေအနေအရ Powell သည် အတိုးနှုန်းထားအခြေအနေအား ပြန်လည်သုံးသပ်ရန်အတွက် စကားချန်ခဲ့ပြီး နောက်နှစ်တွင်လည်း အတိုးနှုန်း ဆက်တိုက်တိုးလာမည် ကို မြင်တွေ့ရနိုင်တော့မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်လာကြပါသည်။

၎င်းက ဒေါ်လာဈေးကို ရိုက်ခတ်ပြီး US Treasury Yield နှုန်းများ ကျဆင်းပြီး ရွှေစျေးအလှုပ်အခတ်ဖြစ်ပေါ် စေခဲ့ကာ ကမ္ဘာ့ရွှေသည် ယနေ့ကြာသပတေးမနက်တွင် တစ်အောင်စကို 1741$ ထိစျေးမြင့်တက်လာခဲ့ပါသည်။ ထို့အပြင်များမကြာမီကာလတွင် တွင် $1,780 မှ $1,800 ကြား စမ်းသပ်ရန် အလားအလာကောင်းဖြင့် ရွှေစျေးနှုန်းများ ပိုမိုမြင့်မားလာမည်ဟု စျေးကွက်ထဲသုံးသပ်လာကြပါသည်။

US Treasury yield သည် နှစ်လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး ရင်းနှီးမြုပ်နှံသူများသည် ဒုတိယသုံးလပတ်အတွက် အမေရိကန်ပြည်တွင်းအသားတင်ထုတ်ကုန်ကို ဆက်လက်စောင့်ကြည့်ကာ ရွှေရဲ့လားရာကိုတဆင့်ပြောင်းလဲနိုင်ကြောင်း ဖော်ပြပေးလိုက်ရပါသည်။

Posted By GoldenWell






စောင့်ကြည့်ရမည့်အမေရိကန်ဗဟိုဘဏ်၏ငွေကြေးမူဝါဒဆိုင်ရာထုတ်ပြန်ချက်မတိုင်မီ ကမ္ဘာ့ရွှေကျဆင်းနေJuly 27.2022(Wed)          ယနေ...
27/07/2022

စောင့်ကြည့်ရမည့်အမေရိကန်ဗဟိုဘဏ်၏ငွေကြေးမူဝါဒဆိုင်ရာထုတ်ပြန်ချက်မတိုင်မီ ကမ္ဘာ့ရွှေကျဆင်းနေ

July 27.2022(Wed)

ယနေ့ည US Federal Reserve မှ
ငွေကြေး မူဝါဒ ဆိုင်ရာဆုံးဖြတ်ထုတ်ပြန်ချက် ချမှတ်ဖို့ရှိတာကြောင့် ထိုထုတ်ပြန်ချက် မတိုင်မီယနေ့ မနက်အာရှချိန်တွင် ကမ္ဘာ့ရွှေဟာ အလှုပ်အခတ်နည်းပါးနေပြီး အနိမ့်စျေးတန်းတခုမှာရှိနေပါသည်။

တစ်အောင်စကို 1714$ ထိယနေ့မနက်အတွင်းနိမ့်ဆင်းထားပြီး ပုံမှန်အားဖြင့်ရွှေနှင့်လားရာပြောင်းပြန် ဒေါ်လာတန်ဖိုးသည်လည်းနိမ့်ဆင်းနေတာကိုတွေ့ရပါတယ်။

ဥရောပတွင် စွမ်းအင်မပြေလည်မှုလက္ခဏာများနှင့်အတူ စီးပွားရေးနှေးကွေးနေမှုကို စိုးရိမ်ရသောကြောင့် Fed မှ အတိုးနှုန်းတက်မည့် ဆုံးဖြတ်ချက်မတိုင်မီ အမေရိကန်ရှယ်ယာများသည်လည်းကျဆင်းသွားခဲ့သည်။

Fed သည် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏မူဝါဒအစည်းအဝေးအပြီးတွင် အခြားအခြေခံအတိုးနှုန်း 75 point ဖြင့် အတိုးနှုန်းကို မြှင့်တင်ရန် အလားလာများနေပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) က ကမ္ဘာ့စီးပွားရေးသည် မကြာမီ လုံးလုံး လျားလျား ဆုတ်ယုတ်ကျဆင်းမှုကိုဆိုက်ရောက်သွားနိုင်ကြောင်းသတိပေးခဲ့သည်။

လက်ရှိအခြေအနေအရ ငွေကြေးတင်းကျပ်မှု၊ ရုရှား၏ ယူကရိန်းကိုကျူးကျော်မှုများကြောင့် ဥရောပ၏စွမ်းအင်ပြတ်တောက်မှု ပြသနာ ၊တရုတ်၏အိမ်ခြံမြေကဏ္ဍ နှင့် COVID ပိတ်ဆို့မှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြန်လည်ဦးမော့လာမှုအတွက်မဖြစ်မနေဖြေရှင်းရမည့် အဓိကဦးတည်ချက်ဖြစ်သည်။

U.S. Conference Board (CB) Consumer Confidence သည် 95.7 သို့ ကျဆင်းသွားခဲ့ပြီး ငွေကြေးဖောင်းပွမှုနှင့်အတိုးနှုန်းများ မြင့်မားလာမည်ကို စိုးရိမ်မှုများကြောင့် နှစ်နှစ်နီးပါး အနိမ့်ဆုံးအဖြစ်ရောက်ရှိခဲ့သည်။

အခြားအဖိုးတန်သတ္တုများတွင် ငွေသည် 0.28% ၊ ပလက်တီနမ် 0.23% ကျဆင်းခဲ့ပြီး ပလေဒီယမ် 0.38% တက်လာခဲ့သည်။ Technicallyအရရွှေသည် 1700စျေးတန်းအထက်တွင်တင်းခံနေပြီး 1713-1715 rangeအတွင်းအခြေပြု၍ ရေတိုအဝယ်အရောင်းများသာရှိနေကာ Fed၏ မူဝါဒထုတ်ပြန်ချက်အပေါ်မူတည်ပြီး လားရာတခုကိုပြန်လည်ရွေ့လျားဖို့စောင့်ဆိုင်းနေတဲ့အနေအထားတခုဖြစ်နေတာကြောင့် Order အသစ်များအတွက်ပိုမိုကောင်းမွန်တဲ့စျေးတန်းတခုကိုစိတ်ရှည်ဖို့လိုနေပါသေးသည်။

Posted By GoldenWell






ဝယ်လိုအားကျဆင်းမည့်အရေးကရေနံကိုဆက်တိုက်ဖိအားပေးနေ••••••••••••••••••••••••••••••••••••••••••••••••••••••July 25.2022(Mon)...
25/07/2022

ဝယ်လိုအားကျဆင်းမည့်အရေးကရေနံကိုဆက်တိုက်ဖိအားပေးနေ
••••••••••••••••••••••••••••••••••••••••••••••••••••••
July 25.2022(Mon)

မျှော်မှန်းထားသည်ထက်မြန်မြန်ဆန်ဆန် မြင့်တက်လာသည့် အမေရိကန်အတိုးနှုန်းများကြောင့် လောင်စာဆီဝယ်လိုအားကို ကျဆင်းစေ နိုင်မည့်စိုးရိမ်မှုများနှင့် ကမ္ဘာ့ရေနံစျေးတွေဆက်လက်ကျဆင်းလျက်ရှိနေပါသည်။

တနင်္လာနေ့ မွန်းလွဲပိုင်းအထိ WTI Oil တစ်စည်လျှင် 92ဒေါ်လာထိကျဆင်းထားပြီး Brent Oil တစ်စည်လျှင် 97 ဒေါ်လာထိကျဆင်းထားပါသည် ။ Fed မှတာဝန်ရှိသူများက ဗဟိုဘဏ်သည် ၎င်း၏ဇူလိုင် 26-27 အစည်းအဝေးတွင် အခြေခံအတိုးနှုန်း 75 point ကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း ညွှန်ပြခဲ့ပြီး US Federal Reserve ၏ပြင်းထန်တဲ့ နှုန်းထားက ကမ္ဘာ့စီးပွား ရေးကို နှေးကွေးစေကာ လောင်စာဆီ ၀ယ်လိုအားကို လျှော့ချပေးလိမ့်မည်ဟုယူဆလာကြတာကြောင့်ရေနံစျေးတွေဟာဆက်တိုက်ဆိုသလိုဖိအားဒဏ်ခံနေရပါသည်။

လစ်ဗျား ရေနံစိမ်းထွက်ရှိမှု ပြန်လည်စတင်ခြင်းသည် ကမ္ဘာ့ရောင်းလိုအားကိုထပ်မံအားဖြည့်ပေးနေတဲ့အချက်အပြင်လစ်ဗျားအမျိုးသား ရေနံကော်ပိုရေးရှင်း (NOC) သည် နှစ်ပတ်အတွင်း တစ်ရက်လျှင် စည်ပေါင်း ၁.၂ သန်း (bpd ထုတ်လုပ်မှုကို ပြန်လည်ရရှိရန် ရည်မှန်းထားကြောင်း NOC က စနေနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့တာကြောင့် ရောင်းလိုအားတစိတ်တပိုင်းဝင်လာချိန် ဝယ်လိုအားက စိုးရိမ်နေရတဲ့ အရေးကြောင့် ရေနံအကျဖက်အလေးသာလျက်ရှိနေပါသည်။

Posted By GoldenWell






ယခုတစ်ပါတ် ထွက်ရှိရန်နှင့် သတိထားစောင့်ကြည့်ရမည့် Economic Dataများ[ July 25.2022  To  July 29.2022 ]➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖...
24/07/2022

ယခုတစ်ပါတ် ထွက်ရှိရန်နှင့် သတိထားစောင့်ကြည့်ရမည့် Economic Dataများ
[ July 25.2022 To July 29.2022 ]
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Monday (25.7.2022)
•••••••••••••••••••••••••••••••
⏰ 14:30 🇪🇺 EUR🔸German Ifo Business Climate

Tuesday (26.7.2022)
•••••••••••••••••••••••••••••••

⏰ 20:30 🇺🇲 USD🔺CB Consumer Confidence

⏰ 20:30 🇺🇲 USD🔸Richmond Manufacturing Index

Wenesday (27.7.2022)
•••••••••••••••••••••••••••

⏰ 08:00 🇦🇺 AUD🔺RBA Gov Lowe Speaks

⏰ 08:00 🇦🇺 AUD🔺Trimmed Mean CPI q/q

⏰ 19:00 🇺🇲 USD🔸Durable Goods Orders m/m

⏰ 19:00 🇺🇲 USD🔸Core Durable Goods Orders m/m

⏰ 20:30 🇺🇲 USD🔸Pending Homesales m/m

Thursday (28.7.2022)
•••••••••••••••••••••••••••••

⏰ 00:30 🇺🇲 USD🔺FOMC Statement

⏰ 00:30 🇺🇲 USD🔺Federal Funds Rate

⏰ 01:00 🇺🇲 USD🔸FOMC Press Conference

⏰ 19:00 🇺🇲 USD🔸Advance GDP q/q

⏰ 19:00 🇺🇲 USD🔸Advance GDP Price Index q/q

⏰ 19:00 🇺🇲 USD🔸Unemployment Claims

Friday (29.7.2022)
••••••••••••••••••••••

⏰ 19:00 🇨🇦 CAD🔸GDP m/m

⏰ 19:00 🇺🇲 USD🔺Core PCE Price Index m/m

⏰ 20:30 🇺🇲 USD🔸Revised UoM Consumer Sentiment


ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်ရက်သတ္တပါတ်အဖြစ် အမေရိကန်ရေနံစိမ်း စျေးတစ်စည်လျှင် 95 ဒေါ်လာအောက်စျေးပိတ်ခဲ့July 23.2022(S...
23/07/2022

ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်ရက်သတ္တပါတ်အဖြစ် အမေရိကန်ရေနံစိမ်း စျေးတစ်စည်လျှင် 95 ဒေါ်လာအောက်စျေးပိတ်ခဲ့

July 23.2022(Sat)

ဥရောပသမဂ္ဂ (EU) က ယခုလာမည့်သီတင်းပတ်တွင် အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ နှင့် ပြုပြင်ပြောင်းလဲမှုအောက်တွင်သာ ရုရှားအစိုးရပိုင်ကုမ္ပဏီများကို ရေနံတင်ပို့ခွင့်ပြုမည်ဟု ပြောကြားပြီးနောက်၊အမေရိကန်ရေနံစိမ်းဈေးသည် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် WTI သည် တတိယမြောက် သီတင်းပတ်တွင် အနိမ့်ဆုံးပိတ်ခဲ့ပြီး တစ်စည်လျှင် ၉၅ ဒေါ်လာအောက် တွင်စျေးပိတ်သည့်ရက်သတ္တပါတ်ဖြစ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးအတွက် အန္တရာယ်များကို ကန့်သတ်ရန်အတွက် ရုရှားအစိုးရပိုင် Rosneft နှင့် Gazprom တို့သည် တတိယနိုင်ငံများသို့ ရေနံတင်ပို့နိုင်မည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲထားသည့်ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအရ ယခုတစ်ပါတ်သောကြာနေ့မှာအသက်ဝင်သွားသည့် အီးယူကုမ္ပဏီများမှ ရုရှားပင်လယ်တွင်း ရေနံစိမ်းဝယ်ယူမှုနှင့် ပတ်သက်သည့် ငွေပေးချေမှုများကိုတော့ ပိတ်ပင်ခံရခြင်းမှလွတ်ကင်းမည်ဖြစ်သည်။ သို့သော်လည်း ရုတ်ချည်း အရောင်းတွေဝင်လာစေခဲ့တဲ့ အပျက်သဘောဆောင်တဲ့သတင်းဖြစ်ခဲ့တယ်လို့ Futures စျေးကွက်သုံးသပ်သူများက ညည်းတွားခဲ့ကြပါသည်။

ရုရှားနိုင်ငံကလည်း ၎င်း၏ရေနံကို စျေးနှုန်းကန့်သတ်ရန် သတ်မှတ်ဆုံးဖြတ်သော နိုင်ငံများသို့ ရေနံစိမ်းများ ထောက်ပံ့မည်မဟုတ်ကြောင်း ပြောကြားပြီးနောက် မနေ့ကညပိုင်းမှတင် စျေးအတက်အကျလှုပ်ခတ်မှုတွေဖြစ်ခဲ့ပါသေးတယ်၊ ရုရှားဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Elvira Nabiullina က ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေကို နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတဲ့ နိုင်ငံတွေဆီ လမ်းကြောင်းလွဲသွားမှာဖြစ်ပြီး ကမ္ဘာ့ရေနံဈေးတက်မယ့် ပမာဏကို တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။

US နှင့် EU တို့သည် ယခုနှစ်ကုန်တွင် ရုရှားရေနံအပေါ် စျေးနှုန်းကန့်သတ်ချက်ကို အကောင် အထည် ဖော်မည်ဟူသော ခံယူချက် ကလည်း ကြီးထွားလာသည်” ဟု BOK Financial ၏ အကြီးတန်း ကုန်သွယ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Dennis Kissler က ပြောကြားခဲ့သည်။ ကုန်စည်များအပေါ် အစိုးရမှ တွန်းအားပေးသော စျေးနှုန်းများသည် အများအားဖြင့် သက် တမ်းတိုပြီး များမကြာမီတွင် ပုံကြီးချဲ့ဈေးနှုန်းများပင် ဖြစ်ပေါ်လာနိုင်သည်ဟု အတိတ်သမိုင်းများကသက်သေပင်ဖြစ်သည်။

သို့သော် ကမ္ဘာ့ဝယ်လိုအား အလား အလာ အားနည်းသွားခြင်းနှင့် လစ်ဗျား ရေနံစိမ်းထွက်ရှိမှု ပြန်လည်စတင်ခြင်းကြောင့် ဈေးနှုန်းများကို ထိန်းထားနိုင်ခဲ့ပြီးငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်နေကြသည့်ကမ္ဘာ့ဗဟိုဘဏ်အသီးသီး၏ ငွေကြေးမူဝါဒဆိုင်ရာပြင်းထန်သည့်လုပ်ဆောင်မှုများကလည်း ကမ္ဘာ့စီးပွားရေးသည် ပြင်းထန်သော နှေးကွေးမှုသို့ ဦးတည်သွားဖွယ်ရှိတာကြောင့် မချင့်မရဲဖြစ်ရသည်။

လောင်စာဆီသုံးစွဲမှုနှင့်ပါတ်သတ်ပြီး စီးပွား ရေးမျက်နှာစာမှာ အဆိုးမြင်နေကြသော်လည်း ပကတိ လောင်စာဆီစျေးကွက်လည်ပါတ်မှု ဖွဲ့စည်းပုံဆိုင်ရာ တွေမှာ ချို့ယွင်းချက်တွေရှိနေသေးပြီး ပထဝီနိုင်ငံရေးမျက်နှာစာသည် မသေချာမရေရာမှုတွေရှိနေတာကြောင့် Physical ဝယ်လက်များ အနေနဲ့ အကျပိုင်းမှာအဝယ်ပြန်လိုက်လာမယ့်အချက်ကိုသတိထားရမှာပါ။

လက်ရှိရင်းနှီးမြုပ်နှံသူများအနေဖြင့်
လာမည့် ဇူလိုင် 26-27 Fed အစည်း အဝေးတွင် အခြေခံအတိုးနှုန်း 75ထိမြှင့်တင်လာနိုင်တဲ့အပေါ်သတိထားနေကြပြီး 75 ထိတိုးမြှင့်နိုင်သော်လည်း ရှေ့ဆက်မူဝါဒလမ်းညွန်ချက်တွေကပိုအရေးကြီးမှာဖြစ်ပြီး အကယ်၍အတိုးနှုန်းနဲ့ပ့တ်သတ်ပြီး အားပျော့တဲ့အခြေအနေဖြစ်လာပါကကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် ကောင်းမွန်လိမ့်မည်ဟု ယူဆလာနိုင်ပါတယ်။

လာမည့်သီတင်းပတ်အတွက် OPEC ပဏာမထုတ်လုပ်မှုခန့်မှန်းချက်ကို ဆက်လက်စောင့်ကြည့်နေကြရပြီး ဆန့်ကျင်ဘက်အားဖြင့် အာရှတွင် ဝယ်လို အား အားကောင်းသည့် လက္ခဏာများသည် Brent Oilစျေးနှုန်းကိုတော့ အခြေအနေတခုမှာတင်းခံပေးထားပါတယ်။

အိန္ဒိယတွင် ဓာတ်ဆီနှင့် ပေါင်းခံလောင်စာဆီများ၏ ၀ယ်လိုအားသည် ဇွန်လတွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ စျေးနှုန်းများမြင့်မားသော်လည်း၊ စုစုပေါင်းသန့်စင်ပြီးထုတ်ကုန်သုံးစွဲမှုမှာလွန်ခဲ့သည့်တစ်နှစ်ထက် 18% ပိုများခဲ့သည်။ အိန္ဒိယ သန့်စင်ရေး စက်ရုံများသည် ၎င်းတို့၏ အလုပ်အများဆုံး အဆင့်များ အနီးတွင် လည်ပတ်လျက် ရှိသည်။ RBC မှ လေ့လာသူများပြောကြားချက်အရ ဒါက COVID-ကပ်ဘေးနှစ်တွေကနေ ပြန်လည်ကောင်းမွန်လာတာထက် အများကြီးပိုတဲ့အချက်ပြနေပါတယ်” ဟု သိရှိရပါသည်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

ကြာသပတေးနေ့ရေနံစျေးများပြန်လည်ကျဆင်းခြင်း၏နောက်ကွယ်July 21.2022(Thur)      ဥရောပသို့ ဓာတ်ငွေ့ပြန်တင်ပို့ရန် ရုရှား၏ လှုပ...
21/07/2022

ကြာသပတေးနေ့ရေနံစျေးများပြန်လည်ကျဆင်းခြင်း၏နောက်ကွယ်

July 21.2022(Thur)

ဥရောပသို့ ဓာတ်ငွေ့ပြန်တင်ပို့ရန် ရုရှား၏ လှုပ်ရှားမှုက ထောက်ပံ့ရေး ပြဿနာများကို ဖြေလျှော့ပေးခဲ့တဲ့အချိန်မှာပဲ ငွေကြေးမူဝါဒကို တင်းကျပ်နေတဲ့ အမေရိကန်တို့ရဲ့ဓာတ်ဆီ သိုလှောင် မှုများဟာမျှော်မှန်းထားသည်ထက် ကြီးမားနေတာကြောင့် ဝယ်လိုအား စိုးရိမ်မှုများပြန်လည်ဖြစ်ပေါ်လာခဲ့ရပါသည်။

ရေနံစိမ်းဈေးကွက်သည် အမေရိကန် ဓာတ်ဆီလက်ကျန် Stock များ မြင့်တက်လာခြင်းအတွက် စိုးရိမ်စရာဖြစ်နေပြီး US Energy Information Administration ရဲ့ အချက်အလက်တွေအရ ဓါတ်ဆီသိုလှောင်မှုဟာ ပြီးခဲ့တဲ့အပတ်က စည်ပေါင်း 3.5 သန်း မြင့်တက်ခဲ့တာကို ပြသခဲ့ပါတယ်။ ယင်းသည် အမြင့်ဆုံးနွေရာသီကားမောင်းရာသီ (ဓာတ်ဆီအသုံးများဆုံးကာလ) အတွင်းမှာပင် မြင့်မားနေတာကြောင့် ကမ္ဘာ့အကြီးဆုံးလောင်စာဆီသုံးစွဲသူအမေရိကန်နိုင်ငံအတွင်းဝယ်လိုအားမှာမေးခွန်းထုတ်စရာများစွာဖြင့် စိုးရိမ်စရာဖြစ်နေပါတယ်။

ထို့ကြောင့် ရေနံစျေးတွေပြန်ကျလာခဲ့ပြီး အမေရိကန်ရေနံစိမ်းသည် တစ်စည်လျှင် $94.55 ထိ ကျဆင်းခဲ့ပြီး Brent စာချုပ်သည် 3.1% သို့ $101.58 ထိကျဆင်းသွားခဲ့သည်။ US ဓာတ်ဆီ RBOB Futures သည် တစ်ဂါလံကို $ 3.0968 ကျဆင်းခဲ့ပါသည်။

ထို့အပြင် ဥရောပ ဗဟိုဘဏ်သည် ကြာသပတေး နေ့ အစောပိုင်းတွင် အခြားသော ဗဟိုဘဏ်များကဲ့သို့ပင် ၎င်းတို့၏ အတိုးနှုန်းကို Basic Point 50 ထိ အပြင်းအထန် မြှင့်တင်ခဲ့ပြီး ယခင်လက လမ်းညွှန်ခဲ့သော Basic Point 25 ထက် ပိုများစွာမြှင့်တင်ခဲ့တာပါ။ ECBသည် အခြားဗဟိုဘဏ်များနည်းတူ ရေနံဝယ်လိုအားကို ချိန်တွယ်နိုင်သည့် အလားအလာရှိသော စီးပွားရေးကျဆင်းမှုကို စိုးရိမ်ရမည့်အစား ဆိုးရွားလာသည့် ငွေကြေးဖောင်းပွ မှုကို တိုက်ဖျက်ရန်သာ အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့တယ်လို့ယူဆရပါသည်။

ထို့အပြင် ကမ္ဘာ့ရေနံစိမ်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနိုင်ငံ သည် ၎င်း၏ တင်းကျပ်သော COVID-19 ပေါ်လစီက နိုင်ငံ၏ စီးပွားရေး အလား အလာအပေါ် ထိခိုက်စေတာကြောင့် စီးပွားရေးတိုးတက်မှုသည် ယခုနှစ်တွင် 4 ရာခိုင်နှုန်းအောက် ကျဆင်းသွားဖွယ်ရှိကြောင်း Bloomberg ၏ နောက်ဆုံး စစ်တမ်းမှ စီးပွားရေး ပညာရှင်များ၏ ပျမ်းမျှ ခန့်မှန်းချက် အရ သိရသည်။ ၎င်းသည် ယခင်စစ်တမ်းခန့်မှန်းချက် 4.1% ထက် ကျဆင်းနေပြီး ပေကျင်း တရားဝင်ပစ်မှတ်၏ 5.5% အောက်တွင်ရှိနေပါသည်။

ထောက်ပံ့ရေးဘက်တွင်လည်း မော်စကိုသည် ဥရောပသို့ပိတ်ဆို့အရေးယူခဲ့သည့် Nord Stream 1 ပိုက်လိုင်းမှတစ်ဆင့် ရုရှားဓာတ်ငွေ့များ ပြန်လည်စီးဆင်းမှုကို ကြာသပတေးနေ့အစောပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှုကာလ ပြီးဆုံးပြီးနောက် ခွင့်ပြုလာဖို့ရှိနေတာကြောင့် ရလဒ်အနေနှင့် Supply side စိုးရိမ်မှုများသက်သာရာရခဲ့ပြီး ဥရောပသဘာဝဓာတ်ငွေ့ Futures သည် သုံးပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

နောက်ထပ်လည်းလစ်ဗျားနိုင်ငံမှ ရေနံကော်ပိုရေးရှင်းသည် ပြီးခဲ့သည့် သီတင်း ပတ်က ရေနံတင်ပို့မှုအပေါ် အထိန်းအချုပ် ရုတ်သိမ်းပြီးနောက် ရေနံစိမ်း ထုတ်လုပ်မှု ပြန်လည်စတင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်ဟုသိရှိရသည်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

တရုတ်တွင်လCovid-19 မျိုးကွဲသစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ•••••••••••••••••••••••••••••••••••••••••••••••••••••July 20.20...
20/07/2022

တရုတ်တွင်လCovid-19 မျိုးကွဲသစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ
•••••••••••••••••••••••••••••••••••••••••••••••••••••
July 20.2022 (Wed)

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူအသစ် ၁,၀၀၀ နီးပါးအထိ မြင့်တက်လာပြီး ပိုမိုကူးစက်သောမျိုးကွဲသစ်သည် မြို့ကြီးတွေမှာ ကူးစက်ပျံ့နှံ့နေတာကြောင့်တိုင်းပြည်၏ Zero Covid ရည်မှန်း ချက်ကိုဆက်လက်ဖိအားပေးလာခဲ့သည်။

တရုတ်နိုင်ငံတွင် မနေ့ကအင်္ဂါနေ့တွင် ကူးစက်ခံရသူ ၉၃၅ ဦးရှိပြီး တနင်္လာနေ့တွင် ၆၉၉ ဦးမှ မြင့်တက်လာပြီး မေလ ၂၁ ရက်နောက်ပိုင်း နေ့စဉ် အမြင့်ဆုံးဖြစ်သည်။ ကူးစက်ခံရသူအများစုသည် အင်္ဂါနေ့တွင် ဖြစ်ပွားမှု ၂၇၇ ခုကို မှတ်တမ်းတင်ထားသည့် တောင်ဘက်ရှိ Guangxi ဒေသတွင် ဗဟိုပြုကာ လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ဖြစ်ပွားခဲ့သည့် ကူးစက်မှု အပါအဝင်စုစုပေါင်းမှာ ၁,၁၀၆ ဦးအထိ ရှိလာခဲ့ပြီး၊ ဝေးလံခေါင်သီသော အနောက် မြောက်ပိုင်းပြည်နယ် Gansu တွင် ၃၅၃ ဦးရှိကြောင်း သိရသည်။

မျိုးကွဲသစ်ကူးစက်မှုကြောင့် ၎င်း၏ လက်ရှိဖြစ်ပွားမှု 1,306 အထိရောက်ရှိခဲ့သည်။ Gansu ၏မြို့တော် Lanzhou အများစုသည် တစ်ပတ်နီးပါး Lock Down ချခံထားရပြီး အင်္ဂါနေ့တွင် မြို့အာဏာပိုင်များသည် တိတ်တဆိတ်ကြိတ်ကုနေသည့် ကူးစက်မှုများ ဖယ်ရှားရန် နှင့် မြို့တော်၏ မြင့်မား သောနှင့်အလယ်အလတ်အန္တရာယ်များသောဒေသများတွင် PCR စမ်းသပ်မှုပြုလုပ်ရန် ပြည်နယ်တစ်ဝိုက်မှဆေးဘက်ဆိုင်ရာလုပ်သားတစ်သောင်းကိုတစ်အိမ်မှတစ်အိမ်ဆင်းရှာဖွေစေလျက်ရှိသည်။

ရှန်ဟိုင်း၏ Covid အခြေအနေသည် အျရးပေါ်အခြေအနေမှ ကျဆင်းခဲ့ပေမယ့်လည်း ဧပြီလနှင့် မေလအတွင်း ပိတ်ဆို့ထားမှုဒဏ်ကို ခံနိုင်ရည်ရှိနေသည့် မြို့တော်ရှိ တာဝန်ရှိသူများသည် ယခုအပတ်တွင် စမ်းသပ်မှု တစ်ခုကို စတင်လုပ်ဆောင်နေပြီး ခရိုင် 13 ခု၏ ခရိုင် 16 ခုတွင် ၎င်းစမ်းသပ်မှု ကို ယခုအပတ်တွင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

အစုလိုက်အပြုံလိုက်စမ်းသပ်မှု၊ လျှပ်တပြက် Lockdownချမှုများ နှင့် ခရီးသွားလာမှုကန့်သတ် ချက်များလုပ်ဆောင်ဖို့လိုသည့် Covid Zero မဟာဗျူဟာကို တရုတ်၏ ဆက်လက်ကိုင်ဆွဲမှုကြောင့် စီးပွားရေး နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုကို အတိအကျဖြစ်စေခဲ့ပြီး ပြီးခဲ့သည့်သုံးလပတ်တွင် စီးပွားရေးသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပထမဆုံးဗိုင်းရပ်စ်ဖြစ်ပွားမှုနောက်ပိုင်း အနှေးကွေးမှုတစ်စထက်တစ်စတိုးလာခဲ့ပြီး တိုးတက်မှုနှုန်းသည် တစ်နှစ်တာအတွက် အစိုးရ၏ 5.5% ခန့် ရည်မှန်း ချက်ကို လွဲချော်သွားဖွယ်ရှိသည်။

အင်္ဂါနေ့နှောင်းပိုင်းကကမ္ဘာ့စီးပွားရေးဖိုရမ်ကကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်တွေရဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံအနေနဲ့ Covid ထိန်းချုပ်ရေး အစီအမံတွေကို ပိုမိုပစ်မှတ်ထားပြီး နိုင်ငံတကာခရီးစဥ်တွေကို ပျံသန်းမှုတွေ တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြင်ပကုန်သွယ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် အလုပ်သမားဝန်ဆောင်မှုများအတွက် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုတို့သည် စည်းစနစ်တကျရှိစေမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သော်လည်း Zero Covidမူဝါဒအရ စီးပွားရေးကျဆင်းမှုနှင့်ဝယ်လိုအားကျဆင်းနိုင်မှုအပေါ်စိုးရိမ်စရာများအဖြစ်ကျန်ရှိနေပါသေးသည်။

Posted By GoldenWell






ရောင်းလိုအား/ဝယ်လိုအားကြပ်တည်းမှုလွန်ဆွဲနေသည့်ကြား ရေနံအတက်ပြန်လာဖွယ်ရှိ••••••••••••••••••••••••••••••••••••••••••••••Ju...
19/07/2022

ရောင်းလိုအား/ဝယ်လိုအားကြပ်တည်းမှုလွန်ဆွဲနေသည့်ကြား ရေနံအတက်ပြန်လာဖွယ်ရှိ
••••••••••••••••••••••••••••••••••••••••••••••

July 19.2022(Tue)

ရေနံစျေးတွေကြီးမြင့်နေမှုကြောင့်ဝယ်လိုအားကျဆင်းနိုင်မည့်အရေးနှင့် ရေင်းလိုအားတင်းကြပ်မည့်အရေး အားပြိုင်မှုတွေက ရေနံအတက်အကျကိုလွန်ဆွဲနေဆဲတွေ့ရပါတယ်။

ရုရှား ရေနံစိမ်းနဲ့ လောင်စာဆီ ထောက်ပံ့မှုတွေအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေကြောင့် ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကြားက ပြသနာများသည် သန့်စင်ရေး
လုပ်ငန်းရှင်များနှင့် သုံးစွဲသူများထံ ကုန်သွယ်မှု စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေသည်။ မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန် ဗဟိုဘဏ်၏ ကြိုးပမ်းမှုသည် အနာဂတ် လောင်စာဆီဝယ်လိုအားကို ဖြတ်တောက်မည့် စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေမည်ကို စိုးရိမ်မှုများပါတွဲရက် မြင့်တက်လာသည်။

အရင်းခံ Supply /Demand မညီမျှမှုသည် ယခင်ထက် တင်းကျပ်နေပြီး OPEC+ ဆီက မထင်မှတ်ထားတဲ့ထောက်ပံ့မှုတွေမရဘူးဆိုရင် ဆီစျေးတွေအရမ်းကျဖို့မရှိသေးဟုကျွမ်းကျင်သူများသုံးသပ်လာကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လောင်စာဆီဈေးနှုန်းကို ထိန်းညှိရန် ရေနံထုတ်လုပ်မှု မြှင့်တင်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ပြီး ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်က သွားရောက်ခဲ့သည်။

သို့သော်လည်း ဆော်ဒီအာရေးဗီးယားမှ တာဝန်ရှိသူများက အထွက်နှုန်းတိုးလာမည်ကို အာမခံချက်မပေးကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ပါသည်။ တစ်ဆက်ထဲပင် OPEC နှင့် ရုရှားအပါအဝင် ၎င်း၏မဟာမိတ်များသည် OPEC+ ထက် အထွက်နှုန်း ပိုမိုတိုးလာမည် မဟုတ်ကြောင်း မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည့်အတွက် သမ္မတဘိုင်ဒင်၏အားထုတ်မှုသည်အချည်းအနှီးဖြစ်ဖွယ်ရှိနေပါသည်။

ကမ္ဘာ့ရေနံအများဆုံးသုံးစွဲသူဖြစ်သည့် အမေရိကန်ရှိ ရေနံသိုလှောင်မှု ခန့်မှန်းချက်မှာ ရေနံစိမ်းနှင့် ပေါင်းခံထောက်ပံ့မှုများ ယခင်အပတ်က မြင့်တက်လာနိုင်ပြီး ဓာတ်ဆီသိုလှောင်မှု ကျဆင်းဖွယ်ရှိကြောင်း ပဏာမ Reuters စစ်တမ်းတစ်ရပ်အရ သိရသည်။

Posted By GoldenWell








✅ကမ္ဘာ့ရွှေ ✅ရေနံ နှင့် ✅နိုင်ငံတကာငွေကြေးတွဲများ ကို Online မှနေ Trading ပြုလုပ်ချင်သူများအတွက် GoldenWell Management & Consultant Co,ltd မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

🔺 အခမဲ့အကြံပေးဝန်ဆောင်မှုများ
🔺လေ့လာဆွေးနွေးမေးမြန်းခြင်းများ
🔺Trading ပြုလုပ်ရန် Trading Accountဖွင့်ရန် လိုအပ်သည့် အချက် အလက်များ ရရှိရန် အသေးစိတ်ကို Golden Well Management & Consultant Co,ltd ရဲ့ Page Messenger (သို့မဟုတ်) Phone - 09971738581 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။"

Address

Wunna Theingi Street, E6, Mon Myat Myittar Housing, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959253828899

Alerts

Be the first to know and let us send you an email when Golden Well Management Consultants CO.,LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share